တောင်ကိုရီးယားရဲတပ်ဖွဲ့သည်ကိုကင်း ၁ ဒသမ ၇ တန်ကို စံချိန်တင်သိမ်းဆည်းရမိကြောင်းနှင့် အဆိုပါကိုကင်းများနှင့်ပတ်သက်၍ သံသယတရားခံလေးဦးကို မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် တရားစွဲဆိုထားကြောင်း တောင်ကိုရီးယား၏ အကောက်ခွန်ဌာနမှတာဝန်ရှိသူများက မေလ ၂၈ ရက်တွင်ပြောသည်။

ဧပြီလ ၂ ရက်တွင် တောင်ကိုရီးယား နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းရှိ ဂန်းနောင် ဆိပ်ကမ်း၌ဆိုက်ကပ်ထားသော တန်ချိန် ၃၂၀၀၀ ရှိကုန်တင်သင်္ဘောပေါ်မှ အဆိုပါမူးယစ်ဆေးဝါးများကိုသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သိမ်းဆည်းရမိသော ကိုကင်းပမာဏ သည် တောင်ကိုရီးယားနိုင်ငံ၏သမိုင်း တစ်လျှောက်တွင် နိုင်ငံသို့တင်ပို့ရန်ကြိုးစား သောမူးယစ်ဆေးဝါးများအနက် အများဆုံး ပမာဏဖြစ်ကြောင်း၊ ထိုကဲ့သို့မူးယစ် ဆေးဝါးများကိုသိမ်းဆည်းရမိမှုက နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးခြိမ်းခြောက်မှု မှလွတ်ကင်းနိုင်ခြင်းမရှိသည်ကိုဖော်ပြ နေကြောင်း သိရသည်။
Ref. Yonhap
Photo - The Korea Times
Source: Myawady Web Portal

ဂါဇာဒေသရှိ ထောက်ပံ့ရေးစင်တာ တစ်ခု၌ ဝရုန်းသုန်းကားဖြစ်ပွားနေစဉ် အတွင်း အစ္စရေးစစ်ဘက်၏ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၄၇ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူအများစုမှာ သေနတ်ဒဏ်ရာများဖြင့်ဖြစ်ကြောင်း ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက မေလ ၂၈ ရက်တွင် ပြောသည်။
သို့သော် ထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေသောနေရာရှိ အရပ်သားများကိုပစ်မှတ်ထား၍ ပစ်ခတ်ခြင်းမျိုးမရှိကြောင်း အစ္စရေးစစ်ဘက်ကထုတ်ပြန်ထားသည်။

ဂါဇာဒေသရှိပြည်သူများစွာကို အငတ်ဘေးဆိုက်စေသည့် အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့မှုများကြားမှ သဘောတူညီချက်အရ ဝင်ရောက်ခွင့်ရရှိသော ထောက်ပံ့ရေးပစ္စည်းများပေးဝေရာနေရာသို့ ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိတွင်ယခုကဲ့သို့ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Ref: AGC
Photo- ABC 7 Chicago
Source: Myawady Daily Newspaper

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်၌ မေလ၂၈ ရက်နံနက်ပိုင်းတွင်လုံခြုံ ရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများ ဖြစ်ပွားကြောင်းနှင့်ထိုပဋိပက္ခပြေလည်ရေး အတွက် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးမှုများကိုလုပ်ဆောင်ရကြောင်း သိရ သည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် နှစ်နိုင်ငံကြားပိုင်နက်အငြင်းပွားနေသည့်နေရာတွင်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သည်များက နှစ်နိုင်ငံကြားသဘော တူညီချက်ကိုချိုးဖောက်ကာ အငြင်းပွား
နယ်မြေသို့ဝင်ရောက်၍ ထိုင်းစစ်သည် များနှင့်ထိပ်တိုက်တွေ့ဆုံစဉ် စတင် ပစ်ခတ်ခြင်းများဖြစ်သောကြောင့် ထိုင်းစစ်သည် များကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း ထိုင်းစစ်ဘက်ကပြောသည်။

ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိကြောင်း ထိုင်းတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကပြောထားသော်လည်း ကမ္ဘောဒီးယားတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကမူ ကမ္ဘောဒီးယားစစ်သည်တစ်ဦးသေဆုံးကြောင်းပြောထားသည်ဟုသိရသည်။
Ref: TST
Photo - Al Jazeera

အစ္စရေးအစိုးရသည် နယူးယောက်တိုင်းမ် သတင်းစာတွင် ထုတ်ပြန်ခဲ့သော “ဝန်ကြီးချုပ် နေတန်ယာဟုက အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခဲ့ပြီး ဝါရှင်တန်နှင့် တီဟီရန်အကြား နျူကလီးယားဆွေးနွေးပွဲများကို နှောင့်ယှက်မည်” ဆိုသည့် သတင်းကို “သတင်းမှား” ဟုပယ်ချခဲ့သည်။

ဗုဒ္ဓဟူးနေ့ (မေ ၂၈) က ဖော်ပြခဲ့သည့် ထိုသတင်းတွင် အမည်မဖော်လိုသော အရာရှိများ၏ ပြောကြားချက်ကို ကိုးကားကာ အစ္စရေး ခေါင်းဆောင်များသည် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အား နျူကလီးယား ချဲ့ထွင်နိုင်စွမ်းကို ဆက်လက်ထားရှိခွင့်ပြုမည်ကို စိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။ အစ္စရေးက ထိုသို့ဖြစ်လာပါက အပြင်းအထန် ကန့်ကွက်မည်ဖြစ်သည်။ ထို့အပြင် အမေရိကန်ထောက်လှမ်းရေးသတင်းအရ အစ္စရေးသည် သံတမန်ရေးအရ သဘောတူညီမှုရယူနိုင်စေကာမူ အနည်းဆုံး ၇ နာရီ အတွင်း အီရန်ကို တိုက်ခိုက်နိုင်သည်ဟု ယူဆထားကြောင်း သတင်း က ဆိုသည်။ နေတန်ယာဟု၏ ရုံးအဖွဲ့က ထိုသတင်းအား “သတင်းမှား” ဟု တိုတိုနှင့် လိုရင်း တုံ့ပြန်ခဲ့သည်။
သတင်းအရ မဟာဗျူဟာရေးရာဝန်ကြီး Ron Dermer နှင့် Mossad ခေါင်းဆောင် David Barnea အပါအဝင် အစ္စရေးအရာရှိများသည် အမေရိကန်၏ အထူးကိုယ်စားလှယ် Steve Witkoff ၊ CIA ဒါရိုက်တာ John Ratcliffe နှင့် အခြားအရာရှိများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ဖော်ပြခဲ့သည်ဟု ဆိုသည်။
လက်ရှိ အမေရိကန်-အီရန် ဆွေးနွေးပွဲများသည် အီရန် နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့်မရရှိစေရန် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ်က ထရမ့်က ပိတ်ဆို့ခဲ့သည့် အီရန်၏စီးပွားရေးကို အလွန်အမင်းထိခိုက်စေခဲ့သည့် အရေးယူမှုများကို ရုပ်သိမ်းရန်လည်း ရည်ရွယ်သည်။ အဓိက အခက်အခဲမှာ အမေရိကန်၏ “အီရန်အနေဖြင့် ယူရေနီယမ် ထပ်တိုးသန့်စင်သည့် စက်ရုံများကို လုံးဝစွန့်လွှတ်ရန်” တောင်းဆိုမှုဖြစ်ပြီး အီရန်က ငြင်းဆန်ထားသည်။
အမေရိကန်နှင့် မဟာမိတ်များသည် အီရန်၏ ယူရေနီယမ် ထပ်တိုး သန့်စင်မှုလုပ်ငန်းစဉ်ကို စိုးရိမ်နေကြပြီး ၎င်းသည် လက်နက်ထုတ်ယူနိုင်သည့်အဆင့်အထိ ယူရေနီယမ်သန့်စင်မှုကို အလျင်အမြန် ဦးစားပေးဆောင်ရွက်နေနိုင်သည်ဟု ယူဆကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယခင်က ယူကရိန်းပဋိပက္ခတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရုရှား အစိုးရအရာရှိတစ်ဦးဖြစ်သူ Zaur Gurtsiev သည် ယူကရိန်းအေးဂျင့်များ၏ လုပ်ကြံသတ်ဖြတ်မှုဟု သံသယရှိရသည့် ဖြစ်စဉ်တစ်ခုတွင် ရုရှား ၏ တောင်ပိုင်းမြို့တော် Stavropol ၌ သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (မေ ၂၈) ညနေပိုင်းတွင် လူနှစ်ဦး၏ အလောင်းများကို ရုရှားမြို့၏နေထိုင်ရာရပ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့ပြီး၊ မတွေ့ရှိမီ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ကြားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ကြာသပတေးနေ့ (မေ ၂၉) နံနက်ပိုင်းတွင် Stavropol ပြည်နယ်အုပ်ချုပ်ရေးမှူး Vladimir Vladimirov က သေဆုံးသူ နှစ်ဦး အနက်တစ်ဦးမှာ ဒေသအစိုးရဝန်ထမ်း Zaur Gurtsiev ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၎င်းက “စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် ဖြစ်နိုင်ခြေရှိသော အခြေအနေအားလုံးကို စဉ်းစားနေပါသည်။ ၎င်းတွင် ယူကရိန်းမှ နာဇီများက စီစဥ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုလည်း ပါဝင်နိုင်သည်” ဟု ပြောကြားခဲ့သည်။
Gurtsiev သည် ရုရှား၏ ယူကရိန်းဆန့်ကျင်ရေး စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ခေါင်းဆောင်မှုအရည်အချင်းကောင်းများ ပြသခဲ့သည့် စစ်မှုထမ်းဟောင်းများအား လေ့ကျင့်သင်ကြားပေးရန်နှင့် အလုပ်အကိုင် ဖန်တီးပေးရန် ရည်ရွယ်သည့် အထူးအစီအစဥ်မှတစ်ဆင့် အများပြည်သူဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
အစိုးရမှတ်တမ်းများအရ Gurtsiev သည် Stavropol ၏ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး လုံခြုံရေးနှင့် အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာတာဝန်များကို ကြီးကြပ်ခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့များက RT သို့ ပြောကြားချက်အရ ဒုတိယ သေဆုံးသူသည် Gurtsiev ၏ အသက် ၂၉ နှစ် အရွယ် အသိမိတ်ဆွေတစ်ဦးဖြစ်ပြီး၊ လက်လုပ်ဗုံးပေါက်ကွဲမှု (IED) ကြောင့် သေဆုံးခဲ့ရသည် ဟု အများဆုံးထင်မြင်ယူဆရကြောင်း ဖော်ပြခဲ့သည်။
ယခင်က မီဒီယာများတွင် CCTV ကင်မရာမှတ်တမ်း အချက်အလက်များကို အခြေခံကာ ဒုတိယသေဆုံးသူသည် အသေခံဗုံးခွဲတိုက်ခိုက်သူ (Suicide Bomber) ဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း၊ ယခုအခါ တရားဝင်စုံစမ်းမှုများအရ ထိုအချက်ကို ပယ်ချခဲ့သည်။

ယူကရိန်းတပ်များသည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင် လိုက်ပါလာသည့် ရဟတ်ယာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုပါက ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများ၏ အကူအညီကို အားထားခဲ့ရမည်ဖြစ်ကြောင်း အမေရိကန်ရေတပ် ထောက်လှမ်းရေး အရာရှိဟောင်းနှင့် ကုလသမဂ္ဂ လက်နက်စစ်ဆေး ရေးမှူး Scott Ritter က RT သို့ ပြောကြားခဲ့သည်။

