သတင်းများ

အယ်ဂျီးရီးယားက ရုရှား၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များ လက်ခံရရှိသည့် ပထမဆုံး နိုင်ငံဖြစ်လာမည်

အယ်ဂျီးရီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များကို  လက်ခံရရှိသည့်    ပထမဆုံးနိုင်ငံ ဖြစ်လာမည့် အလားအလာရှိသည်။

ရုရှားနိုင်ငံသည်   ၎င်းတို့၏ Su-57 တိုက်လေယာဉ်များအနက်  ပထမဆုံးအသုတ်အဖြစ် တိုက်လေယာဉ် ခြောက်စင်းကို ၂၀၂၅ ခုနှစ် မကုန်မီ အယ်ဂျီးရီးယားသို့ လွှဲပြောင်းမည်ဖြစ်သည်။   

 ယခုအခါ  အယ်ဂျီးရီးယားနိုင်ငံမှ လေယာဉ်မှူးများသည် ရုရှားနိုင်ငံတွင် တိုက်လေယာဉ် မောင်းနှင်နိုင်ရေးအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

အယ်ဂျီးရီးယားနိုင်ငံသည်   Su-57 တိုက်လေယာဉ် ၁၄ စင်းဝယ်ယူရန် ရုရှားနှင့်သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်။

Su-57  တိုက်လေယာဉ်များတွင် ဒုံးကျည်များအပါအဝင် အဆင့်မြင့်နည်းပညာသုံး လက်နက်စနစ်များ တပ်ဆင်ထားပြီး အဆိုပါတိုက်လေယာဉ်အား အယ်ဂျီးရီးယားသို့ ရောင်းချခဲ့ခြင်းသည် ရုရှားနှင့် အယ်ဂျီးရီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို   ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။

အယ်ဂျီးရီးယား လေတပ်သည် အစဉ်အလာအားဖြင့် ဆိုဗီယက်နှင့် ရုရှားလေယာဉ်များကို အသုံးပြုလျက်ရှိပြီး ယင်းနိုင်ငံသည် MiG-15 တိုက်လေယာဉ်များကို ၁၉၆၂ ခုနှစ်တွင် စတင်လက်ခံ ရရှိခဲ့ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။     

Source: Myawady Web Portal  

ပစိဖိတ်ရေယာဉ်စု၏ တိုက်ပွဲဝင်လေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ရုရှားရေတပ်က ဂျပန်ပင်လယ်အတွင်း၌ စစ်ရေးလေ့ကျင့်

ရုရှားရေတပ်မှ အကြီးစားကမ်းထိုးရေ ယာဉ်တစ်စင်းဖြစ်သည့် Admiral Nevelskoy  သည် အရှေ့ပင်လယ် သို့မဟုတ် ဂျပန် ပင်လယ်အတွင်း၌ အမြောက်ပစ်လေ့ကျင့်မှုတစ်ရပ်ကိုလုပ်ဆောင်ခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ဖေဖော်ဝါရီလ  ၁၇ ရက်တွင် ဖော်ပြသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှုအတွင်း ရုရှား စစ်ရေယာဉ်သည် ၎င်း၏လေကြောင်း ကာကွယ်ရေး စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် သရုပ်သကန် အမှန်ဖန်တီးထားသည့် လေကြောင်းပစ်မှတ်များကို အမြောက်ဖြင့်ပစ်ခတ်၍ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရုရှားစစ်ရေယာဉ်ပေါ်မှ စစ်သည်များသည် သရုပ်သကန်အမှန် ဖန်တီးထားသည့်  စစ်ကစားနိုင်သော  အသေးစား ပစ်မှတ်များကိုပါ ပစ်ခတ်လေ့ကျင့်ခဲ့သည်။

ရုရှားရေတပ်သည်  အဆိုပါစစ်ရေး လေ့ကျင့်မှုကိုစီစဉ်ထားသည့် ရုရှား ပစိဖိတ်ရေယာဉ်စု၏ တိုက်ပွဲဝင်လေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံရှိ ဝန်ကြီးဌာနတိုက်ခိုက်ခံရမှုက ၎င်းတို့လက်ချက်ဖြစ်ဟု IS စစ်သွေးကြွ အဖွဲ့ပြော

