သတင်းများ

အမေရိကန်က ယူကရိန်းသို့ စစ်ရေးအကူအညီများရပ်ဆိုင်းလိုက်ခြင်းကငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်စေဟု ပက်စကော့ပြော

နယူးယောက်၊ စစ်ရေး

အမေရိကန်အစိုးရက ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အထောက်အကူပြုခြင်းပင်ဖြစ်သည်ဟု ရုရှားအစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မတ်လ ၄ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို  အမေရိကန်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယူကရိန်းအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်ကြောင်း ပက်စကော့က ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရသည်   ယူကရိန်းနိုင်ငံသို့ လက်နက်ရောင်းချမှုအသစ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ    အမေရိကန်အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ Wall Street Journal ကမတ်လ ၃ ရက်တွင် ဖော်ပြသည်။

ထို့ပြင် အမေရိကန်အစိုးရသည် ၎င်းနိုင်ငံမှထုတ်လုပ်ထားသည့်စစ်လက်နက်များအား ယူကရိန်းသို့ပေးပို့နေခြင်းနှင့်   ယူကရိန်းနှင့်အမေရိကန်တို့ကြား   ထောက်လှမ်းရေးသတင်းဝေမျှခြင်း၊ ယူကရိန်းစစ်သည်များနှင့် လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပါ ရပ်ဆိုင်းရန် စဉ်းစားလျက်ရှိကြောင်း Wall Street Journal ကဆက်လက်ဖော်ပြထားသည်။

ထရမ့်နှင့်အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ယူကရိန်း ပဋိပက္ခအပါအဝင် အမေရိကန်အစိုးရက ပေးအပ်နေသည့်စစ်ရေးအကူအညီများအား ရပ်ဆိုင်းပစ်နိုင်မည့်အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပရန်စီစဉ်ခဲ့သည်ဟု အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Washington Post တွင် ဖော်ပြခဲ့ကြောင်းသိရသည်။

အမေရိကန်အစိုးရက ယူကရိန်းသို့စစ်ရေးအကူအညီပေးအပ်နေခြင်းကို ရပ်ဆိုင်းခဲ့မှုအပေါ် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးကအတည်ပြုထားသည်။

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ထရမ့်သည် အစ္စရေးနိုင်ငံမှအပ အခြားနိုင်ငံများသို့ပေးအပ်သည့် စစ်ရေးအကူအညီများအပါအဝင် ပြည်ပနိုင်ငံများသို့ ပေးအပ်နေသည့်အကူအညီများကိုပါ ရပ်တန့်ပစ်ခဲ့ကြောင်းသိရသည်။   

Source: https://myawady.net.mm/

အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဆိုက်ဘာစောင့်ကြည့် တိုက်ခိုက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်း

ပင်တဂွန်က ရုရှားနိုင်ငံအပေါ် ဆိုက်ဘာလုံခြုံရေးအတွက် အန္တရာယ်ရှိသော စောင့်ကြည့်တိုက်ခိုက်ရေးလုပ်ငန်းများကိုရပ်ဆိုင်းရန် အမိန့်ပေးခဲ့ ကြောင်း အမေရိကန်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မီဒီယာများက မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား Oval Office တွင် ပြင်းထန်စွာ ငြင်းခုံခဲ့ကြသည့် ဆွေးနွေးပွဲမတိုင်မီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။

အမည်မဖော်လိုသော အရာရှိများအဆိုအရ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဝါရှင်တန်သည် မော်စကိုနှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန်ကြိုးပမ်းနေစဉ် US Cyber Command သို့ လုပ်ဆောင် ချက်များကိုရပ်တန့်ရန် ဖေဖော်ဝါရီလကုန်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဦးစားပေးဖော်ပြလေ့ရှိသော The Record သတင်းဌာနက ယခုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့တွင် ပထမဆုံးဖော်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားလုံခြုံရေးအေဂျင်စီမှ လုပ်ဆောင်သည့်သတင်းအချက်အလက်ထောက်လှမ်း စုဆောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။ ဆိုက်ဘာ လုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဖော်ပြထားသော်လည်း သတင်းရင်းမြစ်များက ကန့်သတ်ချက် မရှိ ရပ်တန့်ရန်ဖြစ်သည်ဟု ဆိုသည်။ ထရမ့်ကို ဝေဖန်သူများက အဆိုပါ လုပ်ရပ်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ယူကရိန်းကို သတင်းအချက်အလက် ထောက်ပံ့ခြင်း အပါအဝင် အနာဂတ်၌ ရုရှားကွန်ယက်များထဲသို့ အမေရိကန်၏ ထိုးဖောက်နိုင်စွမ်းအတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်လာနိုင်သည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

ရုရှားက အမေရိကန်သည် ဆိုက်ဘာတိုက်ခိုက်မှုများတွင် အထူးသတိထား စောင့်ကြည့်ရမည့် ယှဉ်ပြိုင်ဘက်အဖြစ် ရှုမြင်ထားသည်။ ဘားရက် အိုဘားမား သမ္မတသက်တမ်းအတွင်း အီရန်နျူကလီးယား စီမံကိန်း စက်ရုံများ၏ ဆိုက်ဘာလုံခြုံရေးကို ကျော်ဖြတ်ကာ ဝင်ရောက်ဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များကဲ့သို့သော ထင်ရှားသည့်လုပ်ဆောင်ချက်များဖြင့် ဆိုက်ဘာနယ်ပယ်တွင် အမေရိကန်၏စွမ်းဆောင်နိုင်မှုကို သတိပြုမိစေခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် ခြေရာခံရန် ခက်ခဲသော်လည်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက တရုတ်နှင့် ရုရှားကဲ့သို့သော နိုင်ငံများနှင့် ဆက်စပ်နေသည့် ဟက်ကာအဖွဲ့များသည် ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် အဓိကတာဝန်ရှိသည်ဟု မကြာခဏ စွပ်စွဲပြောဆိုလေ့ ရှိသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှား၏ကာကွယ်ရေးစွမ်းအားအပေါ် ပံ့ပိုးမှုကို မြောက်ကိုရီးယား တိုးမြှင့် လုပ်ဆောင်

