အမေရိကန်နှင့် ပူးတွဲ၍ Krasnoyarsk ဒေသတွင် အလူမီနီယမ် ထုတ်လုပ်မှု လုပ်ဆောင်ကြရန် စဉ်းစားနိုင်ကြောင်း ၊ အမေရိကန်အနေဖြင့် ထိုဒေသတွင် အလူမီနီယမ်သတ္တုတွင်းလုပ်ငန်းအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁၅ ဘီလီယံ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က VGTRK သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

“အမေရိကန်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး Krasnoyarsk နယ်မြေမှာ အလူမီနီယမ်ပူးပေါင်း ထုတ်လုပ်နိုင်ကြောင်း၊ ဥပမာအားဖြင့် ဆိုဗီယက် ခေတ်ကာလအတွင်းက Krasnoyarsk ဒေသတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသစ်များနှင့် အလူမီနီယံထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ရန် စီစဉ်ခဲ့ဖူးကြောင်း” ရုရှားခေါင်းဆောင်က ပြောကြား ခဲ့သည်။
Krasnoyarsk သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်သည့် Krasnoyarsk အလူမီနီယမ်စက်ရုံ (KrAZ) တည်ရှိရာ ဒေသဖြစ်ကြောင်း၊ အဆိုပါအလူမီနီယမ် ထုတ်လုပ်သည့်စက်ရုံများ၏ ပြင်းထန်သော စွမ်းအင်ထုတ်လုပ်မှုများကြောင်း ၎င်းတို့ကို စွမ်းအားမြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အနီးတွင် ဆောက်လုပ်လေ့ရှိပါသည်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားအလူမီနီယံစက်ရုံများအတွက် သတ္တုရိုင်းသိုက်များမှာ ကာဇက်စတန်၊ အဇာဘိုင်ဂျန်နှင့် အခြားနိုင်ငံများသို့ ပါသွားသဖြင့် ရုရှားသည် အလူမီယမ် ကုန်ကြမ်းအရင်းအမြစ် များစွာ ဆုံးရှုံးခဲ့ရသည်။
လက်ရှိအချိန်တွင် Krasnoyarsk အလူမီနီယမ်ထုတ်လုပ်ရေးစက်ရုံ (KrAZ) သည် Krasnoyarsk ဒေသအတွက် လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသည့် Krasnoyarsk ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် လည်ပတ်နေပါသည်။
ကိုးကား-TASS
Photo: The New York Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ပြင်သစ်သမ္မတ မက်ခရွန် က ငြိမ်းချမ်းရေးသည် ယူကရိန်း၏ “လက်နက်ချခြင်း” ဟု မဆိုလိုနိုင်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သတိပေးပြောဆိုခဲ့သည်။
ယူကရိန်းသည် ၎င်း၏လွတ်လပ်ရေးနှင့် ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက်သာမက မိမိတို့၏ လုံခြုံရေးအတွက်ပါ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုက်ပွဲဝင်ခဲ့ကြောင်း၊ ခိုင်မာသည့် ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်များအပေါ် ထပ်ကာထပ်ကာ ချိုးဖောက်ခြင်းကို ခံရနိုင်သည့် အဆိုပါနေရာမျိုးတွင် မည်သူမျှ နေထိုင် လိုမည်မဟုတ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပါသည်။

ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှုကို မပြောဘဲ တိုက်ခိုက်နေခြင်းကို အဆုံးသတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို Trump က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းလိုက်ခြင်းသည် ယခင်သမ္မတ ဂျိုးဘိုင်ဒင်၏ လုပ်ဆောင်ချက်မှ လုံးလုံးလျားလျားပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း CNA သတင်းဌာနက ဖော်ပြထားပါသည်။
ကိုးကား-CNA
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄

ရုရှား၊ အမေရိကန်နှင့် တရုတ်တို့အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို ထက်ဝက်လျှော့ချ သုံးစွဲကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပြုချက်အပေါ် ပူတင်က ထောက်ခံခဲ့ပြီးနောက် မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုလျက်ရှိကြောင်း တရုတ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံ၏ စစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ များစွာမြင့်တက်ခဲ့သည့်နည်းတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း အာရှ-ပစိဖိတ်ဒေသတွင်း တင်းမာမှုများကြောင့် ၎င်း၏ စစ်အသုံးစရိတ်မှာလည်း မြင့်တက်ခဲ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုသာ အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိကြောင်း၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရေး၊ လုံခြုံရေး၊ အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတို့အတွက် စစ်အသုံးစရိတ်ကို “လိုအပ်သလောက်သာ” သုံးစွဲလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးစွမ်းအား မြင့်မားရေးတို့ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး မည်သည့်နိုင်ငံနှင့်မျှ လက်နက်အပြိုင်အဆိုင် တပ်ဆင်လိုခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားချက်သည် ယူကရိန်းစစ်ပွဲအရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း CNA သတင်းစာ မျက်နှာတွင် ဖော်ပြပါရှိပါသည်။
ကိုးကား- CNA

