သတင်းများ

အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရပြော

ရုရှားနိုင်ငံသည် အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်သည် နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲများ တွင် အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင် ပေးရန် သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ အမေရိကန်-ရုရှား ကိုယ်စားလှယ် အဖွဲ့များ အကြား တွေ့ဆုံမှုတွင် အီရန်အရေးကိုလည်း ဆွေးနွေးခဲ့ပြီး သီးခြားဆွေးနွေးမှုများလုပ်ဆောင်ရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့သည်ဟု သတင်းရရှိသည်။

ကိုးကား : NP New

ဇီလန်စကီးသည် အမေရိကန်၏ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည်ဖြစ်သော်လည်း အိမ်ဖြူတော်အား ပြန်လည်တောင်းပန်ရန်ကိုမူ လစ်လျူရှု

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် လွန်ခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ကျင်းပခဲ့သောဆွေးနွေးပွဲ အကျည်းတန်စွာ ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အိမ်ဖြူတော်မှ လိုလားသည့် တောင်းပန်ရန်ကိစ္စကိုမူ လစ်လျူရှုခဲ့ကြောင်း သိရှိရ ပါသည်။ 

ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်း ပဋိပက္ခတွင် ယာယီပစ်ခတ်မှုရပ်စဲရေး၊ လုံခြုံရေးအာမခံချက်များနှင့် သတ္တု သဘောတူညီချက်များအတွက် ရက်သတ္တပတ်များစွာ အချေအတင် ဖြစ်နေခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)က Oval Office တွင် ယူကရိန်းခေါင်းဆောင်၊ ထရမ့်နှင့် ဒုတိယသမ္မတ J.D. Vance တို့အကြား အော်ဟစ်ငြင်းခုံမှုများဖြင့် အဆုံးသတ်ခဲ့သည်။

ဇီလန်စကီးက ကိယက်သည် ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အကျဉ်းသားများ အပြန်အလှန်လွှတ်ပေးခြင်းဖြင့် စတင်ပြီး ဒုံးပျံများ၊ ဒရုန်းများဖြင့် စွမ်းအင်နှင့် အခြားအများပြည်သူ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း ကို တားမြစ်ခြင်းဖြင့် ချက်ချင်းပစ်ခတ်မှုရပ်စဲရေး စတင်မည်ဟု ပြောကြား ခဲ့သည်။

ဇီလန်စကီးက ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော အချေအတင် ငြင်းခုံမှုကို နောင်တရမိသည်ဟု ဖော်ပြခဲ့သော်လည်း တောင်းပန်ခြင်း မပြုခဲ့ပေ။

ယူကရိန်းခေါင်းဆောင်အနေဖြင့် တရားဝင်လူသိရှင်ကြား တောင်းပန်မှုမပြုမချင်း သတ္တုသဘောတူညီချက်ကို ဆက်လက်ဆွေးနွေးရန် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Fox News က အမေရိကန်အရာရှိကြီးတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။

ထိုအတောအတွင်း ဝါရှင်တန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီအားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် (Offical State Visit) အဖြစ် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်မည်ဖြစ်သည်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ဘယ်လာရုစ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post

မြန်မာနှင့် ရုရှားအကြား ဘွဲ့ဒီပလိုမာများ အသိအမှတ်ပြုရေးနှင့် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် တရားဝင် ခရီးစဉ်တွင် နှစ်နိုင်ငံအကြား သဘောတူညီချက် ၁၀ ခု လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါသဘောတူညီချက်များတွင် ဘွဲ့ဒီပလိုမာများ၊ ပညာရပ်ပိုင်းဆိုင်ရာ ဘွဲ့များအား နှစ်နိုင်ငံ အသိအမှတ်ပြုရေး သဘောတူညီချက်၊ အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေး အခြေခံ မူများဆိုင်ရာ စာချွန်လွှာတို့ ပါဝင်ပါသည်။ ထို့ပြင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးကင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ 

ထပ်မံ၍ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ရန်ပုံငွေအဖွဲ့ RK-Investments တို့အကြား မြန်မာနိုင်ငံရှိ သယံဇာတထုတ်ယူရေးဆိုင်ရာ စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ 

နှစ်နိုင်ငံအကြား အကောက်ခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနများ၊ အားကစားနှင့် အာကာသဆိုင်ရာ အေဂျင်စီများအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်နှင့် အားပေးမြှင့်တင်ရန် သဘောတူညီချက်နှင့်ပတ်သက်သည့် ကြေညာချက်တစ်ခုကိုလည်း ချမှတ်ခဲ့ကြပါသည်။

ကိုးကား- TASS

Photo: Nation Thailand

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားသမ္မတအား လာရောက်လည်ပတ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဖိတ်ကြား

ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ ခရီးစဉ်အတွင်း ရုရှား သမ္မတ ဗလာဒီမာပူတင်အား အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထား ပါသည်။

ယခု ၂၀၂၅ ခုနှစ်တွင် ကျရောက်သော မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်ကို ပြန်ပြောင်း သတိရမိပါကြောင်း၊ ခရီးစဉ်အတွင်း ရင်းနှီးပျူငှာစွာ ကြိုဆိုဧည့်ခံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် အဆင်သင့်ဖြစ်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား-TASS

Photo: Fulcrum.sg

စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက မင့်စ်ခ် မှာ အကောင်းဆုံးနေရာ ဟု ကရင်မလင် ပြောကြား

ရုရှား၊ အမေရိကန်နှင့် ယူကရိန်းခေါင်းဆောင်တို့အနေဖြင့် မဆွေးနွေးရသေးသော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက ဘယ်လာရုစ်နိုင်ငံ မြို့တော် မင့်စ်ခ်သည် တွေ့ဆုံဆွေးနွေးရန် အကောင်းဆုံးနေရာဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက် ပါသည်။ 

ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးကြမည်ဆိုပါက မိမိနိုင်ငံက အဆင်သင့်ဖြစ်ပါကြောင်း အစောပိုင်းက ပြောကြားထားပါသည်။ 

မော်စကို၌ မေလ ၉ ရက်တွင် ကျင်းပမည့် စစ်ပွဲအောင်နိုင်မှု စစ်ရေးပြပွဲတွင် မြန်မာတပ်မတော် ပါဝင်မည် ဟု ပူတင်ပြောကြား

လာမည့် မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်တွင် အောင်နိုင်သည့်နေ့ (VE-Day) နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြပွဲသို့ တက်ရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မိမိဖိတ်ကြားထားပါကြောင်း ရုရှား နိုင်ငံသမ္မတ ဗလာဒီမာပူတင်က အလည်အပတ်ရောက်ရှိလာသည့် မြန်မာ နိုင်ငံအကြီးအကဲနှင့် တွေ့ဆုံပြီးနောက် ပြောကြားလိုက်ပါသည်။

မိမိတို့၏ သဘောတူညီချက်အရ မြန်မာ့တပ်မတော်အနေဖြင့် ရုရှားစစ်တပ် နှင့်အတူ မော်စကိုရှိ အနီရောင်ရင်ပြင် (Red Square) တွင် ကျင်းပမည့် စစ်ရေးပြပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း ဗလာဒီမာပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ထိုအခမ်းအနားတက်ရောက်ရန် မိတ်ဖက်နိုင်ငံ အများအပြားကို ဖိတ်ကြားထားပြီး ဘယ်လာရုစ်၊ မွန်ဂိုလီးယားတို့ကလည်း မော်စကိုရှိ အနီရောင်ရင်ပြင်၌ ပြုလုပ်မည့် စစ်ရေးပြပွဲအခမ်းအနားတွင် ပါဝင်ရန် စစ်တပ်များ စေလွှတ်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင်သတင်းဌာနTASS က ဖော်ပြထားပါသည်။

အမေရိကန်အစိုးရသစ်၏ စစ်ပွဲဆန့်ကျင်ရေးမူဝါဒကို ဘယ်လာရုစ် သမ္မတ ချီးကျူးပြောကြား

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဆန်ဒါ လူကာရှန်ကိုက အမေရိကန် အစိုးရသစ်၏ ယူကရိန်းစစ်ပွဲဖြေရှင်းရန် အရှိန်မြင့် ဆောင်ရွက်နေသည့် ခြေလှမ်းအပေါ် ချီးကျူးပြောကြားလိုက်ပါသည်။

ယူကရိန်းစစ်ပွဲရပ်တန့်ရေး ဒေါ်နယ်ထရမ့်က အတော်လုပ်ဆောင်ခဲ့နိုင်ကြောင်း၊ ထရမ့်၏ ယခုမူဝါဒသည် လွန်စွာထက်မြက်သော အတွေးအခေါ် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးက အမေရိကန်-ရုရှား ဆက်ဆံရေး ယခု ကဲ့သို့ အလွန်လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားကြောင်း ဘယ်လာရုစ်နိုင်ငံသမ္မတက ဘယ်လာရုစ်နိုင်ငံ နာမည်ကြီး BelTA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားသွားပါသည်။

