သတင်းများ

ဂျာမနီက ယူကရိန်းအား Taurus ဒုံးကျည်များပေးခြင်းက စစ်ပွဲကြီးကိုဖြစ်စေနိုင်ဟုဆို

ဂျာမနီအစိုးရက ယူကရိန်းနိုင်ငံအား Taurus ဒုံးကျည်များကို ပေးအပ်သွားရန် ဆုံးဖြတ်ထားခြင်းသည် ရုရှား-ယူကရိန်း စစ်ဘောင်ကို ဥရောပဒေသ တစ်ဝန်းသို့ ပျံ့နှံ့စေပြီး စစ်ပွဲကြီးကိုဖြစ်စေနိုင်ကြောင်း  ဘိုလစ်ဗီးယားနိုင်ငံမှ သုတေသီတစ်ဦးက Sputnik သတင်းဌာနသို့ ပြောသည်။

အဆိုပါ  Taurus  ဒုံးကျည်များကို ပေးအပ်ရန် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုံးဖြတ်ခြင်းက ယူကရိန်းနိုင်ငံမှနေ၍ ရုရှား နိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဘိုလစ်ဗီးယား ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးသုတေသီ ဟိုဆေးဟူဂိုဟိုးဒစ်မာကာဒိုက ပြောခြင်း ဖြစ်သည်။

ဂျာမနီအစိုးရ၏ လုပ်ဆောင်ချက်ကို စစ်ရေးရှုထောင့်မှကြည့်ပါက   ရုရှား-ယူကရိန်း ပဋိပက္ခတွင် ဂျာမနီနိုင်ငံအနေဖြင့် သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသည်ကို ပြဆိုနေကြောင်း၊ နိုင်ငံရေးရှုထောင့်မှ ကြည့်ပါက တိုက်ရိုက် ပါဝင်စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ပါဝင်မှုကြောင့် ဥရောပတိုက်ကြီး တစ်တိုက်လုံးဆီသို့ စစ်မီးကူးစက်သွားစေနိုင်ကြောင်း၊  ထိုမှတစ်ဆင့်စစ်ပွဲကြီးကိုပင် ဖြစ်စေနိုင်ကြောင်း သုတေသီကပြောသည်။

အလားတူ ရုရှားနိုင်ငံရှိ မည်သည့်နေရာကိုမဆို ဂျာမနီနိုင်ငံက ထုတ်လုပ်ထားသောTaurus ဒုံးကျည်ထိမှန်ပါက ဂျာမနီနိုင်ငံသည် ယူကရိန်းဘက်မှ စစ်ကူပါဝင်သည်ဟု သတ်မှတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။

ထို့အတူ ယူကရိန်းနိုင်ငံသို့ လက်နက်များပေးပို့မှုက ပဋိပက္ခဖြေရှင်းမှုကို ဟန့်တားနေခြင်းဖြစ်ကြောင်း   ၎င်းက ဆက်ပြောထားသည်။

Source: Myawady Web Portal

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ ကြားဖြစ်ပွားသော နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက ထိုင်းနိုင်ငံ၌တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များစွာ ရရှိခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံမှလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၈ ရက်နံနက်ပိုင်းတွင် နှစ်နိုင်ငံပိုင်နက်အငြင်းပွားနယ်မြေ၌ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးသွားသည်။
မေလ ၂၉ ရက် ညနေ ၃ နာရီတွင် နှစ်နိုင်ငံကြည်းတပ်ဦးစီးချုပ်များက တစ်နာရီ မိနစ် ၂၀ ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသဘောတူညီချက်များရရှိကြောင်း၊ လက်ရှိဖြစ်ပွားသောပြဿနာကို ပူးတွဲနယ်စပ်ရေးရာကော်မရှင်မှတစ်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောင်တွင် ထိုကဲ့သို့သောဖြစ်စဉ်မဖြစ်ပွားရေးအတွက် နှစ်ဖက်စလုံးအနေဖြင့် နယ်စပ်ဒေသတစ်လျှောက်တွင် သင့်လျော်မှုရှိပြီးထိပ်တိုက်မတွေ့နိုင်သောနေရာများတွင် အခြေချသွားမည်ဖြစ်ကြောင်းသိရသည်။ 

