မော်စကို၊ အကြမ်းဖက်မှု
ရုရှားနိုင်ငံရှိ ဘရိုင်ယန့်နှင့် ကာ့စ်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်း ရုရှားစုံစမ်းထောက်လှမ်းရေးကော်မတီက ဇွန်လ ၁ ရက်တွင် ပြောကြား သည်။

အဆိုပါဒေသများရှိ မီးရထားလမ်းများပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ရုရှားအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရာမှ အကြမ်းဖက်မှုဖြစ်ကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုများသည် မေလ ၃၁ ရက် ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် တံတားများကျိုးပျက်သွားပြီး ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုတစ်ခုအတွင်း ခရီးသည် ၃၈၈ ဦးကို တင်ဆောင်လာသည့် မီးရထားတစ်စင်းမှာ လမ်းချော် သွားခြင်းကြောင့် လူ ၇ ဦးသေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားစုံစမ်း ထောက်လှမ်းရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဆဗက်လန်နာပီထရန်ကိုက ပြောကြားခဲ့ကြောင်းသိရသည်။
Ref: Xinhua

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က လွန်ခဲ့သောလအတွင်း Khan Younis မြို့တွင် လေကြောင်းတိုက်ခိုက်မှုဖြင့် Hamas ခေါင်းဆောင် Muhammad Sinwar ကို သုတ်သင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ Sinwar သည် ၎င်း၏အစ်ကို Yahya Sinwar နှင့် အကြီးတန်းတပ်ခွဲမှူး Muhammad Deif တို့ကို IDF က အောက်တိုဘာလတွင် သုတ်သင်ခံ ရပြီးနောက် Hamas ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
အဆိုပါကြေညာချက်သည် အမေရိကန်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ရပ်စဲရေးအဆိုပြုချက်ကို နှစ်ဖက်စလုံးက လက်ခံရန် အဆင်သင့် ဖြစ်နေကြောင်း သတင်းများထွက်ပေါ်နေချိန်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

IDF ၏ စနေနေ့ (မေ ၃၁) ထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှုကို မေလ ၁၃ ရက်နေ့တွင် Shin Bet လုံခြုံရေးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ဥရောပဆေးရုံအောက်ရှိ Hamas ၏ မြေအောက် ကွပ်ကဲမှုစင်တာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ပြောကြားခဲ့သည်။
“Hamas ခေါင်းဆောင်ကို မိမိတို့ နောက်တစ်ကြိမ် သုတ်သင်ပစ်ခဲ့ပြီ။ ဒီတစ်ခါလည်း Sinwar မိသားစုဝင်ပါပဲ” ဟု IDF က X တွင် ရေးသား ခဲ့သည်။
“ဥရောပဆေးရုံအတွင်းနှင့် အနီးတစ်ဝိုက်ရှိ အရပ်သားများကို ရည်ရွယ် ချက်ရှိရှိ အန္တရာယ်ဖြစ်စေရန် ဆေးရုံအောက်ရှိ မြေအောက်ကွပ်ကဲမှု စင်တာတွင် လှုပ်ရှားနေစဉ် အကြမ်းဖက်သမားများကို ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်သည်” ဟု IDF က ပြောကြားခဲ့သည်။
IDF က Sinwar သည် “အောက်တိုဘာ ၇ ရက်က ရက်စက် ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား စီစဉ်ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယခင်ဆီးရီးယားခေါင်းဆောင် ဘာရှာ အာဆက်အစိုးရကို ဖယ်ရှားပြီး ယာယီသမ္မတ Ahmed al-Sharaa အာဏာရရှိရန် ကူညီခဲ့သည့် လက်နက်ကိုင် သူပုန်များသည် ယခုအခါ ၎င်း၏အာဏာတည်မြဲမှုကို ခြိမ်းခြောက်လာနိုင်သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့ (မေ ၃၁) တွင် ဖော်ပြခဲ့သည်။

