ရုရှားစစ်ပွဲ ၃ နှစ်ပြည့် အီးယူ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာမလား

News Image

  • ရုရှားစစ်ပွဲ ၃ နှစ်ပြည့် အီးယူ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာမလား

ဥရောပကော်မရှင်သည် ရုရှားနိုင်ငံအပေါ် ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်ချမှတ်ရန် အဆိုတင်သွင်းထားကြောင်း ထိုအစီအစဉ်တွင် ရုရှား၏ အဓိက အလူမီနီယမ်တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရန် ရည်ရွယ်ထားကြောင်း ဥရောပသတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ပြောပြထားပါသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီတွင် အဆိုပါ ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်ချမှတ်ရန် အီးယူနိုင်ငံများက မျှော်လင့်ထားကြကြောင်း ဖော်ပြထားပါသည်။ 

ဇန်နဝါရီ ၁၄ ရက်နေ့က ဥရောပကော်မရှင်သည် အီးယူနိုင်ငံများနှင့် လာမည့်ပိတ်ဆို့မှုအစီအစဉ်အတွက် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များက ပြောကြားထားကြပြီး သတင်းအရင်းအမြစ်တစ်ခုကမူ ထိုပိတ်ဆို့မှုမှာ ရပ်ဆိုင်းသွားဖွယ်ရှိနေကြောင်း ရိုက်တာက ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- Reuters

Photo: Anadolu Ajansi