ရှားသမ္မတပူတင်က ၎င်းနှင့်တွေ့ဆုံလိုရာ သက်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်နေသည်ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့်သည် ယင်းနေ့က ဖလော်ရီဒါ ပြည်နယ်ရှိ မာအာလာဂိုနေအိမ်၌ ရီပက်ဘလစ်ကန် ပါတီ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေး မထိုင်မီ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

“သမ္မတ ပူတင်က မိမိနှင့် တွေ့ဆုံချင်နေကြောင်း၊ ရုရှား -ယူကရိန်း စစ်ပွဲကို မိမိတို့ မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။ ပူတင်နှင့် တွေ့ဆုံမည့် အချိန်အသေးစိတ်ကိုမူ ထရမ့်က ပြောကြားခဲ့ခြင်းမရှိပေ။ ယင်းမှာ ထရမ့်အနေဖြင့် ပူတင်နှင့် တွေ့ဆုံနိုင်မည့်အကြောင်းကို ယခု ရက်ပိုင်းအတွင်း ဒုတိယအကြိမ်ပြောဆိုခြင်းဖြစ်သည်။ ယခုလ ၇ ရက်က မာအာလာဂိုနေအိမ်၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ရာတွင် ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူးတာဝန် မထမ်းဆောင်မီ ပူတင်နှင့်တွေ့ဆုံရန်မှာ မသင့်လျော်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ၆ လအတွင်း အဆုံးသတ်မည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က ပြောဆိုခဲ့သေးသည်။
ကိုးကား - ဆင်ဟွာ
Photo: NBC News

ရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဖွယ်ရှိသည့်အပေါ် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြောင်း၊ ယူကရိန်း၊ ရုရှားနှင့်အမေရိကန်တို့အကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် မည်သည့်သံတမန်ရေးရာ ကြိုးပမ်းမှုကိုမဆို ဆောင်ရွက်ပေးနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nicolas Bideau ကို ကိုးကား၍ ဆွစ်ဇာလန် နေ့စဉ်ထုတ်သတင်းစာ Le Temps က ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြထားပါသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတနှင့်တွေ့ဆုံရန် စတင်ပြင်ဆင်နေကြောင်း ဇန်နဝါရီ ၁၀ ရက်က ကြေညာထားသလို ရုရှားသမ္မတ ပြောရေးဆိုခွင့်ရသူ Dmitry Peskov က ရုရှားသမ္မတက ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြောင်း နောက်ပိုင်းတွင် ပြောကြားလာပါသည်။
ကိုးကား -TASS

တရုတ်-နိုင်ဂျီးရီးယား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ဂျီးရီးယားသမ္မတ ဘိုလာအာမက်တီနူဘူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား နိုင်ဂျီးရီးယား နိုင်ငံ၏မြို့တော် အဘူဂျာတွင် ဇန်နဝါရီ ၉ ရက်၌ လက်ခံ တွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC)ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တီနူဘူအား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားများနှင့် နှစ်သစ်ကူးဆုတောင်းစကားများကို လက်ဆောင်ပါးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံသမ္မတနှစ်ဦးက တရုတ်-နိုင်ဂျီးရီးယားဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ကြောင်း အတူတကွကြေညာခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်လာသော အမှတ်သညာဖြစ်သည့် ပြီးခဲ့သည့် နှစ်၊ စက်တင်ဘာလ၌ တီနူဘူ၏ အကျိုးဖြစ်ထွန်းသော တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ်အကြောင်းကိုလည်း ဝမ်က ပြန်ပြောင်းပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က အမေရိကန်အစိုးရမှ အတည်ပြုလိုက်သော ရုရှားစွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်အရ အမေရိကန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း၊ ဓာတ်ငွေ့ဈေးမှာ တစ်ဂါလံကို ၃ - ၄ ဆ လောက် တက်လာနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သည် ရုရှား၏ စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်အပေါ် ပိတ်ဆို့မှုအသစ်တစ်ရပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့က ချမှတ်လိုက်ကြောင်း၊ ယူကရိန်းအပေါ် စစ်ဆင်နွှဲနေသော ရုရှားစွမ်းအင်ထုတ်လုပ်ရေးမှ ဝင်ငွေရရှိနေမှု လျော့ကျသွားစေရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန website တွင် ကြေညာထားသည့် Sweeping Sanctions on Russia’s Energy Sector ပိတ်ဆို့မှုအစီအစဉ်သစ်အရ သိရှိရပါသည်။
ကိုးကား-TASS