Hayat Tahrir al-Sham (HTS) ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့အများအပြားသည် လွန်ခဲ့သည့်နှစ်နှောင်းပိုင်းတွင် ဒမတ်စကပ်၌ အာဏာသိမ်းယူခဲ့သည်။ ၎င်းတို့တွင် Islamic State (အစ္စလာမ္မစ်နိုင်ငံ) နှင့် အခြားအစွန်းရောက်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် နိုင်ငံခြား တိုက်ခိုက်ရေး သမားများ အပါအဝင် ဆီးရီးယားတွင် ဆက်လက်ရှိနေသည့် လူထောင် ပေါင်းများစွာ ပါဝင်နေကြောင်း သတင်းစာက ရေးသားခဲ့သည်။
Al-Sharaa သည် အနောက်နိုင်ငံများ၏ထောက်ခံမှုရရှိရန် ကြိုးပမ်း နေစဉ် ၎င်းတို့ထဲမှ အချို့ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ပုံ ရသော်လည်း အစွန်းရောက် ဆွန်နီမွတ်စလင်လက်နက်ကိုင်များသည် ယခုပင် ၎င်းအတွက် ပြဿနာများ ဖန်တီးလျက်ရှိကြောင်း WaPo က ဖော်ပြခဲ့သည်။ အချို့လက်နက်ကိုင်အဖွဲ့များသည် မတ်လအတွင်း ဆီးရီးယားကမ်းရိုးတန်းတစ်လျှောက်ရှိ အလာဝိုက်လူမျိုးစုများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့ကြောင်း သတင်းဌာန က ဖြည့်စွက်ခဲ့သည်။ ဒေသခံမီဒီယာများ၏ဖော်ပြချက်အရ ရက်အနည်းငယ် အတွင်း ပြည်သူ ၉၇၃ ဦးအပါအဝင် လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့သည်။ အာဏာလွှဲပြောင်းပြီးနောက်ပိုင်းတွင် ခရစ်ယာန်နှင့် ဒရူးဇ်လူမျိုးစုများ သည်လည်း သွေးချောင်းစီးသည့် ဂိုဏ်းကွဲအကြမ်းဖက်မှုများကို ရင်ဆိုင် ခဲ့ရသည်ဟု သတင်းများအရ သိရသည်။
အစွန်းရောက် နိုင်ငံခြားအစ္စလာမ္မစ်ဝါဒီများသည် al-Sharaa အပေါ် အမျက်ထွက်နေကြပြီး ၎င်းတို့၏အကူအညီဖြင့် အသစ်ရွေးချယ် တင်မြှောက်ခံရသည့် သမ္မတသည် ရှရီယာဥပဒေကို အကောင်အထည်မဖော်ဘဲ အမေရိကန်နှင့် တူရကီတို့နှင့် ပူးပေါင်းကာ ဆီးရီးယားရှိ အစွန်းရောက်အဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု စွပ်စွဲခံနေရကြောင်း WaPo က ရေးသားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်တို့က ဂါဇာဒေသ၌ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို သဘောတူလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သတင်းဌာနများ ကဖော်ပြထားသည်။
အမေရိကန်အထူး ကိုယ်စားလှယ် စတိဝစ်ကော့ အဆိုပြုထားသည့် လမ်းပြမြေပုံကို လက်ခံရန်အသင့်ရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာ၌အဖမ်း ခံထားရသည့် ဓားစာခံများ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။

အလားတူ ဟားမတ်အဖွဲ့သည် ယာယီ အပစ်အခတ် ရပ်စဲရေးအတွက် အပြန်အလှန်အနေဖြင့် ၎င်းတို့ဖမ်းဆီး ထိန်းသိမ်း ထားသော ဓားစာခံများကိုပြန်လွှတ်ပေးရန်သဘောတူသည်ဟု အာရပ်မီဒီယာများ ကဖော်ပြထားသည်။
