Colorado ပြည်နယ် Boulder တွင် ဂျူးမုန်းတီးရေး တိုက်ခိုက်မှု ကျူးလွန်သည်ဟုစွပ်စွဲခံရသူ အီဂျစ်နိုင်ငံသား Mohamed Soliman (၄၅နှစ်) အား ဖက်ဒရယ်တရားရုံးသို့ သောကြာနေ့ (ဇွန် ၆) တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး မီးခိုးဗုံးဖြင့်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လူသတ်ရန် ကြံစည်မှုစွဲချက်၂၈ ခုဖြင့် တရားစွဲဆိုခံထားရသည်။

၎င်းသည် Gaza ရှိ အစ္စရေးဓားစာခံများလွတ်မြောက်စေရေး ထောက်ခံ အားပေးသည့် ပွဲတစ်ခုတွင် Molotov မီးလောင်ဗုံးများဖြင့် လူအုပ်ကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ယင်းတိုက်ခိုက်မှုသည် ဂျူးဘာသာဝင် များ၏ Shavuot ပွဲတော်မတိုင်မီညတွင်ဖြစ်ပွားခဲ့ပြီး ဝါရှင်တန်ဒီစီတွင် အစ္စရေးသံရုံးဝန်ထမ်း ၂ဦး ပစ်ခတ်သတ်ဖြတ်ခံရသည့် ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုမှ ၂ ပတ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
FBI နှင့် ပြည်တွင်းလုံခြုံရေးဌာနတို့က ကြာသပတေးနေ့ ထုတ်ပြန်ချက် တွင် “အစ္စရေးနှင့်ဂျူးလူမျိုးများအား ဆက်လက်ခြိမ်းခြောက်နေသည့် အန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ များရှိနေကြောင်း” သတိပေးခဲ့သည်။
တရားရုံးအထောက်အထားများအရ Soliman အား Boulder တိုက်ခိုက်မှု နှင့်ဆက်စပ်သည့် ဖက်ဒရယ်မုန်းတီးရေးရာဇဝတ်မှုဖြင့် တရားစွဲထားပြီး အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ် နိုင်ကြောင်း Colorado ခရိုင် ယာယီအမေရိကန်ရှေ့နေ J. Bishop Grewell က တနင်္လာနေ့ (ဇွန် ၂) က ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

