ထရမ့်၏ ဂရင်းလန်းနှင့်ပတ်သက်သည့် အစီအစဉ်များအပေါ် ဘလင်ကန် မှတ်ချက်ပြု
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ Greenland နှင့်ပတ်သက်သော အစီအစဉ်များသည် သင့်လျော်မှုမရှိသလို ဖြစ်လာနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောကြားခဲ့သည်။
အာတိတ်ကျွန်းအား ထိန်းချုပ်ခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကိစ္စရပ်ဖြစ်သည်ဟု ထရမ့်က အကြောင်းပြခဲ့သော်လည်း အင်အားသုံး၍ သိမ်းယူ ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ဘလင်ကန်က ဖြစ်မြောက်လာမည် မဟုတ်သည့် ကိစ္စရပ်အတွက် အချိန်မဖြုန်းသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ဘလင်ကန်သည် ဘိုင်ဒင် ရာထူးမှအနားမယူမီ ၎င်း၏ နောက်ဆုံးပြည်ပခရီးစဉ်အဖြစ် တောင်ကိုရီးယား၊ ဂျပန် နှင့်ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် ၄ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအဖြစ် ကာလရှည်စွာ ဆောင်ရွက်ခဲ့သူဖြစ်ကာ ၂၀၁၇ မှ ၂၀၂၁ ကာလများတွင် ထရမ့်၏မူဝါဒများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
ကိုးကား-RT