ဘရိုင်ယန့်နှင့် ကာ့စ်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များက အကြမ်းဖက်မှုများဟု ရုရှားပြော

News Image

  • ဘရိုင်ယန့်နှင့် ကာ့စ်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များက အကြမ်းဖက်မှုများဟု ရုရှားပြော

မော်စကို၊ အကြမ်းဖက်မှု

ရုရှားနိုင်ငံရှိ ဘရိုင်ယန့်နှင့် ကာ့စ်ဒေသများတွင်   ဖြစ်ပွားခဲ့သည့်   ဖြစ်စဉ်များသည်   အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်း   ရုရှားစုံစမ်းထောက်လှမ်းရေးကော်မတီက ဇွန်လ ၁ ရက်တွင် ပြောကြား သည်။

အဆိုပါဒေသများရှိ မီးရထားလမ်းများပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ရုရှားအာဏာပိုင်အဖွဲ့က  စုံစမ်းစစ်ဆေးရာမှ အကြမ်းဖက်မှုဖြစ်ကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုများသည် မေလ ၃၁ ရက် ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကြောင့်   တံတားများကျိုးပျက်သွားပြီး ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုတစ်ခုအတွင်း   ခရီးသည် ၃၈၈ ဦးကို တင်ဆောင်လာသည့် မီးရထားတစ်စင်းမှာ  လမ်းချော် သွားခြင်းကြောင့် လူ ၇ ဦးသေဆုံးပြီး   ၆၉  ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားစုံစမ်း ထောက်လှမ်းရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ  ဆဗက်လန်နာပီထရန်ကိုက ပြောကြားခဲ့ကြောင်းသိရသည်။

Ref: Xinhua