သတင်းများ

အမေရိကန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား

အမေရိကန်၊ Connecticut ပြည်နယ်၊ Waterbury မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း အင်္ဂါနေ့ (မေ ၂၇) က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအချို့ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါပစ်ခတ်မှုသည် Brass Mill Center ဟုခေါ်သော ဈေးဝယ်စင်တာ တွင် ညနေ ၄:၄၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Waterbury ရဲတပ်ဖွဲ့မှူး Fernando Spagnolo က သတင်းစာ ရှင်းလင်းပွဲတွင် “ဒဏ်ရာရသူအားလုံးကို ဒေသဆေးရုံများသို့ ပို့ဆောင်ပြီး ကုသမှုခံယူနေကြပါပြီ။ လတ်တလောတွင် သေဆုံးသူမရှိပါ” ဟု ပြောကြားခဲ့သည်။

Waterbury ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် “အရေးပေါ် ဝန်ထမ်းများ ထိရောက်စွာတုန့်ပြန်နိုင်ရန်နှင့် လုံခြုံရေးအာမခံနိုင်ရန်ပြည်သူများအနေဖြင့် ဖြစ်ရပ်ဖြစ်ပွားရာနေရာသို့ သွားရောက်ခြင်း မပြုကြရန် တိုက်တွန်းအပ်ပါသည်” ဟု ဖော်ပြထားသည်။

ပစ်ခတ်မှုကျူးလွန်သူသူ အရေအတွက်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးဘဲ လက်ရှိအချိန်အထိ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း သိရှိရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂါဇာတွင် အကျဉ်းခံခဲ့ရသည့် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) စစ်မှုထမ်းဟောင်းတစ်ဦးက သူမ၏ အကြီးမားဆုံး ကြောက်ရွံ့မှုများထဲမှ တစ်ခုမှာ အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ကြောင်း ပြောကြား

အကျဉ်းသားလဲလှယ်မှု သဘောတူညီချက်အရ ဟားမက်မှ လွှတ်ပေးခဲ့သည့် အစ္စရေးစစ်သားတစ်ဦးက အကျဉ်းခံဘဝအတွင်း သူမ အကြောက်ဆုံးအရာမှာ အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ကြောင်းပြောကြားခဲ့သည်။ “ဒါဟာ အခြားဘယ်အရာထက်မဆို ကျွန်မကို ပိုပြီးအန္တရာယ် ဖြစ်စေသည့်အရာပါ” ဟု Na’ama Levy က ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင် နေတန်ယာဟုက ယခုလအစောပိုင်းအတွင်း “မိမိတို့၏ ရန်သူများကို အနိုင်ယူရန်သည် အဓိကပန်းတိုင်ဖြစ်ပြီး ဂါဇာမှာ ကျန်ရှိနေသေးသည့် အကျဉ်းသားများကို ကယ်တင်ရန်ထက် ပိုအရေးကြီးပါသည်” ဟု ပြောဆိုခဲ့သည့် နောက်ပိုင်းတွင် အကျဉ်းသားဟောင်း၏ ထုတ်ဖော်ပြောဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုးကား- CNN

ဂါဇာစစ်ပွဲ စတင်ချိန်မှစ၍ စစ်လက်နက်ပစ္စည်း တန်ချိန် ၉၀,၀၀၀ ကျော် ကို အစ္စရေး လက်ခံရရှိ

၁၉ လ ကြာမြင့်နေပြီဖြစ်သော ဂါဇာထိုးစစ် စတင်ခဲ့ချိန်မှစ၍ အစ္စရေး နိုင်ငံထဲသို့ စစ်ဘက်ကုန်တင်လေယာဉ် အစင်း ၈၀၀ ဆင်းသက်ခဲ့ပြီး စစ်လက်နက်ပစ္စည်း တန်ချိန် ၉၀,၀၀၀ ကျော် ပို့ဆောင်ပေးခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ရောက်ရှိလာသည့် လတ်တလော စစ်ဘက်သုံးပစ္စည်းများမှာ အဓိကအားဖြင့် ဂါဇာဒေသ၌ အစ္စရေး၏ ထိုးစစ်ဆင်မှု၊ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို အထောက်အကူပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ အစ္စရေးကိုယ်စားလှယ်အဖွဲ့နှင့် အစ္စရေးစစ်တပ်၏ အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ခဲယမ်းကျည်များ၊ သံချပ်ကာယာဉ်များ၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါဝင်သော ထောက်ပံ့ပေးပို့မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။