ဂျိုးဘိုင်ဒင်၏ သမ္မတသက်တမ်းအတွင်း ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအချို့ကို ဒေါ်နယ်ထရမ့်က ဖျက်သိမ်းမည်ကို EU တာဝန်ရှိ သူများက စိုးရိမ်နေကြောင်း Financial Times က ဇန်နဝါရီ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် မှစတင်၍ အနောက်ဥရောပနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ၄၀,၀၀၀ အထိ ချမှတ်ထားခံခဲ့ ရသည်။

ဗြိတိန်သတင်းစာ၏အဆိုအရ ထရမ့်၏ ယခင် ဆုံးဖြတ်ချက်အချို့ကို ဘိုင်ဒင် ကပြင်ဆင်ခဲ့သောကြောင့် ယခုအချိန်တွင် ဘိုင်ဒင်၏ဆုံးဖြတ်ချက်များကိုလည်း ပြင်ဆင်နိုင်ကြောင်း ဘရပ်ဆဲလ်မှ တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သတင်းရရှိသည်။
ဘရပ်ဆဲလ်သည် ဘိုင်ဒန်မှ အတည်ပြုထားသည့် ရာနှင့်ချီသော ပိတ်ဆို့အရေးယူမှုများနှင့် ထုတ်ပြန်ခဲ့သောအမိန့်များကို ပြန်လည်စိစစ်သုံးသပ်ရန် ကြိုးပမ်းနေကြောင်းသတင်းရရှိပါသည်။ ဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်သည့်အခါ ထရမ့်သည် EU အကျိုးစီးပွားကိုပင် လုံးဝလျစ်လျူရှုနိုင်ကြောင်း အရာရှိအချို့က Financial Times အား ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပဋိပက္ခများစတင်ကတည်းက ဘိုင်ဒင်သည် ရုရှား၏စီးပွားရေးကို ကျဆင်းစေရန်ရည်ရွယ်ပြီး ပြင်းထန်သည့်ကန့်သတ်ချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ပိတ်ဆို့အရေးယူမှုများသည် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် အရေးပါသောအစိတ်အပိုင်းများကို ရပ်တန့်စေကာ နိုင်ငံ၏အကြီးဆုံးဘဏ်များနှင့် အဓိက စက်မှုလုပ်ငန်းများ၏ ပိုင်ဆိုင်မှုများမှ သိမ်းယူခဲ့သည့် ငွေကြေးများနှင့် ကိဗ်ယက်ကို ထောက်ပံ့နိုင်ရေးပြုလုပ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ်တန်းအရာရှိအများအပြားကို အမည်ပျက်စာရင်းသွင်းခဲ့သည်။
မော်စကိုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအချို့သည် ၂၀၂၂ ခုနှစ် မတိုင်မီကပင်ရှိနှင့်နေပြီး ခရိုင်းမီးယားဒေသက ယူကရိန်းမှခွဲထွက်ကာ ၂၀၁၄ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းသို့ ပါဝင်လာပြီးနောက် အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ရုရှားကို ပစ်မှတ်ထားခဲ့သည်။
ထရမ့်ကလည်း ၎င်း၏ပထမသက်တမ်းအတွင်း ရုရှားအရာရှိအချို့ကို ပိတ်ဆို့အရေးယူမှုအသစ်များ စတင်ခြင်းဖြင့် ကန့်သတ်ချက်များကိုဆက်လက်ထိန်းသိမ်းခဲ့သည်။
ကိုးကား-RT

၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။&nbs
၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။
ကိုးကား - ဆင်ဟွာ
Photo: www.bastillepost.com

လက်ဘနွန်နိုင်ငံ၏ ၁၄ ယောက်မြောက် သမ္မတအဖြစ် စစ်တပ်ကာကွယ်ရေးဦးစီးချုပ် Joseph Aoun ကို ဇန်နဝါရီလ ၉ ရက်နေ့က ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက သမ္မတ ဟောင်း Michel Aoun ၏ သမ္မတသက်တမ်းကုန်ဆုံးပြီး လစ်လပ်လျက်ရှိသည့် သမ္မတရာထူးနေရာတွင် ၂ နှစ် အကြာတွင်မှ Joseph Aoun ကို သမ္မတရာထူးကို ခန့်အပ်လိုက်ခြင်း ဖြစ်ပါသည်။

Joseph Aoun သည် လက်ဘနွန်ပါလီမန်က သမ္မတ ရွေးချယ်မှုအတွက် ပထမအကျော့ မဲခွဲဆုံးဖြတ်မှုတွင် ၁၂၈ မဲအနက် ၈၆ မဲရရှိပြီး ဒုတိယအကျော့တွင် ၁၂၈ မဲအနက် ၉၉ မဲရရှိပြီး ရွေးကောက်တင်မြောက်ခံရခြင်း ဖြစ်ပါသည်။
Joseph Aoun က လက်ဘနွန်နိုင်ငံ၏ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးယိုယွင်းပျက်စီးနေမှုများအား ပြန်လည်ကုစားရေးအတွက် ဦးဆောင်တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။
ကိုးကား-ဆင်ဟွာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်၏ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုကိုကိုးကားပြီး The Times of Israel သတင်းဌာနက ဇန်နဝါရီ ၉ ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။

လာမည့်ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မြို့တော်ဝါရှင်တန်ဒီစီ၏ လွှတ်တော်အဆောက်အုံတွင် အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက်သမ္မတရာထူးအတွက် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ အစ္စရေးကဲ့သို့ အမေရိကန်အထောက်အပံ့ခံ နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ မဖြစ်မနေ တက်ရောက်ကြပါသည်။ သို့သော် နေတန်ယာဟုက အဆိုပါပွဲကို တက်ရောက်နိုင်ခြင်းမရှိကြောင်း ပြောကြားထားပြီး နေတန်ယာဟု၏ အကြီးတန်းလက်ထောက်က ဝန်ကြီးချုပ်၏ ခရီးစဉ်ကို အဘယ်ကြောင့် ဖျက်သိမ်းခဲ့ရသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အချို့သော မီဒီယာများက အစ္စရေးဝန်ကြီးချုပ်၏ ဆီးကျိတ် ခွဲစိတ် ကုသမှုခံယူထားရသဖြင့် ကျန်းမာရေးအရ အနားယူရန် အတွက် ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဖော်ပြကြသည်။
ယခု ဖျက်သိမ်းလိုက်သည့် နေတန်ယာဟု၏ ဝါရှင်တန် ခရီးစဉ်သည် ၎င်းအား နိုင်ငံတကာရာဇဝတ်မှု ရုံး ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်ပါသည်။ ၎င်းနှင့်ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန်တို့အား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာမှုနှင့် တရားစွဲဆိုထားပြီး နိုဝင်ဘာလတွင် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအပြင် အဖွဲ့ဝင်နိုင်ငံများအချင်းအချင်းတွင်ပင် သဘောထား ကွဲလွဲမှုများဖြစ်နေပါသည်။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဟန်ဂေရီက ဖမ်းဝရမ်းကို လိုက်နာဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။
ထရမ့်နှင့် နေတန်ယာဟုအကြား ဆက်ဆံရေးသည် အထူးကောင်းမွန်ကြောင်း သိရှိရပြီး ထရမ့်က အစ္စရေးနှင့်အမေရိကန် ဓားစားခံများကို ဟားမတ်စ် လက်နက်ကိုင်အကြမ်းဖက်သမားများက ပြန်လည်လွှတ်ပေးခြင်းမရှိပါက အရှေ့အလယ်ပိုင်းဒေသအား ငရဲကျသွားစေမည်ဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ကြိမ်းဝါးထားသည်။
ကိုးကား-Myanmar National Post