Ref. LT

Photo- Nation Thailand

မြောက်ကိုရီးယားမှ ရုရှားသို့ စစ်သည်များနှင့် ဒုံးကျည်များအပါအဝင် လက်နက်ခဲယမ်းသန်းချီ ပေးပို့ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာက ဖော်ပြ

အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ လတ်တလော အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် လွန်ခဲ့သော တစ်နှစ်အတွင်း ရုရှားသို့ စစ်သည်များနှင့် ဒုံးကျည်၊ ဒုံးပျံများအပါအဝင် လက်နက်ခဲယမ်းသန်းချီ ပေးပို့ခဲ့ကြောင်း ဆိုသည်။ အဆိုပါအချက်သည် ပြုံယမ်းအနေဖြင့် ယူကရိန်း နိုင်ငံအား သုံးနှစ်ကြာ စစ်ပွဲဖြစ်ပွားစေရာတွင် ရုရှားကို မည်မျှအထိ ကူညီ ထောက်ပံ့ခဲ့ကြောင်း ရှင်းလင်းစွာ ညွှန်းဆိုနေသည်ဟု အဆိုပါ အစီရင်ခံ စာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသော Multilateral Sanctions Monitoring Team (MSMT) မှ ကြာသပတေးနေ့ (မေ ၂၉) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင်ကမြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများ အကောင်အထည် ဖော်မှုကို စောင့်ကြည့်သော ကုလသမဂ္ဂအဖွဲ့ကို ရုရှားက ဖျက်သိမ်းစေခဲ့ ပြီးနောက် အဆိုပါအဖွဲ့ကို အသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားမှ ရုရှားအတွက် စစ်သည်များစေလွှတ်ခဲ့သည့် အချက်များကို ယခင်က မှတ်တမ်းတင်ခဲ့ကြသော်လည်း အဆိုပါ အစီရင်ခံစာတွင် ရုရှား-ယူကရိန်းပဋိပက္ခ စတင်သည့်အချိန်မှစ၍ ပြုံယမ်းမှပေးပို့ခဲ့သော လက်နက်ပစ္စည်းများ၏ တုန်လှုပ်ဖွယ်ပမာဏနှင့် အမျိုးအစားများကို အတိအလင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် အတွင်း ကျည်ဆန်နှင့် လက်နက်ခဲယမ်း ၉ သန်း၊ ယခုနှစ် အစောပိုင်းလများတွင် စစ်သည် ၃,၀၀၀ အပါအဝင် လွန်ခဲ့သောနှစ်က စစ်သည် ၁၁,၀၀၀ ကျော်၊ ဒုံးပစ်လက်နက်များ၊ မော်တော်ယာဉ်များ၊ အမြောက်များနှင့် အခြားအကြီးစား လက်နက်ကြီးများနှင့် အနည်းဆုံး ဒုံးကျည် ၁၀၀ ကို ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုဒုံးကျည်များကို ကိယက်ဗ်နှင့် ဇာပိုရီဇီးယားကဲ့သို့သော လူဦးရေ ထူထပ်သည့် ဒေသများရှိ အရပ်သားအခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ပစ်လွှတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြောက်ကိုရီးယား နှင့် ရုရှားတို့အကြား ထိုကဲ့သို့သော တရားမဝင် ပူးပေါင်း ဆောင်ရွက်မှုများသည် မော်စကိုအား ကိယက်ဗ်အပါအဝင် ယူကရိန်း မြို့များကို ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်စွမ်း တိုးမြင့်လာစေရန် ကူညီခဲ့ပြီး အရပ်သားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ ရုရှားဘက်မှလည်း မြောက်ကိုရီးယားအား လေကြောင်းကာကွယ်ရေးပစ္စည်းများ၊ လေကြောင်းကာကွယ်ရေးဒုံးကျည်များ၊ စစ်ဘက်သုံး အီလက်ထရောနစ်စနစ်များနှင့် လောင်စာဆီများကို ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ကိုးကား- CNN

