သတင်းများ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ရာထူးမှ နှုတ်ထွက်ရန် ကြေညာ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် ရာထူးမှ နှုတ်ထွက်ရန် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Chrystia Freeland ရုတ်တရက် ရာထူးနုတ်ထွက်ပြီးနောက် ထရူးဒူးအား ၎င်း၏ လစ်ဘရယ် ပါတီအတွင်း ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ 

ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးမှ ဖြတ်ကျော်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတထရမ့်၏ ခြိမ်းခြောက်မှုကလည်း ထရူးဒူး ရာထူးမှ နုတ်ထွက်ရခြင်းက အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ ကြောင်း သိရှိရသည်။

ထရူးဒူးသည် ရာထူးမှနှုတ်ထွက်သော်လည်း ပါတီ အကြီးအကဲအသစ်ကို မရွေးချယ်မီအထိ လစ်ဘရယ် ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ဇန်နဝါရီ  ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလ နှောင်းပိုင်း တွင် ကျင်းပရမည်ဖြစ်ပြီး အတိုက်အခံကွန် ဆာဗေးတစ်ကို ထောက်ခံသူများ ပိုမိုအားကောင်းလာပြီး ၎င်း ဦးဆောင်သော ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ချေများနေကြောင်း သိရှိရသည်။

ကိုးကား -  BBC

ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် လက်ရှိအချိန်တွင် ဂျာမနီအဓိပတိ Olaf Scholz နှင့်လည်းကောင်း၊ အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်နှင့် လည်းကောင်း တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။ 

“လောလောဆယ်မှာ ရုရှားခေါင်းဆောင်အနေဖြင့် သူတို့နဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု Peskov က သတင်းစာရှင်းလင်းပွဲမှာ ထိုကိစ္စနှင့်ပတ်သက်သည့် မေးမြန်းလာမှုအပေါ် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။ 

အစောပိုင်းတွင် ဂျာမနီအဓိပတိသည် ဖေဖော်ဝါရီ လကုန်တွင် မော်စကိုသို့ လာရောက်၍ ပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် မတ်လပိုင်းတွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံနိုင်ဖွယ်ရှိမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်မှုများ ရှိခဲ့သည်။

ကိုးကား - TASS

သံတမန်ရေးရာနည်းလမ်းအရ ညှိနှိုင်းမရလျှင် စစ်အတွက် ပြင်ဆင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာစ်အာရာဂ်ချီက အစ္စရေးအနေဖြင့် အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်းအနေဖြင့် သံတမန်နည်းလမ်းဖြင့်ဆက်သွယ်ရန် ကြိုးစားခြင်းကို ရပ်ပြီး စစ်ပွဲကြီးများအတွက် ပြင်ဆင်ထားရန် CCTV နှင့်အင်တာဗျူးတွင် ပြောကြားသွား ပါသည်။ 

အီရန်နှင့်အစ္စရေးတို့သည်နှစ်ပေါင်းများစွာကရန်ဘက်အဖြစ်ရှိခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ အစ္စရေး၏ နောက်ထပ် လုပ်ဆောင် လာနိုင်သည့် တိုက်ခိုက်မှုများအတွက် အီရန်အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားကြောင်းနှင့် ကြီးမားသော စစ်ပွဲဖြစ်ပေါ်စေနိုင်သည့်အတွက် အစ္စရေးအနေဖြင့် မဆင်မခြင်လုပ်ရပ်များကို ရှောင်ကြဉ်မည်ဟု မျှော်လင့် ကြောင်း အာရာဂ်ချီက ဆိုပါသည်။

အီရန်၏ သဘောထားတင်းမာမှုများကို လျှော့ချရန်နှင့် ငြိမ်းချမ်းသော ဖြေရှင်းချက်များကသာ ဆိုးရွားသည့် အခြေအနေများကိုတားဆီးနိုင်မည်ဟု ၎င်းက ယုံကြည် ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရလဒ်ကောင်းများရရှိစေရေးအတွက် တရုတ်နိုင်ငံ အပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာမဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆိုပါသည်။ 

မကြာသေးမီ ရက်သတ္တပတ်များအတွင်းက အီရန် မဟာမိတ်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် အစ္စရေးနိုင်ငံအလယ်ပိုင်းသို့ ပဲ့ထိန်းဒုံးကျည်အများအပြား ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို အစ္စရေးကာကွယ်ရေး တပ်ဖွဲ (IDF) က တုံပြန်တဲ့အနေဖြင့် ယီမင်နိုင်ငံရှိ ဟူသီ စခန်းများကို လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက် ခဲ့သည်။ ထို့နောက်ပိုင်းတွင် အီရန်နှင့်အစ္စရေးတို့သည် တိုက်ရိုက်ပစ်ခတ်မှုများဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ 