လေကြောင်းမှပေးပို့မှုများအပြင် ကုန်တင်သင်္ဘောအစင်း ၁၄၀ ခန့်မှာလည်း ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ရောက်ရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

“လေကြောင်းနှင့် ရေကြောင်းကနေ သယ်ယူပို့ဆောင်သည့် လုပ်ငန်းစဉ် သည် စဉ်ဆက်မပြတ် လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းပြီး IDF (အစ္စရေး ကာကွယ်ရေးတပ်) ၏ စစ်ပွဲကာလ ရည်မှန်းချက်များ အထမြောက် အောင်မြင်ရန်နှင့် အသင့်အနေအထားရှိမှုကို တိုးမြှင့်ရာမှာ အရေးတကြီး လိုအပ်နေသည့် အရာပဲဖြစ်ပါသည်” ဟုလည်း ၎င်းဝန်ကြီးဌာနက ဆိုသည်။

ဟားမက်အဖွဲ့ ဦးဆောင်သည့် တိုက်ခိုက်ရေးသမားများက လူ ၁,၂၀၀ ခန့် ကို သတ်ဖြတ်ကာ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် အစ္စရေးက ဂါဇာဒေသအား မြေပြင်နှင့် ဝေဟင်တို့မှ ထိုးစစ် ဆင်ခဲ့ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ 

အကျိုးဆက်အနေဖြင့် အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့ရာ လူပေါင်း ၅၄,၀၅၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၃,၁၂၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ မေ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား- Xinhua

ယူကရိန်းက မော်စကိုကို ပစ်မှတ်ထား၍ အကြီးစား ဒရုန်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်

ယူကရိန်းနိုင်ငံမှ မော်စကိုမြို့နှင့် ဆင်ခြေဖုံးဒေသများကို ဒရုန်းများဖြင့် အကြီးစား တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး တစ်ညအတွင်း ဒရုန်း ၄၂စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသခံ အရာရှိများက ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့ပြီး လေယာဉ် ပျံသန်းမှုများကို ယာယီရပ်ဆိုင်းခဲ့ရသော်လည်း လူသေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

မော်စကိုဒေသ အုပ်ချုပ်ရေးမှူး Andrey Vorobyov ၏အဆိုအရ ဗုဒ္ဓဟူးနေ့ (မေ ၂၈) နံနက်စောစောပိုင်းတွင် မြို့နယ် ၁၂ ခုအနှံ့သို့ ပျံသန်း တိုက်ခိုက် လာသော ဒရုန်းများကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ချေမှုန်း နိုင်ခဲ့ကြောင်း သိရှိရသည်။ မော်စကို၏ တောင်ဘက်ရှိ Chekhov ခရိုင်၊ Troitskoye ကျေးရွာတွင် နေအိမ် ၃ အိမ် ပျက်စီးခဲ့ကြောင်း Vorobyov က ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ဖြစ်စဉ်နေရာတွင် တာဝန် ထမ်းဆောင်နေပြီး ထိခိုက်ဒဏ်ခံရသူများအား အကူအညီများပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မော်စကိုမြို့တော်ဝန် Sergey Sobyanin က ရုရှားမြို့တော်အပေါ် ဒရုန်းတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး တိုက်ခိုက်မှုသည် နံနက် ၁၂ နာရီ ၃၀ ခန့်မှစတင်၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီး ရုရှားနိုင်ငံသို့ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီး Ri Chang Dae သည် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်အတွက် ပြုံယမ်းမှ ရုရှားနိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာခဲ့ကြောင်း မြောက်ကိုရီးယားအာဏာရပါတီ၏ မေလ ၂၅ ရက်နေ့ထုတ် Rodong Sinmun သတင်းစာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ခရီးစဉ်အတွင်း Ri Chang Dae သည် ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ထိုသို့ တွေ့ဆုံစဉ် ရုရှားနိုင်ငံသို့ စေလွှတ်ထားရှိသည့် မြောက်ကိုရီးယားတပ်ဖွဲ့များနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ အနာဂတ်ကာလတွင် တပ်ဖွဲ့ဝင်များ စေလွှတ်မည့် အစီ အစဉ်များ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်များ၏ ရုပ်အလောင်းများအား မိခင်နိုင်ငံသို့ ပြန်လည်သယ်ယူရေး ကိစ္စရပ်များနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် စစ်သည်များ၏ အရေးကိစ္စများလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

