သတင်းများ

အမေရိကန်က ယူကရိန်း၏ ဓာတ်အားပေး တာဝါတိုင်များ ပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် အစီအစဉ်ကို ဖျက်သိမ်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ယူကရိန်း၏ ဓာတ်အားပေးတာဝါတိုင်များပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် USAID ၏ အစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ဖျက်သိမ်းခဲ့သည်ဟု USAID အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်း၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်း ၏ အချို့နေရာဒေသများတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက် ခဲ့သည်။ ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသည့် ၃ နှစ်အတွင်း ယူကရိန်း၏ ဓာတ်အားပေးစနစ်များသည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွား ခဲ့သည်။

“ယခုလို ဖျက်သိမ်းလိုက်ခြင်းသည် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့၏ လုပ်နိုင်စွမ်းများကို လျော့ကျစေပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ယူကရိန်း သို့မဟုတ် မိမိတို့ ယခင်က ရင်းနှီး မြှုပ်နှံမှုများကို ဂရုမစိုက်ကြောင်း ရုရှားသိစေရန် အချက်ပြလိုက်ခြင်း ဖြစ်ပါကြောင်း” ယူကရိန်းမစ်ရှင်တွင် ပါဝင်ခဲ့သည့် USAID အရာရှိ တစ်ဦး က NBC News ကို ပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို စစ်ပွဲနှစ်ခု ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ တစ်ခုက စစ်ရေးဖြစ်ပြီး နောက်တစ်ခုက စီးပွားရေးစစ်ပွဲဖြစ်ကြောင်း၊ ရုရှားက ယူကရိန်း၏ စီးပွားရေးကို နှိပ်ကွပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ သို့သော် ယူကရိန်း၏ ဓာတ်အားပေးလိုင်းများ အပါအဝင် ယူကရိန်း၏ စီးပွားရေးကို ကြံ့ကြံ့ခံနိုင်စေရန်အတွက် USAID က အဓိကအခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ကြောင်း၊ ယူကရိန်းအစိုးရကို စီးပွားရေး အကျပ်အတည်း မဖြစ်စေရန်အတွက် USAID က အများကြီး ထောက်ပံ့ပေးခဲ့ကြောင်း” အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် USAID ၏ ယူကရိန်းစွမ်းအင်လုံခြုံရေး စီမံကိန်းကို အဆုံးသတ်လိုက်သည့်အပြင် ယူကရိန်းတွင် စီမံလုပ်ဆောင်နေသည့် USAID ၏ အစီအစဉ်များကိုလည်း လျှော့ချနေသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ကိုးကား-NBC News

ထရမ့်ကို ကျေးဇူးတင်ရမည် ဟု နေတိုးအကြီးအကဲ ပြောကြား

အိမ်ဖြူတော် အစည်းအဝေးအပြီးတွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် နှစ်ကြိမ်တိုင်တိုင် စကားပြောဆိုထားသည့် နေတိုး အတွင်းရေးမှူးချုပ် Mark Rutte က “၎င်းအနေဖြင့် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို လွတ်လပ်စွာ ပြောပြခွင့်မရှိကြောင်း” ပြောကြားထားသော်လည်း “ယခုအချိန်အထိ ယူကရိန်းအတွက် ထရမ့် လုပ်ဆောင်ပေးခဲ့သည်များကို လေးစားရန်” ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း BBC သို့ ပြန်လည် မျှဝေထား ပါသည်။

“ဇီလန်းစကီးအနေဖြင့် အိမ်ဖြူတော်တွင် ထရမ့်နှင့် နှစ်ဖက်ထိပ်တိုက် တွေ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ဆက်ဆံရေး ကို ပြန်လည်ထူထောင်ရန် နည်းလမ်းရှာရမည်” ဟု Rutte က ပြောကြား ခဲ့သည်။

“ထရမ့်၏ ပထမသမ္မတသက်တမ်း (၂၀၁၇ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ) အတွင်း အမေရိကန်သည် ယူကရိန်းကို တင့်ဖျက်ဒုံးကျည် စနစ်ကို ရောင်းချရန် အတည်ပြုခဲ့ပါသည်။ ထို့အတွက် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခစတင်သောအခါ ယူကရိန်းဘက်မှ ပြန်လည် ခုခံ တိုက်ခိုက် နိုင်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် ထရမ့်ကို အမှန်တကယ် ကျေးဇူးတင် ရမည်ဖြစ်ကြောင်း” Rutte က ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- BBC News