တီဟီရန်ရှိ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာနှင့် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ ဟစ်ဇ်စဘိုလာခေါင်းဆောင် ဟာဆန်နက်စ်ရယ်လာ အပါအဝင် တီဟီရန်နှင့်မဟာမိတ်အဖွဲများ၏ အဓိက ကျသော ခေါင်းဆောင်များကို အစ္စရေး၏လုပ်ကြံ သတ်ဖြတ်မှုများကို တုံပြန်သည့်အနေဖြင့် အီရန်က တိုက်ခိုက်ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဧပြီလအစောပိုင်းတွင် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်မှုအပြီးတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အီရန်ဗိုလ်ချုပ်နှစ်ဦးနှင့်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) မှ အရာရှိ အများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်။ လက်တုံ့ ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးကို ဒရုန်းများ နှင့် ဒုံးကျည် ၃၀၀ ကျော်ဖြင့် တိုက်ရိုက်ပစ်လွှတ် တိုက်ခိုက်ခဲ့သည်။

ကိုးကား - RT

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမတ်စ် အဖွဲ့ က အစ္စရေးသုံ့ပန်း ၃၄ ယောက်ကိုလွှတ်ပေးရန် အသင့်ရှိနေကြောင်းပြောကြား

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးသုံ့ပန်း ၃၄ ဦးကို လွှတ်ပေးရန် အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ရိုက်တာနှင့် အေအက်ဖ်ပီ သတင်း ဌာနများသို့ ပြောကြားခဲ့ပါသည်။

"ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့အနေဖြင့် သုံ့ပန်းလဲလှယ်မှု သဘောတူညီချက် ပထမအဆင့်အဖြစ် အစ္စရေးသုံ့ပန်းများကို လွှတ်ပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်" ဟု ဟားမတ်စ်အရာရှိကြီးတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ပထမအသုတ်သုံ့ပန်းဖလှယ်မှုအစီအစဉ်တွင်  ဂါဇာတွင် ထိန်းသိမ်းခံထားရသည့် အစ္စရေးအမျိုးသမီးများ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသူ သုံ့ပန်းများ ပါဝင်မည်ဟု သိရှိရပါသည်။ နောက်အသုတ်တွင်လွှတ်ပေးမည့် သုံ့ပန်းများနှင့်ပတ်သက်၍မူ ဟားမတ်စ်အဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီဇင်ဘာ ၅ရက်နေ့က ပြောကြားခဲ့ ပါသည်။ 

ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာပေးမှုအပေါ် မူတည်ပြီး အဆိုပါ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆက်လက်ခိုင်မာမှုရှိမည်၊ မရှိမည်ကို အဖြေထုတ်ပေးမည်ဖြစ်ကြောင်း ဟားမတ်စ်အရာရှိကြီးတစ်ဦးက Reuter သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ကိုးကား (Aljazerra)

ဂရင်းလန်းက ဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန် လုပ်ဆောင်နေ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်စက်ဝိုင်းအနီးမှ တစ်နှစ်ပတ်လုံး ရေခဲနေသော ဂရင်းလန်းကျွန်းကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝယ်ယူမည်ဟု ဆိုနေသည့်အတွက် ကျွန်းအုပ်ချုပ်ရေးအဖွဲ့များက စိုးရိမ်တကြီးဖြစ်ကာ မိခင်နိုင်ငံဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန်အတွက် စီစဉ်နေကြပါသည်။ 

နေထိုင်သူလူဦးရေ ၆ သောင်းခန့်ရှိသည့် ဂရင်းလန်း ကျွန်းသည် ၁၉၇၉ တွင် ဒိန်းမတ်နိုင်ငံ ကိုလိုနီဘဝမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာခဲ့ပါသည်။ ဒိန်းမတ်လွှတ်တော်တွင် အမတ် ၂ ဦး ပါဝင်ခွင့်ရပြီး နှစ်စဉ် ဘတ်ဂျက် ယူရို သန်း ၅၀၀ ရရှိလျက်ရှိသည်။ ဒိန်းမတ်သည် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်နေခြင်းကြောင့် နေတိုးအဖွဲ့အပေါ်လွှမ်းမိုးမှုအပြည့်ရှိသော အမေရိကန် ကဝယ်ယူမည်ဆိုပါက ရောင်းချမည့်အနေအထားရှိနေ ပါသည်။ ထို့အပြင် ကျွန်းပေါ်၌ အမေရိကန် လေတပ် အခြေစိုက်စခန်းတစ်ခုလည်း တည်ရှိနေသည်။ 

