မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်ကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဘက်က အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရေယာဉ်များနဲ့ စစ်လေယာဉ်များအနေနဲ့ အချက်အလက်များကို နောက်ဆုံးအခြေအနေနဲ့အညီ ရရှိအောင်စုဆောင်းဖို့ တိုက်တွန်းထားပါတယ်။ အပိုင်းအစတွေ တွေ့တယ်ဆိုရင်လည်း အနားမကပ်ဖို့နဲ့ ရေတပ်ကိုသတင်းပို့ဖို့ ညွှန်ကြားထားပါတယ် ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။
အဆိုပါဒုံးကျည်သည် ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ပြီးဖြစ်နိုင်ကြောင်း၊ ကနဦးအချက်အလက်များအရ ထိုဒုံးကျည်သည် ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်တွင် ကျရောက်သွားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယခုကဲ့သို့ အမြင့်ပျံဒုံးကျည်ကိုပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအတွက် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးလုပ်ဆောင်သည့်ပစ်လွှတ်မှုဖြစ်သည်။
မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်ခဲ့သောဒုံးကျည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်တွင်ဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ဒုံးကျည်များပစ်လွှတ်နေခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ်၌ လုပ်ဆောင်နေသောဆောင်ရွက်ချက်များကို တုံ့ပြန်ခြင်းဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစစ်ပွဲအတွက် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို သုံးသပ်ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနကထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Ref: Sputnik

ဗြိတိန်နိုင်ငံသည် နျူကလီးယားစွမ်း အင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောရေ ယာဉ်စုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ထိုသို့တိုးချဲ့ရခြင်းသည် ကာကွယ်ရေး ဆိုင်ရာသုံးသပ်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းနှင့် နိုင်ငံအနေဖြင့်ခေတ်သစ် စစ်ပွဲကိုဆင်နွှဲနိုင်ရေးအတွက် အသင့်ပြင် ဆင်ခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာကပြောသည်။

ဥရောပတိုက်အနေဖြင့် ကိုယ့်လုံခြုံရေးအတွက်ကိုယ်တိုင် တာဝန်ပိုယူရန် လိုအပ်ကြောင်း အမေရိကန်သမ္မတဒေါ် နယ်ထရမ့်ကပြောပြီးနောက် ဗြိတိန်အစိုး ရအနေဖြင့် ဥရောပဒေသရှိ အခြားနိုင်ငံ များမှအစိုးရများကဲ့သို့ပင် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင် ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ယခုထုတ် ပြန်သည့် မဟာဗျူဟာမြောက်ကာကွယ် ရေးဆိုင်ရာသုံးသပ်ချက်တွင် ဗြိတိန် တပ်မတော်အနေဖြင့် တိုက်ပွဲဝင်အသင့်ရှိစေရေးဆောင်ရွက်သွားရန် တိုက်တွန်းချက် ပါဝင်ကြောင်းသိရသည်။
Ref: RTA
Photo- Reuters

ယူကရိန်းက ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသောဒရုန်းများကို သစ်သား အမိုးများထဲတွင်ဝှက်ပြီး ဇွန်လ ၁ ရက် တွင် ရုရှား၏ဗုံးကြဲလေယာဉ်များကိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကပြောသည်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့က “ပင့်ကူအိမ်"ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကိုဆင်နွှဲခဲ့ကြောင်း၊ ထိုစစ်ဆင် ရေးတွင် ရုရှား၏လေတပ်စခန်းများအနီး ၌ သစ်သားအမိုးများတပ်ထားသည့်ထရပ် ကားများကိုရပ်ထားကြောင်း၊ အမိုးကိုအဝေးထိန်းစနစ်ဖြင့်ဖွင့်ပြီးနောက် ဒရုန်း များကတိုက်ခိုက်ရေးတာဝန်များကိုဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ရုရှားနိုင်ငံရှိဒေသငါးခု တွင်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဒရုန်း အများအပြားကိုပစ်ချလိုက်နိုင်သော်လည်း ပျက်စီးမှုအနည်းငယ်ရှိကြောင်းရုရှားဘက် ကထုတ်ပြန်ထားစဉ် ယင်းတိုက်ခိုက်မှု ကြောင့် ရုရှား၏မဟာဗျူဟာမြောက် ဒုံးကျည်တင်လေယာဉ်၃၄ ရာခိုင်နှုန်းပျက်စီး သွားကြောင်း ယူကရိန်းဘက်ကထုတ်ပြန်ထားသည်။
Ref: RTA, Sputnik
Photo -BBC
Source: Myawady Daily Newspaper