ဟားမတ်အဖွဲ့အနေဖြင့် ၎င်းတို့ထိန်းသိမ်းထားသော အသက်ရှင်လျက်ရှိသူ ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသွားသူ ၁၈ ဦး ၏ အလောင်းများကို သီတင်းပတ်တစ်ပတ် အတွင်းလွှဲပြောင်း ပေးသွားမည်ဖြစ်သည်။ သို့သော် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ခြင်း ရှိ၊ မရှိကိုမူ စိုးရိမ်နေကြောင်း သိရသည်။
Source: Myawady Web Portal

ဂြိုလ်တုဓာတ်ပုံအသစ်များအရ မြောက်ကိုရီးယားသည် လွန်ခဲ့သော သီတင်းပတ်က မအောင်မြင်ခဲ့သော ရေချမှုကြောင့် ဘေးစောင်းအနေအထားဖြင့် ရေထဲတွင် တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေသည့် တန် ၅၀၀၀ အလေးချိန်ရှိ ပျက်စီးနေသော စစ်သင်္ဘောနှင့်အတူ လေထီးကဲ့သို့သော အရာများကို တပ်ဆင်ထားကြောင်း တွေ့ရှိရသည်။
ထိုအရာများ၏ ရည်ရွယ်ချက်ကို အတိအကျမသိရသေးသော်လည်း ကျွမ်းကျင်သူများက CNN သို့ ပြောကြားချက်အရ ၎င်းတို့သည် သင်္ဘောကို တည့်မတ်သည့်အနေအထားပြန်ရောက်စေရေး ကူညီရန် သို့မဟုတ် ဒရုန်းများ၏ စောင့်ကြည့်မှုမှ ကာကွယ်ရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။

ပျက်စီးနေသော ဖျက်သင်္ဘောသည် မြောက်ကိုရီးယား၏ အနာဂတ်အတွက်မျှော်လင့်ချက်ကြီးမားသော ခေတ်မီရေတပ် တည်ဆောက်ရေး စီမံကိန်း၏ အောင်မြင်မှုတစ်ခုဖြစ်ရန် ရည်ရွယ်ထားသော်လည်း မေလ ၂၁ ရက်နေ့က ရေချစဉ်တွင် လုပ်ငန်းစဉ်ချို့ယွင်းမှုကြောင့် သင်္ဘော၏ အနောက်ပိုင်းသည် အချိန်မတန်မီ ရေထဲသို့ နစ်မြုပ်သွားကာ ကိုယ်ထည် ၏အစိတ်အပိုင်းများ ပျက်စီးခဲ့ပြီး ရှေ့ပိုင်းမှာ သင်္ဘောကျင်းပေါ်တွင်ကျန်ရစ်ခဲ့ကြောင်း နိုင်ငံတော်မီဒီယာ KCNA က ရှားရှားပါးပါး ဝန်ခံ ဖော်ပြ ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အရှေ့မြောက်ပိုင်း Chongjin မြို့တွင် စမ်းသပ်မှု ကျရှုံးခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ၎င်းကို “ရာဇဝတ်မှုတစ်ခု” အဖြစ်သတ်မှတ်ကာ ဇွန်လကုန်ပိုင်းတွင် ကျင်းပမည့် အုပ်ချုပ်ရေးပါတီ၏ အစည်းအဝေးမတိုင်မီ အဆိုပါအမည် မပေးရသေးသော သင်္ဘောကို အမြန်ပြုပြင်ရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် ၎င်းကို မြောက်ကိုရီးယားနိုင်ငံ၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သော အရေးကိစ္စအဖြစ် မှတ်ယူခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စစ်မြေပြင်နည်းပညာကို ပြန်လည်ပုံဖော်နိုင်စေဖို့အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anduril နဲ့ နည်းပညာဂုရုကြီးဖြစ်တဲ့ Meta တို့က မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုတစ်ခုကို လုပ်ဆောင် လိုက်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကနေရရှိလာမယ့် အရာက Extended Reality (XR) လို့ခေါ်တဲ့ စနစ်ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ပူးပေါင်း ဆောင်ရွက်မှုက စစ်သည်များရဲ့ သိမြင်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အလိုအလျောက်စနစ်သုံး စစ်လက်နက်ပစ္စည်းများကို ထိန်းချုပ်နိုင်စွမ်းတို့ မြင့်မားစေရေးအတွက် မျိုးဆက်သစ် စွမ်းရည်များ ထွက်ပေါ်လာနိုင်စေဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်ရရှိနိုင်ဖို့အတွက် AI နည်းပညာ အသုံးပြုထားတဲ့ AR နဲ့ VR စနစ်တို့ကိုပေါင်းစပ်ပြီး အသုံးပြုထားတာဖြစ်ပါတယ်။