ဂရင်းလန်း၏ဝန်ကြီးချုပ် မူတီအီဂီဒီက နှစ်သစ်ကူးမိန့်ခွန်းတွင် ကျွန်းသူကျွန်းသားများအနေဖြင့် အမေရိကန် နိုင်ငံ၏ နယ်မြေချဲ့ထွင်ပိုင်ဆိုင်ရန် ကြိုးပမ်းလာမှုကို ကာကွယ်ရန်လိုကြောင်း တိုက်တွန်းထားပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားလိုက်နာရန်လိုကြောင်း၊ ဒိန်းမတ်နိုင်ငံသားများနှင့် ဂရင်းလန်းကျွန်းသားများအကြားတွင် ရပိုင်ခွင့်များ မတူညီကြကြောင်း၊ တန်းတူညီမျှမှုများအတွက် တိုက်ပွဲဝင်ရန်လိုကြောင်း ၎င်းကထပ်လောင်းပြောဆိုထားပါသည်။ 

ဂရင်းလန်းသည် ၁၉၇၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မှတစ်ဆင့် လွတ်လပ်ရေးကြေညာခွင့်ရရှိထားသည့် ဂရင်းလန်းကျွန်းတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တွင်းထွက်များ များပြားသောကြောင့် မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ်များအတွက် အဓိက အချက်အချာ ဖြစ်နေပါသည်။ 

လွတ်လပ်ရေးဆန္ဒခံယူပွဲသည် ဧပြီလတွင် ဂရင်းလန်းပါလီမန်၌ ကျင်းပဖွယ်ရာရှိကာ ဂရင်းလန်းအတွက် လွတ်လပ်သောပြည်နယ် တစ်ခုဖြစ်လာစေရန် ဖော်ဆောင်ခြင်းလုပ်ငန်းသည် စတင်နေပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ရည်မှန်းချက်အောင်မြင်စေရေးအတွက်ညီညွတ်ကြရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုခဲ့ပါသည်။

ကိုးကား - Myanmar National Post

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သော်လည်း ဂါဇာတွင် အသေအပျောက် အရေအတွက် မြင့်တက်လာ

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် ဂါဇာကမ်းမြောင်တွင် ဒါဇင်နှင့်ချီသော အသေအပျောက်များ ရှိနေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကို ကာတာတွင် ဇန်နဝါရီ ၃ ရက်နေ့က စတင်ခဲ့ကြသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယင်းနေ့အစောပိုင်းကတည်းက လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း မီဒီယာတစ်ခုက ဇန်နဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၄၅,၇၁၇ ဦးအထိ မြင့်တက်လာကြောင်း ဂါဇာ ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

UNRWA သည် ဂါဇာတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ဆေးဝါးကုသရေးနှင့်စားနပ်ရိက္ခာများပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 

ကိုးကား-NHK World

ကိယက်ဗ်ကို ဆက်လက်ထောက်ခံရန် Trump အား ဗြိတိန်က တိုက်တွန်းမည်

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းအတွက် ဝါရှင်တန်၏ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို တိုက်တွန်းရန် ကြိုးစားမည်ဟု The Times က ဖော်ပြသည်။

Starmer သည် ဇန်နဝါရီလ ၂၀ ရက်နေ့ Trump ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာ ဇန်နဝါရီနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီ အစောပိုင်းတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်နိုင်သည်ဟု Downing Street သတင်းစာက ဒီဇင်ဘာ ၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။

အစီရင်ခံစာအရ ဝါရှင်တန်တွင်ရှိနေစဉ် ဗြိတိန်ဝန်ကြီးချုပ်သည် ရုရှားနှင့်ယူကရိန်းကြား ပဋိပက္ခအတွက် သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် ကတိပြုထားသည့် Trump အား ကိယက်ဗ်သို့ လက်နက်များ ဆက်လက်ထောက်ပံ့ရန် တိုက်တွန်းသွားမည်ဟုဆိုသည်။