Photo: Reuters

ဇီလန်စကီးအနေဖြင့် အိမ်ဖြူတော်ကို တရားဝင် တောင်းပန်ရန်လိုအပ် ဟုဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးသည် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ဆိုင်ရာညှိနှိုင်းမှုများကို ပြန်လည်စတင်လိုပါက ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယ သမ္မတ J.D. Vance တို့နှင့် ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့က ကျင်းပခဲ့သည့်အစည်းအဝေးအတွင်း ၎င်း၏ ပြုမူဆက်ဆံပုံအတွက် တရားဝင် တောင်းပန်ရန် လိုအပ်မည်ဟု Fox News က အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်တွင် ပြင်းထန်သော အငြင်းပွားမှု မဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်က ကိယက်ဗ်နှင့် ဝါရှင်တန်တို့သည် အမေရိကန်အား ယူကရိန်း၏ သဘာဝသယံဇာတများကို ရယူခွင့်ပြုမည့် သဘောတူညီချက်တစ်ခုကို ညှိနှိုင်းခဲ့ကြသည်။ သို့သော် ဇီလန်စကီးနှင့် အမေရိကန် ခေါင်းဆောင်များအကြား ပြင်းထန်သောအငြင်းပွားမှုကြောင့် အဆိုပါ အစီအစဉ်သည် မရေရာဖြစ်ခဲ့ရသည်။

ဇီလန်စကီးအနေဖြင့် ၎င်း၏ ဘဲဥပုံရုံးခန်းအတွင်း ပြုမူဆက်ဆံခဲ့မှုအတွက် တရားဝင်တောင်းပန်မှု မပြုလုပ်မချင်း အဆိုပါသတ္တု သဘောတူညီချက် နှင့်ပတ်သက်၍ မည်သည့်အရာမျှ ရှေ့ဆက်ဖြစ်လာမည် မဟုတ်ကြောင်း ဝါရှင်တန် အကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့သည်ဟု သိရှိရပါသည်။

ထိုအတောအတွင်း ယူကရိန်းခေါင်းဆောင်ကိုယ်တိုင်က မတ်လ ၂ ရက် (တနင်္ဂနွေ)နေ့က BBC သို့ ပြောကြားရာတွင် ၎င်းသည် ဝါရှင်တန်နှင့် ထိရောက်သော ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

အိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည့် ငြင်းခုန်မှုအပြီး နာရီ အနည်းငယ်အကြာတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း ဇီလန်စကီးအား တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးခဲ့ခြင်းနှင့် ဆိုးရွားသော ရလဒ်များအတွက် တောင်းပန်သင့်သည် ဟု အကြံပြုခဲ့သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပစ်အခတ်ရပ်စဲရန်ငြင်းဆိုမှုအတွက် ဇီလန်စကီးအား အီလွန်မက်က အပြင်းအထန်ဝေဖန်

မော်စကို၊ ငြိမ်းချမ်းရေး

ရုရှားနိုင်ငံနှင့်    အပစ်အခတ်ရပ်စဲရန် ငြင်းဆိုမှုအတွက် ယူကရိန်းသမ္မတဇီလန်စကီးအား အမေရိကန်ဘီလီယံနာနှင့် သမ္မတဒေါ်နယ်ထရမ့်၏အကြံပေးတစ်ဦးဖြစ်သူ အီလွန်မက်က အပြင်းအထန်ဝေဖန်လိုက်ကြောင်း မီဒီယာတစ်ခုတွင် မတ်လ  ၃ ရက်ကဖော်ပြသည်။

ယူကရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးရန် ငြင်းဆိုခြင်းအားဖြင့်လက်ရှိဖြစ်ပွားနေသည့်   လက်နက်ကိုင်ပဋိပက္ခကို    ပိုမိုရှည်ကြာစေရန်ဖန်တီးလျက်ရှိပြီး     ယူကရိန်းပြည်သူအများအပြားကို အသက်ဆုံးရှုံးစေရန်လုပ်ဆောင်လျက်ရှိကြောင်း မက်က ပြောကြားထားသည်။

မက်၏ အဆိုပါပြောကြားချက်သည် ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန်ငြင်းဆိုခဲ့ပြီး အနောက်ဥရောပရှိ မဟာမိတ်နိုင်ငံများမှ ငွေကြေးထောက်ပံ့မှုရရှိရန်    တောင်းဆိုနေစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက်   စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန်    သဘောတူညီခြင်းမရှိပါကယူကရိန်းအစိုးရသို့ အကူအညီများပေးအပ်မည်မဟုတ်ဟု ပြောကြားထားသည်။

ထရမ့်သည် ဇီလန်စကီးနှင့် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ဖေဖော်ဝါရီလ၂၈ ရက်တွင် တွေ့ဆုံစဉ် ယူကရိန်းအနေဖြင့် ရုရှားနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု ထရမ့်ကတိုက်တွန်းခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးအကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

Source: https://myawady.net.mm/