အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ ဝန်ကြီးဟောင်း နှစ်ဦးအား ဂါဇာဒေသ၌ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့တွင် ပါဝင်ပတ်သက်မှုရှိသဖြင့် စုံစမ်းစစ်ဆေးပေးနိုင်ပါရန် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ကို အမေရိကန်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Democracy for the Arab World Now (DAWN) က တင်ပြထားကြောင်း သိရပါသည်။

အမေရိကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း လွိုက်အော့စတင် တို့သည် တာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များကို ထပ်ခါထပ်ခါ ပယ်ချပြီး ဂါဇာဒေသ၌ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာတွင်စစ်ရေး၊ နိုင်ငံရေးအပြည့်အဝ ပံ့ပိုးခဲ့ကြောင်း တင်ပြထားသည့် စာမျက်နှာ ၁၇၂ ပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့နှင့် တွေ့ဆုံရန် အချိန်လွန်စွာ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် (သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး) Karoline Leavitt က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် Fox News ၏ တီဗီအစီအစဉ်တစ်ခုတွင် ပြောကြားသွားပါသည်။

အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးနှင့် တွေ့ဆုံပြီး ကိယက်ဗ်နှင့် ဝါရှင်တန်တို့အကြား မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေထိုးစေလိုကြောင်း ၎င်းက မှတ်ချက်ပြုထားပါသည်။
“အမေရိကန်ပြည်သူများအနေဖြင့် ယူကရိန်းအတွက် မည်သည့်အတွက် အခွန်ပေးဆောင်နေသလဲ၊ အမေရိကန်ပြည်သူများမရှိလျှင် ယူကရိန်း သည် ယခုအချိန်တွင် တိုင်းပြည်တစ်ခု မဖြစ်နိုင်တော့ကြောင်း၊ အမေရိကန် ပြည်သူများနှင့် ထိုက်တန်သည့်အရာများကို ရယူပေးရမည်ကို သမ္မတ ဒေါ်နယ်ထရမ့် ကောင်းကောင်းသိနေကြောင်း” Leavitt က ထပ်လောင်း ပြောကြားထားသည်။
ကိုးကား-TASS
Photo: ABC News
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်းကို ရုရှားကျူးကျော်မှုသုံးနှစ်ပြည့်သည့်နေ့တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့က ရုရှားကို ရှုတ်ချကြောင်း အဆိုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့ပါသည်။
အီးယူ-ယူကရိန်း ပူးတွဲအဆိုကို အမေရိကန်၊ ရုရှား၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယားတို့က ကန့်ကွက်မဲပေးခဲ့ကြပါသည်။ ၎င်းသည် အမေရိကန်အနေဖြင့် သမ္မတရွေးကောက်ပွဲ နောက်ပိုင်း မူဝါဒပိုင်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်းဖြစ်ပြီး ယူကရိန်းကိုကျူးကျော်မှုအတွက် ရုရှားတွင် တာဝန်မရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။

ရုရှားကိုရန်လိုသောနိုင်ငံအဖြစ် အမည်ပေးထားသည့် ယူကရိန်း-ဥရောပ ပူးတွဲအဆိုကို မဲခွဲရာတွင် နိုင်ငံပေါင်း ၉၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားတပ်များကို ယူကရိန်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ကာ အမေရိကန်နှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြပြီး ၆၅ နိုင်ငံက မဲမပေးဘဲ နေခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)တွင် အိမ်ဖြူတော်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ထရမ့်တို့ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် G-7 ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကာ နေတိုးမဟာမိတ် အဖွဲ့၏ အနာဂတ်အပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား ကွာဟမှု ကြီးထွားလာနေချိန်တွင် ထိုသို့ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ-ဒေါ်လှမျက်ခြယ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၁
သတင်းအပြည့်အစုံဆက်လက်ဖတ်ရှုရန်-https://www.theguardian.com/world/2025/feb/24/un-general-assembly-russia-ukraine-war

မော်စကိုသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်းနှင့် ဇာပိုရိုဇီးယားဒေသများအပါအဝင် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝါရှင်တန်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းကို တွန်းအားပေးနေသည့် မြေရှားသတ္တုသဘောတူညီချက်သည် မော်စကိုနှင့် မသက်ဆိုင် ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Russia 1 TV သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။