ထို့အပြင် ရုရှားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည်လည်း မေလ ၂၆ ရက်နေ့တွင် ပြုံယမ်းသို့ ရောက်ရှိလျက်ရှိကြောင်း Rodong Sinmun သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

ယခုကဲ့သို့ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ၏ ခရီးစဉ်သည် လာမည့်ဇွန်လတွင် ပြည့်မြောက်မည့် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့၏ နှစ်နိုင်ငံကြား မဟာဗျူဟာမိတ်ဖက်စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ခြင်း (၁) နှစ် ပြည့်နှစ်ပတ်လည်ကို ကြိုဆိုလိုက်ခြင်းပင်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK 

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက (၄)

ရုရှားက ယူကရိန်းမှ အသေခံဒရုန်း အစင်းရေ ၁၅၀ ကျော်ကို တစ်ရက်အတွင်း ပစ်ချရဟုဆို

ရုရှားနိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့သည် ပြီးခဲ့သည့် တစ်ရက်တာ ကာလအတွင်း ယူကရိန်းမှလာရောက် တိုက်ခိုက်သည့် အသေခံဒရုန်းအစင်းရေ ၁၅၀ ကျော်ကိုပစ်ချလိုက်ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

မေလ ၂၅ ရက် နံနက် ၁၀ နာရီမှ  ၂၆ ရက်နံနက် ၈ နာရီအထိ  ဒရုန်းအစင်းရေ ၁၄၈ စင်းကိုပစ်ချနိုင်ကာ ယင်းနောက်ပိုင်းတွင် ဒရုန်းငါးစင်းကို ထပ်မံပစ်ချနိုင်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံသည် ရုရှားအပေါ်ဒရုန်း ဖြင့် တိုက်ခိုက်မှုများကို   ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည့်အပြင်  ယခင်ကညပိုင်းမှ လုပ်ဆောင်သည့် တိုက်ခိုက်မှုများကိုလည်း နေ့ပိုင်းတွင် ပြောင်းလဲ လုပ်ဆောင်လာနေကြောင်း၊ ယခုတိုက်ခိုက်မှုများကြောင့် မေလ  ၂၅ ရက်တွင် ရုရှားနိုင်ငံ တူလာဒေသရှိ ဘုရားရှိခိုးကျောင်း တစ်ခု၏အမိုးကိုထိမှန်ပြီး မီးလောင်မှုဖြစ်ပွားရကြောင်း   မျက်မြင်တွေ့ရှိသူများနှင့် တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားနိုင်ငံ နှင့်ပေါင်းစည်းလာသည့် ခု(စ်)ဒေသသို့ ရုရှားသမ္မတဗလာဒီမာပူတင် သွားရောက်စဉ် ၎င်းစီးနင်းလာသော ရဟတ်ယာဉ်ကို ယူကရိန်းဘက်က ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရန် လုပ်ဆောင်မှုအပြီးတွင်ရုရှားက ယူကရိန်းနိုင်ငံအတွင်းရှိ ဒရုန်းတပ်ဆင် ထုတ်လုပ်ရေး စက်ရုံအပါအဝင် စစ်ရေးပစ်မှတ် အများအပြားကို တာဝေး တိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။ ယူကရိန်းဘက်က ထိုကဲ့သို့တိုက်ခိုက်မှုများ လုပ်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်လိုဖျက်ဆီး လုပ်ရာရောက်ကြောင်း သိရသည်။

