ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ကူညီဆောင်ရွက်ပေးရန် ရုရှားသမ္မတနှင့် တိုက်ရိုက်စကားပြောဆိုရန် စီစဉ်နေကြောင်း ဂျာမနီအဓိပတိ Olaf Scholz က ပြောကြားလိုက်ပါသည်။ “မိမိအနေဖြင့် ရုရှားသမ္မတနှင့် စကားပြောပြီးဖြစ်ကြောင်း၊ ပဋိပက္ခအဆုံးသတ်ရန်နှင့် တပ်များဆုတ်ခွာပေးရန်အတွက် ရုရှားခေါင်းဆောင်ကို ရှင်းလင်းပြောကြားရန် ရည်ရွယ်ထားကြောင်း” ဘာလင်တွင်ပြုလုပ်သည့် အက်စတိုးနီးယား ဝန်ကြီးချုပ် Kristen Michal နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ရုရှားသမ္မတ၏ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် နှစ်ကုန်အမေးအဖြေကဏ္ဍနှင့် သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားစဉ် ပူတင်က “ရုရှားသည် ကြိုတင်သတ်မှတ်ချက်များမပါဘဲ ယူကရိန်းအရေးကို ညှိနှိုင်းရန်အသင့်ရှိသော်လည်း လက်ရှိအခြေအနေနှင့် ယခင်ရရှိထားသည့် သဘောတူညီချက်များကို အခြေခံ ၍ ထည့်သွင်းစဉ်းစားထားကြောင်း” ပြောကြားထား ပါသည်။
ဂျာမနီအဓိပတိ Olaf Scholz သည် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က ပူတင်နှင့်ဖုန်းပြောခဲ့ပါသည်။ ယင်းမတိုင်မီ ၂၀၂၂ ခုနှစ်တွင် ဒီဇင်ဘာ ၂ ရက်တွင်လည်း ဖုန်းဆက် သွယ်ပြောကြားဖူးပါသည်။ ပြီးခဲ့သည့်နောက်ဆုံးအကြိမ်တွင် ခေါင်းဆောင်နှစ်ဦးက ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။
ကိုးကား - TASS

အမေရိကန်အကြီးတန်း သံတမန်တစ်ဦးဖြစ်သည့် ဝါရှင်တန်အစိုးရ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ထိပ်တန်း သံတမန် ဘာဘရာလိဖ်က Hayat Tahir al-Sham (HTS) ခေါင်းဆောင် Mohammed al-Jolani အား အကြမ်းဖက်သမားအဖြစ် ကန်ဒေါ်လာ ၁၀သန်း ဖမ်းဆီး ဝရမ်းဆုကြေး ထုတ်ထားခဲ့ခြင်းကို ဖယ်ရှားလိုက်ပြီဟု ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ဝါရှင်တန်အစိုးရက ၎င်းအား ဖမ်းဆီးခြင်းအတွက် ဆုကြေးငွေကို ဖယ်ရှားလိုက်ခြင်းသည် အကြမ်းဖက်မှု ကိုတိုက်ဖျက်ရန် ကတိပြုခြင်း အပါအဝင် ဒမတ်စကတ် တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ ဆွေးနွေးပွဲများမှ အပြု သဘောဆောင်သော သတင်းစကားများကြောင့် ဟု ဆိုပါသည်။
ဆီးရီးယားနိုင်ငံတွင် အခြေစိုက်ထားသော အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ဌာနခွဲ HTS က ဦးဆောင်ပြီး သမ္မတ အာဆက်ကို ဖြုတ်ချရန်အတွက် ယခုလ အစောပိုင်း တွင် မိုးကြိုးစစ်ဆင်ရေးနှင့် ထိုးစစ်စခဲ့သည်။ မြို့တော် ဒမတ်စကတ်ကို သိမ်းပြီးသည့်နောက်တွင် အစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာရန်အတွက် ကြိုးပမ်းနေချိန်၌ အမေရိကန်အထူးသံတမန်များက လာရောက်တွေ့ဆုံပြီးယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ဆီးရီးယားပြည်သူများနှင့် ဒေသတွင်း အဖွဲ့အစည်း အားလုံးက လက်ရှိအာဏာသိမ်းထားသည့် အဖွဲ့ကြား မည်သည့်ကွဲပြားမှုမှ မရှိကြောင်းနှင့် အားလုံး တစ်ပြေးညီရှိနေကြောင်း ဖော်ပြထားသည်။
“သူမနှင့် ခေါင်းဆောင် Jolani တို့ တွေ့ဆုံ စကား ပြောပြီးနောက်တွင် ခေါင်းဆောင်၏အပြုသဘောဆောင် သည့်ကမ်းလှမ်းမှုများကြောင့် ထုတ်ပြန်ထားသော ဖမ်းဆီး ဝရမ်း ဆုကြေးများကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ စကားလုံးများဖြင့် မဟုတ်ဘဲ အခြေခံမူများဖြင့် လုပ်ဆောင်ချက်များအပေါ် တိုးတက်မှုကို ရှာဖွေသွား မည်ဖြစ်ကြောင်း၊ ယခုအကူးအပြောင်းကာလတွင်အားလုံးပါဝင်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင် ဆွေးနွေးမှု၏ အရေးပါမှုကိုလည်း ပြောပြထားကြောင်း၊ အမျိုးသမီးများအပါအဝင် ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို လေးစားလိုက်နာမှုပါဝင်သော ဆီးရီးယားအစိုးရနှင့် ဆီးရီးယားနိုင်ငံပိုင် နိုင်ငံရေး လုပ်ငန်းစဉ်ကို အပြည့်အဝထောက်ခံပါကြောင်း” အထူး သံတမန် လိဖ်က သတင်းထောက်များကို ပြောကြားခဲ့ ကြောင်း ဖော်ပြထားရှိပါသည်။
ကိုးကား-Myanmar National Post