Trump က မဲဆွယ်စည်းရုံးမှုကာလအတွင်းက အိမ်ဖြူတော်သို့ပြန်လာပြီး ရက်ပေါင်း ၉၀ အတွင်း တိုက်ပွဲများအဆုံးသတ်မည်ဟု အခိုင်အမာပြောဆိုထားခဲ့ပြီး ယူကရိန်းပဋိပက္ခအတွက် ငွေကြေးအလွန်အကျွံသုံးစွဲခဲ့သည့် အမေရိကန်သမ္မတ Joe Biden ၏အုပ်ချုပ်ရေးကို ဝေဖန်ခဲ့သည်။ 

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် အမေရိကန်ရွေးကောက်ပွဲကာလအတွင်းက Trump အား အနိုင်မရရှိစေရန် ကြိုးပမ်းလှုံ့ဆော်ခဲ့ဖူးသူဖြစ်သည်။

ကိုးကား-RT

သမ္မတအပေါ် စွဲချက်တင်ရေး ကြားနာမှုအတွက် အပြန်အလှန်လျှောက်လဲမှုကို တောင်ကိုရီးယားတရားရုံးမှာ ဇန်နဝါရီ ၁၄ ရက်နေ့ စတင်မည်

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ခြင်းအတွက် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို စွဲချက်တင်ရေး လွှတ်တော်၏အဆိုကို အတည်ပြုသင့်၊ မသင့် ဆုံးဖြတ်ရန်အတွက် ပထမဆုံး အပြန်အလှန် လျှောက်လဲမှုကို ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဖွဲ့စည်းပုံဥပဒေတရားရုံးက ထုတ်ပြန်ထားသည်။

ငြင်းခုံခြင်းဆိုင်ရာအချက်များ၊ အထောက်အထားများနှင့်အခြားကိစ္စရပ်များကို ခွဲခြမ်းစိတ်ဖြာရန် အစီအစဉ်ဖြစ်သည့် ဒုတိယအကြိမ် ပြင်ဆင်ကြားနာခြင်း ပြုလုပ်ခဲ့သော ဇန်နဝါရီ ၃ ရက်နေ့တွင် တရားရုံးက ကြေညာခဲ့ပါသည်။ပထမအကြိမ် ကြားနာစစ်ဆေးမှုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင်စတင်ခဲ့ပြီး အဆိုပါကြားနာပွဲသို့ လွှတ်တော်နှင့်သမ္မတ နှစ်ဘက်စလုံးမှ ဥပဒေရေးရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

မစ္စတာ Yoon ၏ ဥပဒေအကျိုးဆောင်အဖွဲ့က မစ္စတာ Yoonအပေါ် စွဲချက်တင်ရန် တရားစီရင်မှုကို အလျင်စလိုပြုလုပ်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သက်သေများစွာ တင်ပြရမည်ဖြစ်ပြီး သက်သေခံချက်များကို အကျယ်တဝင့်စစ်ဆေးရမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ပြောပါသည်။

မစ္စတာ Yoon ၏ ရှေ့နေများက မစ္စတာ Yoon ကို ဖမ်းဆီးရန်ထုတ်ပြန်ခဲ့သည့် ဖမ်းဝရမ်းအား တားမြစ်သည့် တရားဝင်အမိန့်စာ လျင်မြန်စွာဆောင်ရွက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တောင်းဆိုခဲ့ပါသည်။

လွှတ်တော်ဘက်ကလည်း အပြန်အလှန် လျှောက်လဲမှုများကို နှောင့်နှေးခြင်းမရှိစေဘဲ စတင်ရန် တောင်းဆိုခဲ့ပြီး ပြည်သူများအား စိုးရိမ်မှုမြင့်တက်စေသည့် အခြေအနေကို အမြန်ဆုံးရပ်သင့်ကြောင်း ပြောခဲ့ပါသည်။

တရားရုံးတွင်အပြန်အလှန်လျှောက်လဲမှုများကိုဆက်လက်လုပ်ဆောင်ရန်ပြင်ဆင်သည့်လုပ်ငန်းစဉ်များအပြီးသတ်ခဲ့ပြီဖြစ်ကြောင်းတရားသူကြီးကကြေညာခဲ့ပါသည်။