ဆားဘီးယားကုမ္ပဏီများသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများကို လျှို့ဝှက်ပို့ဆောင်နေဟု ရှားထောက်လှမ်းရေးအေဂျင်စီ ထုတ်ပြန်

Russian Foreign Intelligence Service (SVR) က ဆားဘီးယား ကာကွယ်ရေးကုမ္ပဏီများသည် ယူကရိန်းသို့ ဒုံးကျည်များနှင့် လက်နက်ခဲယမ်းများကို အထောက်အထားစာရွက်စာတမ်းအတုများနှင့် တတိယ ပါတီများမှတစ်ဆင့် လျှို့ဝှက်တင်ပို့နေကြောင်း စွပ်စွဲခဲ့သည်။

ဗဟိုဌာန၏ဝက်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့ (မေ ၂၈) က ထုတ်ပြန်ခဲ့သော “ဆားဘီးယားကာကွယ်ရေးလုပ်ငန်းက ရုရှားကို နောက်ကွယ်မှ လုပ်ကြံရန် ကြိုးစားနေ” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် အဆိုပါ အချက် ကို ဖော်ပြထားသည်။

“SVR ရရှိသော အချက်အလက်များအရ ဆားဘီးယား ကာကွယ်ရေး ကုမ္ပဏီများသည် ဘဲလ်ဂရိတ်က ကြေညာထားသော “ကြားနေမူဝါဒ” ကို ချိုးဖောက်ကာ ကိယက်ဗ်သို့ လက်နက်ခဲယမ်းများ ဆက်လက်ပေးပို့ နေပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SVR ၏အဆိုအရ ဆားဘီးယားကုမ္ပဏီများသည် ပိုလန်၊ ချက်သမ္မတနိုင်ငံ၊ ဘူဂေးရီးယားနှင့် အခြားနေတိုးနိုင်ငံများ၊ ကန့်သတ်မထားသော အာဖရိက နိုင်ငံများမှတစ်ဆင့် လက်နက်များကို “fake end-user certificates” အသုံးပြု၍ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ထိုလက်နက်များသည် နောက်ပိုင်း တွင် ယူကရိန်းတွင် တွေ့ရှိရသည်ဟု အေဂျင်စီက ဆိုသည်။ SVR ၏ ဖော်ပြချက်အရ ဒုံးကျည်၊ ဟောင်ဝစ်ဇာ ကျည် တစ်သိန်းနှင့် လက်နက်ငယ် ကျည်တစ်သန်းကို အဆိုပါနည်းလမ်းဖြင့် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ အစိုးရပိုင် Yugoimport-SDPR အပါအဝင် ဆားဘီးယားလက်နက်ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် ယင်းအစီအစဉ်တွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုသည်။

“ဆားဘီးယား ကာကွယ်ရေး ကုမ္ပဏီများနှင့် ၎င်းတို့၏ ကျောထောက် နောက်ခံပုဂ္ဂိုလ်များသည် ညီအစ်ကို ဆလပ်ဗ်လူမျိုးများအကြား သွေးထွက် သံယိုဖြစ်မှုမှ အမြတ်ထုတ်လိုသော ဆန္ဒကြောင့် ၎င်းတို့၏ စစ်မှန်သော မိတ်ဆွေများနှင့် ရန်သူများကို မေ့လျော့သွားခဲ့ဟန် ရှိသည်” ဟု SVR က ပြောကြားခဲ့သည်။