ယူကရိန်း၏ ရှားပါးသတ္တုတွင်းများ၏ လက်တွေ့တန်ဖိုးကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရုရှားခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။
မော်စကိုသည် စီးပွားရေး ကဏ္ဍအမျိုးမျိုးတွင် ၎င်းတို့၏ အရေးပါမှုကြောင့် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အကယ်၍ အမေရိကန်က ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားပါက ရုရှားအနေဖြင့် အမေရိကန်လုပ်ဖော်ကိုင်ဖက်များအား ပံ့ပိုးပေးရန် အသင့်ရှိပါသည်” ဟု ပူတင်က ပြောကြားခဲ့ပြီး ၎င်း၏ဆိုလိုရင်းမှာ ပုဂ္ဂလိက နှင့် အစိုးရကုမ္ပဏီများ နှစ်မျိုးလုံးကို ရည်ညွှန်းကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရှားပါးသတ္တုသယံဇာတ ကြွယ်ဝမှုအားဖြင့် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရုရှားသည် ၎င်း၏သတ္တုတွင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအပြီး ရုရှားဖက်ဒရေးရှင်း တွင် ပါဝင်ခဲ့သည့် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်း နှင့် ဇာပိုရိုဇီးယားဒေသများ၌ ရှားပါးသတ္ထုသယံဇာတ အရင်းအမြစ်များ များစွာတည်ရှိနေသည်။
Forbes မှ ၂၀၂၃ ခုနှစ်တွင် ယူကရိန်း၏ သတ္တုသယံဇာတများ၏ စုစုပေါင်းတန်ဖိုးကို ဒေါ်လာ ၁၅ ထရီလီယံနီးပါးဟု ခန့်မှန်းထားသော်လည်း စုစုပေါင်းသတ္တုသယံဇာတကြွယ်ဝမှု၏ တစ်ဝက်နီးပါးသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများတွင် တည်ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းမြို့တော် ကိယက်ဗ်၌ ပြုလုပ်သည့် ယူကရိန်း-ရုရှား ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး အပါအဝင် ဒါဇင် နှင့်ချီသော ဥရောပခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
နော်ဒစ်-ဘောလ်တစ် ၈ နိုင်ငံ ဟုခေါ်သော အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်တို့အပြင် ကနေဒါ၊ စပိန်နှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များသည် ယူကရိန်းထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက်နေကြကြောင်း အက်စ်တိုးနီးယား၀န်ကြီးချုပ် ခရစ်တန်မီချယ်က ၎င်း၏ X ဆိုရှယ် မီဒီယာ၌ ကြေညာခဲ့ပါသည်။

စစ်ပွဲစတင်ကတည်းက သုံးနှစ်အတွင်း ယူကရိန်းသည် “ခံနိုင်ရည်ရှိခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ကမ္ဘာကိုပြသခဲ့ပြီး ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များကို ဆုံးဖြတ်ရာ၌ ယူကရိန်းတစ်ခုတည်းအပေါ်သာ မူတည်သည်” ဟု ၎င်းက ရေးသားခဲ့သည်။ “ယူကရိန်း၏ အောင်ပွဲအတွက် ၎င်းတို့ကယုံကြည်ပြီး ဖြစ်မြောက်လာစေရန်အတွက် ထောက်ပံ့မှုများ ပိုမိုမြှင့်တင်ရမည်” ဟုလည်း ခရစ်တန်မီချယ်က ရေးသားခဲ့ပါသည်။
ကိုးကား-Myanmar National Post

ဒေါ်နယ်ထရမ့်က လွန်ခဲ့သောလအတွင်း ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ရာ၌ ပူတင်က ၎င်းအား လေးစားစွာပြောဆိုဆက်ဆံခဲ့ကြောင်းနှင့် ပူတင်သည် ယူကရိန်းနှင့် ပဋိပက္ခအား အမှန်တကယ် အဆုံးသတ်နေလိုပြီး ဝါရှင်တန်နှင့်မော်စကိုအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်ဟု ဆိုပါသည်။
ဘိုင်ဒင်လက်ထက်တွင် ဝါရှင်တန်နှင့်မော်စကိုတို့ ဆက်ဆံရေး ပျက်စီးခဲ့ရသော်လည်း ထရမ့် ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ ခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထရမ့်နှင့် ပူတင်တို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ရုရှား-အမေရိကန် အဆင့်မြင့် အစည်းအဝေးများ ကျင်းပခဲ့သည်။ ပူတင်က ဆွေးနွေးမှုများကို ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် “ပထမဆုံးခြေလှမ်း” အဖြစ်ဖော်ပြခဲ့ပြီး ထရမ့်ကလည်း ထိုအမြင်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
ထရမ့်က ၎င်း၏ Social Media ‘Truth’ တွင် ဗလာဒီမာပူတင်နှင့် ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ဆွေးနွေးမှုများနှင့်အတူ အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့သည်။
ထရမ့်၏ ပြောဆိုမှုများကို ပူတင်က အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-RT

