Tesla နှင့် SpaceX CEO Elon Musk သည် Reuters အား “လိမ်လည်နေသည်” ဟုစွပ်စွဲပြီး သဘာဝအရင်းအမြစ်များနှင့် ပတ်သက်သည့် လက်ရှိညှိနှိုင်းမှုများတွင် အကျိုးကျေးဇူးရရှိစေရေး Starlink အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ရန် ခြိမ်းခြောက်သည့် အစီအစဉ်များအကြောင်း Reuters ၏ သတင်းဖော်ပြခဲ့မှုကို ငြင်းဆို ခဲ့သည်။

Reuters သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထိုအစီအစဉ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် အမေရိကန်တာဝန်ရှိသူ ၃ ဦး၏ ပြောကြားချက်များကို ကိုးကားသည်ဟုဆိုကာ အဆိုပါကိစ္စနှင့် ပတ်သက်သည့် သတင်းကို ဖော်ပြခဲ့သည်။ယူကရိန်းခေါင်းဆောင် Vladimir Zelensky နှင့် Trump ၏ကိုယ်စားလှယ် Keith Kellogg တို့အကြား လွန်ခဲ့သော သီတင်းပတ်က Kiev တွင် ကျင်းပခဲ့သည့်အစည်းအဝေး၌ ဝါရှင်တန်နှင့် ရှားပါးသတ္တုများဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးပါက Musk ၏ Starlink ဂြိုလ်တုဝန်ဆောင်မှုကို “ချက်ချင်းပိတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု Reuters က ဖော်ပြခဲ့သည်။
Musk သည် ထိုနေ့နောက်ပိုင်းတွင် ၎င်း၏လူမှုမီဒီယာပလက်ဖောင်း X ၌ ထိုသို့သောအစီအစဉ်များမရှိကြောင်း ငြင်းပယ်ခဲ့ပြီး Reuters အား “လိမ်လည်နေသည်” ဟု စွပ်စွဲခဲ့သည်။
အဆိုပါသတင်းသည် သတင်းအမှားဖြစ်ပြီး Reuters က လိမ်လည်ဖော်ပြ ခြင်းဖြစ်ကြောင်းနှင့် Reuters သည် AP (Associated Propaganda) ကဲ့သို့သော အစဉ်အလာဖြင့် သတင်းမှားများကို ထုတ်ပြန်နေသောဌာန ဖြစ်သည်ဟု Musk က ရေးသားခဲ့သည်။
ကိုးကား-RT

ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခတွင် ရုရှားနိုင်ငံက မှားယွင်းခြင်းမရှိဘဲ ယင်းပဋိပက္ခနှင့် စပ်လျဉ်း၍ ယူကရိန်းသမ္မတ ဇီလန်စကီနှင့် ယခင်အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီလ ၂၁ ရက် တွင် Fox News ရေဒီယိုနှင့် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားသည်။

ထို့ပြင် ဂျိုးဘိုင်ဒင်နှင့် ဇီလန်စကီတို့သည် မှားယွင်းသည့် အကြောင်းအရာများကိုသာ ပြောဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်ပွဲကိုရှောင်ရှားနိုင်ရေး အတွက် ရုရှားနိုင်ငံနှင့် အလွယ်တကူ ဆွေးနွေးနိုင်ခဲ့သော်လည်း ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
ထိုသို့ ဆွေးနွေးခဲ့မည်ဆိုပါက ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခကို စတင်ရန်အကြောင်းရင်း မရှိကြောင်းနှင့် ယူကရိန်းစစ်ပွဲမှာလည်း ဖြစ်လာစရာ အကြောင်းမရှိဟု ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal

ဖေဖော်ဝါရီ ၂၁ ရက်(သောကြာနေ့) ညနေပိုင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် အမေရိကန်စစ်တပ်အကြီးအကဲများကို ရုတ်တရက် ရာထူးမှ ဖယ်ရှားလိုက်ပါသည်။ အဆိုပါဖယ်ရှားခံရသူများ တွင် ပူးတွဲ စစ်ဦးစီးချုပ် (Joint Chiefs of Staff ) Charies Q Brown ၊ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Lisa Franchetti နှင့် လေတပ် ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး James Slife တို့ပါဝင်ပါသည်။