ရုရှားနှင့် ဆားဘီးယားတို့သည် ၁၉ ရာစုကတည်းက နီးကပ်သောသမိုင်းနှင့် ယဉ်ကျေးမှုဆက်ဆံရေးများရှိခဲ့သည်။ ဘဲလ်ဂရိတ်သည် မော်စကို အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများ ကျင့်သုံးရန် ငြင်းဆိုခဲ့ပြီး နောက်ထပ် အရှိန် မြှင့်တင်မှုများကို ထပ်မံသတိပေးခဲ့သည်။ ဆားဘီးယားသမ္မတ Aleksandar Vucic က ဆားဘီးယားအား ရုရှားနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အနောက် နိုင်ငံများ၏ ဖိအားပေးမှုများကို ပယ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကေက ရုရှားနှင့် တရုတ်တို့အား ဆိုက်ဘာတိုက်ခိုက်မှုများ တိုးမြှင့်မည် ဟု John Healey ဆို

လန်ဒန်က ရုရှားနှင့် တရုတ်တို့အား ဆိုက်ဘာတိုက်ခိုက်ရေး လုပ်ငန်းများကို သိသိသာသာ တိုးမြှင့်ဆောင်ရွက်မည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က နိုင်ငံ၏ Cyber and Electromagnetic Command အသစ်စတင်ဖွင့်လှစ်ပြီးနောက် ကြာသပတေးနေ့ (မေ ၂၉) တွင် ကြေညာခဲ့သည်။

The Times က ကိုးကားဖော်ပြသည့် ထုတ်ပြန်ချက်တွင် Healey က “ယခုအခါ ကီးဘုတ်သည် စစ်ရေးလက်နက်တစ်ခုဖြစ်လာပြီ” ဟုဆိုကာ ဗြိတိန်၏ Cyber and Electromagnetic Command အသစ်က ရန်သူ၏ စနစ်များကို ချိုးဖျက်ဝင်ရောက်ကာ တိုက်ခိုက်မှုများနှင့် ဝါဒဖြန့်ချိမှုများကို နှောင့်ယှက်ရန် အပါအဝင် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး လုပ်ငန်းများ ကို ညှိနှိုင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

၎င်းတွင် ရုရှားနှင့် တရုတ်ပါဝင်မည်လားဟု မေးမြန်းခံရသောအခါ Healey က “Yes” ဟု အကြိမ်ကြိမ်ဖြေကြားခဲ့သည်။

Healey ၏ ထုတ်ပြန်ချက်သည် ဗြိတိန်ဝန်ကြီးတစ်ဦးက အခြားနိုင်ငံများအား ဆိုက်ဘာတိုက်ခိုက်မှုများကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း အတည်ပြုခြင်းဖြစ်သည်။ ယခင်က ဗြိတိန်ဝန်ကြီးများက Islamic State ကဲ့သို့သော နိုင်ငံမဟုတ်သည့် အဖွဲ့အစည်းများအား ဆိုက်ဘာ တိုက်ခိုက်မှုများကို အတည်ပြုခဲ့သော်လည်း အခြားနိုင်ငံများအား တိုက်ခိုက်မှုကို ယခု အထိ အသိအမှတ်မပြုခဲ့ပေ။

ကာကွယ်ရေးဝန်ကြီးက ဗြိတိသျှအစိုးရက တပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေး လေယာဉ်များနှင့် ဂြိုလ်တုများအကြား တိုက်ပွဲဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေနိုင်ရန် “digital targeting web” တစ်ခုအတွက် ပေါင် ၁ ဘီလီယံကျော် (ဒေါ်လာ ၁.၃၅ ဘီလီယံ) ထောက်ပံ့ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထရမ့်ကို သတ်မည်ဟု ခြိမ်းခြောက်မှုဖြင့် ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖမ်းဆီးခံရ

အမေရိကန်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက သမ္မတ ဒေါ်နယ်ထရမ့် ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုဖြင့် မက္ကဆီကိုနိုင်ငံသား Ramon Morales Reyes (၅၄နှစ်) အား ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန (DHS) မှ ထုတ်ပြန်ခဲ့သည်။

