အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ဝန်ကြီး ၂ ဦးကို ICC စစ်ဆေးပေးရန် တောင်းဆို
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ ဝန်ကြီးဟောင်း နှစ်ဦးအား ဂါဇာဒေသ၌ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့တွင် ပါဝင်ပတ်သက်မှုရှိသဖြင့် စုံစမ်းစစ်ဆေးပေးနိုင်ပါရန် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ကို အမေရိကန်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Democracy for the Arab World Now (DAWN) က တင်ပြထားကြောင်း သိရပါသည်။
အမေရိကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း လွိုက်အော့စတင် တို့သည် တာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များကို ထပ်ခါထပ်ခါ ပယ်ချပြီး ဂါဇာဒေသ၌ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာတွင်စစ်ရေး၊ နိုင်ငံရေးအပြည့်အဝ ပံ့ပိုးခဲ့ကြောင်း တင်ပြထားသည့် စာမျက်နှာ ၁၇၂ ပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