Photo: TRENDS Research & Advisory
Photo: TRENDS Research & Advisory
Photo: TRENDS Research & Advisory

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကို လုံးဝ ဖျက်သိမ်းရန် တိုက်တွန်းနေစဉ် အီရန်သည် ၎င်း၏ ငြိမ်းချမ်းစွာ ဆောင်ရွက်မည့် နျူကလီးယားအစီအစဉ်များနှင့်ပတ်သက်၍ အာမခံချက်များပေးမည်ဟု ပြောကြားခဲ့သည်။

မတ်လတွင် ထရမ့်သည် အီရန်အား အမေရိကန်နှင့် နျူကလီးယား သဘောတူညီချက်တစ်ရပ် ချုပ်ဆိုရန် နှစ်လအချိန်ပေးကာ လက်မခံပါ က “ဗုံးကြဲတိုက်ခိုက်မည်” ဟု ခြိမ်းခြောက်ခဲ့သည်။ ဝါရှင်တန်သည် ယခုအခါ အိုမန်၏ ကြားဝင်ညှိနှိုင်းပေးသည့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ငါးကြိမ် ကျင်းပပြီးနောက် ၎င်း၏သဘောတူညီချက်စည်းကမ်းများကို အစီရင်ခံစာ တစ်စောင် ပြုစုပေးပို့ခဲ့သည်။
“မိမိတို့၏နျူကလီးယားအစီအစဉ်၏ ငြိမ်းချမ်းစွာဆောင်ရွက်မည့် သဘောသဘာဝနှင့်ပတ်သက်၍ ဘက်ပေါင်းစုံသို့ အာမခံချက်များပေးရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု အမေရိကန်နှင့် နျူကလီးယား ဆွေးနွေးပွဲများတွင် တီဟီရန်၏ အကြီးတန်းညှိနှိုင်းရေးမှူး အရာ့ချီက အီဂျစ်နိုင်ငံ၌ စနေနေ့ (မေ ၃၁) က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က တနင်္ဂနွေနေ့ (ဇွန် ၁) တွင် အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတီဗ်ဝစ်ကော့ဖ်က “အီရန်သို့ အသေးစိတ်ပြီး လက်ခံနိုင်ဖွယ်ရာရှိသော အဆိုပြုလွှာတစ်ရပ် ပေးပို့ခဲ့ပြီး ၎င်းတို့အတွက် လက်ခံခြင်းက အကောင်းဆုံးဖြစ်မည်” ဟု ပြောကြားခဲ့သည်။ သူမက “အီရန်အား မည်သည့်အချိန်အခါတွင်မှ နျူကလီးယားဗုံးပိုင်ဆိုင်ခွင့် မပေးနိုင်ပါ” ဟု ထရမ့်၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တနင်္လာညနေ (ဇွန် ၂) တွင် ယူကရိန်းစစ်တပ်မှ ရုရှားနယ်မြေများကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး Zaporozhye ဒေသတွင် လျှပ်စစ်မီး လုံးဝပြတ်တောက်ကာ Kherson ဒေသ၏ အချို့နေရာများတွင်လည်း မီးပြတ်နေကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ခဲ့သည်။
Zaporozhye ဒေသ အနောက်မြောက်ပိုင်းရှိ ဗို့အားမြင့် ထရန်စဖော်မာများ ပျက်စီးခဲ့ပြီး ဒေသတစ်ခုလုံး မီးပြတ်သွားကြောင်း အုပ်ချုပ်ရေးမှူး Evgeny Balitsky က ညသန်းခေါင်အချိန်တွင် Telegram ၌ ရေးသား ခဲ့သည်။