DHS အတွင်းဝန် Kristi Noem က ဗုဒ္ဓဟူးနေ့ (မေ ၂၈) ထုတ်ပြန်ချက် တွင် US Immigration and Customs Enforcement (ICE) အရာရှိ များအား ကျေးဇူးတင်ကြောင်း ပြောကြားကာ “တရားမဝင် နေထိုင်သူ အား ချုပ်နှောင်ထားရှိသည်” ဟု ဖော်ပြခဲ့သည်။

ယခုလအတွင်း ICE သည် Ramon Morales Reyes ၏ လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး၊ ထိုစာတွင် ၎င်းသည် ထရမ့်၏ စုဝေးပွဲ (သို့) ဆန္ဒပြပွဲတစ်ခုတွင် “သမ္မတ၏ ခေါင်းကို ပစ်သတ်မည်” ဟု ကတိပြုထားသည်။ DHS က ထိုစာကို ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပြီး Morales က ၎င်း၏မိသားစုအား ပြည်နှင်ဒဏ်ပေးခဲ့မှုအတွက် ICE ကို အပြစ်တင်ခဲ့ပြီး ထရမ့်ကို သတ်မည်ဟု ခြိမ်းခြောက်ပြီးနောက် ၎င်း ကိုယ်တိုင်လည်း နိုင်ငံထွက်မှခွာမည်ဟု ရေးသားထားသည်။

“ဒီသမ္မတက မက္ကဆီကိုသားတွေကို ဒုက္ခပေးနေတာ ငါတို့ စိတ်ကုန်နေပြီ။ ငါတို့က မင်းတို့ လူဖြူတွေထက် ဒီနိုင်ငံအတွက် ပိုပြီးလုပ်ပေးခဲ့တာ” ဟု စာတွင် ဖော်ပြထားသည်။

DHS ၏ ဖော်ပြချက်အရ Morales သည် ၁၉၉၈ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း အမေရိကန်သို့ အနည်းဆုံး ၉ ကြိမ် တရားမဝင်ဝင်ရောက်ခဲ့ပြီး ပြင်းထန်သော hit-and-run (ကားတိုက်ပြေးမှု) အပါအဝင် ရာဇဝတ်မှု မှတ်တမ်းရှိသူဖြစ်သည်။ ၎င်းအား ခြိမ်းခြောက်စာပို့ပြီး နောက်တစ်ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ပြည်နှင်ဒဏ်ပေးခံရမည့် လုပ်ထုံး လုပ်နည်းများကို စောင့်ဆိုင်းနေသည်။

ရုရှား၏ NATO ချဲ့ထွင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုသည် မျှတမှုရှိသည်ဟု Trump ၏ ကိုယ်စားလှယ်ပြောကြား

NATO ၏ ချဲ့ထွင်မှုနှင့်ပတ်သက်၍ ရုရှား၏ ကာလရှည်ကြာ လုံခြုံရေးစိုးရိမ်မှုများသည် သင့်တင့်မျှတသည်ဟု အမေရိကန်သမ္မတ၏ အထူး ကိုယ်စားလှယ် Keith Kellogg က ABC သတင်းဌာနနှင့် အင်တာဗျူးတွင် ကြာသပတေးနေ့ (မေ ၂၉) က ပြောကြားခဲ့သည်။

မော်စကိုက NATO ခေါင်းဆောင်များအနေဖြင့် အထူးသဖြင့် ယူကရိန်း၊ မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာတို့ကို အမေရိကန်ဦးဆောင်သော စစ်ရေး မဟာမိတ်အဖွဲ့အတွင်းသို့ ထည့်သွင်းခြင်းကို ရပ်တန့်ရန် စာဖြင့် ကတိပြု ထုတ်ပြန်ပေးရန် တောင်းဆိုနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ၎င်းက ထိုသို့ပြန်လည်ဖြေကြားခဲ့သည်။

