အစိုးရဌာနအဆောက်အအုံများ ဖျက်ဆီးခံရသည့် အဓိကရုဏ်း ဖြစ်ပွားမှု ၂ နှစ်ပြည့် အခမ်းအနားသို့ ဘရာဇီးသမ္မတ တက်ရောက်မိန့်ခွန်းပြောကြား

News Image

  • အစိုးရဌာနအဆောက်အအုံများ ဖျက်ဆီးခံရသည့် အဓိကရုဏ်း ဖြစ်ပွားမှု ၂ နှစ်ပြည့် အခမ်းအနားသို့ ဘရာဇီးသမ္မတ တက်ရောက်မိန့်ခွန်းပြောကြား

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် မြို့တော်ဘရာစီးယားရှိ Three Powers Plaza ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွား ခဲ့သော ဘရာဇီးနိုင်ငံ၏ ဒီမိုကရေစီဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်ပွားကာ အစိုးရအဆောက်အအုံများ ဝင်ရောက် စီးနင်း တိုက်ခိုက်ခံရမှု ၂ နှစ်မြောက်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva ကျမ်းသစ္စာဆိုပြီး တစ်ပတ်အကြာတွင် လက်ယာစွန်း သမ္မတဟောင်း Jair Bolsonaro ကို ထောက်ခံသူ ထောင်ပေါင်းများစွာက မြို့တော်ရှိ သမ္မတအိမ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ကွန်ဂရက် လွှတ်တော် အဆောက်အအုံများအတွင်း ဖောက်ထွင်း ဝင်ရောက်ပြီး အဆောက်အအုံများကို ဖျက်ဆီးပစ်ခဲ့ ကြသည်။

ကိုးကား - ALJAZEERA