ဖိလစ်ပိုင် ဒုသမ္မတကို လုံခြုံရေးကောင်စီဝင်အဖြစ်မှ ဖယ်ရှား

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် ပြီးခဲ့သည့်လက ၎င်းအားသတ်ဖြတ်မည်ဟု ကြုံးဝါးခဲ့သူ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန်ဖယ်ရှားရန် အုပ်ချုပ်ရေး အမိန့်ကို လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါသည်။ မနှစ်ကတည်းက ဖိလစ်ပိုင်နိုင်ငံရေးမဟာမိတ်ဟောင်း ၂ ဦးအကြား ခါးသီးသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာက စတင်၍ ကြီးထွားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကို ပြန်လည်ဖွဲ့စည်းရာတွင် ကောင်စီအဖွဲ့ဝင်များအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း သမ္မတ မားကို့စ်က ပြောကြားခဲ့ပါသည်။

ကိုးကား - The Guardian

သစ္စာဖောက်မှုအတွက် ယူကရိန်းကို စလိုဗက်ကီးယား ပြစ်တင်

ယူကရိန်းနိုင်ငံကို ဖြတ်ကျော်ဆက်သွယ်ထားသော ရုရှားဓာတ်ငွေ့ပိုက်လိုင်းများမှ ဓာတ်ငွေ့မရရှိတော့ခြင်းနှင့်ပတ်သက်၍ စလိုဗက်ကီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Matus Sutaj Estok က ယူကရိန်းအနေဖြင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။ 

ယူကရိန်း-ရုရှား ပဋိပက္ခစတင်ကတည်းက စလိုဗက်ကီးယားနိုင်ငံက ယူကရိန်းနိုင်ငံအတွက် အရေးပါသော စစ်ရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးကမ်းခဲ့သော်လည်း ဓာတ်ငွေ့ပိုက်လိုင်းများ စာချုပ်ပြည့်သွားပြီဟုဆိုကာ ယူကရိန်းနိုင်ငံကိုဖြတ်ကျော်ပြီး ဥရောပနိုင်ငံများသို့ ဖြန့်ဖြူးပေးထားသောဓာတ်ငွေ့များ ဖြတ်သွားခွင့်မပြုတော့ခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ဥရောပနိုင်ငံများ၏ စွမ်းအင်တည်ငြိမ်မှုကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ 

သို့သော် ၎င်းကယူကရိန်းအနေဖြင့် ကျန်ရှိသည့် ဥရောပနိုင်ငံများနှင့် ပြန်လည်စည်းလုံးမှုရစေရန် မျှော်လင့်ကြောင်း ရေးသားခဲ့ပါသည်။ ယူကရိန်းက ရုရှားနိုင်ငံပိုင် Gazprom ရေနံကုမ္ပဏီနှင့် ရေနံနှင့်ဓာတ်ငွေ့တင်ပို့မှု ဖြတ်သန်းခွင့်စာချုပ်ကို ၂၀၂၄ နှစ်ကုန်တွင် သက်တမ်းတိုးရန် ငြင်းဆိုခဲ့ခြင်းကြောင့် သြစတြီးယား၊ အီတလီနှင့် စလိုဗက်ကီးယားအပါအဝင် အီးယူနိုင်ငံအချို့သို့ သဘာဝဓာတ်ငွေ့ စီးဆင်းမှု ပြတ်တောက်သွားခဲ့သည်။ ကုန်းတွင်းပိတ် စလိုဗက်ကီးယားနိုင်ငံ၏ ၀ယ်လိုအား ၆၀ ရာခိုင်နှုန်းခန့်ကို ပြည့်မီရန် ရုရှားဓာတ်ငွေ့အပေါ် မူတည်နေရသည်။ ယူကရိန်း၏ ဆုံးဖြတ်ချက်က အစားထိုးထောက်ပံ့ရေး စရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားလာမည်ဖြစ်ပြီး နှစ်စဉ် ယူရိုသန်းရာနှင့်ချီ ကုန်ကျမည်ဟု အီစတော့က ဆိုလိုက်ပါသည်။ 

၂၀၂၅ အတွက် စွမ်းအင်လိုအပ်ချက်ပြည့်မီသော်လည်း နောက်နှစ်များတွင် ကြုံတွေ့လာမည့် အခက်အခဲများအတွက် သက်တမ်းတိုးရန် လိုအပ်ပြီး စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေး သေချာစေမည့် ဖြေရှင်းချက်များနှင့်အပေးအယူများကို ရှာဖွေရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။ ဝန်ကြီးချုပ်ကလည်း ယူကရိန်း ဒုက္ခသည်များကို ထောက်ပံ့နေမှုအား ပြန်လည်သုံးသပ်နေကြောင်း ပြောဆိုလိုက်ပါသည်။