ရုရှား လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူး Yury Dashkin က လွန်ခဲ့သည့်သီတင်းပတ်က Russia 1 ရုပ်သံလိုင်းသို့ ပြောကြားရာတွင် မေလ ၂၀ ရက်က Kursk ဒေသသို့ ပူတင်၏ ခရီးစဉ်အတွင်း ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြီး၏ “ဗဟိုချက်” တွင် သမ္မတ၏ရဟတ်ယာဉ် ပါဝင်နေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ သမ္မတလိုက်ပါလာသော ရဟတ်ယာဉ် လေထဲ ရောက်နေချိန်တွင် ဒရုန်းတိုက်ခိုက်မှုများ သိသိသာသာများပြားလာပြီး ထိုဒေသတွင် ဒရုန်း ၄၆ စီးကို ပစ်ချခဲ့ရကြောင်း ၎င်းက ဆိုသည်။
ဗုဒ္ဓဟူးနေ့ (မေ ၂၈) က RT နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Ritter က “ယူကရိန်းတပ်များသည် ရုရှားသမ္မတ၏ ရဟတ်ယာဉ်ကို အမှန်တကယ် ပစ်မှတ်ထားခဲ့ပါက ၎င်းတို့ချည်းအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပါ၊ အနောက်နိုင်ငံများထံမှ အကူအညီရရှိခဲ့မည်ဖြစ်ပြီး အနောက်နိုင်ငံများသည် ရုရှားသမ္မတကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်” ဟု အတိအလင်း ထောက်ပြခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ “Golden Dome” ရွှေကွန်ချာ ဒုံးကျည်အကာအကွယ်အစီအစဉ်သည် အာကာသတွင်း နျူကလီးယား စစ်ပွဲကို ပေါ်ပေါက်လာစေမည့် အန္တရာယ်များသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရပါသည်။

ဒုံးကျည်အကာအကွယ်အစီအစဉ်အတွက် အသေးစိတ်အချက်အလက်များနှင့် ကနဦးရန်ပုံငွေအသစ်ကို ဒေါ်နယ်ထရမ့်က လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်သည် အမေရိကန် နိုင်ငံ၏အောင်မြင်မှုနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလွန် အရေးကြီးသည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် သိသာ ထင်ရှားသည့် နည်းပညာနှင့် နိုင်ငံရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ကြီးမားသည့် ကုန်ကျမှုများ ရှိလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ ပါသည်။
ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို နျူကလီးယားလက်နက်ပိုင်နိုင်ငံများ၏ မဟာဗျူဟာမြောက်လုံခြုံရေးကို ခြိမ်းခြောက်ရန် ရည်ရွယ်ထားသော အန္တရာယ်များသည့် အစီအစဉ်တစ်ခုအဖြစ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရပါသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို တည်ဆောက်ရန် အမေရိကန်၏ အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစစ်ပွဲနှင့် အာကာသလက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ် လာစေနိုင်သည့် မူလဇစ်မြစ်တစ်ခုပင်ဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။
ကိုးကား- NP News

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဖြူးပေးဝေသည့်နေရာသို့ အကူအညီများ သွားရောက်ယူဆောင်ကြသည့် ဂါဇာဒေသခံပြည်သူများအား အစ္စရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ဂါဇာဒေသတွင် အခြေအနေများ ရှုတ်ထွေးလျက် ရှိသည်။

ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဖောင်ဒေးရှင်းသည် မေလ ၂၇ ရက် နေ့မှစ၍ အစားအစာများကို ဖြန့်ဝေပေးလျက်ရှိသည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့အစည်းမှ ပေးပို့သည့် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများသည် ဟားမက်တို့၏ လက်ထဲတွင်သာ အဆုံးသတ်ခဲ့ရကြောင်း အစ္စရေးနှင့် အမေရိကန်တို့က အခိုင်အမာပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဖောင်ဒေးရှင်းမှတစ်ဆင့် ဖြန့်ဝေ ပေးပို့ခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းအနေဖြင့် ဂါဇာဒေသအတွင်း ဖြန့်ဝေရေးနေရာ (၂) ခုမှ အစာအာဟာရ ၈၄၀,၀၀၀ နီးပါးကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
သို့ရာတွင် မေလ ၂၇ ရက်နေ့တွင် အစားအစာ ရရှိရန်အတွက် သွားရောက်စုဝေးခဲ့ကြသည့် ဒေသခံ ၃ ဦးမှာ အစ္စရေးစစ်သားများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဂါဇာဒေသအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။
အာရပ်သတင်းဌာနအတော်များများကမူ အစားအသောက်ဖြန့်ဝေသည့်နေရာသို့ သွားရောက်ရန် ကြိုးပမ်းခဲ့ကြသူများအား အစ္စရေးတပ်သားများက ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း မေလ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့ကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)