NATO အဖွဲ့၏ အကြီးအကဲ အတွင်းရေးမှူးချုပ် Mark Rutte က Baltic နှင့် Black Sea ပင်လယ်များကို ယခုအခါ NATO ၏ နည်းဗျူဟာမြောက် တာဝန်ယူမှုဧရိယာအဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ Rutte က ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်လ်များ ပျက်စီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ Baltic ဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခံရချိန်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော လများအတွင်း အဆိုပါဒေသတွင် ရေအောက်ကေဘယ်လ်များ ပျက်စီးမှုအချို့ဖြစ်ပွားခဲ့ပြီး၊ မော်စကိုက ထိုအကြံပြုဖျက်ဆီးမှုများကို နောက်ကွယ်မှ လှုံ့ဆော်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် အနောက်နိုင်ငံများမှ စုံစမ်းစစ်ဆေးသူများက နိုင်ငံတော်အဆင့် စီစဉ်ဖျက်ဆီးမှုဆိုင်ရာ ခိုင်မာသောအထောက်အထားများ မတင်ပြနိုင်သေးပေ။
Rutte က “Baltic ဒေသနှင့်ပတ်သက်လာပါက Black Sea နှင့် အခြား NATO ဧရိယာတွေမှာလည်း မိမိတို့၏ အရေးကြီး ရေအောက်အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုအန္တရာယ်က အမြဲရှိနေပါသည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် Baltic ဒေသတွင် “ရုရှား၏ ပြင်းထန်သောတိုက်ခိုက်မှုအတွက် NATO အဖွဲ့သည် အဆင်သင့်ဖြစ်ပြီလား” ဟု မေးမြန်းခံရသည့်အခါ၎င်းက အမေရိကန်ဦးဆောင်သော အဆိုပါစစ်ရေးအဖွဲ့သည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် လိုအပ်ကြောင်းဖြည့်စွက်၍ “ပြင်းထန်သော ပြန်လည်တုံ့ပြန်မှု” ရှိမည်ဟု ခြိမ်းခြောက်မှုပြုခဲ့သည်။
ရုရှားက NATO သို့မဟုတ် EU နိုင်ငံများကို တိုက်ခိုက်ရန် မော်စကိုတွင် ရည်ရွယ်ချက်ရှိကြောင်း အနောက်နိုင်ငံများ၏ အရာရှိများ၏ စွပ်စွဲချက်များကို အဖန်ဖန် ပျက်ရယ်ပြုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယခင်က ထိုကဲ့သို့သော ထုတ်ပြန်ချက်များကို “အဓိပ္ပာယ်မရှိသော စကားများ” အဖြစ် ပယ်ချခဲ့ဖူးသည်။
လွန်ခဲ့သော ၁၈ လ အတွင်း စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပျက်စီးမှုနှင့်သက်ဆိုင်သည့် ဖြစ်စဉ်များစွာကြောင့် NATO နှင့် EU အရာရှိအချို့က မော်စကိုကို “ဟိုက်ဘရစ်စစ်ပွဲ (hybrid warfare)” ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့ကြသည်။ ရုရှားဆိပ်ကမ်းများသို့ သွားလာနေသော သင်္ဘောများနှင့် ဆက်စပ်နေသည့် အဆိုပါ ဖြစ်ရပ် များတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဖင်လန်ပင်လယ်ကွေ့ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ပျက်စီးမှုနှင့် ဒီဇင်ဘာလတွင် EstLink 2 ပါဝါကေဘယ်လ် ပြတ်တောက်မှုတို့ ပါဝင်သည်။ စုံစမ်းစစ်ဆေးသူများက ကြိုးများကို သင်္ဘောကျောက်ဆူးများဖြင့် ဆွဲငြိမိခဲ့ဟန် ရှိပြီး ဖြစ်ရပ်တစ်ခုစီတွင် ရုရှားနှင့်ဆက်နွှယ်သော သင်္ဘောများ ပါဝင်နေသည်ဟု သတင်းများအရ သိရသည်။
ရုရှားနှင့် ဆက်စပ်မှုရှိကြောင်း ခိုင်မာသော အထောက်အထား မတွေ့ရှိရသော်လည်း ဇန်နဝါရီလတွင် NATO က Baltic Sea ရေအောက်အခြေခံအဆောက်အအုံများကို ကာကွယ်ရန် အကြောင်းပြ၍ “Baltic Sentry” အမည်ရှိ စောင့်ကြည့်ရေးတာဝန်အသစ်ကို စတင်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားစစ်တပ်က ကြည်း၊ရေ၊လေ တပ်ဖွဲ့များ၏ ဒုံးကျည်များနှင့် ဒရုန်းများ အပါအဝင် တိုက်ခိုက်မှုများကို ကိယက်ဗ်၏ မကြာသေးမီက “အကြမ်းဖက် လုပ်ရပ်များ” အား တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ (ဇွန် ၆) တွင် ပြောကြား ခဲ့သည်။
အရှိန်မြှင့်တိုက်ခိုက်မှုများတွင် ဒရုန်းများနှင့် တိကျသော လမ်းညွှန်စနစ်ပါ လက်နက်များ အသုံးပြု၍ ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ ပစ်မှတ်များကို ညအချိန်တွင် အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်။