အဆိုပါစစ်တပ်အကြီးအကဲများဖယ်ရှားခြင်းကို ကာကွယ်ရေးဝန်ကြီး Pete Hegseth က ကြေညာခဲ့ပြီး Joint Chiefs of Staff အကြီးအကဲနေရာကို အငြိမ်းစား လေတပ် ဗိုလ်ချုပ် Dan “Razin” ကို ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရပါသည်။
ယခုကဲ့သို့ အမေရိကန်ပင်တဂွန်၏ နိုင်ငံရေးသဘောထားနှင့် ခေါင်းဆောင်မှု အပြောင်းအလဲအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်နေပါသည်။
ကိုးကား- CNN

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မော်စကိုမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ဒုတိယကမ္ဘာစစ်အောင်ပွဲခံအခမ်းအနားသို့ တက်ရောက်ရန် အစီအစဉ်မရှိဟု ငြင်းဆိုခဲ့သည်။ ထိုကြေညာချက်သည် အမေရိကန်နှင့် ရုရှားတို့ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုခရီးစဉ်နှင့်ပတ်သက်၍ ထရမ့်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် “သွားရောက်မည်မဟုတ်” ဟု ပြောကြားခဲ့ကြောင်း The Times သတင်းစာ က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကလည်း ထရမ့် လာရောက်မည့်ခရီးစဉ် အစီအစဉ်မရှိဟု ပြောဆိုခဲ့သည်။
နိုင်ငံတော်ခေါင်းဆောင်များ၊ သံတမန်များနှင့် အခြားနိုင်ငံခြား ကိုယ်စားလှယ်များသည် နှစ်စဉ် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ကျင်းပသော အဆိုပါအခမ်းအနားသို့ လာရောက်လေ့ရှိပြီး စစ်ရေးပြ အခမ်းအနားအပြီးတွင် ကရင်မလင်တံတိုင်းအပြင်ဘက်ရှိ အမည်မသိ စစ်သည်တော်ဂူဗိမ္မာန်တွင် ပန်းခွေချအလေးပြုကြသည်။ နောက်ဆုံး ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သော အမေရိကန်သမ္မတမှာ ၂၀၀၅ ခုနှစ် တွင်ကျင်းပခဲ့သော နာဇီဂျာမနီနှင့် ၎င်း၏မဟာမိတ်များကို အနိုင်ရခဲ့သည့် ၆၀ နှစ်မြောက် အထိမ်းအမှတ်အောင်ပွဲခံအခမ်းအနားသို့ တက်ရောက် ခဲ့သော ဂျော့ခ်ျဒဗလျူဘုရှ် ဖြစ်သည်။
အဆိုပါလအစောပိုင်းက ထရမ့်၏ ခရီးစဉ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ပက်စကိုဗ်က ပူတင်သည် မော်စကိုတွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံရပါက “လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်မည်” ဟု ပြောကြား ခဲ့သည်။

ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်သော မည်သည့်ဆွေးနွေးပွဲများတွင်မဆို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းနိုင်ငံပါဝင်ရမည်ဟု ကနေဒါဝန်ကြီးချုပ် ထရူးဒူး နှင့်ယူကရိန်း သမ္မတဇီလန်စကီးတို့က ပြောကြားခဲ့ကြောင်းသိရသည်။