ဒီလိုမျိုးစစ်မြေပြင်စနစ်များကို ရရှိနိုင်ဖို့ Anduril နဲ့ Meta တို့က AI နည်းပညာ၊ အဆင့်မြင့်မားလှတဲ့ ဟာ့ဝဲနဲ့ဆော့ဝဲတို့ကို နှစ်ပေါင်းများစွာကြာအောင် သုတေသနနဲ့ဖွံ့ဖြိုး တိုးတက်မှုတို့ကို လုပ်ဆောင်လာတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခွန်ထမ်းပြည်သူ များရဲ့ငွေကြေးတွေကိုအသုံးမပြုဘဲ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည်များ ရရှိစေဖို့အတွက် ပုဂ္ဂလိကအနေနဲ့ လုပ်ဆောင်ကြတာပါ။
အစပိုင်းတုန်းက သူတို့အနေနဲ့ ဒီနည်းပညာကို အရပ်ဘက်မှာ အသုံးပြုနိုင်ဖို့ သုတေသနပြုလေ့လာ မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ အခုမှသာ ဒီလိုအဆင့် အတန်းမြင့်မားလှတဲ့ နည်းပညာကို ရှေ့တန်းစစ်မြေ ပြင်အတွက် အသုံးချဖို့ လုပ်ဆောင်လာကြတာပါ။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ရှေ့တန်းစစ်မြေပြင် မှာ တာဝန်ထမ်းဆောင်နေကြတဲ့ သမားရိုးကျစစ်သည်များကို မှော်ပညာနဲ့နည်းပညာ ပေါင်းစပ်အသုံးပြုနိုင်တဲ့ စစ်သည်များကဲ့သို့ ဖြစ်လာအောင် ဖန်တီးပေးနိုင် ဖို့ဖြစ်တယ်လို့ ကုမ္ပဏီများက ဆိုပါတယ်။
ဒီစနစ်မှာအဓိကပေါင်းစပ် ပါဝင်ထားတာက Meta ရဲ့ အဆင့်မြင့်မားလှတဲ့ AR/VR စနစ်များကို Anduril ရဲ့ AI နည်းပညာအသုံးပြုကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုကွန်ရက်ဖြစ်တဲ့ Lattice စနစ်တို့ဖြစ်ပါတယ်။ Lattice စနစ်ဆိုတာ အချိန်နဲ့တစ်ပြေးညီဖြစ်တဲ့ အသုံးပြုနိုင် သောအချက်အလက်များကို ပံ့ပိုးပေးနိုင်စေဖို့ ထောင်ပေါင်းများစွာသော အာရုံခံကိရိယာများနဲ့ စနစ်များမှ အချက်အလက်များကို ရယူအသုံးပြုထားတာဖြစ်ပါ တယ်။
ဒီစနစ်ကိုအသုံးပြုမယ့် စစ်သည်တွေအနေနဲ့ XR ခေါင်းစွပ်များကို အသုံးပြုရမှာပါ။ ဒီခေါင်းစွပ်များက အသုံးပြုရလွယ်ကူသလို ပတ်ဝန်းကျင်သိမြင်မှု၊ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ တိုက်ပွဲစဉ်အတွင်း နည်းဗျူဟာမြောက် ထိရောက်မှုတို့ကို ပိုမိုမြင့်မားစေ ဖို့အတွက်လည်း ကောင်းစွာအထောက်အကူ ပြုပေးမှာဖြစ်ပါတယ်။
“အခုဆိုရင် ကမ္ဘာကြီးကတွက်ချက်မှု ခေတ်သစ်ကြီးဆီကို ဦးတည်ဝင်ရောက်လာနေပါပြီ။ ဒီနေရာမှာ ဉာဏပိုင်းဆိုင်ရာသိမြင်မှုက လွှမ်းမိုးလာနေပြီး ဒီလို အသိအမြင်ဆိုတာကလည်း သဘာဝအရဖြစ်တည် နေတဲ့ကန့်သတ်ချက်ကို ကျော်လွန်လာနေပါပြီ။ ဒီလို မျိုးပြောင်းလဲမှုတွေကို ကျွန်တော်တို့ရဲ့အမျိုးသား အကျိုးစီးပွားအတွက် အသုံးချသွားမှာပါ”လို့ Meta မှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ အန်ဒရူးဘော့စဝေါ့က ပြောထားပါတယ်။