ဇီလန်စကီးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကာလ ကုန်ဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းကာ ဆက်လက်အုပ်ချုပ်နေခဲ့မှုအပေါ် ထောက်ခံကြောင်း ပဋိပက္ခ နှစ်ပတ်လည် ၃ နှစ်ပြည့် အစီအစဉ်သို့ EU တာဝန်ရှိသူများရောက်ရှိနေစဉ် လွှတ်တော်၌ ပထမအကြိမ် မဲခွဲမှုတွင် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ဒေါ်နယ်ထရမ့်ကလည်း “ရွေးကောက်ပွဲမရှိဘဲ အာဏာရယူထားသူ” ဟု ပြောဆိုခဲ့ပြီး ဇီလန်စကီးအနေဖြင့် ချမှတ်ထားသော နည်းဥပဒေများအတိုင်းဆောင်ရွက်ခြင်းမရှိပါက နိုင်ငံမဲ့ ဖြစ်သွားနိုင်သည်ဟု ပြင်းထန်စွာ မှတ်ချက်ပေးထားသည်။

သို့သော် ယူကရိန်းလွှတ်တော်၌ ဒုတိယအကြိမ် မဲခွဲမှုတွင် အမတ် Yaroslav Zheleznyak ၏ အဆိုတင်သွင်းမှုကို အမတ် ၂၈၀ က ထောက်ခံ အတည်ပြုခဲ့ကြပြီး ပဋိပက္ခဖြစ်လာစေရန် ဖန်တီးသူမှာ ပူတင်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြကြောင်း သိရှိရပါသည်။

လာမည့် မေလ ၉ ရက်တွင် မော်စကိုသို့ သွားရောက်ရန် စောလွန်းနေသေးသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
သင့်တော်သောအချိန်၌ ရုရှားနိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိကြောင်း ၎င်းက ထပ်မံပြောကြားထားကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရုရှားနိုင်ငံ၏ သမိုင်းဝင် Victory Day အခမ်းအနားသို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပါသည်။
ကိုးကား- TASS

အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပဋိပက္ခဖြေရှင်းရန် စစ်မှန်သောဆန္ဒဖြင့် ယူကရိန်းအပေါ် ပိုမိုမျှတသော ရပ်တည်ချက်ကို ပြသနေကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို သိသိသာသာ အထောက်အကူဖြစ်စေပြီး ပိုမိုမျှတမှုရှိသော ရပ်တည်ချက်တစ်ခုကို လက်ခံကျင့်သုံးနေတာကို မိမိတို့ သတိပြုမိပါကြောင်း၊ အဆိုပါတိုးတက်မှုကို ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ မျှတသည့် ချဉ်းကပ်မှုမှာ ပြေလည်မှုရရှိရေးအတွက် ရိုးသား ပွင့်လင်းသော ကတိကဝတ်ကို ညွှန်ပြနေတယ်လို့ ယုံကြည်ပါကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်၏ ဆုံးဖြတ်ချက်အဆိုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ပြီး အဆိုပြုချက် မူရင်းအတိုင်း လက်ခံလိုက်ပါသည်။ ဥရောပနိုင်ငံများက အဆိုပြုထားသည့် ရုရှားဆန့်ကျင်ရေးပြင်ဆင်ချက်များနှင့် ရုရှားက တင်သွင်းသော ယူကရိန်းအရေးနှင့်ပတ်သက်၍ ပြောင်းလဲမှုအဆိုတို့ကို လုံခြုံရေးကောင်စီက ပယ်ချလိုက်ပါသည်။ ပြင်ဆင်ချက်အားလုံးကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပါသည်။
ကိုးကား- ကရင်မလင်
Photo: The Guardian

ကမ္ဘာကျော်ဘီလျံနာ သူဌေးကြီးအီလွန်မက်အား ကနေဒါနိုင်ငံသား အဖြစ်မှရုပ်သိမ်းရန် ကနေဒါနိုင်ငံသား ၂၀၀,၀၀၀ ကျော်က လက်မှတ်ရေးထိုး၍ ကနေဒါပါလီမန်သို့ အသနားခံစာတင်ပြထားကြောင်း သိရပါသည်။
ထိုတင်ပြစာတွင် အီလွန်မက်နှင့် ဒေါ်နယ်ထရမ့်အကြား မိတ်ဆွေဖြစ်နေမှုကို အပြစ်တင်ထားပြီး ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း ကနေဒါကို အမေရိကန်၏ ၅၁ ကြိမ်မြောက် ပြည်နယ်အဖြစ် သိမ်းပိုက်ရန် အဓိပ္ပာယ်ပေါက်သော ခြိမ်းခြောက်မှုများ မကြာခဏ ပြောဆို ခဲ့ခြင်းကြောင့် မက်၏နိုင်ငံသားအခွင့်အရေးကို ဖယ်ရှားရန် ဖော်ပြ တောင်းဆို ထားကြပါသည်။

အီလွန်မက်ကို ၁၉၇၁ ခုနှစ်တွင် တောင်အာဖရိက၌ မွေးဖွားခဲ့ပြီး မိခင်မှာ ကနေဒါနိုင်ငံသူဖြစ်သဖြင့် ၁၉၈၉ ခုနှစ် အလွယ်တကူ ကနေဒါ နိုင်ငံသားဖြစ်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာကြောင်း သိရပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