ယူကရိန်းအရာရှိများကလည်း သောကြာနေ့မနက်ပိုင်းတွင် မြို့တော် ကိယက်ဗ် အပါအဝင် Lviv နှင့် Lutsk ကဲ့သို့သော မြို့ကြီးများတစ်လျှောက် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုလှိုင်းများ ရှိခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က ယူကရိန်းတပ်များက ရုရှားရထားလမ်း တံတားများကို ဗုံးခွဲဖျက်ဆီးခဲ့ပြီး ခရီးသွားနှင့် ကုန်တင်ရထားများ လမ်းချော် ခဲ့ရာ အနည်းဆုံး ၇ ဦးသေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရခဲ့သည်။ ထို့အပြင် ကိယက်ဗ်တပ်များက ရုရှား၏ မြောက်ပိုင်းနှင့် အရှေ့ဖျား ဒေသရှိ နျူကလီးယားတင်ဆောင်နိုင်သော ဗုံးကြဲလေယာဉ်များကို ပစ်မှတ် ထား၍ လေယာဉ်ကွင်းများအပေါ် ဒရုန်းများဖြင့် ပေါင်းစပ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မော်စကိုက ဒရုန်းအများစုကို ကာကွယ်နှိမ်နင်းနိုင်ခဲ့ပြီး ပစ်မှတ်ထားခံရသည့် လေယာဉ်များပျက်စီးမှုရှိသော်လည်း အပြီးအပိုင် ဖျက်ဆီးနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ရုရှား၏ ညအချိန်တိုက်ခိုက်မှုများ၏ ပစ်မှတ်များတွင် “ဒီဇိုင်းဗျူရိုများ၊ ယူကရိန်း၏ လက်နက်နှင့် စစ်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းများ၊ တိုက်ခိုက်ရေးဒရုန်းများ စုစည်းသည့် ဝပ်ရှော့များ၊ လေယာဉ် မောင်းလေ့ကျင့်ရေးစင်တာများနှင့် လက်နက်နှင့် စစ်ပစ္စည်းများ သိုလှောင်ရုံများ” ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “တိုက်ခိုက်မှု၏ ရည်မှန်းချက်အောင်မြင်ပြီး သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို၏အဆိုအရ မေလ ၃၁ ရက်နေ့မှစတင်၍ ရုရှားတပ်များမှ ယူကရိန်း၏ စစ်ရေးဆိုင်ရာပစ်မှတ်များကို ပြုလုပ်ခဲ့သည့် ပေါင်းစပ်တိုက်ခိုက်မှု ဆဋ္ဌမအကြိမ်ဖြစ်သည်။
လွန်ခဲ့သည့်သီတင်းပတ်အတွင်း တိုက်ခိုက်မှုများတွင် ကိယက်ဗ်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ စစ်လေယာဉ်ကွင်းများ၊ ဒရုန်းများ ထုတ်လုပ်ရေး၊ သိုလှောင်ရေးနှင့် ပစ်လွှတ်ရေးနေရာများ၊ လက်နက်သိုလှောင်ရုံများနှင့် ယူကရိန်းစစ်တပ်နှင့် နိုင်ငံခြားအထောက်အပံ့ခံ စစ်သားများ၏ တပ်စွဲနေရာများ ပါဝင်ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့ သည်။
ရုရှားသမ္မတ ပူတင်က ရထားလမ်းဖျက်ဆီးမှုများကို “ကိယက်ဗ် ရှိ တရားမဝင်အာဏာရှင်စနစ်” မှ ကျူးလွန်ခဲ့သည့် “အကြမ်းဖက်မှုတစ်ခု” အဖြစ် ဖော်ပြခဲ့ပြီး၊ ၎င်းစနစ်သည် “တဖြည်းဖြည်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာနေသည်” ဟု ပြောကြားခဲ့သည်။ ပူတင်သည် ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းစကားပြောဆိုရာတွင် နိုင်ငံ၏ နျူကလီးယားတားဆီးရေးစနစ်ကို တိုက်ခိုက်မှုများအား “တုံ့ပြန်ရန် လိုအပ်မည်” ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်း ဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေး ကော်မတီ အကြီးအကဲ အလက်ဇန္ဒားဘက်စတီခင်က ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဘက်စတီခင်က သမ္မတဗလာဒီမာပူတင်နှင့် ကျင်းပသည့် အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု သုံးခုစလုံးတွင် ရရှိခဲ့သည့် သက်သေ အထောက်အထားများအရ အဆိုပါ တိုက်ခိုက်မှုများအား ယူကရိန်း ထောက်လှမ်းရေး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သက်သေပြလျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ ဗုံးများဖြစ်ပြီး ယင်းဗုံးများသည် အဖျက်စွမ်းအားပြင်းထန်သည့် TNT ၁၅ ကီလိုဂရမ်ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံရှိ ဒေသနှစ်ခုတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကို ရုရှားအာဏာပိုင်များက စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
MWD Web Portal

