အီရန်က နျူကလီးယားဗုံးလုပ်နေသည့် သက်သေမရှိဟုဆို

News Image

  • အီရန်က နျူကလီးယားဗုံးလုပ်နေသည့် သက်သေမရှိဟုဆို

ဗီယန်နာ၊ ပဋိပက္ခ

အီရန်နိုင်ငံက နျူကလီးယားဗုံးကိုထုတ်လုပ်နိုင်ရေး အစီအစဉ်တကျလုပ်ဆောင်နေသည်ဟူသော မည်သည့်သက်သေမျှမရှိကြောင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်း အင်အေဂျင်စီအကြီးအကဲ ရာဖေးဂရော့စီကပြောသည်။

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဗုံး ကိုရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ယုံကြည်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပြီးနောက်အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ဇွန်လ ၁၉ ရက်တွင်ပြောခြင်းဖြစ်သည်။ 
 

အလားတူ အမေရိကန်နိုင်ငံ၏အမျိုး သားထောက်လှမ်းရေးဌာနအကြီးအကဲ ဖြစ်သည့် တူစီဂတ်ဘာ့ကလည်း အီရန် နိုင်ငံသည် နျူကလီးယားဗုံးများကိုဖန်တီး

နေခြင်းမရှိကြောင်း ပြောသည်။ 

Ref: RT

Photo- Al jazeera

MWD Daily Newspaper