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မိမိစီစဉ်နေကြောင်း၊ မည်သည့်အချိန်၌ တွေ့ဆုံကြမည်ဆိုသည်ကို မသတ်မှတ်ရသေးကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် သူ၏ Mar-a-Lago အပန်းဖြေစခန်း၌ မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ TASS သတင်းဌာနက ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကို မေးမြန်းရာ မိမိတို့ခေါင်းဆောင်နှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံရန် တရားဝင် ညှိနှိုင်းလာခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။

လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတရာထူး တာဝန်ယူမည့် ဒေါ်နယ်ထရမ့်အနေဖြင့် မကြာမီတွင် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး စေ့စပ်ညှိနှိုင်းမည်ဟု ကတိပြုပြောကြားထားပြီး ယူကရိန်းအပေါ် အမေရိကန်က စစ်လက်နက်နှင့် ငွေကြေးများ ထောက်ပံ့ပေးနေမှုကို သံသယရှိကြောင်း မှတ်ချက်ပြုပြောကြားထားပါသည်။
“သမ္မတပူတင်နဲ့ တွေ့ချင်တဲ့ကိစ္စလူသိရှင်ကြားတောင် ပြောပြီးပါပြီ၊ ကျွန်တော်တို့ ဒီစစ်ပွဲကိုပြီးအောင်လုပ်ရပါမယ်၊ ဒါက သွေးထွက်သံယိုအရှုပ်အထုပ်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတဒုတိယ သက်တမ်းအတွက် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်းနှင့် အမေရိကန်စစ်တပ်၏ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Keith Kellogg ကို ခန့်အပ်ထားပါသည်။
ကိုးကား(BBC)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant တို့ကို တရားစီရင်ရေးအဖွဲ့၏ ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

တရားမဝင်တရားရုံး တန်ပြန်ရေးအက်ဥပဒေသည် တရားရုံး၏ စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးခြင်းများကို ပံ့ပိုးပေးသည့် ICC အရာရှိများနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ် မည်ဖြစ်သည်။ ဇန်နဝါရီ ၉ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းချက် ၂၄၃ မှ ၁၄၀ ထိ အတည်ပြုခဲ့သည်။
မဲမခွဲမီထုတ်ပြန်ချက်တွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီကို ဦးဆောင်သည့် ကိုယ်စားလှယ် Brian Mast က The Hague အခြေစိုက် တရားစီရင်ရေးအား “သားပိုက်ကောင်တရားရုံး” (ရာဇ၀တ်မှု သို့မဟုတ် ရာဇဝတ်မှုတွင် အပြစ်ရှိကြောင်း သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ လူအုပ်စုတစ်ခုမှ ချုပ်ကိုင်ထားသော တရားမ၀င်တရားရုံး) ဟု ခေါ်တွင်ခဲ့သည်။
ယခုဥပဒေမူကြမ်းသည် ရီပတ်ဘလစ်ကန်အများစုရှိသည့် အထက်လွှတ်တော်သို့ ဆက်လက်တင်သွင်းမည်ဖြစ်သည်။ ၂၀၂၄ ဇွန်လက ဒီမိုကရက်များ အထက်လွှတ်တော်ကို ထိန်းချုပ်ထားချိန်တွင် အလားတူဥပဒေကြမ်းကို ပိတ်ပင်ခဲ့သည်။
၂၀၂၄ နိုဝင်ဘာလတွင် ICC သည် ဂါဇာတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် နေတန်ယာဟုနှင့် ဂါလန်တို့အပြင် ဟားမတ်စ်အဖွဲ့ဝင်သုံးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အစ္စရေးက အဆိုပါ စွပ်စွဲချက်များကို တရားမျှတမှုမရှိဟု ပယ်ချခဲ့သည်။