ရုရှားအစိုးရသည် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ် တစ်မျိုးကို ယခု ၂၀၂၅ ခုနှစ်အကုန်ပိုင်းတွင် စတင်အသုံးပြုမည် ဖြစ်သည်။
အဆိုပါဆိုက်ဘာကာကွယ်ရေး စနစ်သစ်အား Rostele-com မှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Solar Group က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာ လိမ်ညာမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း Solar Group မှညွှန်ကြားရေးမှူး ဗလာဒီမာဘင်ဂင်က ပြောသည်။

ထို့ပြင် ယခုစတင်အသုံးပြုမည့် ဆိုက်ဘာကာကွယ်ရေး စနစ်သစ်သည် လိမ်ညာသည့် ဝက်ဘ်ဆိုက်များအား အတင်းအကျပ်ပိတ်ဆို့သည့် နည်းပညာကိုပါ အသုံးပြုမည်ဖြစ်သောကြောင့် ရုရှားနိုင်ငံအတွင်းရှိ ကုမ္ပဏီအချို့က အဆိုပါ ဆိုက်ဘာကာကွယ်ရေးစနစ်ကို အသုံးပြုရန် စိတ်ဝင်စားလျက်ရှိသည်။
ရုရှားနိုင်ငံသားများအတွက် အသုံးပြုမည့် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ်သည် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်မည့် ဟက်ကာများကို ဟန့်တားနိုင်ပြီး အသုံးပြုသူ ရုရှားနိုင်ငံသားများအား ဘေးကင်းစွာဖြင့် အသုံးပြုစေနိုင်မည်ဖြစ်ကြောင်း Mobile Research Group မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အယ်လ်ဒါမာတာဇင်က ပြောကြားထားသည်။