ဆီးရီးယားတွင် အာဏာရှင်အစိုးရကို တော်လှန်ရန် အတွက် ပြည်တွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် များ စုပေါင်းပြီး ယခုလအစောပိုင်းက တစ်ပြိုက်နက် တိုက်ခိုက်မှုလုပ်လိုက်ခြင်းကြောင့် အာဆတ်အစိုးရ ပြုတ်ကျသွားခဲ့ရသည်။ တော်လှန်ရေးအောင်မြင်ခဲ့သော်လည်း အကျိုးအမြတ် ရရှိခဲ့သူသည် ပြည်တွင်း နိုင်ငံရေးအင်အားစုများမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အစ္စရေးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကဆိုလိုက်ပါသည်။
အစ္စရေးက ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသနယ်မြေ အများအပြားကို တပ်စွဲထားပြီး နယ်ချဲ့သိမ်းယူနိုင်ခဲ့ပါသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော သမ္မတ ပူတင် ၏ နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပူတင်က “အစ္စရေး၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို နားလည်နိုင်သော်လည်း ရုရှားသည် အစ္စရေး၏ ဆီးရီးယားနယ်မြေများကို သိမ်းပိုက်မှုမှန်သမျှအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အစ္စရေး၏ လုပ်ရပ်အပေါ် သဘောထားတစ်စုံတစ်ရာရှိနိုင်သည် ဟု ဆိုသော်လည်း ဆီးရီးယားနယ်မြေ မှန်သမျှ သိမ်းယူမှု ကို ရုရှားက ရှုတ်ချကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် သိသာလွန်းကြောင်း၊ ဤနေရာတွင် ရုရှားနိုင်ငံ၏ ရပ်တည်ချက်သည် ခိုင်မာကြောင်း” ၎င်းက ဆက်လက် ပြောဆိုထားသည်။
ယခုအချိန်အထိ အစ္စရေးသည် နယ်စပ်ဖြတ်ကျော် တပ်ဖွဲ့ဝင်များကိုသာ စေလွှတ်နေပြီး ၎င်းတို့ ဆီးရီးယား မှထွက်ခွာရန် မရည်ရွယ်ဘဲ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ ပါသည်။
အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးသည် ရာနှင့်ချီသော ဆီးရီးယားဆိပ်ကမ်းများ၊ လေယာဉ်ကွင်း များနှင့် လက်နက်သိုလှောင်ရုံများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ဇုန် ကို ကျော်ဖြတ်ကာ ၎င်း၏တပ်များကို တိုးမြှင့်ခဲ့ပါသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ဂျူးနိုင်ငံသည် ဆီးရီးယားနယ်စပ်တွင် ဖန်တီးထားသည့် ကြားခံနယ်ကို ချဲ့ထွင်ရခြင်းမှာ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး အသိုင်းအဝိုင်းများကို ခြိမ်းခြောက်နေသည့် ဂျီဟတ်အုပ်စုများကိုခွင့်မပြုနိုင်ခြင်းကြောင့်ဖြစ်ကြောင်း” ရှင်းလင်းပြောဆို ခဲ့ပါသည်။
ထိုအချိန်မှစ၍ အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ရှိ ဂျူးလူဦးရေ နှစ်ဆတိုးရန်နှင့်ဒေသကို အားကောင်းစေမည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်။

ရုရှားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေသော်လည်း ယူကရိန်းဘက်က အသင့်မဖြစ်သေးကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောသည်။
"ကျွန်တော်တို့အနေနဲ့ အမြဲတမ်းပြောနေခဲ့တဲ့ အတိုင်းပဲ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အပေးအယူညှိနှိုင်းမှုတွေ လုပ်ဖို့အသင့်ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်ကတော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ကို ငြင်းဆန်နေပါတယ်" ဟု ပူတင်က နှစ်ကုန်သတင်း စာရှင်းလင်းပွဲ၏ အမေးအဖြေကဏ္ဍတွင် ပြောသည်။

အလားတူ ရုရှားအစိုးရက အနာဂတ်တွင် လုပ်ဆောင်မည့် ယူကရိန်းနိုင်ငံနှင့် သဘောတူညီချက်များ အားလုံးကို ယူကရိန်း၏ တရားဝင်အစိုးရနှင့်သာ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ကဆက်ပြောသည်။
ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ၏ သမ္မတသက်တမ်းသည် ယခုနှစ်အစောပိုင်းတွင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရအဖွဲ့သည် တရားမဝင် အစိုးရအဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် အခြေအနေများရှိလျှင် ယူကရိန်းလွှတ်တော်ကသာ သမ္မတ၏သက်တမ်းကို တိုးနိုင်ကြောင်း၊ ယခုမူ ထိုသို့သက်တမ်းတိုးထားခြင်း မရှိသည့်အတွက် ဇီလန်စကီ၏ အစိုးရအဖွဲ့က တရားမဝင်ခြင်းဖြစ်ကြောင်း ပူတင်ကပြောထားသည်ဟု သိရသည်။
ကိုးကား - Myawady Web Portal

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း၊နောက်ကြောင်း ပြန်ကြည့်ပါက ဥရောပသည် ယခု အချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးထားကြောင်း၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီ အစည်းအဝေးအပြီး သတင်းထောက် များအား ပြောကြားခဲ့သည်။

သူမ၏စကားအရဆိုလျှင် ဥရောပသမဂ္ဂသည် ယူကရိန်း ကို အမေရိကန်ထက် လက်နက်များ ပိုမိုပေးအပ် ခဲ့သည်။ Ursula von der Leyen ၏ အဆိုအရ EU သည် ယူကရိန်းသို့ ပေးပို့သော လက်နက်များ၏ ၄၇% နှင့် US မှ ၄၀% ခန့်ကို ထောက်ပံ့ပေးနေကြောင်း သိရသည်။
ဘရပ်ဆဲလ်သည် လာမည့်နှစ်တွင် ယူကရိန်းနိုင်ငံသို့ ငွေကြေးအကူအညီ ယူရို ၃၀.၆ ဘီလီယံ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေကြောင်း၊ အဆိုပါ ကိန်းဂဏန်းတွင် လက်နက်များ ပေးအပ်ခြင်းမပါဝင်ကြောင်း သူမက ပြောကြားခဲ့သည်။
NATO အဖွဲ့ အတွင်းရေးမှူးချုပ် Mark Rutte က “NATO အဖွဲ့ဝင်နိုင်ငံများဆီက လက်နက် ၉၈ ရာခိုင်နှုန်း ကို ကိယက်ဗ်အတွက် လက်ခံထားသည်” ဟု ပြောကြား ခဲ့သည်။

