ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေး

News Image

  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ ကြားဖြစ်ပွားသော နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက ထိုင်းနိုင်ငံ၌တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များစွာ ရရှိခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံမှလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၈ ရက်နံနက်ပိုင်းတွင် နှစ်နိုင်ငံပိုင်နက်အငြင်းပွားနယ်မြေ၌ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးသွားသည်။
မေလ ၂၉ ရက် ညနေ ၃ နာရီတွင် နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက တစ်နာရီ မိနစ် ၂၀ ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များရရှိကြောင်း၊ လက်ရှိဖြစ်ပွားသောပြဿနာကို ပူးတွဲနယ်စပ်ရေးရာကော်မရှင်မှတစ်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောင်တွင် ထိုကဲ့သို့သောဖြစ်စဉ်မဖြစ်ပွားရေးအတွက် နှစ်ဖက်စလုံးအနေဖြင့် နယ်စပ်ဒေသတစ်လျှောက်တွင် သင့်လျော်မှုရှိပြီးထိပ်တိုက်မတွေ့နိုင်သောနေရာများတွင် အခြေချသွားမည်ဖြစ်ကြောင်းသိရသည်။ 

Ref. LT

Photo- Nation Thailand