IAEA က ငြင်းဆိုမှုရှိသော်လည်း အမေရိကန်က အီရန်နျူကလီးယား ခြိမ်းခြောက်မှု ဇာတ်လမ်းကို ဖိအားပေးနေ
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Dorothy Shea သည် သောကြာနေ့ (ဇွန် ၂၀) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် IAEA ၏ညွှန်ကြားရေးမှူးချုပ် Rafael Grossi က တီဟီရန် သည် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အထောက်အထားမတွေ့ရကြောင်း ပြောကြားခဲ့သော်လည်း အီရန်ကို နျူကလီးယား ထပ်တိုးသန့်စင်မှုမှ တားဆီးရမည်ဟု ပြောကြားခဲ့သည်။ လေ့လာသူများက ဝါရှင်တန်၏ထုတ်ပြန်ချက်သည် အရှေ့အလယ်ပိုင်း တွင် အုပ်ချုပ်သူပြောင်းလဲရန် အကြောင်းပြချက်များနှင့် ဆင်တူသည်ဟု ဆိုသည်။
IAEA က အီရန်သည် ယူရေနီယမ်ကို ၆၀% အထိ ချဲ့ထွင်ပြီးဖြစ်ကြောင်း (လက်နက်အတွက် လိုအပ်သော ၉၀% မပြည့်သေးသော်လည်း) ထုတ်ပြန်ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
သို့သော် တိုက်ခိုက်မှုစတင်ပြီးနောက် Grossi က အီရန်သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အထောက်အထားမရှိဟု ပြောကြားခဲ့ပြီး ထပ်တိုးသန့်စင်ထားသော ယူရေနီယမ်ဖြင့် ဗုံးတစ်လုံး ဖြစ်လာမည်မဟုတ်ဟု အတိအလင်းပြောကြားခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့များကလည်း အီရန်သည် နျူကလီးယား လက်နက် ရှာဖွေနေကြောင်း အထောက်အထားမရှိဟု ဆိုသည်။ သို့သော် သမ္မတ Donald Trump က အီရန်သည် ဗုံးရရန် “အလွန်နီးကပ်နေပြီ” ဟုဆိုကာ ၎င်း၏နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန် သဘောတူညီမှုမရှိပါက အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်ကြောင်း သတိပေးခဲ့သည်။
သံအမတ် Shea က “အမေရိကန်သည် အစ္စရေးနှင့်အတူ ဆက်လက် ရပ်တည်နေပြီး အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ဆန့်ကျင်သည့် ၎င်း၏လှုပ်ရှားမှုကို ထောက်ခံကြောင်း” ကြေညာခဲ့သည်။ သူမက “အမေရိကန်သည် အီရန်တွင် နျူကလီးယားလက်နက်ရရှိရန် လိုအပ် သမျှ အားလုံးရှိပြီဖြစ်ကြောင်း ဆက်လက်လျစ်လျူရှု၍မရတော့ပါ” ဟု အတိအလင်းပြောဆိုခဲ့ပြီး ၎င်း၏အကြီးအကဲထံမှ ဆုံးဖြတ်ချက်တစ်ခုသာ လိုအပ်နေသေးသည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