အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်အေဂျင်စီ(United State Agency for International Development - USAID) ရှိ ဝန်ထမ်းများ အမြောက်အမြားကို အလုပ်မှ လျှော့ချမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ပြီဖြစ်ကြောင်း၊ အရေးကြီးလုပ်ငန်းများ ဆောင်ရွက်ရန် အေဂျင်စီမှ တိုက်ရိုက်ခန့်အပ်ထားသည့် အဖွဲ့ခေါင်းဆောင်များ၊ သီးခြားတာဝန်ပေးချက် အရ ဆောင်ရွက်နေသူ ဝန်ထမ်းများကိုသာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အဆင့်အနေဖြင့် ချန်လှပ်ထားခဲ့မည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီ၏ website တွင် ဖေဖော်ဝါရီ ၂၄ ရက်က ကြေညာထားပါသည်။

တစ်ချိန်တည်းမှာပင် အေဂျင်စီအနေဖြင့် အမေရိကန်နိုင်ငံရှိ ဌာနခွဲများရှိ ဝန်ထမ်း ၁,၆၀၀ ခန့်ကို လျှော့ချမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီ ၆ ရက် သတင်းဌာန များစွာ၏ ထုတ်ပြန်ချက်အရ ၁၀,၀၀၀ မှ ၁၃,၀၀၀ ကြားရှိ ဝန်ထမ်းများကို ၂၉၄ ဦးသာ ရှိသည်အထိ လျှော့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်းပဋိပက္ခ ၃ နှစ်ပြည့်အကြိုအနေဖြင့် ရုရှားနိုင်ငံအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်လုပ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ယခုအချိန်သည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်တိုးလုပ်ဆောင်ရမည့်ကာလ ဖြစ်ကြောင်း၊ ယူကရိန်းကို ဖြိုဖျက်ရန်အတွက်အသုံးပြုသည့် ရုရှား၏ စစ်လက်နက်ပစ္စည်းများအား လျော့နည်းစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအား ထိခိုက်စေရန်ရည်ရွယ်၍ ယူကရိန်းစစ်ပွဲကာလတစ်လျှောက် ရုရှားနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများအနက် အကြီးမားဆုံးဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်သစ်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာရန် စီစဉ်ထားရှိကြောင်း၊ ဤသည်မှာ ယူကရိန်းအတွက် အရေးကြီးသည့် လုပ်ဆောင်ချက် တစ်ရပ်ပင်ဖြစ်ကြောင်း၊ ယူကရိန်းအတွက် တစ်နှစ်လျှင် ယူရို ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၇၈ ဘီလီယံ)တန်ဖိုးရှိ စစ်ရေးဆိုင်ရာ အကူအညီများပေးအပ်မည့် ဗြိတိန်၏ ကတိကဝတ်ကိုလည်း ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်အရ တပ်ဖွဲ့များ စေလွှတ်သွားရန် လည်း အဆင်သင့်ရှိကြောင်း Lammy က ထပ်လောင်း ပြောကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲစတင်သည့် ၂၀၂၂ မှစတင်၍ ရုရှားနိုင်ငံအပေါ် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၉၀၀ အပါအဝင် အရေးပါသည့် စက်မှုလုပ်ငန်းများနှင့် စွမ်းအင်တင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း RT သတင်းဌာနက ရေးသားဖော်ပြထားပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်သော ရုရှား- ယူကရိန်းစစ်ပွဲ ၃ နှစ်ပြည့်မြောက် အစီအစဉ်အဖြစ် ဥရောသမဂ္ဂက ရုရှားအပေါ် ၁၆ ကြိမ် မြောက် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်ပါသည်။
ထိုဒဏ်ခတ်ပိတ်ဆို့မှုတွင် ရုရှားလေဆိပ် ၆ ခုနှင့် ဆိပ်ကမ်း ၅ ခု စုစုပေါင်း ၁၁ ခုကို ဥရောပကုမ္ပဏီများက အသုံးမပြုရန် တားမြစ် ပိတ်ပင်ခြင်းတို့ ပါဝင်ပါသည်။