Photo: Bloomberg

ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

ဥရောပသမဂ္ဂသည် ရုရှားကိုဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တွန်းအားပေးခြင်းဖြင့် ယူကရိန်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။ထို့အပြင် လွန်ခဲ့သော သီတင်းပတ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယူကရိန်း ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုထားသည့် အမေရိကန်က ရေးဆွဲထားသော ဆုံးဖြတ်ချက်တစ်ခုကို ဆာဂေးလာရော့ဗ်က အလေးအနက်ထားစဉ်းစားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုပါသည်။

ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းကို ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါဆုံး ဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆာဂေးလာရော့ဗ်က ‘‘ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သော နိုင်ငံရေးအခင်းအကျင်းများ စတင်ပြောင်းလဲလာသည်နှင့် တစ်ပြိုင်နက် ဥရောပ သမဂ္ဂသည် အဆိုပါလမ်းကြောင်းကို ပျက်ပြားစေရန် ကြိုးပမ်းမှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် ကြီးမားသောစစ်ရေးအကူအညီပံ့ပိုးမှုအသစ်များကို ထုတ်ပြန်ကြေညာကာ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သည်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အကျပ်အတည်းများကို ဖော်ဆောင်ရာတွင် ၎င်း၏အခန်းကဏ္ဍ နှင့်ပတ်သက်ပြီး ရာစုနှစ်များအတွင်းရရှိခဲ့သော ဥရောပသမဂ္ဂ၏ ဂုဏ်သတင်းမှာ မပြောင်းလဲဘဲရှိကြောင်း ဆာဂေးလာရော့ဗ်က ဝေဖန် ပြောဆိုခဲ့သည်။

ကိုးကား-NP News

ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗ်ဒက် က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံဆိုင်ရာ ဝါရှင်တန်၏ မူဝါဒပြောင်းလဲမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် EU သည် အမေရိကန်ထံမှ တာဝန်ကိုလွှဲယူရမည်ဟု အဆိုပြုခဲ့သော EU ၏ အဆင့်မြင့် သံတမန် Kaja Kallas ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် မက်ဗ်ဒက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)တွင် Kallas သည် အခြား EU ခေါင်းဆောင်များနှင့်အတူ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး အား ၎င်းတို့က အခိုင်အမာထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် သောကြာနေ့တွင် အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပြင်းအထန် ငြင်းခုံပြောဆိုခဲ့ကာ ထရမ့်က ဇီလန်စကီးအား အမေရိကန်အကူအညီအတွက် ကျေးဇူးမသိတတ်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ညှိနှိုင်းရန်မလိုလားကြောင်း စွပ်စွဲခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းခေါင်းဆောင်က ဝါရှင်တန်အား ကိယက်ဗ် အတွက် စစ်ရေးထောက်ပံ့မှုကို ဆက်လက်ပေးအပ်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့မပြုလုပ်ပါက အမေရိကန်အတွက် အနှုတ်သဘော သက်ရောက်မှုသာ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

Kallas က ထရမ့်အား ဝေဖန်ပြောဆိုခဲ့ကာ “ယူကရိန်းသည် ဥရောပ ဖြစ်ပြီး မိမိတို့သည် ယူကရိန်းဘက်မှ ရပ်တည်လျက်ရှိကြောင်း၊ ယူကရိန်း အား စစ်ရေးထောက်ပံ့မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျူးကျော်သူကို ဆက်လက်တိုက်ထုတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ယနေ့တွင် လွတ်လပ်သောကမ္ဘာသည် ခေါင်းဆောင်အသစ် လိုအပ်နေပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာရကြောင်း၊ အဆိုပါစိန်ခေါ်မှုကို ဥရောပသား များက လက်ခံရန်တာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။

မတ်လ ၁ ရက် (စနေနေ့)တွင် RIA Novosti သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသော မက်ဗ်ဒက်က “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” သည် အမေရိကန်မှ အခြားတစ်ဦးထံသို့ လွှဲပြောင်းပေးသင့်သော်လည်း ၎င်းသည် EU မှ မထိုက်တန်ကြောင်းနှင့် ဗလာဒီမာပူတင်သာ အထိုက်တန်ဆုံးဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးအား ယူကရိန်း၏ လုပ်ရပ်များကို အကြောင်းပြပြီး ရုရှားအပေါ်အပြစ်တင်သည့်အခါ ၎င်း၏ မလေးစားမှုအတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးအား ယူကရိန်း၏ လုပ်ရပ်များကို အကြောင်းပြပြီး ရုရှားအပေါ်အပြစ်တင်သည့်အခါ ၎င်း၏ မလေးစားမှုအတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပါသည်။