ထရူးဒူးနှင့်ဇီလန်စကီးတို့သည် လွန်ခဲ့သောရက်ပိုင်းက လုပ်ဆောင်ခဲ့သည့် ဖုန်းခေါ်ဆိုမှုအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်အတွက် တွန်းအားပေးလျက်ရှိပြီး အမေရိကန် ၏ မိတ်ဖက်နိုင်ငံများနှင့် ယူကရိန်းတို့ ပါဝင်ခြင်းမျိုး မရှိသော ဆွေးနွေးပွဲ ကို လွန်ခဲ့သည့်သီတင်းပတ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် ယူကရိန်းပါဝင်ခြင်းမရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် လုပ်ဆောင်ခဲ့ကြပြီးနောက် ဇီလန်စကီး နှင့် ထရူးဒူးတို့၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရူးဒူး ၏ ရုံးက “ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်သည့် မည်သည့် ဆွေးနွေးပွဲများတွင်မဆို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းနိုင်ငံ ပါဝင်ရမည်ဟု ဇီလန်စကီးနှင့် ထရူးဒူး တို့က အလေးပေးပြောကြားခဲ့ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။
ကနေဒါနိုင်ငံသည် ယူကရိန်း၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်းကို အခိုင်မာဆုံး ထောက်ခံခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံလည်းဖြစ်သည်။ ဇီလန်စကီးနှင့် ဖုန်းခေါ်ဆိုမှုအတွင်း ထရူးဒူးသည် ယူကရိန်းအတွက် ကနေဒါ၏ ထောက်ခံမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းအတွက် လုံခြုံမှုမရှိပါက ဥရောပတွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ကိုးကား-NP News

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၎င်း၏အနိုင်ရရှိမှုသည် တတိယကမ္ဘာစစ်ကို တားဆီးရာတွင် အရေးပါခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။ ထို့ပြင် အမေရိကန် ဒုသမ္မတဟောင်း ကမ်မလာဟားရစ်သာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက အချိန်တစ်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ပေါ်ပေါက်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့်ကပြောခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသနှင့် ယူကရိန်းတို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရေးသည် ၎င်း၏အဓိက နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်က “တတိယကမ္ဘာစစ်တွင် ပါဝင်လာမည့် နိုင်ငံတိုင်းအတွက် အကျိုးအမြတ်ရှိမည် မဟုတ်ကြောင်း၊ ဂျိုးဘိုင်ဒင်အစိုးရ ထပ်မံ အုပ်ချုပ်ခဲ့မည်ဆိုပါက အားလုံးကတတိယ ကမ္ဘာစစ်ထဲရောက်နေလောက်ပြီ ဖြစ်သော်လည်း ယခုအချိန်တွင် တတိယကမ္ဘာစစ်ကို မိမိအနေဖြင့် တားဆီးနိုင်လိုက်ပါပြီ” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းသာ ၂၀၂၁ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာခဲ့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Elon Musk ၏ DOGE မှ USAID အသုံးစရိတ်များကို စစ်ဆေး ဖော်ထုတ်ချက်များအရ အမေရိကန်အခြေစိုက် ရွေးကောက်ပွဲနှင့်နိုင်ငံရေး လုပ်ငန်းစဉ် များ အားကောင်းရေးအဖွဲ့အစည်း (CEPPS) သို့ ပေးအပ်သည့် ငွေကြေးများတွင် တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုများတွင် ပံ့ပိုးထောက်ပံ့ပေးခဲ့သည့် အချက်အလက်များကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

