လာမည့်ခြောက်လအတွင်း ရုရှားသမ္မတ ပူတင်နှင့် စေ့စပ် ညှိနှိုင်းရန် ဆန္ဒရှိကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာ

News Image

  • လာမည့်ခြောက်လအတွင်း ရုရှားသမ္မတ ပူတင်နှင့် စေ့စပ် ညှိနှိုင်းရန် ဆန္ဒရှိကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာ

လာမည့်ခြောက်လအတွင်း ရုရှားသမ္မတပူတင်နှင့် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာခဲ့ပါသည်။

စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်များထဲမှ တစ်ခုသည် ယူကရိန်းပဋိပက္ခဖြစ်မည်ဟု အမေရိကန်ရွေးကောက်ခံ သမ္မတက ရှင်းလင်းပြောကြားခဲ့ပါသည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးလို ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏သမ္မတ ရာထူးတာဝန်ယူပြီးနောက် ပထမခြောက်လအတွင်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည်ဖြစ်လာနိုင်ကြောင်း ၎င်း၏နေအိမ် Mar-a-Lago (ဖလော်ရီဒါ) တွင် ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ပါသည်။

ကိုးကား - TASS