ရုရှားနှင့် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်နိုင်ငံထံမှ ရရှိထားသည့် အကူအညီများအတွက် ယူကရိန်းက ငွေကြေးများ ပြန်ပေးမည် မဟုတ်ဟု ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ထို့အပြင် ယူကရိန်း သည် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံကျော် အကြွေးတင်နေသည် ဆိုသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခန့်မှန်း ပြောဆိုချက်များ သည် ချဲ့ကားပြောဆိုချက်များသာ ဖြစ်ကြောင်း ဇီလန်စကီးက ထပ်မံ ပြောဆိုခဲ့ပါသည်။

လွန်ခဲ့သောသီတင်းပတ်များအတွင်း ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားချိန်မှစတင်၍ ထောက်ပံ့ပေးခဲ့သော အကူအညီများအားလုံး အတွက် ယူကရိန်းကို ငွေကြေးတောင်းခံမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယူကရိန်း၌ ငွေကြေးပြတ်လပ်နေမည်ဆိုပါက လျော်ကြေးငွေပုံစံအဖြစ် ၎င်း၏သဘာဝ သယံဇာတဆိုင်ရာ လုပ်ပိုင်ခွင့်များကို ယူကရိန်းက လက်မှတ်ရေးထိုးသင့်သည်ဟု ဒေါ်နယ် ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့ပါသည်။
သို့သော် ဒေါ်နယ်ထရမ့်၏တောင်းဆိုချက်များအားလုံးကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့သည်ဟုလည်း သိရပါသည်။ ဇီလန်စကီးက “ယူကရိန်း သည် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကိုသာ ရရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ၊ ၅၀၀ ဘီလီယံ၊ ၇၀၀ ဘီလီယံ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ယူကရိန်းက ၎င်းအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို အကြွေးဟု သတ်မှတ်ထားခြင်း မဟုတ်ဘဲ ထောက်ပံ့ငွေအဖြစ် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်၍ ပြန်ဆပ်ရန်လည်း မျှော်လင့်မထားကြောင်း” ပြောဆိုခဲ့ပါသည်။
ကိုးကား-NP News

ဂျာမနီသည် အမေရိကန်ပြည်ထောင်စု၏ ကြီးစိုးမှုမှ အမှန်တကယ် ရုန်းထွက်နိုင်ရမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ခန့်မှန်းထားသော Friedrich Merz က ပြောကြားခဲ့သည်။
ဂျာမန်မီဒီယာ၌ ဖော်ပြထားမှုအရ Christian Democratic Union (CDU) နှင့် ၎င်း၏ မိတ်ဖက်ပါတီဖြစ်သော Christian Social Union (CSU) သည် မှတ်ပုံတင်မဲ ၂၈.၅% ရရှိမည်ဟု ခန့်မှန်းထားပြီး ၊ ယင်းကြောင့် Merz သည် အနာဂတ်တွင် ဝန်ကြီးချုပ်လောင်းဖြစ်လာမည်ဟု ခန့်မှန်း ထားကြသည်။

