အပစ်အခတ်ရပ်စဲရန်ငြင်းဆိုမှုအတွက် ဇီလန်စကီးအား အီလွန်မက်က အပြင်းအထန်ဝေဖန်

News Image

  • အပစ်အခတ်ရပ်စဲရန်ငြင်းဆိုမှုအတွက် ဇီလန်စကီးအား အီလွန်မက်က အပြင်းအထန်ဝေဖန်

မော်စကို၊ ငြိမ်းချမ်းရေး

ရုရှားနိုင်ငံနှင့်    အပစ်အခတ်ရပ်စဲရန် ငြင်းဆိုမှုအတွက် ယူကရိန်းသမ္မတဇီလန်စကီးအား အမေရိကန်ဘီလီယံနာနှင့် သမ္မတဒေါ်နယ်ထရမ့်၏အကြံပေးတစ်ဦးဖြစ်သူ အီလွန်မက်က အပြင်းအထန်ဝေဖန်လိုက်ကြောင်း မီဒီယာတစ်ခုတွင် မတ်လ  ၃ ရက်ကဖော်ပြသည်။

ယူကရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးရန် ငြင်းဆိုခြင်းအားဖြင့်လက်ရှိဖြစ်ပွားနေသည့်   လက်နက်ကိုင်ပဋိပက္ခကို    ပိုမိုရှည်ကြာစေရန်ဖန်တီးလျက်ရှိပြီး     ယူကရိန်းပြည်သူအများအပြားကို အသက်ဆုံးရှုံးစေရန်လုပ်ဆောင်လျက်ရှိကြောင်း မက်က ပြောကြားထားသည်။

မက်၏ အဆိုပါပြောကြားချက်သည် ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန်ငြင်းဆိုခဲ့ပြီး အနောက်ဥရောပရှိ မဟာမိတ်နိုင်ငံများမှ ငွေကြေးထောက်ပံ့မှုရရှိရန်    တောင်းဆိုနေစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက်   စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန်    သဘောတူညီခြင်းမရှိပါကယူကရိန်းအစိုးရသို့ အကူအညီများပေးအပ်မည်မဟုတ်ဟု ပြောကြားထားသည်။

ထရမ့်သည် ဇီလန်စကီးနှင့် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ဖေဖော်ဝါရီလ၂၈ ရက်တွင် တွေ့ဆုံစဉ် ယူကရိန်းအနေဖြင့် ရုရှားနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု ထရမ့်ကတိုက်တွန်းခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးအကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

Source: https://myawady.net.mm/