UK သည် ယူကရိန်းနှင့် နှစ် ၁၀၀ ပြည့် မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

News Image

  • UK သည် ယူကရိန်းနှင့် နှစ် ၁၀၀ ပြည့် မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် ရာထူးတာဝန်စတင်ရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ် ၁၀၀ ပြည့် မိတ်ဖက်သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Starmer ယူကရိန်းသို့ မရောက်ရှိမီက ကြိုတင် ပြင်ဆင်ထားသော သဘောတူညီချက်ကို ဗြိတိန်အစိုးရက ကြိုတင်ကြေညာထားခဲ့သည်။

နှစ် ၁၀၀ မိတ်ဖက်သဘောတူညီချက်ဟု အမွှမ်းတင်ထားသော သဘောတူညီချက်တွင် နှစ်နိုင်ငံအကြား မပျက်စီးနိုင်သောဆက်ဆံရေးကို တရားဝင်စေမည်ဖြစ်ပြီး ကာကွယ်ရေးကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်ရန်နှင့် အခြားကဏ္ဍများတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်မည့် အချက်များ ပါဝင်ပါသည်။

အဆိုပါ သဘောတူညီချက်သည် ယူကရိန်းနိုင်ငံအပေါ် ဆက်လက်တည်ရှိနေသည့် ရုရှား၏ ရန်လိုမှုကို ဟန့်တားမည်ဖြစ်ပြီး ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက်နှင့် အဇော့ဗ်ပင်လယ်တို့တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လန်ဒန်နှင့် ကိယက်ဗ်တို့က ကတိပြုမည်ဖြစ်ကြောင်း Starmer က ဆိုသည်။

Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံ၊ Kherson နှင့် Zaporozhye ဒေသများသည် ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီတွင် ဆန္ဒခံယူပွဲများ ပြုလုပ်ပြီးနောက် ရုရှားဖက်ဒရေးရှင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားဝင်ဖြစ်လာပြီးနောက်ပိုင်း Azov ပင်လယ်ကို ရုရှားက ဝန်းရံထားသည်။

ကိုးကား-RT