ရုရှားသမ္မတအား လာရောက်လည်ပတ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဖိတ်ကြား
ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ ခရီးစဉ်အတွင်း ရုရှား သမ္မတ ဗလာဒီမာပူတင်အား အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထား ပါသည်။
ယခု ၂၀၂၅ ခုနှစ်တွင် ကျရောက်သော မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်ကို ပြန်ပြောင်း သတိရမိပါကြောင်း၊ ခရီးစဉ်အတွင်း ရင်းနှီးပျူငှာစွာ ကြိုဆိုဧည့်ခံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် အဆင်သင့်ဖြစ်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောကြားထားပါသည်။
ကိုးကား-TASS
Photo: Fulcrum.sg
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