နာဇီဝါဒကို ဂုဏ်တင်ချီးကျူးခြင်း၊ နာဇီလက်သစ်ဝါဒကို ခေတ်ကာလနှင့်လျော်ထွေစွာ ပုံစံမျိုးစုံဖြင့် လှုံ့ဆော်ဆောင်ရွက်နေသည့် လူမျိုးရေးခွဲခြားမှု၊ ဆက်ဆံမှု၊ မျက်ကန်းမျိုးချစ်စိတ်နှင့် ဆတ်ဆတ်ထိမခံဖြစ်စေမည့် လှုံ့ဆော်ချက် စသည်တို့ပါဝင်သော “နာဇီဝါဒကို နှိမ်နင်းခြင်း” ခေါင်းစဉ်ဖြင့် ရုရှား၏ ဆုံးဖြတ်ချက်စာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံတွင်မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံသူ ၁၁၉ နိုင်ငံ၊ ကန့်ကွက်သူ ၅၃ နိုင်ငံနှင့်ကြားနေ ၁၀ နိုင်ငံရှိပြီး ထောက်ခံအတည်ပြုလိုက်ကြောင်း ၁၈-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပါစာတမ်းကို ကန့်ကွက်သည့်နိုင်ငံများအနက် နိုင်ငံအချို့မှာ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ အမေရိကန်၊ ယူကရိန်းနှင့် ဂျပန်နိုင်ငံတို့ဖြစ်ပြီး ထောက်ခံသည့် နိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ တရုတ်၊ ကျူးဘားနှင့် ဆားဘီးယားတို့ဖြစ်ပါသည်။
အဆိုပါဆုံးဖြတ်ချက်သည် နာဇီဝါဒ၊ လူမျိုးရေး ခွဲခြားမှုနှင့် မျက်ကန်းမျိုးချစ်ခြင်းကို တိုက်ဖျက်ရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုမဲပေးမှုရလဒ်များက နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆက်လက်ထောက်ခံမှုနှင့် ကတိကဝတ်များကို ထင်ရှားစွာပြသခဲ့နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် Maria Zabolotskaya က ပြောကြားလိုက်ပါသည်။
အဆိုပါစာတမ်းကို ရုရှားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ သက်ဆိုင်ရာ စာရေးဆရာများက ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်တင်သွင်းခဲ့ရာ ယခုအခါ အနှစ် ၂၀ နီးပါးရှိ လာပြီဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သောထောက်ခံမှုကို အမြဲရရှိခဲ့သည်။ ယခုနှစ်စာတမ်းတွင် ပြဋ္ဌာန်းချက် ၇၄ ချက်ပါရှိကြောင်းသိရှိရပါသည်။

အမေရိကန် တာလတ်ပစ်နှင့် တာဝေးပစ် ဒုံးကျည်များ ယူကရိန်းကို ဖြန့်ကျက်ခြင်းမပြုရန်၊ ယူကရိန်းအပေါ် အနောက်အုပ်စု၏ ပံ့ပိုးကူညီနေမှုက နျူစစ်ပွဲကြီး ဖြစ်အောင် ရုရှားကို တွန်းအားပေးနေကြောင်း သမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများ အစည်းအဝေးတွင် ပူတင်ကအမေရိကန်သည် ရုရှားနိုင်ငံကို အားပျော့စေရန်နှင့် ဗျူဟာမြောက်ရှုံးနိမ့်မှုဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း၊ ကိယက်ဗ်၏ တရားမဝင်သော အုပ်ချုပ်မှုစနစ်အား လက်နက်နှင့်ငွေကြေးဖြင့်ပံ့ပိုးမှု ဆက်လက်လုပ်ဆောင်နေကြောင်း၊ ကြေးစားများနှင့် စစ်ဘက်အကြံပေးများ စေလွှတ်ခြင်းဖြင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာစေရန် တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။
ဝါရှင်တန်အစိုးရက "ရိုးရှင်းသောနည်းဗျူဟာများ" ကို အသုံးပြုခြင်းဖြင့် အမေရိကန်များကို ကြောက်ရမည် ဆိုသည့် အသိတရားတိုးပွားစေကြောင်း၊ အမေရိကန်တို့ က ရုရှားတို့ကို မျဉ်းနီဆီ မရောက်ရောက်အောင် တွန်းပို့ နေကြောင်း၊ အမေရိကန်တို့နှင့် သဘောထားမတူသည့် နိုင်ငံများကို ရန်သူသတ်မှတ်ပြီး နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း၊ နိုင်ငံရေးများကိုလည်း ဝင်ရောက်စွက်ဖက်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ကိုယ်ပိုင်စည်းမျဉ်းများဖြင့်သာ နေထိုင်သွားမည်ဖြစ်ကြောင်း” ပူတင်က ပြောကြားခဲ့သည်။
နေတိုးက ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ကာရုရှားနယ်စပ်အနီးတွင် “တိုက်ခိုက်ရေး အဖွဲ့များ” ဖွဲ့စည်းထားကြောင်းနှင့်ဥရောပတွင် အမေရိကန် စစ်မှုထမ်းအရေအတွက်သည် တပ်ဖွဲ့ဝင် ၁သိန်း ကျော်သွားပြီ ဖြစ်ကြောင်း၊ နေတိုး၏ တပ်ဖြန့်ချထားမှုက ရုရှားနယ်စပ်များ၌ အမြင့်ဆုံးဖြစ်နေပြီး တစ်ကြိမ်တစ်ခါမျှ ယခုလောက်မများကြောင်း၊ နျူထိပ် ဖူးတပ် တာဝေးပစ်နှင့် တာလတ်ပစ်ဒုံးဆိုင်ရာစာချုပ်မှ အမေရိကန်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက ထွက်သွားပြီဖြစ်ကြောင်း၊ အမေရိကန်များက ရုရှားနိုင်ငံအနီးနားတွင် ဒုံးကျည်ကာကွယ်ရေးစခန်းများလာရောက်တည်ဆောက်နေခြင်းနှင့်ပတ်သက်ပြီးရုရှားအနေဖြင့် မည်သည့်စည်းမျဉ်း၊ စည်းကမ်းကိုမျှလိုက်နာရန် လိုအပ်ခြင်းမရှိတော့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ပါသည်။