     အာဖဂန်နစ္စတန်နိုင်ငံရှိ ဝန်ကြီးဌာန တစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS စစ်သွေးကြွအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွအဖွဲ့မှ အသေခံဗုံးခွဲသူများသည် ကဘူးမြို့တော်ရှိ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် အိမ်ရာဝန်ကြီးဌာနအတွင်းသို့  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဝင်ရောက်ရန်ကြိုးပမ်းရာ အစောင့်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်သွေးကြွများက အသေခံဗုံးခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း လူတစ်ဦးသေဆုံးပြီး  အနည်းဆုံး  သုံးဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အဖွဲ့ အာဏာရလာပြီးနောက် နိုင်ငံအတွင်း၌   အကြမ်းဖက်မှုများ မြင့်တက်လာပြီး IS  စစ်သွေးကြွအဖွဲ့က  နိုင်ငံအတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ပြီး   တာလီဘန်အစိုးရ၏ အုပ်ချုပ်မှုကို   စိန်ခေါ်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း အာဖဂန်နစ္စတန်နိုင်ငံ အတွင်းရှိ ဘဏ်တစ်ခုအား IS စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ရာ   အနည်းဆုံး   လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဟားမက်စ်ကို လက်တုံ့ပြန်ရန်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်ခေါ်မည်ဟု အစ္စရေးစစ်တပ်ပြော

အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၁၅ ရက်အထိ ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်မလွှတ်ပေးပါက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားဖွယ် ရှိနေသည့်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တစ်လနီးပါးကြာ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဟားမက်စ် အဖွဲ့က ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် နှောင့်နှေးနေကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၉ ရက်တွင် ယာယီအပစ်ခတ် ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် သဘောတူညီမှု ရရှိထားကြောင်းသိရသည်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဟားမက်စ်အဖွဲ့သည် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်မပေးပါက တိုက်ပွဲများ ပြန်လည်ဖြစ် ပွားဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးခဲ့သည်။ ဟားမက်စ် အဖွဲ့က ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကတိကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သော်လည်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဆိုသောအချက်ကို အတိအကျပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီ အပစ်အခတ် ရပ်စဲရေးရရှိခဲ့ပြီးနောက် နေရပ်စွန့်ခွာသူများသည် ဂါဇာဒေသသို့ ပြန်လာနေချိန်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ထပ်မံဖြစ်ပွားမည်ဆိုလျှင် ပါလက်စတိုင်းလူမျိုးများ ပိုမိုထိခိုက်ရဖွယ်ရှိနေကြောင်း သိရသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွင်း အစ္စရေးကို ကြိုတင်ကြေညာခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ပြီး အစ္စရေး နိုင်ငံသားများကိုဖမ်းဆီးခဲ့ရာ ဂါဇာဒေသတွင် တိုက်ပွဲများ ဖြစ်လာခဲ့ပြီး ဂါဇာစစ်ပွဲ ၁၅ လကာလအတွင်း အနည်းဆုံး လူပေါင်း ၅ သောင်း နီးပါး သေဆုံးခဲ့ကာ လူပေါင်းသန်းချီ၍ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

ကိုးကား-NP News

DeepSeek ကို တောင်ကိုရီးယားက ယာယီပိတ်ပင်

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း တရုတ်ပိုင် chatbot တစ်ခု ဖြစ်သည့် DeepSeek အသုံးပြုမှုကို ယာယီ ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကော်မရှင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

 chatbot ဖန်တီးသူများအနေဖြင့် DeepSeek ကို တောင်ကိုရီးယား ဥပဒေနှင့်အညီ လုပ်ဆောင်ချက်ကို အပြောင်းအလဲများပြုလုပ်ပြီးမှသာ အဆိုပါပိတ်ပင်မှုကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထား ပါသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် ပြီးခဲ့သည့်လက တရုတ်ဘက်သို့ DeepSeekနှင့်ပတ်သက်၍ တရားဝင်တောင်းဆိုမှုတစ်ခု ကမ်းလှမ်းထားပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းခြင်းအပါအဝင် chatbot ၏ လုပ်ဆောင်ချက်အသေးစိတ်များကို ရှင်းပြရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ထောက်ပြထားပါသည်။

တောင်ကိုရီးယား၏ ထိပ်တန်းစွမ်းအင်ကုမ္ပဏီ Korea Hydro & Nuclear Power (KHNP) နှင့် KEPCO KPS တို့မှ ဝန်ထမ်းများ DeepSeek အသုံးပြုခြင်းကို ယခင်ကတည်းက တားမြစ်ခဲ့ပါသည်။

ကိုးကား- TASS

သူခိုးများက ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ ဘဏ်တစ်ခုမှ ယူရို ၁၀ သန်းခန့် ခိုးယူလွတ်မြောက်

ဂျာမနီနိုင်ငံမှ ဘဏ်သူခိုးများသည် နိုင်ငံမြောက်ပိုင်း လူဘက်မြို့ရှိ လုံခြုံရေးလျော့ရဲသည့် Deutsche Bank ဘဏ်ခွဲတစ်ခုမှ ယူရို ၁၀ သန်းခန့် ခိုးယူလွတ်မြောက်သွားခဲ့ကြောင်း Bild သတင်းစာ၏ ဖော်ပြချက်ကို ကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။