“ဒါဟာ တရားမျှတသည့် စိုးရိမ်မှုပါ။ မိမိတို့က ထပ်ခါထပ်ခါ ပြောနေတာပါ၊ ယူကရိန်းက NATO ထဲဝင်ဖို့ဆိုတာ မိမိတို့အတွက် အစီအစဉ်မှာ မပါပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲကာလ ပြီးဆုံးရန်နီးကပ်လာချိန်က အမေရိကန် အရာရှိကြီးများသည် ဂျာမနီပြန်လည်ပေါင်းစည်းရေးအတွက် ဆိုဗီယက်ယူနီယံ၏ ထောက်ခံမှုရရှိရန် NATO သည် အရှေ့ဘက်သို့ ချဲ့ထွင်မည်မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ မော်စကိုက ရုရှား နယ်စပ်အထိ NATO ၏ ချဲ့ထွင်မှုနှင့်ပတ်သက်၍ အနောက်တိုင်း၏ ထပ်တူသဘောထားမှုကို သက်သေအဖြစ် ညွှန်းဆိုလာခဲ့သည်။

NATO အဖွဲ့က ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံရန် ခိုင်ခိုင်မာမာ ရပ်တည်မှုသည် ရုရှားနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားရခြင်း၏ အဓိက အကြောင်း အရင်းတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် မော်စကိုက တင်းမာမှုများ လျော့ပါးစေရန် သံတမန်ရေးဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို တင်ပြခဲ့သော်လည်း အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများက ၎င်းတို့၏ “တံခါးဖွင့်ဝါဒ” သည် ညှိနှိုင်းမရဟု ခိုင်မာစွာ ပြောဆိုခဲ့ပြီး ယူကရိန်း၏ အဖွဲ့ဝင် ဖြစ်ရေး လမ်းကြောင်းကို ပြန်လည်ပြင်ဆင်၍မရကြောင်း ဖော်ပြခဲ့သည်။

မော်စကိုက တနင်္လာနေ့ (ဇွန် ၂) တွင် အစ္စတန်ဘူလ်၌ ကိယက်ဗ်နှင့် ပဋိပက္ခရပ်စဲရေး အခြေအနေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နောက်ထပ်ခြေလှမ်းများနှင့်ပတ်သက်သည့် သဘောတူစာချုပ် မူကြမ်းများကို ဖလှယ်ရန် အကြံပြုထားသည်။ သို့သော် ယူကရိန်းအရာရှိများက ရုရှား၏ မူကြမ်းကို ကြိုတင်မရရှိသည့်အတွက် စိတ်ပျက်နေပြီး အစည်းအဝေးကို သပိတ်မှောက်ရန် အလားအလာရှိကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားမှ ရုရှားသို့ ဒုံးလက်နက်အစင်းရေ ၁၀၀ လွှဲပြောင်းပေးခဲ့သည်ဟု ဒဏ်ခတ်ပိတ်ဆို့မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ ထုတ်ပြန်

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်လေ့လာရေးအဖွဲ့ (Multilateral Sanctions Monitoring Team) က မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်တွင် ရုရှားသို့ အနည်းဆုံး ဒုံးလက်နက် အစင်းရေ ၁၀၀ ကို တရားမဝင် လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ 

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား အပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (UN Security Council panel of experts) ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရုရှားက ဗီတို အာဏာသုံး၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီကျွမ်းကျင် ပညာရှင်များ အဖွဲ့၏  လုပ်ငန်းဆောင်ရွက်ချက်များအား ဟန့်တားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပထမဆုံးအစီရင်ခံစာကို မေ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ကာ ပြီးခဲ့သည့်နှစ်တွင် ရုရှား သို့ တင့်ကားဖျက်ဒုံးလက်နက်များနှင့် အခြားလက်နက်များကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သည် ၁၁,၀၀၀ ကျော် နှင့် ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း စစ်သည် ၃,၀၀၀ ထပ်မံစေလွှတ်ထားသည်ဟု ဆိုသည်။ 