အမေရိကန်က ကာကွယ်ရေးနည်းပညာ မဟာဗျူဟာမှာ ကျယ်ပြန့်စွာပြောင်းလဲမှုတွေ လုပ်ဆောင်လာ နေစဉ်မှာပဲ အခုလိုမျိုးနည်းပညာ အသုံးပြုအဆင့်မြင့်မားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက် နျူကလီးယားဒုံးကျည်များဟာ ခေတ်သစ် စစ်ပွဲမှာသိပ်ကိုအရေးပါလှတဲ့ လက်နက် တစ်ခုဖြစ်လာပါတယ်။ ဒီလက်နက်မျိုးဆိုတာ မဟာဗျူဟာအရအရေးကြီးသလို ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းကောင်း ကြီးခြိမ်းခြောက်နိုင်တဲ့ လက်နက်တစ်မျိုးပါ။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်စစ်ပွဲမှာ နျူကလီးယားဒုံးကျည်များကို တိုက်ရိုက်အသုံးပြုလာခြင်းမျိုးမဟုတ်ဘဲ တချို့သောအခြေအနေတွေမှာ တည်ကြက် လုပ်ထားတဲ့ ဒုံးကျည်အတုများကို သုံးပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို လှည့်စားလာတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် လေပိုင်နက်ထဲ ဝင်လာတဲ့ဒုံးကျည်က အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာက
တရုတ်က တီထွင်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဒုံးကျည်စုံထောက် နျူကလီးယားဒုံးကျည်များဟာ ခေတ်သစ် စစ်ပွဲမှာသိပ်ကိုအရေးပါလှတဲ့ လက်နက် တစ်ခုဖြစ်လာပါတယ်။ ဒီလက်နက်မျိုးဆိုတာ မဟာဗျူဟာအရအရေးကြီးသလို ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းကောင်း ကြီးခြိမ်းခြောက်နိုင်တဲ့ လက်နက်တစ်မျိုးပါ။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်စစ်ပွဲမှာ နျူကလီးယားဒုံးကျည်များကို တိုက်ရိုက်အသုံးပြုလာခြင်းမျိုးမဟုတ်ဘဲ တချို့သောအခြေအနေတွေမှာ တည်ကြက် လုပ်ထားတဲ့ ဒုံးကျည်အတုများကို သုံးပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို လှည့်စားလာတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် လေပိုင်နက်ထဲ ဝင်လာတဲ့ဒုံးကျည်က အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာကို ဝေဖန်စစ်ဆေးနိုင်ဖို့ အတွက် သိပ်ကိုလိုအပ်လာပါတယ်။ ဒီအချိန်မှာ တရုတ်သိပ္ပံပညာရှင်များက AI နည်းပညာကို အသုံးပြုထားတဲ့ နျူကလီးယားဒုံးကျည်စုံထောက်အမည်ရှိ နည်းပညာ တစ်မျိုးကို ထုတ်ဖော်မိတ်ဆက်လာပါတယ်။ သူက ကိုယ့်လေပိုင်နက်ထဲဝင်လာတဲ့ နျူကလီးယားဒုံးကျည်သည် အစစ်လား၊ တည်ကြက်လုပ်ထားတဲ့ အတုလားဆိုတာကို ခွဲခြား ပေးနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ အခုလိုမျိုး လက်နက်ထိန်းချုပ်မှု လုပ်ငန်းအတွက် AI နည်းပညာကို အသုံးပြုလာတာက အခုမှပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုနိုင်ဖို့အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုသုံးခုရှိပါတယ်။ ပထမဆုံးတစ်ခုက AI စနစ်ကို လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် နိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ အရေးကြီးလှတဲ့ နျူကလီးယားအချက်အလက်များစွာလိုအပ် ပါတယ်။ အဲဒီထဲမှာ စစ်မှန်တဲ့ နျူကလီးယားထိပ်ဖူး ရဲ့အချက်အလက်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ နျူကလီးယားထိပ်ဖူးနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ သတင်းအချက်အလက်တွေ မပေါက်ကြားစေရေးကို လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ နိုင်ငံတွေအနေနဲ့ ခေတ်မမီတော့တဲ့ စစ်အေးခေတ်ပုံစံ နျူကလီးယား ထိပ်ဖူးစိစစ်မှု နည်းလမ်းများကို အသုံးမပြုတော့ဖို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်သိပ္ပံပညာရှင်များ အနေနဲ့ ပထမဆုံးအဆင့်ကို အောင်မြင် သွားပြီလို့ ဆိုနိုင်ပါတယ်။ AI စနစ်အနေနဲ့ အခုလိုနျူကလီးယား စုံထောက် တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက် အဆင့်မြင့်တဲ့ အချက်အလက်ဖုံးကွယ်ခြင်းနဲ့ နျူကလီးယားသိပ္ပံ ပညာတို့ကို ပေါင်းစပ် အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် နျူကလီးယား အစိတ်အပိုင်းများစွာနဲ့ ပတ်သက်လို့ ကွန်ပျူတာအထူးပြု သဏ္ဌာန်တူလေ့ကျင့်မှု သန်းပေါင်းများစွာကို လုပ်ဆောင်ထားပါတယ်။ ဒီအစိတ်အပိုင်းတွေထဲမှာ လက်နက်အဆင့်ရှိတဲ့ ယူရေနီယံများနဲ့ အခြားသော သတ္တုအစိတ်အပိုင်းများ ပါဝင်ပါတယ်။ အဲဒီသတ္တုအစိတ်အပိုင်းအတွင်းရှိ နျူထရွန်များရဲ့ လှုပ်ရှားမှုများကို AI စနစ်ကခြေရာခံနိုင်စေဖို့ ပညာရှင်များက လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုးလေ့ကျင့် ပေးထားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အဲဒီ AI စနစ်ဟာ နျူကလီးယား ဒုံးကျည်ကို အစစ်လား၊ အတုလားဆိုတာ တိကျစွာ ခွဲခြားပေးနိုင် လာတာဖြစ်တယ်လို့ တရုတ်သိပ္ပံပညာ ရှင်များက ပြောထားပါတယ်။

ဂျာမနီအစိုးရက ယူကရိန်းနိုင်ငံအား Taurus ဒုံးကျည်များကို ပေးအပ်သွားရန် ဆုံးဖြတ်ထားခြင်းသည် ရုရှား-ယူကရိန်း စစ်ဘောင်ကို ဥရောပဒေသ တစ်ဝန်းသို့ ပျံ့နှံ့စေပြီး စစ်ပွဲကြီးကိုဖြစ်စေနိုင်ကြောင်း ဘိုလစ်ဗီးယားနိုင်ငံမှ သုတေသီတစ်ဦးက Sputnik သတင်းဌာနသို့ ပြောသည်။

အဆိုပါ Taurus ဒုံးကျည်များကို ပေးအပ်ရန် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုံးဖြတ်ခြင်းက ယူကရိန်းနိုင်ငံမှနေ၍ ရုရှား နိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဘိုလစ်ဗီးယား ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးသုတေသီ ဟိုဆေးဟူဂိုဟိုးဒစ်မာကာဒိုက ပြောခြင်း ဖြစ်သည်။
ဂျာမနီအစိုးရ၏ လုပ်ဆောင်ချက်ကို စစ်ရေးရှုထောင့်မှကြည့်ပါက ရုရှား-ယူကရိန်း ပဋိပက္ခတွင် ဂျာမနီနိုင်ငံအနေဖြင့် သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသည်ကို ပြဆိုနေကြောင်း၊ နိုင်ငံရေးရှုထောင့်မှ ကြည့်ပါက တိုက်ရိုက် ပါဝင်စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ပါဝင်မှုကြောင့် ဥရောပတိုက်ကြီး တစ်တိုက်လုံးဆီသို့ စစ်မီးကူးစက်သွားစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့်စစ်ပွဲကြီးကိုပင် ဖြစ်စေနိုင်ကြောင်း သုတေသီကပြောသည်။
အလားတူ ရုရှားနိုင်ငံရှိ မည်သည့်နေရာကိုမဆို ဂျာမနီနိုင်ငံက ထုတ်လုပ်ထားသောTaurus ဒုံးကျည်ထိမှန်ပါက ဂျာမနီနိုင်ငံသည် ယူကရိန်းဘက်မှ စစ်ကူပါဝင်သည်ဟု သတ်မှတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။
ထို့အတူ ယူကရိန်းနိုင်ငံသို့ လက်နက်များပေးပို့မှုက ပဋိပက္ခဖြေရှင်းမှုကို ဟန့်တားနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောထားသည်။