ဖော်ပြချက်များအရ သူခိုးလေးဦးသည် ဘဏ်၏ပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ငွေကြေးများနှင့် အခြားအဖိုးတန်ပစ္စည်းများထားရှိရာ မီးခံသေတ္တာအတွင်းသို့ အလွယ်တကူ    ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့သည် ဘဏ်ပိတ်ချိန်အထိ စောင့်ဆိုင်းပြီးမှ   မီးခံ‌သေတ္တာအတွင်းရှိ အံဆွဲများကို ရိုးရိုးသာမန်သော့များဖြင့် ဖွင့်ကာ အတွင်းမှ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။

ထူးခြားသည့်အချက်မှာ မီးခံသေတ္တာအတွင်း၌ ကင်မရာနှင့်လူသား၏လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည့် စောင့်ကြည့်ရေးကင်မရာ တပ်ဆင်ထားမှုမရှိခြင်း ဖြစ်သည်။

ဘဏ်တွင် တပ်ဆင်ထားသည့် အချက်ပေးအသံမှာလည်း သူခိုးများထွက်ခွာသွားမှသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနောက်တွင် သူခိုးများသည် ဘဏ်၏အနောက်ဘက်တွင် ရပ်ထားသည့် ကားများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

သူခိုးများသည် မြေအောက်ရှိ မီးခံသေတ္တာ၏ အခြေအနေကို သိရှိနိုင်ရန်အတွက်   အဆိုပါမီးခံသေတ္တာမှ အံဆွဲအချို့အား ကြိုတင်ငှားရမ်းခဲ့ကြောင်းသိရသည်။ လက်ရှိတွင် Deutsche Bank အနေဖြင့် အဆိုပါဘဏ်၏ လုံခြုံရေးတင်းကျပ်ခဲ့ပြီး သူခိုးများအား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

သူခိုးများသည် ဘဏ်၏အဆောက်အအုံအတွင်း   လူမသိ၊သူမသိနေနိုင်ခဲ့သည့်အပြင် ငွေကြေးများကို ခိုးယူသွားခြင်းနှင့်စပ်လျဉ်း၍ ဘဏ်၌သာ တာဝန်ရှိသည်ဟု အဆိုပါဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ ရယူနေသူပြည်သူများ၏ ရှေ့နေကပြောကြားခဲ့ကြောင်း သိရသည်။

Ref: Ivt, Apa

အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

တီဟီရန်၊ နျူကလီးယားနည်းပညာ

အီရန်နိုင်ငံအား အစ္စရေး သို့မဟုတ်အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း၌   နျူကလီးယားစက်ရုံအမြောက်အမြားကို တည်ထောင်မည်ဖြစ်ကြောင်း အီရန်အစိုးရက ဖေဖော်ဝါရီလ ၁၃  ရက်တွင် ကြေညာသည်။

အစ္စရေးနိုင်ငံသည် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများအား တိုက်ခိုက်ရန် ခြိမ်းခြောက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် စက်ရုံများကို တိုက်ခိုက်နိုင်သော်လည်း စက်ရုံတည်ဆောက်သည့် အသိဉာဏ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း အီရန်သမ္မတ    မာဆွတ်ပယ်ဇက်ခီးယမ်းက  ပြောကြားသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံရှိ  နျူကလီးယားစက်ရုံများအပေါ် အကြီစားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည့် အလားအလာကို ရှာဖွေဖော်ထုတ်လျက်ရှိသည်ဟူသော အမေရိကန်၏ ကောက်ချက်ချမှုကို ကိုးကား၍ Wall Street Journal က ဖေဖော်ဝါရီလ  ၁၂   ရက်တွင် ဖော်ပြခဲ့ပြီးနောက် အီရန်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှထောက်ခံမှုကို မျှော်လင့်လျက်ရှိကြောင်းWall Street Journal ကဆက်လက်ဖော်ပြထားကြောင်းသိရသည်။  

Ref: Ivt

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်မည်ဆိုပါက အမေရိကန်လက်နက်ထုတ်လုပ်သူများအပေါ် တရားစွဲဆိုမှု တိုးမြှင့်လုပ်ဆောင်မည်ဟု မက္ကဆီကိုသမ္မတပြောကြား

အမေရိကန်အစိုးရက မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ပါက အမေရိကန်လက်နက် ထုတ်လုပ်သူများအား မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများတွင် ပါဝင်သူများ အဖြစ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ Claudia Shein က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များ အသုံးပြုသော လက်နက် များ၏ ၇၄% သည် နယ်စပ်ဒေသမြောက်ပိုင်းမှလာသည်ကို အမေရိကန် တရားရေးဌာနကပင် တရားဝင်အသိ အမှတ်ပြုထားကြောင်း သူမက ဆက်လက်ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မက္ကဆီကို၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒိုးနှင့် ဗင်နီဇွဲလားရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များကို “အကြမ်းဖက်အဖွဲ့များ” အဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားပါသည်။