USAID မှ ထောက်ပံ့ပေးခဲ့မှုများတွင် အိန္ဒိယရှိ မဲဆန္ဒရှင်များမဲပေးနိုင်ရေး အားပေးရန် ဒေါ်လာ ၂၁ သန်း၊ ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေးရာကိစ္စများအားကောင်းရန်အတွက် ဒေါ်လာ ၂၉ သန်း၊ နီပေါနိုင်ငံရှိ ဘဏ္ဍာရေး ဖက်ဒရယ်စနစ်အတွက် ဒေါ်လာ ၂၀ သန်းအပါအဝင် များပြားသော အစီအစဉ်များပါဝင်ပြီး ထိုအစီအစဉ်များအတွက် အကျိုးခံစားခွင့်ရှိသူများ ၏အမည်များနှင့် စုစုပေါင်းကုန်ကျငွေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိကြောင်းသိရှိရသည်။
ထိုသတင်းထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ ဦးဆောင်သော BJP ပါတီက ထိုရန်ပုံငွေများသည် အိန္ဒိယ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် “ပြင်ပဝင်ရောက်စွက်ဖက်မှု” ရှိကြောင်း သက်သေပြချက် ဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ယခင် အမေရိကန် အစိုးရ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် “လွန်စွာ စိုးရိမ်ဖွယ် ကောင်းသော” အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုကဲ့သို့ ထောက်ပံ့မှုများသည် အခွန်ထမ်း အမေရိကန်ပြည်သူများ၏ ဘဏ္ဍာငွေများကို အလွဲသုံးစား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး “အိန္ဒိယရှိမဲဆန္ဒရှင်များမဲပေးရန်အတွက် မည်သည့်အတွက်ကြောင့် ဒေါ်လာ ၂၁ သန်း သုံးရမည်နည်း၊ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ရွေးကောက်တင်မြှောက်ရန် ကြိုးစား နေခြင်းဖြစ်မည်" ဟု ၎င်းက ဖေဖော်ဝါရီ ၁၉ ရက်နေ့က မိုင်ယာမီမြို့တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဟားမက်အဖွဲ့မှ လွှဲပြောင်းပေးခဲ့သည့် ဓားစာခံ ရုပ်အလောင်းများအနက် ရုပ်အလောင်းတစ်ခုသည် ဓားစာခံ မဟုတ်ကြောင်း အစ္စရေးက ပြောဆိုခဲ့ပြီးနောက် ဖြစ်နိုင်ခြေရှိသော အမှားအယွင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ဟားမက်အဖွဲ့ က ပြောသည်။
ဇန်နဝါရီ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟားမက်က လွှတ်ပေးရန်သဘောတူထားသည့် ဓားစာခံ ၃၃ ဦးအနက် ၁၉ ဦးကို လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဓားစာခံ ရုပ်အလောင်း ၄ ခုကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်။

သို့သော် ရုပ်အလောင်းတစ်ခုသည် ဓားစာခံမဟုတ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို “အပြင်းထန်ဆုံး ချိုးဖောက်မှု” ဖြစ်သည်ဟု ဟားမက်ကို စွပ်စွဲခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်၌ ဟားမက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်နေရာ တည်း၌ရှိနေခဲ့ကြသော ဓားစာခံများနှင့် ပါလက်စတိုင်းများ၏ ရုပ်အလောင်း များ ရောထွေးသွားမှု ဖြစ်နိုင်ခဲ့သည်ဟု ဆိုထားပါသည်။
ဟားမက်က ၎င်းတို့၏တာဝန်များကို အပြည့်အဝကတိပြုထားပြီး မည်သည့်ရုပ်အလောင်းကိုမျှ သိမ်းထားရန် စိတ်မဝင်စားကြောင်းလည်း ပြောကြားခဲ့ပါသည်။
သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် မတ်လ ၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ သဘောတူညီချက်ပါ လိုအပ်ချက်များကို အကောင်အထည်ဖော်မှု ရှေ့ဆက်တိုးရန်လိုအပ်ကြောင်း ဟားမက်အဖွဲ့ က အလေးပေးပြောကြားခဲ့ပြီး အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများကျင်းပရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World

ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် အမေရိကန်အစိုးရအကြား အဆင်မပြေမှုများဖြစ်ပေါ်လာပြီးနောက်တွင် လတ်တလောပြုလုပ်နေသည့် အမေရိကန်- ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အနှောင့်အယှက်မဖြစ်စေရန် ဇီလန်စကီး အနေဖြင့် ယူကရိန်းမှ ချက်ခြင်းထွက်ခွာပြီး ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်သင့်သည်ဟု အမေရိကန်အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုလိုက်ပါသည်။