ရုရှားနိုင်ငံ အစိုးရသည် ဒရုန်းစစ်ဆင်ရေးများကို ၎င်း၏နိုင်ငံပိုင် ကျောင်းသင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားရန် တရားဝင်ခွင့်ပြုလိုက်ပြီး ၈ တန်းနှင့် ၉ တန်းကျောင်းသားများကို မောင်းသူမဲ့လေယာဉ်(ဒရုန်း)သင်ခန်းစာများအကြောင်း သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ သင်ရိုးတွင် ဒရုန်းထုတ်လုပ်သူ ဂျီယိုစကမ် (Geoscan) နှင့် ကျောင်းသုံးသင်ရိုးစာအုပ်ထုတ်ဝေသူ ပရာဗျစ်ရှင်းနီးယား (Prosveshcheniye) အဖွဲ့က ပေါင်းစပ်တီထွင်ရေးသားထားသည့် သင်ရိုးတွင် အလိုအလျောက်မောင်းနှင်နိုင်သော မောင်းသူမဲ့လေယာဉ်စနစ်များ၊ UAV အမျိုးအစားခွဲခြားမှုများ၊ ဒီဇိုင်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ မောင်းနှင်နည်း၊ လေယာဉ်မှူး၊ အလိုအလျောက် ပရိုဂရမ်များနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများပါဝင်ပြီး ဒရုန်းသင်ခန်းစာအကြောင်းအရာမျိုးစုံ ပါဝင်ပါသည်။ သင်ရိုးသည် လုပ်ငန်းသုံး (နည်းပညာ) ဘာသာရပ်ဖြစ်ပြီး “စက်ရုပ်”ပညာသင်ခန်းစာအဖြစ် စာသင်နှစ်အတွင်း ၃၄ နာရီသင်ကြားမည်ဖြစ်ပြီး ကျောင်းသားများကို လက်တွေ့ကျွမ်းကျင်မှုရစေရန် ရည်ရွယ်ထားသည်။
ဤနည်းပညာပညာရေးတွန်းအားပေးမှုသည် ယူကရိန်းနှင့်ပဋိပက္ခတွင် ဒရုန်းအသုံးပြုမှု ပိုမိုပြင်းထန်လာချိန်တွင် ၂၀၃၀ ပြည့်နှစ်တွင် ဒရုန်းအော်ပရေတာ ၁ သန်းကို လေ့ကျင့်ပေးရန် ရုရှား၏ မဟာဗျူဟာရည်မှန်းချက်နှင့် ကိုက်ညီပါသည်။ သို့ရာတွင် ဒရုန်းနည်းပညာကို စစ်ရေးအရ အသုံးချနိုင်မှုများ၊ သမ္မတပူတင်၏ မိသားစုနှင့် ပိတ်ဆို့အရေးယူခံထားရသော ကုမ္ပဏီများ၏ ချိတ်ဆက်မှုများကြောင့် နိုင်ငံတကာမှ စိုးရိမ်မှုများမြင့်တက်လာစေခဲ့သည်။
Source: Popular Myanmar

ရုရှားနိုင်ငံအနေဖြင့် ဒရုန်းအန္တရာယ်ကို ထိန်းချုပ်ကာကွယ်ရန်အတွက် ဂြိုဟ်တု အစင်းပေါင်း ၁၀၀ ကျော်ပါဝင်သည့် ကွန်ရက် တစ်ခုကို ကမ္ဘာပတ်လမ်းအတွင်းသို့ လွှတ် တင်မည်ဖြစ်ကြောင်း ရုရှားအာကာသ အေဂျင်စီအကြီးအကဲ ဒီမီထရီဘာကာ နော့ဗ်က ပြောသည်။
ရုရှားနိုင်ငံကလွှတ်တင်မည့် ကွန်ရက် စနစ်တွင် 886 Rassvet broadband အမျိုးအစား အင်တာနက်ဂြိုဟ်တုနှင့် ကမ္ဘာ မြေကြီးအား အဝေးမှနေ၍ အာရုံခံစောင့် ကြည့်နိုင်သည့် ဂြိုဟ်တုများပါဝင်မည် ဖြစ်ကြောင်း RIA Novosti သတင်း အေဂျင်စီက အာကာသအရင်းအမြစ်များ ကို ကိုးကား၍ဖော်ပြသည်။

ပတ်လမ်းအတွင်းသို့ လွှတ်တင်မည့် ဂြိုဟ်တုကွန်ရက်စနစ်စီမံကိန်းအား သမ္မတ ဗလာဒီမာပူတင်၏ ကွပ်ကဲမှုအောက်ရှိမဟာဗျူဟာကောင်စီအဖွဲ့က ဇွန်လ ၁၀ ရက်တွင် သုံးသပ်သွားမည်ဖြစ်သည်။
ရုရှားနိုင်ငံသည် ဒရုန်းများကိုတန်ပြန်နိုင် သည့် ဂြိုဟ်တုစနစ်သုံးမော်ဒန်သစ်တစ်မျိုး ကို ထုတ်ဖော်ပြသထားပြီးဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီအဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးအဖွဲ့က ယခုနှစ် မတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
(Ref: Ivz)
Photo -Sputnik
Myawady Daily Newspaper