“ကျန်းမာရေးဌာနများကို အရန်လျှပ်စစ်အားလိုင်းဖြင့် ပြောင်းလဲ အသုံးပြု ထားပြီ” ဟု Balitsky က ဖြည့်စွက်ပြောကြားခဲ့ပြီး အာဏာပိုင်များ အနေဖြင့် အခြားဓာတ်အားလိုင်းများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
မိနစ် ၂၀ ခန့်အကြာတွင် Kherson ဒေသအုပ်ချုပ်ရေးမှူး Vladimir Saldo က ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် Genichesky ခရိုင်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအသစ် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသ၏ကြီးမားသော ဧရိယာတစ်ခုလုံး မီးပြတ်တောက်သွားကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
“ကျေးရွာ ၁၅၀ ခန့်ရှိ လူဦးရေ ၁၀၄,၀၀၀ ကျော်နှင့် လူမှုရေးဆိုင်ရာ အရေးပါသော အဆောက်အဦ ၄၄ ခု ကိုထိခိုက်စေခဲ့ပါသည်” ဟု Saldo က ပြောကြားခဲ့သည်။ “အရေးကြီးသော အဆောက်အအုံအားလုံးကို အရန် လျှပ်စစ်မီးဖြင့် ပြန်လည်ချိတ်ဆက်ထားပြီး” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် မော်စကိုနှင့် ကိယက်ဗ်တို့ တူရကီနိုင်ငံ Istanbul တွင် ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးဆုံးပြီး မကြာမီအချိန်အတွင်း ဖြစ်ပွားခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ပဋိပက္ခကို ဖြေရှင်းရန် နှစ်ဖက်စလုံး၏ အဆိုပြုချက်များပါဝင်သော အဆိုပြုချက် စာတမ်းများ ဖလှယ်ခဲ့ကြသည်။
ရုရှား၏ အဆိုပြုချက်စာတမ်းအရ “အဆုံးသတ်အခြေချမှု” (Final Settlement) အတွက် ယခင်ယူကရိန်းနယ်မြေများကို ရုရှား၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရန်နှင့် ယူကရိန်းတပ်များအား ထိုနယ်မြေ များမှ လုံးဝဆုတ်ခွာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ယူကရိန်းက မော်စကို၏အဆိုပြုချက်စာတမ်းပါ အဓိက တောင်းဆိုချက်များကို ငြင်းဆိုထားကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။ ၎င်းတို့တွင် ရုရှားသိမ်းပိုက်ထားသော နယ်မြေများကို အသိအမှတ်ပြုရန်၊ ကြားနေနိုင်ငံအဖြစ် ကတိပြုရန်နှင့် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားကို ကန့်သတ်ရန် စသည့်အချက်များ ပါဝင်သည်။

ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက Bryansk နှင့် Kursk ဒေသများတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရထားထိခိုက်မှုများသည်ပြည်သူများ အများဆုံးထိခိုက်စေရန် ယူကရိန်းက စီစဉ်ခဲ့သည့် “အကြမ်းဖက်တိုက်ခိုက်မှုများ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ် နှစ်ခုသည် စနေနေ့ (မေ ၃၁) ညနေခင်း နှင့် တနင်္ဂနွေနေ့ (ဇွန် ၁) နံနက်ခင်း တို့တွင် အသီးသီးဖြစ်ပွားခဲ့သည်။ ပထမဖြစ်စဉ်တွင် Bryansk ဒေသ၌ ခရီးသည်တင် ရထားဖြတ်သန်းနေစဉ် တံတားပြိုကျ ခဲ့ပြီး ဒုတိယဖြစ်စဉ်တွင်လည်း Kursk ဒေသ၌ ကုန်တင်ရထား ဖြတ်သန်း နေစဉ် ရထားလမ်းပေါ်ရှိတံတား ပြိုကျခဲ့ကာ စုစုပေါင်း လူ ၇ ဦး သေဆုံးပြီး ၁၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
အင်္ဂါနေ့ (ဇွန် ၃) တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးရေးကော်မတီက မော်စကိုက ဖျက်ဆီးမှုနှစ်ခုလုံးကို “အကြမ်းဖက် တိုက်ခိုက်မှုများ” အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။
“ကိယက်ဗ်အာဏာပိုင်များ၏ ခိုင်းစေမှုဖြင့် လှုပ်ရှားနေသော အကြမ်းဖက်သမားများသည် ပြည်သူအများ ထိခိုက်စေရန် ယခုတိုက်ခိုက်မှုများကို အချိန်ကိုက် စီစဉ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကော်မတီက စုံစမ်း စစ်ဆေးရေးအဖွဲ့များသည် ဖောက်ခွဲရေး ပစ္စည်းအကြွင်းအကျန်များနှင့် အခြားရုပ်ဝတ္ထုသက်သေများကို ဖြစ်စဉ်နေရာမှ ပြန်လည်ရရှိခဲ့ပြီး မျက်မြင် သက်သေများ၊ ဒဏ်ရာရခရီးသည်များနှင့် ရထားလုပ်သားများကို မေးမြန်းခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားစီးပွားရေးနေ့စဉ်သတင်းစာ Kommersant က စုံစမ်းစစ်ဆေးသူများသည် အကြမ်းဖက်ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သူများသည် အမေရိကန်ထုတ် C-4 ယမ်းများကို အသုံးပြုခဲ့နိုင်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ခဲ့သော ၁၀ ကီလိုဂရမ် ဗုံးတစ်လုံးကို တွေ့ရှိခဲ့ရရှိပြီးနောက် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ဗြိတိန်သည် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောအသစ်များ တည်ဆောက်ရန်၊ နျူကလီးယားထိပ်ဖူးများအတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန်နှင့် “စစ်ပွဲအတွက် အဆင်သင့်ဖြစ်မှု” ဆီသို့ ဦးတည်သွားမည်ဟု ဝန်ကြီးချုပ် ကီးယာစတာမာ (Keir Starmer) က တနင်္လာနေ့ (ဇွန် ၂) တွင် ပြောကြားခဲ့သည်။ ထိုကြေညာချက်များကို ဗြိတိန်နိုင်ငံ၏ စစ်ရေး အနာဂတ်အတွက် သုံးသပ်ချက်အစီရင်ခံစာ ထွက်ရှိမည့် အချိန်မတိုင်မီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စတာမာ အစိုးရက အမေရိကန်နှင့် ဩစတြေးလျတို့နှင့် ပူးပေါင်း ဆောင်ရွက်မှု AUKUS စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အသစ် ၁၂ စီးအထိ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ယခုအသုံးပြုနေသော ရေငုပ်သင်္ဘော ၇ စီးကို ၂၀၃၀ ပြည့်နှစ် နှောင်းပိုင်း မှစ၍ အစားထိုးသွားမည်ဖြစ်သည်။
ထို့အပြင် စတာမာက တနင်္လာနေ့ (ဇွန် ၂) တွင် စကော့တလန်နိုင်ငံ၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ဗြိတိန်၏ နျူကလီးယားခြိမ်းခြောက်မှု ကာကွယ်ရေးစနစ်ကို “သမိုင်းဝင် အသစ်ပြန်လည်မွမ်းမံမှု” အနေဖြင့် စတင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် ပေါင် ၁၅ ဘီလီယံ (ဒေါ်လာ ၂၀.၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထိုကြေညာချက်များသည် ဗြိတိန်၏ မဟာဗျူဟာမြောက် ကာကွယ်ရေး သုံးသပ်ချက် (UK Strategic Defense Review) ထွက်ရှိသည့်နေ့နှင့် တိုက်ဆိုင်နေပြီး၊ ယင်းအစီရင်ခံစာတွင် ရုရှားနှင့် ယူကရိန်းစစ်ပွဲ၏အတွေ့အကြုံများအရ ဗြိတိန်စစ်တပ်က ဆုံးဖြတ်ပိုင်ခွင့်နှင့် AI နည်းပညာ များ ပိုမိုအသုံးပြုရန် ရုတ်ချည်းပြောင်းလဲမည့် အစီအစဉ်များကို ရေးဆွဲ ထားသည်။
“စစ်အင်အားကြီးနိုင်ငံများက မိမိတို့အား တိုက်ရိုက်ခြိမ်းခြောက်လာပါက၊ ၎င်းတို့ကို ထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ အဆင်သင့် ဖြစ်နေ ရန်နှင့် အားအင်ဖြင့် ငြိမ်းချမ်းရေးကိုရယူနိုင်ကြောင်း ပြသရန်ပဲဖြစ်သည်” ဟု စတာမာက တနင်္လာနေ့ (ဇွန် ၂) တွင် ပြောကြားခဲ့သည်။
သို့သော် ဗြိတိန်၏ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၃% အထိ ရောက်ရှိရန် မည်သည့်အချိန်တွင်ပြည့်မီမည်ဆိုသည့် ကတိပြု သည့် အချိန်ဇယားကိုဖော်ပြရန် စတာမာက ငြင်းဆိုခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် ကြေညာခဲ့သော ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်မှုကို ၂၀၃၄ ခုနှစ်၊ လာမည့်ပါလီမန် သက်တမ်းကုန်ဆုံးချိန်တွင် ရောက်ရှိရန် စီစဉ်ထားသော်လည်း စီးပွားရေး အခြေအနေများအပေါ် မူတည်နေသည်။
ကိုးကား- CNN