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ ကြားဖြစ်ပွားသော နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက ထိုင်းနိုင်ငံ၌တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များစွာ ရရှိခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံမှလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၈ ရက်နံနက်ပိုင်းတွင် နှစ်နိုင်ငံပိုင်နက်အငြင်းပွားနယ်မြေ၌ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးသွားသည်။
မေလ ၂၉ ရက် ညနေ ၃ နာရီတွင် နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက တစ်နာရီ မိနစ် ၂၀ ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များရရှိကြောင်း၊ လက်ရှိဖြစ်ပွားသောပြဿနာကို ပူးတွဲနယ်စပ်ရေးရာကော်မရှင်မှတစ်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောင်တွင် ထိုကဲ့သို့သောဖြစ်စဉ်မဖြစ်ပွားရေးအတွက် နှစ်ဖက်စလုံးအနေဖြင့် နယ်စပ်ဒေသတစ်လျှောက်တွင် သင့်လျော်မှုရှိပြီးထိပ်တိုက်မတွေ့နိုင်သောနေရာများတွင် အခြေချသွားမည်ဖြစ်ကြောင်းသိရသည်။
Ref. LT
Photo- Nation Thailand

အစ္စရေးနှင့် ဟားမက်တို့သည် အမေရိကန်က အဆိုပြုသည့် နောက်ဆုံး စစ်ရပ်စဲရေးအဆိုကို လက်ခံရန် သဘောတူညီခဲ့ကြောင်း မီဒီယာအချို့က ကြာသပတေးနေ့ (မေ ၂၉) တွင် ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာတွင် ဟားမက် လက်နက်ကိုင်အဖွဲ့၏ ထိန်းသိမ်းခံဘဝဖြင့် ရှိနေဆဲ ပြန်ပေးဆွဲခံရသူများ ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် အမေရိကန်သီးသန့်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) မှ အဆိုပြုသည့် စစ်ရပ်စဲရေး လမ်းညွှန်ချက်ကို လက်ခံရန် အဆင်သင့်ဖြစ်ကြောင်း အရိပ်အမြွက် ပြခဲ့သည်။

နောက်ပိုင်းတွင် အာရပ်မီဒီယာများက ဟားမက်ဘက်မှလည်း ယာယီ စစ်ရပ်စဲရေးနှင့် ဂါဇာတွင် ကျန်ရှိနေသော အစ္စရေးပြန်ပေးဆွဲခံရသူများကို လွှတ်ပေးမည့် သဘောတူညီချက်ကို လက်ခံခဲ့ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးသတင်းစာ Haaretz က အမည်ဖော်မပြုလိုသော အစ္စရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်၏ အဆိုပြု ချက်တွင် ဟားမက်ထံတွင် အသက်ရှင်ကျန်ရစ်နေသော ပြန်ပေးဆွဲခံရသူ ၁၀ ဦးနှင့် သေဆုံးပြီးအလောင်း ၁၈ လောင်းကို တစ်ပတ်အတွင်း ပြန်လည်လွှဲပြောင်းပေးရန်ပါဝင်ပြီး အပြန်အလှန်အားဖြင့် နေတန်ယာဟု အစိုးရက ရက်ပေါင်း ၆၀ ကြာ စစ်ရပ်စဲရေးကို သဘောတူမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
The Jerusalem Post သတင်းစာကမူ အမည်မဖော်လိုသူ၏ ပြောကြားချက်ကို ကိုးကား၍ ဟားမက်ဘက်မှ အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ အစ္စရေးဘက်သို့ ယိမ်းညွတ်နေသည်ဟု မြင်ကာ သံသယ ရှိကြောင်း၊ ယာယီ ရက်ပေါင်း ၆၀ စစ်ရပ်စဲရေးကို အပြီးသတ် အမြဲတမ်းအဖြစ် ဆက်လက်တည်တံ့စေရန် အမေရိကန်က အာမခံချက်မပေးမည်ကိုလည်း စိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။