နှစ်နိုင်ငံနယ်စပ်တွင် အပစ်အခတ်လေ့ကျင့်မှုပြုလုပ်မှုအပေါ် ရုရှားနိုင်ငံက ဂျပန် နိုင်ငံအား ကန့်ကွက်ခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံသည် ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ရုရှားနိုင်ငံ၏ နယ်စပ်အနီး ပင်လယ်ပြင် အတွင်း ပစ်ခတ်မှုလေ့ကျင့်ခဲ့မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ပြန်ကြားရေးအဖွဲ့က ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။
ရုရှားနိုင်ငံနယ်စပ်အနီးတွင် ထိုသို့လုပ်ဆောင်ခြင်းသည် မဆင်မခြင်လုပ်ဆောင်ရာ ရောက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ပစ်ခတ်မှု လေ့ကျင့်ခြင်းသည် အရပ်ဘက်ရေကြောင်းသွားလာမှုအပေါ်အန္တရာယ်ကျရောက်စေ နိုင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကို လက်သင့်မခံနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
Ref: Ivz

US သံရုံးက Kyiv ရှိ အမေရိကန်နိုင်ငံသားများကို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေးချက်မြည်သံများကို သတိထားပြီး သင့်လျော်သည့် ခိုလှုံရာနေရာများတွင် ခိုလှုံရန် အကြံပြုထားပါသည်။ “ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေသည်” ဟု ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ထုတ်ပြန်သည့် လုံခြုံရေး သတိချက်ပေးချက်၌ ဖော်ပြထားပါသည်။

ရုရှား သမ္မတ ပူတင် က “မကြာသေးမီက ရုရှားပိုင် နျူကလီယား ဗုံးကြဲလေယာဉ်ကြီးများရှိသည့် လေယာဉ်ကွင်းများကို ယူကရိန်း၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်မည်” ဟု ပြောကြားခဲ့သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က Truth Social မှာ ဗုဒ္ဓဟူးနေ့ (ဇွန် ၄) ညက ရေးသား ခဲ့ပါသည်။ ၎င်းတို့နှစ်ဦး မကြာသေးမီက ပြုလုပ်ခဲ့သည့် ကြိုတင်စီစဉ်မထားသော ဆွေးနွေးမှုအကြောင်းကိုလည်း ဖော်ပြခဲ့ပါသည်။
အဆိုပါလုံခြုံရေး သတိပေးချက်ကို US နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယခု ယူကရိန်းရှိ အမေရိကန်နိုင်ငံသားများကို “ကြိုတင်၍ ခိုလှုံရာနေရာများ သတ်မှတ်ထားရန်” နှင့် “ရေ၊ အစားအစာနှင့် ဆေးဝါး များ သိုလှောင်ထားရန်” အကြံပြုထားပါသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် Bryansk နှင့် Kursk ဒေသများရှိ မီးရထားလမ်းဖျက်ဆီးမှုများကို “လုံးဝသေချာသော အကြမ်းဖက်လုပ်ရပ်တစ်ခု” အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းကို “ကိယက်ဗ် ရှိ တရားမဝင်အာဏာရှင်စနစ်” မှ ကျူးလွန်ခဲ့သည်ဟု ဆိုကာ ထိုစနစ်သည် “တဖြည်းဖြည်း အကြမ်းဖက် အဖွဲ့အစည်း တစ်ခု အဖြစ် ပြောင်းလဲလာနေသည်” ဟု ထောက်ပြခဲ့သည်။
နိုင်ငံခြားရေးမူဝါဒ အကြီးတန်းအကြံပေး Yury Ushakov ၏ အဆိုအရ ပူတင်သည် ထရမ့်အား အဆိုပါတိုက်ခိုက်မှုများသည် မော်စကိုနှင့် ကိယက်ဗ် အကြား တိုက်ရိုက်ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ရည်ရွယ်ခဲ့ကြောင်း၊ ၎င်းတို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲကို တနင်္လာနေ့ (ဇွန် ၂) က အစ္စတန် ဘူလ်တွင် ကျင်းပခဲ့ကြောင်း အသိပေးခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းနှင့်ပတ်သက်သည့် အဆင့်မြင့် အစည်းအဝေးများနှင့် အခြားလမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်။ ထရမ့်သည် ဖုန်းစကား ပြောဆိုမှုကို “ကောင်းမွန်သော ဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့သော်လည်း ၎င်းသည် “ချက်ချင်း ငြိမ်းချမ်းရေးကို ဖြစ်စေမည့်အရာမဟုတ်ကြောင်း” မှတ်ချက်ပြုခဲ့သည်။