ရုရှားသည် မြောက်ကိုရီးယားအား လေကြောင်းကာကွယ်ရေးစနစ်များနှင့် jamming ကိရိယာပစ္စည်းများအပါအဝင် အဆင့်မြင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များကို ထောက်ပံ့ပေးခဲ့ပြီး မြောက်ကိုရီးယားသို့ ရေနံ ထောက်ပံ့မှုနှင့်ပတ်သက်၍လည်း ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီသို့ အကြောင်းကြားခြင်းမရှိခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ 

အဆိုပါဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်လေ့လာရေးအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်များမှ ရှောင်ရှားနိုင်ရန် အကူအညီပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် သင်္ဘောများကို ဖော်ထုတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်သည့် ပစ္စည်းများလွှဲပြောင်း ပေးအပ်ခြင်း အပေါ်စောင့်ကြည့်လေ့လာရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။

ကိုးကား -NHK

ဘာသာပြန်ဆိုသူ -ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ဂါဇာရှိထောက်ပံ့ရေးစင်တာ၌ ဝရုန်းသုန်းကားဖြစ်ပွား လူ ၄၇ ဦးဒဏ်ရာရ

ဂါဇာဒေသရှိ ထောက်ပံ့ရေးစင်တာ တစ်ခု၌ ဝရုန်းသုန်းကားဖြစ်ပွားနေစဉ် အတွင်း အစ္စရေးစစ်ဘက်၏ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၄၇ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူအများစုမှာ သေနတ်ဒဏ်ရာများဖြင့်ဖြစ်ကြောင်း ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက မေလ ၂၈ ရက်တွင် ပြောသည်။ 
သို့သော် ထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေသောနေရာရှိ အရပ်သားများကိုပစ်မှတ်ထား၍ ပစ်ခတ်ခြင်းမျိုးမရှိကြောင်း အစ္စရေးစစ်ဘက်ကထုတ်ပြန်ထားသည်။

ဂါဇာဒေသရှိပြည်သူများစွာကို အငတ်ဘေးဆိုက်စေသည့် အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့မှုများကြားမှ သဘောတူညီချက်အရ ဝင်ရောက်ခွင့်ရရှိသော ထောက်ပံ့ရေးပစ္စည်းများပေးဝေရာနေရာသို့ ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိတွင်ယခုကဲ့သို့ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Ref: AGC

Photo- ABC 7 Chicago

Source: Myawady Daily Newspaper

ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများဖြစ်ပွား

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်၌ မေလ၂၈ ရက်နံနက်ပိုင်းတွင်လုံခြုံ ရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများ ဖြစ်ပွားကြောင်းနှင့်ထိုပဋိပက္ခပြေလည်ရေး အတွက် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးမှုများကိုလုပ်ဆောင်ရကြောင်း သိရ သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် နှစ်နိုင်ငံကြားပိုင်နက်အငြင်းပွားနေသည့်နေရာတွင်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သည်များက နှစ်နိုင်ငံကြားသဘော တူညီချက်ကိုချိုးဖောက်ကာ အငြင်းပွား

နယ်မြေသို့ဝင်ရောက်၍ ထိုင်းစစ်သည် များနှင့်ထိပ်တိုက်တွေ့ဆုံစဉ် စတင် ပစ်ခတ်ခြင်းများဖြစ်သောကြောင့် ထိုင်းစစ်သည် များကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း ထိုင်းစစ်ဘက်ကပြောသည်။

ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိကြောင်း ထိုင်းတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကပြောထားသော်လည်း ကမ္ဘောဒီးယားတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကမူ ကမ္ဘောဒီးယားစစ်သည်တစ်ဦးသေဆုံးကြောင်းပြောထားသည်ဟုသိရသည်။

Ref: TST

Photo - Al Jazeera