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်သည် တနင်္ဂနွေနေ့ (ဇွန် ၁) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အစ္စတန်ဘူလ်တွင် ကျင်းပမည့် မော်စကို-ကိယက်ဗ်ဆွေးနွေးပွဲနှင့် ရုရှားနယ်မြေအတွင်း ယူကရိန်းတိုက်ခိုက်မှုများအကြောင်း ဖုန်းဆက်ဆွေးနွေးခဲ့ကြသည်။

တူရကီနိုင်ငံတွင် ကျင်းပမည့် ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ရုရှား၏ နယ်စပ်ဒေသဖြစ်သော ဘရီယန်းစ်နှင့် ကာ့စ်ခ်တို့တွင် တံတား နှစ်စင်း ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး ခုနစ်ဦးသေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဖြစ်ရပ်များသည် ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ဖြစ်သည်ဟု ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ဆိုသည်။
ထိုနေ့ညနေပိုင်းတွင် ရုရှား၏ မြောက်ပိုင်း မာမန်စ်ခ်ဒေသ၊ အနောက်ပိုင်း အီဗာနိုဗိုနှင့် ရီယာဇန်ဒေသများ၊ ဆိုက်ဘီးရီးယားရှိ အီရ်ကုတ်စ်ခ် ဒေသ နှင့် အရှေ့ဖျားပိုင်း အမုရ်ဒေသရှိ လေတပ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရူဘီယိုက “ဇွန် ၁ ရက်နေ့တွင် ဘရီယန်းစ်နှင့် ကာ့စ်ခ်ဒေသရှိ ရထားလမ်းအခြေခံ အဆောက် အအုံများ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ သေဆုံးရသည်ကို ဝမ်းနည်းကြောင်း” ပြောကြားခဲ့သည်။
လာဗရော့ဗ်က အဆိုပါတိုက်ခိုက်မှုများကို သေချာစွာစုံစမ်းစစ်ဆေး သွားမည်ဖြစ်ပြီး ရလဒ်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဟု ပြောကြား ခဲ့သည်။
“ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်ပြီး ၎င်းတို့အနေဖြင့် ထိုက်တန်သည့် အပြစ်ဒဏ်ကို မလွဲမသွေခံရမည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
လာဗရော့ဗ်နှင့် ရူဘီယိုတို့သည် ဇွန် ၂ ရက်တွင် အစ္စတန်ဘူလ်၌ ကျင်းပမည့် ရုရှား-ယူကရိန်းညှိနှိုင်းဆွေးနွေးပွဲအပါအဝင် ယူကရိန်း အကျပ်အတည်း၏ နိုင်ငံရေးအရဖြေရှင်းနည်းဆိုင်ရာ အဆိုပြုချက်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာမ်မီဘရုစ် က ရူဘီယိုသည် “တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအတွက် ရုရှားနှင့် ယူကရိန်းတို့အကြား တိုက်ရိုက်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန် သမ္မတထရမ့်၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်” ဟု ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ရန် စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
နေတိုး အဖွဲ့ဝင် နိုင်ငံများအားလုံးလည်း ယခု သတိကြီးစွာ ထားနေရပြီဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဒရုန်းထောက်ပံ့ရေးဌာနများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
ကိုးကား- အင်တာနက်စာမျက်နှာ