ထို့ပြင် ရုရှားသို့ စွမ်းအင်စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာများအတွက် အသုံးဝင်သည့် တွင်းထွက်သတ္တုများ၊ ဓာတုဗေဒပစ္စည်းများ၊ သံမဏိ၊ ဖန်ထည်ပစ္စည်းများနှင့် မီးရှုးမီးပန်းများစသည် ပစ္စည်းအများအပြား တင်သွင်းမှုများကိုလည်း ထပ်မံ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါသည်။ ၎င်းမှာ ရုရှားက စစ်ပွဲအတွက် အသုံးပြုနေသော စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို ထိခိုက်စေရန်နှင့် ကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်စေရန် ရည်ရွယ်ထားကြောင်း ဥရောပသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားပါသည်။
ကိုးကား- TASS
Photo: enlargement.ec.europa.eu
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တောင်အာဖရိက၌ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ကျင်းပခဲ့သော စက်မှုထိပ်သီး G20 ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မတက်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်အာဖရိကသမ္မတ ဆိုင်ရေးရမ်မာဖိုဆာက ပြစ်တင်ရှုတ်ချလိုက် ပါသည်။
လက်ရှိကျင်းပနေသည့် အစည်းအဝေးများတွင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို အမေရိကန်က လိုက်နာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့်အစည်းအဝေးသည် ကြိုတင်စီစဉ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့်ကိစ္စ မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ရမ်မာဖိုဆာက တောင်အာဖရိက၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အမေရိကန်၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား ကျယ်ပြန့်သော နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ အပြန် အလှန် ဆက်ဆံမှုများကို သတိပြုမိစေခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန် တောင်အာဖရိက က ကတိကဝတ်ပြုထားကြောင်း၊ ကိစ္စအရပ်ရပ်အား သဘောမတူညီနိုင်သော်လည်း အတူတကွ လုပ်ဆောင်နိုင်မယ့် နည်းလမ်းများကို ရှာဖွေရန် ကတိကဝတ်ပြုထားကြောင်း၊ မြေယာပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကို သံတမန်နည်းအရ ဖြေရှင်းမည်ဖြစ်ကြောင်း ရမ်မာဖိုဆာက ပြောဆိုသွားပါသည်။
ကိုးကား-Myanmar National Post

မိမိတို့နှစ်နိုင်ငံသည် မည်သို့မျှဖယ်ထုတ်၍မရသည့် အိမ်နီးချင်းကောင်းများဖြစ်ပြီး အေးအတူ ပူအမျှ မျှဝေ နေထိုင်ကာ ဘုံအကျိုးကျေးဇူးများအတွက် အပြန်အလှန် ပံ့ပိုးကြသည့် မိတ်ကောင်း၊ ဆွေကောင်းများ ဖြစ်ကြကြောင်းနှင့် ဤသည်မှာ သမိုင်းတွင်မည့် စစ်မှန်မှုကို ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း Xi က Putin နှင့် ဖုန်းဆက်သွယ်ပြောဆိုစဉ် ပြောကြားခဲ့ပါသည်။

ထို့အပြင် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် ဒေသတွင်းအတွက် ခိုင်မာသည့် မောင်းနှင်အားကို ရရှိစေသည့် အပြင် ထူးခြားသည့် မဟာဗျူဟာတန်ဖိုးကိုလည်းရရှိစေကြောင်း၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် အခြားသော နိုင်ငံတစ်ခုကို ပစ်မှတ်ထားရန်မဟုတ်သကဲ့သို့ အခြားနိုင်ငံတစ်ခု၏ လွှမ်းမိုးမှုကြောင့်လည်းမဟုတ်ကြောင်း ပြောကြားခဲ့မှုကို Xinhua သတင်းဌာနက ရေးသား ဖော်ပြထားပါသည်။
ကိုးကား- Xinhua.net
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)
Source: https://english.news.cn/20250224/6a8ed9ceede443199d3ad9aedfd7508e/c.html