ရုရှားနှင့် သံတမန်ရေးရာဆက်ဆံမှုများ ပြန်လည်ပြုလုပ်နေသည့် အမေရိကန် သမ္မတ ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်ခဲ့ခြင်း အတွက် ဇီလန်စကီးနှင့် အိမ်ဖြူတော်အကြား တင်းမာမှုများဖြစ်လာပြီး အပြန်အလှန် စကားလုံးများနှင့် တိုက်ခိုက်မှုများ တွေ့ရှိနေရသည်။
အမေရိကန်က ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်နှင့် အမေရိကန်- ရုရှား ဆက်ဆံရေး တိုးမြှင့်ရန်အတွက် လွန်ခဲ့သောသီတင်းပတ်တွင် ဆော်ဒီအာရေဗီးယား၌ ၂ နိုင်ငံအဆင့်မြင့်သံတမန်များက ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိနိုင်ရေး ဇီလန်စကီး အစိုးရက တောင်းဆိုခဲ့သော်လည်း ထရမ့်က ခွင့်ပြုခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ယူကရိန်း- ရုရှား စစ်ပွဲ ၃ နှစ်ကျော်ကြာသည့် တိုင်အောင် ဇီလန်စကီးအနေဖြင့် ပဋိပက္ခကို ရပ်တန့်ရေး လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဟုဆိုပါသည်။
အိမ်ဖြူတော်နှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သတင်းအရင်းအမြစ်များတွင် ယူကရိန်း၌ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ရန် အချိန်တန်နေပြီ ဖြစ်ကြောင်း ပြောဆိုနေကြသည်ဟုဆိုသည်။ယူကရိန်း၌ ရွေးကောက်ပွဲ ပြန်လုပ်ရန် အတွက်လည်း အတိုက်အခံများက တောင်းဆိုထားပြီး အနောက်အုပ်စုတွင်လည်း ဇီလန်စကီးကို ဆန့်ကျင်သည့်အင်အားစုများ တိုးလာနေပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် သမ္မတသက်တမ်း ကုန်ဆုံး ခဲ့သော ဇီလန်စကီးက လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆိုထားပါသည်။ ယခုသီတင်းပတ်အတွင်းတွင် ထရမ့်က Truth ဆိုရှယ်မီဒီယာတွင် “ဇီလန်စကီးအနေဖြင့် ရွေးကောက်ပွဲလုပ်ရန် ပျက်ကွက်ခြင်းသည် ၎င်းကိုထောက်ခံသူ နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်း၏လက်ရှိအနေအထားက တရားဝင်ခေါင်းဆောင် အဖြစ် အတည်ပြုသတ်မှတ်ချက်အောက် ကို ၄ % ခန့် ကျဆင်း နေကြောင်း၊ ယခုအခြေအနေအတိုင်းသာဆက်သွားနေပါက ၎င်းကို ထောက်ခံမည့်သူ တစ်ယောက်မျှတောင် ကျန်မည်မဟုတ်ကြောင်း” ထရမ့် က ရေးသားထားခဲ့သည်။
ဇီလန်စကီးက ထရမ့်၏ပိုစ့်နှင့်ပတ်သက်၍ “မိမိကို ပြည်သူ ၅၇% ကျော် ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ထရမ့်က ရုရှား ပေးသည့် မမှန်သတင်း များကို ဖတ်ပြီးပြောနေခြင်းဖြစ်ကြောင်း၊ မိမိနေရာကို တစ်ယောက် ယောက်က အစားထိုးချင်သည်ဆိုရင်ပါက ဖြစ်လာမည်မဟုတ်ကြောင်း” ဇီလန်စကီးက ရုပ်သံမှ ပြန်လည်ချေပသွားကြောင်းသိရှိရပါသည်။
ကိုးကား-Myanmar National Post

ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့) တွင် အမေရိကန်နှင့် ယူကရိန်းတို့ အကြား မြေရှားသတ္တုလဲလှယ်ရေးသဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း၊ လုံးဝအပြီးသတ်စာချုပ်တော့ မဟုတ်ပါကြောင်း Well Street Journal အစီရင်ခံစာအရ သိရပါသည်။
ဒေါ်နယ်ထရမ့်နှင့် ဇီလန်စကီးတို့အကြား မြေရှားသတ္တုလဲလှယ်မှုဆိုင်ရာ မပြေလည်မှုနှင့် အငြင်းပွားနေကြသည့်နောက်ပိုင်း ယခုကိစ္စ ရုတ်တရက် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ကိုးကား- TASS