အမေရိကန်က အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မည့်အဖွဲ့များတွင် မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးမှောင်ခိုကူးရာတွင် အဓိကအဖွဲ့နှစ်ဖွဲ့ ဖြစ်‌သောJalisco New Generation နှင့် Sinaloa တို့ ပါဝင်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။ 

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထိုမူးယစ်ဂိုဏ်းအဖွဲ့များကို နှိမ်နင်း‌ဆောင်ရွက်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုအဖွဲ့ များသည် “သမားရိုးကျ ကျူးလွန်နေသည့် ရာဇဝတ်မှုထက် ကျော်လွန် နေသဖြင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့် အန္တရာယ် တစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်ထုတ်လုပ်သည့် လက်နက်အရေအတွက် ၂၀၀,၀၀၀ မှ ၇၅၀,၀၀၀ ခန့်ကို နှစ်စဉ် နယ်စပ်မှတစ်ဆင့် တရားမဝင် ခိုးယူ သယ်ဆောင်နေကြောင်း၊ အဆိုပါလက်နက် အများအပြားကို ရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ်များတွင်လည်း တွေ့ရှိရကြောင်း မက္ကဆီကိုက ထုတ်ပြန်ထားပါသည်။

ကိုးကား- The Guardian

ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ပြောကြား

ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပပြီးနောက် ဘရပ်ဆဲလ် မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောကြားခဲ့ပါသည်။

မကြာသေးမီရက်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "NATO တပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်သွားရန်" တိုက်တွန်းခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယားဒေသကို ရုရှားက အလျင်အမြန် သိမ်းယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရုရှား၏ ခြိမ်းခြောက်မှုအန္တရာယ်မှကာကွယ်ရန်အတွက် NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ စစ်အသုံးစရိတ်ကို GDP ၏ ၂% အထိ တိုးမြှင့်ရန် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် Wales ၌ ကျင်းပသည့် အစည်းအဝေးတွင် သတ်မှတ်ခဲ့ပြီး၊ GDP ၏ ၂% သည် အနည်းဆုံး ကာကွယ်ရေးအသုံးစရိတ်ဖြစ်သင့်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပသည့် Vilnius အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

ကိုးကား-TASS

Photo: The Guardian

တောင်တရုတ်ပင်လယ်၌ ဩစတေးလျ စပိုင်ဂျက်ကို တရုတ်တိုက်လေယာဉ်က မီးပန်းနှင့်ကျဲချ

တောင်တရုတ်ပင်လယ်၌ နိုင်ငံတကာလေပိုင်နက်တွင် ပျံသန်းနေသော ဩစတေးလျ စပိုင်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်ကမီးပန်းများနှင့်ကျဲချလိုက်သည့်အတွက် ဩစတေးလျနိုင်ငံသားများ မကျေမနပ်ဖြစ်ကာ ပေါက်ကွဲနေကြောင်း သိရှိရပါသည်။ 

တရုတ် J-16 တိုက်လေယာဉ်က မီးပန်းများကို ကျဲချလိုက်သော်လည်း P-8 ဩစတေးလျှ စပိုင်ဂျက်ကို ထိခိုက်ခဲ့ခြင်းမရှိသောကြောင့် လေယာဉ်ပေါ်ပါသူ ၉ ဦးလုံး ဘေးအန္တရာယ်မှလွတ်ကင်းသွားခဲ့ပါသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျီကန် က သြစတြေးလျ စစ်လေယာဉ်သည် အငြင်းပွားနေသော ပါရာဆယ်ကျွန်းများပေါ်ရှိ ဝေဟင်ပိုင်နက်အတွင်းသို့ တမင်တကာ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းစွပ်စွဲခဲ့ပြီး လေယာဉ်ကိုမောင်းထုတ်ရန် တရုတ်၏ လုပ်ဆောင်မှုသည် တရားဝင်ဥပဒေနှင့်အညီ ထိန်းသိမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါသည်။

ဩစတေးလျနိုင်ငံသားများက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်း၏ မြို့တော် ကင်ဘာရာနှင့် တရုတ်မြို့တော် ပေကျင်းတို့၌ ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ ရက်နေ့များတွင် ဆန္ဒပြခဲ့ကြောင်းသိရှိရပြီး ၎င်းတို့က တရုတ်လေယာဉ်မှူးနှစ်ဦးသည် လေယာဉ်နှင့်ဝန်ထမ်းများကို အန္တရာယ် ဖြစ်စေသည့် လုပ်ရပ်များလုပ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်သော လုပ်ရပ် ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။ 

ကိုးကား-Myanmar National Post