တရုတ်သတင်းဌာန (CCTV) က ယခုသီတင်းပတ်အတွင်း DF-5 နျူကလီးယားဒုံးကျည်၏ အဓိက အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ၎င်းဒုံးကျည်သည် ကီလိုမီတာ ၁၂,၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ကာ TNT တန်ချိန် သန်း ၃-၄ သန်းနှင့် ညီမျှသည့် အဖျက် စွမ်းအား ရှိသော ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ စွမ်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က ဟီရိုရှီးမားမြို့ပေါ်သို့ ပစ်ချခဲ့သည့် အနုမြူဗုံး၏ စွမ်းအားထက် အဆ ၂၀၀ ပိုမို ကြီးမားသည်။

CCTV က DF-5 ကို “ပထမမျိုးဆက် တိုက်ချင်းပစ်ဒုံးကျည် (ICBM)” အဖြစ် ဖော်ပြထားပြီး အမေရိကန်နှင့် အနောက်ဥရောပတိုက်ရှိ ပစ်မှတ်များ၏ မီတာ ၅၀၀ အတွင်း ထိရောက်နိုင်သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည် သည် အလျား ၃၂.၆ မီတာ၊ အချင်း ၃.၃၅ မီတာနှင့် လွှတ်တင်အလေးချိန် တန်ချိန် ၁၈၃ ရှိသည်။ ၎င်းကို ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် တည်ဆောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် တပ်ဖွဲ့များတွင် စတင်အသုံးပြု ခဲ့သည်။
တရုတ်နိုင်ငံသည် များသောအားဖြင့် ၎င်း၏နျူကလီးယား လက်နက်အစီအစဉ်များကို လျှို့ဝှက်ထားလေ့ရှိပြီး အထူးသဖြင့် ဒုံးကျည်များ၏ တိကျသောစွမ်းရည်များနှင့် တပ်ဆင်ထားသည့်အနေအထားများကို ဖော်ပြလေ့မရှိပါ။ အစိုးရအရာရှိများသည် မကြာသေးမီက ထုတ်ဖော်ပြသခဲ့သည့် လက်နက်အသစ်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြရန် ရှောင်ရှားလေ့ရှိသည်။ ပေကျင်းအစိုးရသည် အဘယ်ကြောင့် ဤအချိန်တွင် DF-5 ၏စွမ်းရည်များကို ထုတ်ဖော်ပြောကြားရန် ရွေးချယ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
တရုတ်နိုင်ငံ၏ နိုင်ငံပိုင်မီဒီယာများတွင် ကာကွယ်ရေးကိစ္စရပ်များကို မကြာခဏ သုံးသပ်ပြောဆိုလေ့ရှိသူ ဟောင်ကောင်အခြေစိုက် စစ်ရေးကျွမ်းကျင်သူ ဆုန်ကျုံ့ဖိန် (Song Zhongping) က DF-5 ဒုံးကျည်သည် ပေကျင်း၏ နျူကလီးယား ပိုင်ဆိုင်မှုမဟာဗျူဟာတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အလေးအနက်ပြောကြားခဲ့သည်။
ကိုးကား- VN Express