Source: Myawady Web Portal

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံး

အစ္စရေးတို့၏ မေလ ၂၆ ရက်တိုက်ခိုက်မှုတွင် စာသင်ကျောင်းတစ်ကျောင်း၌ ခိုလှုံနေရသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံးရကြောင်း ဂါဇာရှိ ကယ်ဆယ်ရေးသမားများက ပြောသည်။

အဆိုပါတိုက်ခိုက်မှု လုပ်ဆောင်သည့် နေရာသည် အကြမ်းဖက်သမားများ ပုန်းခိုနေသည့် နေရာဖြစ်ကြောင်း အစ္စရေးက ပြောထားသော်လည်း ယခုတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူအများစုသည် ကလေးငယ်များသာ ဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် ထားသည်။

အစ္စရေးနိုင်ငံသည် စားနပ်ရိက္ခာနှင့် ဆေးဝါးမျာ ပြတ်လပ်လုနီးပါးဖြစ်နေသည့် ဂါဇာဒေသအပေါ် သုံးလကြာပိတ်ဆို့ထားမှုကို အနည်းငယ် ဖြေလျှော့ပေးမှုကြောင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စီးဆင်းခွင့် ရရှိသော်လည်း မြေပြင်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာနေသည့် အတွက် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။ 

ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ ကာဗိုက်ပြည်နယ်၌ မေလ ၂၆ ရက်နံနက်ပိုင်းတွင် သေနတ်ပစ် ခတ်မှုတစ်ခုဖြစ်ပွားရာ ပစ်ခတ်သူ သေနတ်သမားအပါအဝင် လူလေးဦး သေဆုံးပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ဒက်စမာရီနာမြို့ရှိ ကျေးရွာခန်းမတစ်ခု၌ အလံတင်အခမ်းအနားကျင်းပနေစဉ် နံနက် ၈ နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိသွားစဉ်ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားလေးဦးနှင့်ဒဏ်ရာ ပြင်းထန်စွာရရှိထားသူ အမျိုးသမီးတစ်ဦး တို့ကိုတွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူသုံးဦးမှာ ကျေးရွာတာဝန်ရှိသူများဖြစ်ကြောင်း၊ ကျေးရွာလုံခြုံရေးတာဝန်ယူဖူးသူ ယင်းသေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရသည်။

Ref: Xinhua

Photo- Rappler

Source: Myawady Daily Newspaper

အမေရိကန်စစ်တပ်က လာမည့်လအနည်းငယ်အတွင်း ဥရောပမှ စစ်သည်အင်အားလျှော့ချရန် မျှော်လင့်ထားဟု ဆို

ဂျာမန်နေ့စဉ်သတင်းစာ Handelsblatt က ဥရောပ အဆင့်မြင့် သံတမန်များ၏ ပြောဆိုမှုများကို ကိုးကား၍ အမေရိကန်သည် လာမည့်လ အနည်းငယ်အတွင်း ဥရောပရှိ စစ်အခြေစိုက်စခန်းများ လျှော့ချမည်ဟု ကြေညာရန် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ သို့သော် ရုပ်သိမ်းမည့် ပမာဏနှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရှိရသေးဘဲ NATO သည် အဆိုပါ လုပ်ဆောင်မှုအတွက် ပြင်ဆင်နေသည်ဟု သတင်းစာက ဆိုသည်။