အိန္ဒိယစစ်တပ်မှ ဗိုလ်ချုပ်ကြီး Upendra Dwivedi သည် အင်္ဂါနေ့ (မေ ၂၇) တွင် ပြည်တွင်းထုတ် ဒရုန်းနည်းပညာများ၊ ဒရုန်းကာကွယ်ရေးစနစ်များနှင့် ပစ်လွှတ်ပြီးနောက် ပစ်မှတ်ရှာဖွေတိုက်ခိုက်နိုင်သည့် (kamikaze) ဒရုန်းလက်နက်များ၏ သရုပ်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အိန္ဒိယအရာရှိများအဆိုအရ ယခုသရုပ်ပြမှုကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်ရှိ Babina Field Firing Ranges တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယစစ်တပ်က X တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် “အဆိုပါ နည်းပညာစွမ်းရည်များသည် မတူညီသော မြေမျက်နှာသွင်ပြင်များတွင် စစ်ဆင်ရေး၏ထိရောက်မှု၊ တပ်ဖွဲ့ဝင်များ၏လုံခြုံရေးနှင့် တိကျသော တိုက်ခိုက်မှုစွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်” ဟု ဖော်ပြထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဆီးရီးယားနှင့် အစ္စရေးအစိုးရတို့က နှစ်နိုင်ငံကြားရှိ လုံခြုံရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားမှုများကို ကာကွယ်ရေးနှင့် တင်းမာမှုများ လျော့ကျစေ ရေးတို့အတွက် မျက်နှာချင်းဆိုင်တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍သိရှိသူ များကပြောထားသည်။
ထိုကဲ့သို့ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်လာခြင်းသည် ဆယ်စုနှစ်များစွာအတွင်း အရှေ့အလယ်ပိုင်း ဒေသ၌ဖြစ်ပွားနေသော ပဋိပက္ခနိုင်ငံများကြား ဆက်ဆံရေး တိုးတက်လာမှုကို ဖော်ညွှန်းပြသနေသည်။

လက်ရှိ အမေရိကန်သမ္မတ၏ အစိုးရကလည်း အစ္စရေးနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရကို ထောက်ခံအားပေးကာ ဆီးရီးယားအပေါ် ဗုံးကြဲမှုများ လျှော့ချလုပ်ဆောင်လာနေသည့် အစ္စရေးအစိုးရ၏ လုပ်ဆောင်ချက်ကိုလည်း ထောက်ခံထားသည်။
ယခုတိုက်ရိုက်ဆွေးနွေးမှုတွင် ဆီးရီးယားဘက်မှ အဆင့်မြင့်လုံခြုံရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကူနီထရာပြည်နယ် အုပ်ချုပ်ရေးမှူး အာမတ်အယ်ဒါလာတီ ဦးဆောင်လျက်ရှိသော်လည်း အစ္စရေးဘက်မှ မည်သူက ဦးဆောင်နေသည်ကို သတင်းအရင်းအမြစ်များက ပြောထားခြင်းမရှိပေ။
အထူးသဖြင့် ဆီးရီးယားနှင့် အစ္စရေးတို့သည် ဂိုလန်ကုန်းမြင့်ဒေသ အရေးနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပွားနေခြင်း ဖြစ်သည်။ အဆိုပါ ဂိုလန်ကုန်းမြင့်ဒေသ ကိုအစ္စရေးဘက်က သိမ်းပိုက်ထားခြင်း ဖြစ်သည့်အပြင် ဆီးရီးယားအပေါ်ဗုံးကြဲ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်ကမှ ထိုတိုက်ခိုက်မှုများကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။