ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အဆိုပြုသည့် စီးပွားရေးဝန်ကြီး Robert Habeck ကို ပြင်းထန်စွာ ဝေဖန်

News Image

  • ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အဆိုပြုသည့် စီးပွားရေးဝန်ကြီး Robert Habeck ကို ပြင်းထန်စွာ ဝေဖန်

ဂျာမန်စီးပွားရေးဝန်ကြီး Robert Habeck က ရုရှား၏ စစ်ရေးအရ တိုက်ခိုက်လာခြင်းကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ဂျာမနီဝန်ကြီးချုပ်က အဆိုပါအကြံပြုချက်သည် သင့်လျော်မှုမရှိကြောင်းနှင့် နိုင်ငံသားများအပါ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း Scholz က ဝေဖန်လိုက်သည်။

လာမည့်ဖေဖော်ဝါရီ၌ ကျင်းပမည့် ရွေးကောက်ပွဲများတွင် Green Party ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Robert Habeck က Der Spiegel မဂ္ဂဇင်း နှင့်အင်တာဗျူးတွင် ကာကွယ်ရေးအသုံးစရိတ်ကို များစွာ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။

ဘာလင်သည် နိုင်ငံလုံးဆိုင်ရာ GDP ၏ ၃.၅ ရာခိုင်နှုန်း ကို ကာကွယ်ရေးအတွက် သုံးစွဲရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါကိန်းဂဏန်းသည် လက်ရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်အသုံးစရိတ် GDP ၏ 2% ထက်ကျော်လွန်နေပါသည်။

ရုရှားအနေဖြင့် အမေရိကန်ဦးဆောင်သော စစ်ရေးမိတ်ဖက်အဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်မည် မဟုတ်ဟု ပြောဆိုထားသော်လည်း ယူကရိန်းအား တာဝေးပစ် လက်နက်များထောက်ပံ့ပေးပြီး ရုရှားနိုင်ငံနယ်နိမိတ်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအား ခွင့်ပြုခဲ့ခြင်း အတွက် ထိပ်တိုက်ထိတွေ့လာနိုင်ကြောင်း နေတိုးက သတိပေးထားသည်။

ဂျာမနီသည် ယူကရိန်းအား စစ်ရေးထောက်ပံ့မှု အကူအညီပေးသည့်နိုင်ငံများအနက် အမေရိကန်ပြီးလျှင် အများဆုံး ထောက်ပံ့ပေးခဲ့သည့် နိုင်ငံများတွင်ပါဝင်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လအထိ ယူကရိန်းအား စစ်ရေးထောက်ပံ့မှုအတွက် ယူရို ၁၁ ဘီလီယံ (ဒေါ်လာ ၁၁.၃၈ ဘီလီယံ) အသုံးပြု ခဲ့ကြောင်း Kiel Institute for the World Economy အရ သိရှိရသည်။

ကိုးကား-RT