EU အရင်းအမြစ်များအရ အဆိုပါရုပ်သိမ်းမှုသည် အမေရိကန်၏ နိုင်ငံတော် ကာကွယ်ရေး ဗျူဟာအသစ်နှင့် ဆက်စပ်နေနိုင်သည်ဟု ဆိုသည်။ အဆိုပါ ဗျူဟာစာတမ်းကို နွေရာသီအကုန်တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ Handelsblatt နှင့် တွေ့ဆုံခဲ့သော အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Elbridge Colby ၏ အဆိုအရ ဝါရှင်တန်သည် ပေကျင်းနှင့် ထိပ်တိုက်တွေ့မည့် အလားအလာ အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် တရုတ်ကို ထိန်းချုပ်နိုင်ရေး အာရုံစိုက်ရန် လိုအပ်နေသည်ဟု သိရှိရသည်။

အမေရိကန်သည် အရှေ့ဥရောပမှ စစ်သည် ၁၀,၀၀၀ အထိ ရုပ်သိမ်းရန် စဉ်းစားနေကြောင်း NBC News က ဧပြီလတွင် ဖော်ပြခဲ့ပြီးနောက် စစ်တပ် ရုပ်သိမ်းမည့် အလားအလာနှင့် ပတ်သက်သော ကောလာဟလများ မီဒီယာများတွင် ပျံ့နှံ့နေခဲ့သည်။ အမေရိကန်သမ္မတ Donald Trump က နောက်ပိုင်းတွင် စစ်တပ်အင်အား တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းရန် စဉ်းစားနေကြောင်း အတည်ပြုခဲ့သော်လည်း ရုပ်သိမ်းမည့် ပမာဏ၊ အချိန်တို့နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် မပေးခဲ့ပေ။

လီဗာပူး ပရိသတ်များကို ကားဖြင့် ဝင်တိုက်သည့် ဖြစ်စဉ်သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေခြင်းမဟုတ်ဟု ရဲတပ်ဖွဲ့ဆို

မေလ ၂၆ (တနင်္လာနေ့) က အောင်ပွဲခံ လီဗာပူးအသင်းအား စောင့်ကြည့်အားပေးနေသည့် လူအုပ်ကြီးထဲသို့ ကားဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် လူ ၄၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မာဆေးဆိုဒ် ရဲတပ်ဖွဲ့က ဖြစ်စဉ်သည် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်ချက်မဟုတ်ကြောင်း ရှင်းလင်းသွားပါသည်။ 

လီဗာပူးအသင်း ပရီမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းကြောင့် ပရိသတ်များက အောင်ပွဲခံသည့်အနေဖြင့် မြို့လယ်ရှိ ဝါးတားလမ်းတစ်လျှောက် ၌ ချီတက်ခဲ့ကြပါသည်။ အသက် ၅၃ နှစ်အရွယ် လူဖြူတစ်ယောက်က အဆိုပါလူအုပ်ကြီးထဲသို့ ကားဖြင့်အရှိန်ပြင်းစွာ ဖြတ်မောင်းသွားခဲ့ခြင်းကြောင့်လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါသည်။ ကားသမားက လူအုပ်ကြီးကို တိုက်ပြီးထွက်ပြေးသွားသော်လည်း ရဲများက အချိန်မီဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်၌ ကောလာဟလမျိုးစုံ ထွက်ပေါ်နေရာ ရဲတပ်ဖွဲ့ ယာယီလက်ထောက်အကြီးအကဲ ဂျန်နီဆင်မ် က “လူတွေက ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ မတင်ရန်၊ ထင်ကြေးတွေ မရေးကြရန် ၊ နောက်ပြီး အဆိုပါသတင်းကို ထပ်မံပြန့်မ သွားအောင် မဖြန့်ဝေကြဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသွားပါသည်။ “ဒါဟာ သီးခြားဖြစ်ရပ်တစ်ခု ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ပြီးတော့ အဲဒါနှင့်ပတ်သက်ပြီး တခြားဘယ်သူကိုမှ လောလောဆယ် ရှာမတွေ့ သေးပါဘူး။ ထိုအဖြစ်အပျက်ကို အကြမ်းဖက်ဝါဒအဖြစ် မမှတ်ယူပါ” ဟုလည်း ပြောသွားပါသည်။

ကိုးကား- MNP