အမေရိကန်သမ္မတ ထရမ့်က ဇီလန်စကီးအား “၎င်းမှာ အနိုင်ရရန် အခွင့် မရှိဘဲ သန်းနှင့်ချီသော ပြည်သူများ၏ အသက်များနှင့် ကစားနေကြောင်း၊ ၎င်းသည်တတိယကမ္ဘာစစ်ကို ဖြစ်ပွားရန် လှုံ့ဆော်နေကြောင်း” ပြောဆို ခဲ့ပါသည်။ 

ဒုတိယသမ္မတ ဗန့်စ်ကလည်း ဇီလန်စကီးအား “ဒီမိုကရက်များအတွက် ကျေးဇူးမသိတတ်သည့်လှုံ့ဆော်သူ'”အဖြစ် ပြောဆိုခဲ့ပါသည်။

ကိုးကား - RIA Novosti

photo credit: Wikipedia

စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မက်က အမေရိကန် ဒုတိယသမ္မတ JD Vance သည် နောင်တချိန်တွင် အမေရိကန်သမ္မတ ဖြစ်လာနိုင်ကြောင်း ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောကြားလိုက် ပါသည်။

အမေရိကန် ဒုတိယသမ္မတများအနက် JD Vance သည် အတော်ဆုံး ဒုတိယသမ္မတဖြစ်ပြီး အနာဂတ်အမေရိကန်၏ သမ္မတ ဖြစ်လာနိုင်သည် ဟု အီလွန်မက်က ၎င်း၏ X စာမျက်နှာတွင် မှတ်ချက်ပေးထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူအချို့သည် ထရမ့် အား နောက်ထပ်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ရန် အမေရိကန် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် လေ့လာ နေကြသည်ဟု NBC သတင်းဌာနက ယခင်က ဖော်ပြခဲ့ပါသည်။

၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၂ ကြိမ်မြောက် ပြင်ဆင် ချက်အရ သမ္မတတစ်ဦးသည် သမ္မတရာထူးကို အများဆုံး သက်တမ်း ၂ ကြိမ် (၈ နှစ်) ဆောင်ရွက်ခွင့်ရှိပါသည်။ 

ယခုနှစ် ဇန်နဝါရီက ရီပတ်ဘလစ်ကန် အမတ် Andy Ogles က သမ္မတ သက်တမ်းကို အများဆုံး ၈ နှစ်မှ ၁၂ နှစ်သို့ တိုးမြှင့်ရန် အဆိုပြုချက် တင်ပြခဲ့ပါသည်။

ကိုးကား- TASS

အမေရိကန်နှင့် ယူကရိန်းတို့၏ မြေရှားသတ္တု စာချုပ် ချုပ်ဆိုရန်ကိစ္စ ပယ်ဖျက်

အမေရိကန်ပြည်ထောင်စုနှင့် ယူကရိန်းတို့၏ မြေရှားသတ္တုတူးဖော် ထုတ်လုပ်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ကိစ္စကို  ပယ်ဖျက် လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးခေါင်းဆောင်   Karoline Leavitt က ဖေဖော်ဝါရီ ၂၈ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်လိုက် ပါသည်။

ဇီလန်စကီးနှင့် ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌   တွေ့ဆုံဆွေးနွေးကြပြီးနောက်  မြေရှား သတ္တု စာချုပ်ချုပ်ဆိုရန် ပယ်ဖျက်လိုက်ကြောင်း၊ ဆွေးနွေးကြစဉ်တွင် ယူကရိန်း သမ္မတဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊  ဒုတိယသမ္မတဂျေဒီဗန်တို့နှင့်  ဆန့်ကျင်ဘက် ငြင်းခုံမှုကို ဦးတည်စေသည့် စကား များသာ ပြောကြားခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်က ဇီလန်စကီးသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ယူကရိန်းသမ္မတ ဇီလန်စကီး အနေဖြင့်  ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်ချိန်မှ ပြန်လာပါဟု  အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ 