ဒေါ်နယ်ထရန့်က သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း First Post America သတင်းဌာနတွင် ဖော်ပြထားသည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ၎င်းသမ္မတတာဝန် စတင်ယူပြီးနောက်တွင် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ပို့မည့်ကိစ္စကိုစတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများအနေဖြင့် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်ငံသားများအား ပြန်လည်လက်ခံခြင်းမရှိပါက အဆိုပါနိုင်ငံများနှင့် စီးပွားရေးဆောင်ရွက်မည်မဟုတ်ကြောင်း၊ ၎င်းနိုင်ငံများအပေါ် အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်အခွန်ဌာနကလည်း နေရပ်ပြန်လည်စေလွှတ်မည့်နိုင်ငံများ၏ အမည်စာရင်းအား ထုတ်ပြန်ထားသည်။ ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံ ၁၅ နိုင်ငံ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) အိန္ဒိယနိုင်ငံ (India)
(၂) ရုရှားနိုင်ငံ (Russia)
(၃) တရုတ်နိုင်ငံ (China)
(၄) ဘူတန်နိုင်ငံ (Bhutan)
(၅) မြန်မာနိုင်ငံ (Myanmar)
(၆) လာအိုနိုင်ငံ (Laos)
(၇) ဗီယက်နမ်နိုင်ငံ (Vietnam)
(၈) ကမ္ဘောဒီးယားနိုင်ငံ (Cambodia)
(၉) ပါကစ္စတန်နိုင်ငံ (Pakistan)
(၁၀) အာဖဂန်နစ်စတန်နိုင်ငံ (Afghanistan)
(၁၁) အီရန်နိုင်ငံ (Iran)
(၁၂) အီရတ်နိုင်ငံ (Iraq)
(၁၃) အဇာဘိုင်ဂျန်နိုင်ငံ (Azerbaijan)
(၁၄) ယူကရိန်းနိုင်ငံ (Ukraine)
(၁၅) အာရိတီယားနိုင်ငံ (Eriteria)
အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအား ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံ ၁၅ နိုင်ငံအမည်စာရင်းတွင် ထည့်သွင်းထားသည်။ ပထမအကြိမ် နေရပ်ပြန်လည်စေလွှတ်မည့်စာရင်းတွင် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁.၅ သန်းရှိကြောင်း၊ အိန္ဒိယနိုင်ငံသား ၁၈,၀၀၀ ခန့်ကိုလည်း နေရပ်ပြန်လည်စေလွှတ်မည့်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် အိန္ဒိယလူမျိုး ၇၀၀,၀၀၀ ကျော် အထောက်အထားမဲ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ကိုလည်း ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည် ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံစာရင်းတွင် ထည့်သွင်းဖော်ပြထားကြောင်း Goldman Sachs ၏ CEO ဖြစ်သူ David Solomon က ပြောကြားခဲ့သည်။
ကိုးကား - First Post America

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ် သောအရာများစွာကို ပိုင်ဆိုင်နိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကဒီဇင်ဘာလ ၁၇ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ အပေါ်ထားရှိသည့်မူဝါဒမှာ ပြောင်းလဲခြင်း မရှိကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု၏ရလဒ်များတွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးထိန်းချုပ်မှုနှင့် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်မှုတို့လည်းပါဝင်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံသာဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကြီးကျယ်သောအရာများစွာကို ပိုင်ဆိုင်နိုင်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း ဝမ်ယိကပြောထားသည်။
သို့သော် တစ်ဖက်တွင်မူ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းအရေးအပါအဝင် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စများတွင် တရားမဝင်နှင့်အကြောင်းအကျိုး ဆီလျော်မှုမရှိသော ဖိနှိပ်ချုပ်ချယ်မှုများကိုမူ ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ဝမ်ယိကပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုကာကွယ်နိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေး၏အခြေခံသတ်မှတ်ချက်များကိုကာကွယ်နိုင်ရေးတို့အတွက် ခိုင်မာပြင်းထန်သည့်တုံ့ပြန်မှုများဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောထားသည်။
ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုမီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။
Ref: RTA
Source: Myawady Webportal