ဒေါ်နယ်ထရမ့်၏ အကြံပေး အီလွန်မက်က အစိုးရဝန်ထမ်းအင်အား လျှော့ချနိုင်ရေးအတွက် “ပြီးခဲ့သည့်အပတ်က ဘာတွေလုပ်သလဲ တင်ပြနိုင်ခြင်းမရှိပါက ရာထူးမှ အပြုတ်ပဲ” ဟု ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့) ညနေပိုင်းက အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ထိုအမိန့်မှာ သမ္မတဒေါ်နယ်ထရမ့်၏ ခွင့်ပြုချက်နှင့်အညီ အစိုးရဝန်ထမ်း အင်အားလျှော့ချရေး လုပ်ဆောင်နေခြင်းဖြစ်ရာ ယခုအခါ ဒေါ်နယ်ထရမ့် ခန့်အပ်ထားသည့် FBI နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မိမိတို့ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနတွင်း စီမံခန့်ခွဲသူ အဆင့်ဆင့်၏ ပြင်ပက အမိန့်ညွှန်ကြားချက်ကို လိုက်နာတုံ့ပြန်စရာ မလိုကြောင်း အီးမေးလ် ထပ်ပို့ပြန်ပါသည်။
FBI ညွှန်ကြားရေးမှူး Kash Patel က FBI အနေဖြင့် ပြန်လည် သုံးသပ်ခြင်းလုပ်ငန်းစဉ်အားလုံးကို ညွှန်ကြားရေးမှူးရုံးကသာ ကြီးကြပ် တာဝန်ခံသွားမည်ဖြစ်ကြောင်း ဝန်ထမ်းများထံ အီးမေးလ် ပေးပို့ထားပါသည်။
အလားတူ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့အပြင် ဖက်ဒရယ်အာမခံလုပ်ငန်းဌာန၊ အမျိုးသားကျန်းမာရေးဌာနတို့ကလည်း မိမိဆောင်ရွက်ချက်ကို ပြင်ပကို တင်ပြစရာမလိုကြောင်း အီးမေးလ်ဖြင့် ညွှန်ကြားထားကြသည်။ ထိုနည်းတူစွာ ထောက်လှမ်းရေးဌာနကလည်း မိမိဝန်ထမ်းများအနေဖြင့် တုံ့ပြန်တင်ပြစရာမလိုဟု ပြောကြားထားကြသည်။
၎င်းမှာ အမေရိကန်အစိုးရအနေဖြင့် ဝန်ထမ်း ၂.၃ သန်းလျှော့ချရေးအတွက် လုပ်ဆောင်နေသည့် အီလွန်မက်၏ အစီအစဉ်မှာ အစိုးရအဖွဲ့အတွင်း ပွတ်တိုက်မှုရှိနေသည်ကို ပြသနေပါသည်။
အီလွန်မက်ဦးဆောင်သော DOGE ဌာနသည် အစိုးရဝန်ထမ်း ၂၀,၀၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်ပြီဖြစ်ပြီး နောက်ထပ် ၇၅,၀၀၀ ကိုလည်း အလုပ်ဖြုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။
ကိုးကား- Reuters

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆီးရီးယား၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman Al Thani နှင့် ဆီးရီးယား ကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး Assd al-Shibani တို့ ဖေဖော်ဝါရီ ၂၃ ရက်က ဒိုဟာမြို့၌ တွေ့ဆုံခဲ့ကြကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန်ကိစ္စရပ်များ၊ ဆီးရီးယားဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ကာတာဝန်ကြီးချုပ် Al Thani က ဆီးရီးယား၏ ပြန်လည်ပေါင်းစည်းရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် လွတ်လပ်မှုတို့အပေါ် ခိုင်မြဲစွာ ပံ့ပိုးဆောင်ရွက်သွားမည့်အပေါ် ထပ်လောင်းအတည်ပြုခဲ့ပြီး ဆီးရီးယားပြည်သူများ၏ ပြင်းပြသည့်ဆန္ဒဖြစ်သည့် ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေထိုင်နိုင်ရေး၊ အစိုးရသစ် တစ်ရပ် ဖော်ဆောင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဆီးရီးယားဒေသ ပြည်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးစသည့် လုပ်ငန်းစဉ်များတွင် ကာတာနိုင်ငံမှ ပံ့ပိုးဆောင်ရွက်ပေးသွားမည့် ကတိကဝတ်များကို အတည်ပြုနိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြထားပါသည်။
ကိုးကား- Xinhua.net
Source- https://english.news.cn/20250224/31c827eebb694d3cb019753e921b7a54/c.html
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

အမေရိကန်အစိုးရဝန်ထမ်းများအားလုံးထံသို့ “ပြီးခဲ့သည့်အပတ်က သင် ဘာတွေလုပ်ခဲ့သလဲ” ခေါင်းစဉ်ဖြင့် အီးမေးလ်တစ်စောင်ဝင်လာပါကြောင်း၊ သင့်အနေဖြင့် ရှေ့အပတ်က အလုပ်ပြီးမြောက်ခဲ့မှုများကို ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)ည နောက်ဆုံးထား၍ မတင်ပြနိုင်လျှင် အလုပ်က နုတ်ထွက်ပြီးသား ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
အဆိုပါအမိန့်ကို အမေရိကန်အစိုးရ စွမ်းဆောင်ရည် မြင့်မားရေးဌာန (DOGE) အကြီးအကဲ အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ဦးစွာ ကြေညာထားပါသည်။