အမေရိကန်နိုင်ငံသားများသည် ဇီလန်စကီးအား ၎င်းတို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် မရှုမြင်တော့ကြောင်း ရီပတ်ဘလစ်ကန် ပါတီမှ ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးက ပြောကြား

အမေရိကန်နိုင်ငံသားအများစုသည် ဗလာဒီမာဇီလန်စကီးအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် စကားများပြီးနောက် ယူကရိန်း ခေါင်းဆောင် ဇီလန်စကီး အား ၎င်းတို့၏စီးပွားရေး လုပ်ဖော်ကိုင်ဖက် အဖြစ် မရှုမြင်လိုကြောင်း ဆီးနိတ်လွှတ်တော်အမတ် လင်ဒ်ဆီဂရမ်က ပြောကြားခဲ့သည်။ “ယနေ့ဖြစ်ပျက်နေသည်ကို ကြည့်ရှုနေသော အမေရိကန် နိုင်ငံသားအများစုသည် ဇီလန်စကီးအား ၎င်းတို့၏စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် မြင်လိုကြမည်မဟုတ်ကြောင်း၊ မိမိလည်း ထိုသူများထဲတွင် ပါဝင်ပါကြောင်း” ၎င်းက Fox News ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။ 

ကိုးကား - Tass

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးအနေဖြင့် ၎င်းနှင့် ဆက်လက်၍အပြန်အလှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးအနေဖြင့် ၎င်းနှင့် ဆက်လက်၍အပြန်အလှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြခဲ့ပါသည်။

ဇီလန်စကီးသည် ရုရှားသမ္မတဗလာဒီမာပူတင်ကို ဝေဖန်ခြင်း ရပ်တန့်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရန် ကြိုးပမ်းမှုကို တရားဝင် ကြေညာ ရမည်ဖြစ်ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို လိုလားကြောင်း ဇီလန်စကီးနှင့် အပြင်းအထန် ငြင်းခုံမှု ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က၎င်း၏ထင်မြင်ယူဆချက်ကို ဖော်ပြခဲ့ပါသည်။ 

ထရမ့်က ယူကရိန်းတွင် စစ်ပြေငြိမ်းရေးကို ချက်ချင်း ရရှိနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ထို့အပြင် ၎င်းက “ရုရှားနှင့် ပဋိပက္ခကို ယူကရိန်းအနေဖြင့် ဆက်လက် ရင်ဆိုင်ရန် မသင့်တော်ကြောင်း” ပြောကြားခဲ့ပါသည်။ 

အမေရိကန်ထောက်ခံမှုမရှိပါက ယူကရိန်းသည် အနိုင်ရရန် မဖြစ်နိုင်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။ 

ထရမ့်နှင့် ဇီလန်စကီးတို့ကြား အပြင်းအထန် ငြင်းခုံမှုပြီးနောက် ယူကရိန်းသို့ လက်ရှိပေးပို့နေသည့် စစ်ရေးအကူအညီအားလုံးကို ရပ်ဆိုင်းရန် ထရမ့်၏ အစိုးရအဖွဲ့က အလားအလာကို စဉ်းစားနေ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့သော အပြင်းအထန် ငြင်းခုံမှု ပြီးနောက် ယူကရိန်းသို့ လက်ရှိ ပေးပို့နေသည့် စစ်ရေးအကူအညီအားလုံးကို ရပ်ဆိုင်းရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က အလားအလာကို စဉ်းစားနေ ပါသည်။

CBS သတင်းဌာန၏ အဆင့်မြင့်အရင်းအမြစ်များကို ကိုးကားသည့် သတင်းအရ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အိမ်ဖြူတော်တွင် ဇီလန်စကီးနှင့် ဖြစ်ပွားခဲ့သော အပြင်းအထန် ငြင်းခုံမှု အပြီး ယူကရိန်းတွင် စစ်ပြေငြိမ်းရေး ရရှိရန် အာမခံနိုင်မှုမရှိဟု သံသယ ရှိနေကြသည်။ အလားတူသတင်းတွင် ယူကရိန်းအရာရှိများသည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်ဖြူတော်ထံမှ သဘောတူညီချက် ဆွေးနွေးမှု ကို ပြန်လည်စတင်ရန် တောင်းဆိုနေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးနှင့် ဆက်သွယ်ပြောဆိုရန် ငြင်းဆန် နေကြောင်း ဖော်ပြထားပါသည်။

ကိုးကား - CBS