ဖေဖော်ဝါရီ ၂၃ရက်၊ ညနေပိုင်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် Merz က အမေရိကန်သမ္မတ Donald Trump ၏ ယူကရိန်း ပဋိပက္ခကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီး “လက်ရှိအမေရိကန်အစိုးရ တာဝန်ရှိ သူများသည် ဥရောပ၏အရေးကိစ္စများကို စိတ်ဝင်စားမှုမရှိကြောင်း” Merz က ပြောဆိုခဲ့သည်။ ၎င်းက ဂျာမနီသည် မိမိကာကွယ်ရေးကိုမြှင့်တင်ရန်နှင့် အမေရိကန်လောင်းရိပ်အောက်မှ တဖြည်းဖြည်း ရုန်းထွက်ရန်” လိုအပ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။Trump က အမေရိကန်၏ ဥရောပမဟာမိတ်များအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် တွင် ညီမျှစွာပေးဆောင်ရန်နှင့် NATO အတွက် ပိုမိုပံ့ပိုးရန် တောင်းဆို ခဲ့ပါသည်။ Trump သည် Biden အစိုးရ၏ “ရုရှားကို သီးသန့်ခွဲထုတ်ရေး” မူဝါဒကို ပြန်လည်ပြောင်းလဲပြီး မော်စကိုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် ယူကရိန်းနှင့် EU တို့ကို ဘေးဖယ်ထားခဲ့သည်။
Elon Musk ကလည်း ဂျာမနီ၏ ဒုတိယအကြီးဆုံးပါတီဖြစ်လာမည်ဟု ခန့်မှန်းထားသော ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး Alternative for Germany (AFD) ပါတီကို ထောက်ခံခဲ့ပါသည်။
Trump က CDU ၏အနိုင်ရမှုကိုဂုဏ်ပြုခဲ့ကာ ဂျာမနီသည် အမေရိကန် နှင့် များစွာတူညီပြီး အထူးသဖြင့် စွမ်းအင်နှင့်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများ၌ လက်တွေ့ကျမှု မရှိသည့် လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရပြီး ပင်ပန်းနွမ်းနယ်လာကြပြီဖြစ်ကြောင်း ၎င်း၏ Truth Social ပလက်ဖောင်းတွင် ရေးသားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျာမနီနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် Alternative for Germany (AFD) သည် ထောက်ခံမှု ၂၀.၅% နှုန်းဖြင့် ဒုတိယနေရာကိုရရှိနိုင်မည်ဟု အစိုးရမှ ရုပ်သံလိုင်း ARD မှ ထုတ်ပြန်ချက်တစ်ခုအရ ခန့်မှန်းထားပြီး ခရစ်စတီယန်-ဒီမိုကရက် CDU/CSU ပါတီသည် ၂၈% ကျော်နှုန်းဖြင့် အနိုင်ရမည်ဟု ခန့်မှန်းထားသည်။

ဝန်ကြီးချုပ် Olaf Scholz ၏ လူမှုဒီမိုကရက်ပါတီသည် ၁၆.၄% ရရှိမည်ဟု ခန့်မှန်းထားပြီး၊ အတည်ပြုပါက ၁၉၄၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံးရလဒ်ဖြစ်လာမည်ဖြစ်ပြီး Financial Times ၏ အဆိုအရ ယင်းပါတီသည် ၁၈၈၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်ရမည်ဟု ဆိုသည်။ SPD ၏ မိတ်ဖက်ပါတီဖြစ်သော Greens သည် ထောက်ခံမှု ၁၂% ရရှိခဲ့ပြီး၊ FDP သည် ၄.၇% အထက်ရရှိခဲ့သည်ဟု ARD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The Left သည် ၈.၆% ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သော Sahra Wagenknecht Alliance သည် ၄.၉% ရရှိနိုင်မည်ဟု ARD ဖော်ပြမှုအရ သိရှိရသည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် AFD သည် အကြီးမားဆုံး အနိုင်ရမည်ဖြစ်ပြီး ၉.၁% တိုးတက်မှု ရရှိမည်ဟု ခန့်မှန်းထားသည်။ CDU သည် ၄.၉% တိုးတက်ခဲ့ပြီး၊ Scholz ၏ လူမှုဒီမိုကရက်ပါတီသည် ၉.၇% လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ Greens သည် ၁.၂% လျော့နည်းမည်ဖြစ်ပြီး FDP သည် ၆.၅% လျော့နည်းမည်ဟု ခန့်မှန်း ထားသည်။
နောက်ဆုံးလများတွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ လက်ရှိအာဏာရ (Traffic-Light Coalition) မှ Greens ပါတီသည် လူထုထောက်ခံမှု ကျဆင်းလာနေကြောင်း သိရှိရသည်။
ARD ဖော်ပြမှုအရ AFD သည် ဂျာမန်လွှတ်တော်တွင် ၆၃၀ ရာခိုင်နှုန်း အနက် ၁၅၀ ကို ရရှိနိုင်ပြီး CDU/CSU သည် ၂၀၈ ကို ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း China Central Television သတင်းတွင် ဖော်ပြထားပါသည်။
ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားပါသည်။

ရုရှားဖက်က အစပြုပြီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် စကားပြောဆိုရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နှင့် ရုရှားတို့သည် အချင်းချင်း အားပေးကူညီသော မိတ်ဆွေကောင်းများဖြစ်ကြသည်ဟု ခေါ်ဆိုခဲ့ကြောင်း ဆင်ဟွာ သတင်း တွင် ဖော်ပြထားပါသည်။ ထို့အပြင် တရုတ်-ရုရှား ဆက်ဆံရေးသည် ထူးခြားပြီး ဗျူဟာမြောက် တန်ဖိုးရှိကြာင်း၎င်း က ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၁ ရက် (သောကြာနေ့)တွင် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov သည်နှစ်နိုင်ငံခေါင်းဆောင်များကြားတွင်အဆိုပါ တယ်လီဖုန်းပြောဆိုမှုကိုကြေညာခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်သည် မကြာသေးမီက ရုရှား-အမေရိကန်ညှိနှိုင်းဆွေးနွေးမှုများ အကြောင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင် အား အကြောင်းကြားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံ အကြီးအကဲများ ဖုန်းပြောသည့် နောက်ဆုံးအကြိမ်မှာ ဇန်နဝါရီ လကုန်တွင် ဖြစ်ပါသည်။
ကိုးကား - RIA Novosti
ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ

အမေရိကန်အစိုးရ၏ သဘာဝအရင်းအမြစ်ထုတ်ယူရေး ကမ်းလှမ်းမှုသည် ယူကရိန်းနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အကြံပေးတစ်ဦးက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။
ထို့ပြင် ယူကရိန်းနှင့် အမေရိကန်တို့ကြား မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်သည် ယူကရိန်းအတွက် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ်နိုင်ငံကို ရရှိစေမည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အကြံပေး အိုလက်ဇန္ဒား ကူဘရာကော့က ပြောသည်။

မြေရှားသတ္တုအရင်းအမြစ်များကို ထုတ်ယူရာတွင် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး အမေရိကန်နှင့် စေ့စပ်ဆွေးနွေးခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းနိုင်ငံအား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ဘီလီယံရာပေါင်း များစွာသော ငွေကြေးများကို ပေးအပ်ခဲ့ပြီးဖြစ်ရာ အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းရှိ မြေရှားသတ္တု အပါအဝင် ရေနံတို့အား အမေရိကန်သို့ ပေးအပ်ရန် တောင်းဆိုမည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် တောင်းဆိုထားသည်။
ထို့ပြင် အမေရိကန်နှင့် အရင်းအမြစ်ထုတ်ယူရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းမရှိပါက အခက်အခဲပြဿနာများနှင့် တွေ့ကြုံရဖွယ်ရှိသည်ဟု ထရမ့်ကယူကရိန်းအစိုးရအား ဖေဖော်ဝါရီ လ၂၁ ရက်တွင်သတိပေးထားသည်။
Ref: Ivt
Source: Myawady Web Portal

ရုရှားနှင့် အမေရိကန်တို့ကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရီယက်ကော့က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။
ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ပင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်အရာရှိကြီးများကြား ပထမဆုံးအကြိမ်အဖြစ် အဆိုပါမြို့၌ကျင်းပပြီးနောက် ရက်သတ္တပတ်အကြာတွင် ထပ်မံကျင်းပရန်စီစဉ်ခြင်းဖြစ်သည်။

ရုရှားနှင့် အမေရိကန်အရာရှိကြီးများကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် စီစဉ်နိုင်ခဲ့သည့်အပြင် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းရန်အတွက်လည်း စီစဉ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုရှားနှင့် အမေရိကန်အရာရှိကြီးများသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆာဂျီရီယက်ကော့က ဆက်လက်ပြောကြားသည်။
Ref: Tass, Euronews

ဝါရှင်တန်သည် လာမည့်အပတ်တွင် ယူကရိန်းနှင့် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားခဲ့ပါသည်။
Witkoff က CNN သတင်းဌာန သို့ပြောကြားရာတွင် “မိမိသည် အဆိုပါ သဘောတူညီချက်ကို ယခုအပတ်အတွင်း လက်မှတ်ရေးထိုးရန် မျှော်လင့် ထားပါကြောင်း၊ သမ္မတဇီလန်စကီးသည် လွန်ခဲ့သော တစ်ပတ်က ၎င်း၏ ကတိကဝတ်ကို ယိမ်းယိုင်နေခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်ထံမှ သတင်းစကားရရှိခဲ့ပြီးနောက် ယခုအခါတွင် နောက်ထပ်၎င်း၏ ကတိစကားသည် ယိမ်းယိုင်နေခြင်း မရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသဘောတူညီချက်သည် အမေရိကန်မှ ထောက်ပံ့ရေးတွင် ယူကရိန်းအတွက် သုံးစွဲခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ရယူရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff ပြောကြားခဲ့ပါသည်။
“မိမိတို့သည် အများကြီးလုပ်ဆောင်ခဲ့ပြီးနောက် ထိုသဘောတူညီချက်သည် လက်မှတ်ရေးထိုးသင့်သည်ဟု ၎င်းနားလည်သွားပြီဖြစ်ကြောင်း” ယူကရိန်း သမ္မတဇီလန်စကီး ကပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ၂၁ရက် (စနေနေ့)တွင်အမေရိကန်သည် အဆိုပါ သဘောတူညီချက်ကို ချုပ်ဆိုရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့အပြင် ဝါရှင်တန်သည် ယူကရိန်းအတွက် ထောက်ပံ့ငွေများအတွက် သုံးစွဲခဲ့သည့် ငွေကြေးများကို ပြန်လည်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
ကိုးကား - TASS