အီလွန်မက်ကြေညာပြီး နာရီပိုင်းအကြာတွင် သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “DOGE အနေဖြင့် အမေရိကန် အစိုးရဝန်ထမ်း ၂.၃ သန်းကျော်ကို လျှော့ချဖို့ ယခုထက် ပိုပြီး ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်သင့်ကြောင်း” မှတ်ချက်ပြု ထားပါသည်။ အီလွန်မက် ကလည်း “ဆောင်ရွက်သွားပါ့မည် သမ္မတကြီးခင်ဗျ” ဟု ပြန်လည် မှတ်ချက်ရေးသားထားပါသည်။
ထိုအမိန့်အရ အမေရိကန်အစိုးရဝန်ထမ်း အားလုံးအနေဖြင့် ပြီးခဲ့သည့် အပတ်က မိမိတို့ လုပ်ဆောင်ခဲ့ရသည့် ဆောင်ရွက်ပြီးစီးမှုကို အနည်းဆုံး အချက် ၅ ချက် ဖော်ပြ၍ ပေးပို့ရမည်ဖြစ်ပြီး မိမိအထက်လူကြီး သို့မဟုတ် မန်နေဂျာထံ မိတ္တူပေးပို့ရန် ဖော်ပြထားပါသည်။
ကိုးကား- Reuters
Photo: The Kathmandu Post

လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း - ရှရှား ပဋိက္ခပြီးဆုံးသွားပါက ယူကရိန်း အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်မလာနိုင်သည့်အပြင် အမေရိကန် ဦးဆောင်သော အနောက်စစ်အုပ်စု နေတိုးနှင့် ရုရှားတို့ကြား ကြားခံဇုံ တစ်ခုဖြစ်သွားပြီး စစ်လက်နက်နှင့် နည်းဗျူဟာ အားစမ်းရာဒေသ တစ်ခု ဖြစ်သွားမည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောဆို ခဲ့သည်။

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှား - ယူကရိန်း စစ်စတင်ဖြစ်ပွားစဉ်ကပင် အနောက်နိုင်ငံများက ယူကရိန်းအား စစ်လက်နက်နှင့် စစ်ရေးအကူအညီ များ အဆက်မပြတ်ပို့ပေးနေခြင်းနှင့်ပတ်သက်၍ ဗစ်တာအော်ဘန်က စဉ်ဆက်မပြတ် ဝေဖန်နေခဲ့ပြီး ရုရှားအား စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့ထားရှိမှုများကိုလည်း ဖျက်သိမ်းပေးရန်နှင့် မော်စကိုအစိုးရနှင့်သံတမန်ရေးရာ စကားပြောရန်အတွက်ကိုလည်း အမြဲပြောဆိုနေခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြို့တော်ဘူဒါပတ်တွင် နိုင်ငံတော်နှစ်ပတ်လည် မိန့်ခွန်း ပြောကြားရာ၌ ဝန်ကြီးချုပ်က “ပဋိပက္ခ အဆုံးသတ်သွားမည် ဆိုပါက ယူကရိန်းသည် နေတိုးနှင့် ရုရှားကြား ကြားခံနယ်မြေဖြစ်သွားမည်ဖြစ်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်လာမည် မဟုတ်ကြောင်းနှင့် ထိုသို့ဖြစ်လာစေရန် လည်း ယူကရိန်းကသာ လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကဲ့သို့သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စည်းလုံး ညီညွတ်စွာဆောင်ရွက်ကြရန် တောင်းဆိုခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ Johannesburg ၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ကြခြင်း ဖြစ်ပါ သည်။

ငလျင်၊ တိုင်ဖွန်းမုန်တိုင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် ကိုင်တွယ်ရေးကိစ္စရပ်များတွင် ကူညီရန်အတွက် ဂျပန်နိုင်ငံ၏ ဘေးအန္တရာယ်လျှော့ချရေးနည်းပညာများအား နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဂျပန်က မျှဝေသွားမည်ဟု Iwaya က ပြောကြား ခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အခြေခံအုတ်မြစ်အဖြစ် လွတ်လပ်ပြီးတရားမျှတသော စီးပွားရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု အရေးပါပုံကိုလည်း ၎င်းက အလေးပေးပြောကြား ခဲ့ပါသည်။
၎င်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လေးနက်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်တောင်းဆိုခဲ့ပြီး အမေရိကန်သမ္မတ Donald Trump ၏ အကောက်ခွန်မြင့်တင်မည့် အစီအစဉ်များကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
ဩဂုတ်လ၌ ကျင်းပရန် စီစဉ်ထားသည့် တိုကျို - အာဖရိက ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတကာညီလာခံနှင့်ပတ်သက်ပြီး Iwaya က ပြောကြားခဲ့ကာ G20 ၏ လုပ်ငန်းဆောင်တာများနှင့်အညီ ဂျပန်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World