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ရာတွင် အသုံးပြုမည့် ဒုံးကျည်များကို ရုရှားနိုင်ငံအား မြောက်ကိုရီးယား နိုင်ငံက ထောက်ပံ့ပေးလျက်ရှိကြောင်း ယူကရိန်းစစ်ဖက်ထောက်လှမ်းရေးဌာန၏ပြောရေးဆိုခွင့်ရှိသူ Andrii Chernyak ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

ရုရှားစစ်တပ်သည် KN-23 အမျိုးအစား ဒုံးကျည်အစင်း ၆၀ ခန့် အသုံးပြုလျက်ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ ထုတ် အဆိုပါဒုံးကျည်များသည် ခေတ်မမီတော့သည့် နည်းပညာများကို အသုံးပြု ထားသည့်အတွက် တိကျ သေချာမှုနည်းပြီး အန္တရာယ်များကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားထံမှ သန်းပေါင်းများစွာသော အမြောက်ကျည်ဆံများကိုလည်း ရယူထားရှိကြောင်း၊ မြောက်ကိုးရီးယားမှ လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ သင်္ဘောတင်ဆောင်မှုနှင့် ကွန်တိန်နာများ သယ်ယူမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက် ရှိကြောင်း၊ စာရင်းအတိအကျ မသိရှိနိုင်သော်လည်း ဆိပ်ကမ်းတွင် သိုလှောင်ထားရှိသည့်စာရင်းတွင် မြောက်ကိုရီးယားနိုင်ငံထုတ် အမြောက်လက်နက်များလည်း ပါရှိနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ယူကရိန်းနိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း Andrii Chernyak က ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် ရုရှားအနေဖြင့် ၎င်းတွင် စစ်ရေးဆိုင်ရာအရင်းအမြစ်များ ရှိနေသော်လည်း မြောက်ကိုရီးယားထုတ် လက်နက်ခဲယမ်းများပေါ်တွင် မှီခိုလျက်ရှိကြောင်း Chernyak က ထောက်ပြပြောဆိုခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် အရေးပေါ်အခြေအနေများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ရေးဆိုင်ရာ အကူအညီ များအပါအဝင် အခြားအကူအညီများပေးရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးစာချုပ်ကို ယခင်နှစ်က ချုပ်ဆိုခဲ့ကြကြောင်း Tagtik.co.uk သတင်းစာမျက်နှာတွင် ရေးသား  ဖော်ပြထားပါသည်။

ကိုးကား- Tagtik.co.uk                     

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄
 
အင်အားပြသသည့်အနေဖြင့် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson တောင်ကိုရီးယားသို့ရောက်ရှိ

ဆိုး၊ စစ်ရေး

အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်သည့် USS Carl Vinson သည် အင်အားပြသသည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဘူဆန်ဆိပ်ကမ်းသို့    ရောက်ရှိလာခဲ့ကြောင်းတောင်ကိုရီးယားရေတပ်က ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုကတောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးအပေါ်ထားရှိသည့် ၎င်းတို့၏ကတိကဝတ်နှင့် နှစ်နိုင်ငံကြားရှိ စစ်ရေးမဟာမိတ်ဖြစ်မှုတို့ကို ပြသရန်အတွက် လေယာဉ်တင်သင်္ဘော USS Carl Vinson သည် အဆိုပါဆိပ်ကမ်းသို့ မတ်လ ၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။   ၎င်းလေယာဉ်တင်သင်္ဘောနှင့်အတူ အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးတပ် ခရုဆာစစ်သင်္ဘောများဖြစ်သည့် USS Princeton နှင့် USS Sterett တို့လည်းလိုက်ပါလာကြောင်းသိရသည်။

အမေရိကန်ရေတပ်မှ    USS   Carl Vinson    လေယာဉ်တင်သင်္ဘောသည်မြောက်ကိုရီးယားနိုင်ငံက   ၎င်းတို့၏ခရုဒုံးကျည်များကို စမ်းသပ််ပစ်ခတ်ပြီးရက်ပိုင်းအကြာတွင် ရောက်ရှိလာခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် အမေရိကန်လေယာဉ်တင်သင်္ဘော၏ခရီးစဉ်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော Theo-dore Roosevelt   လာရောက်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လာရောက်မှုဖြစ် ကြောင်းသိရသည်။

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်စီးဆင်း ဝင်ရောက်မှုကို  ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ရှာဖွေရန် ထရမ့် ညွှန်ကြား

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်များ စီးဆင်းဝင်ရောက်မှုကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့်နည်းလမ်း    ရှိ၊ မရှိ ရှာဖွေကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  အမေရိကန်အရာရှိများအား ညွှန်ကြားလိုက်သည်ဟု the Wall Street Journal ကဖော်ပြသည်။

ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီတို့ကြား အငြင်းအခုံဖြစ်ပွားပြီးနောက်  ထရမ့်က ယူကရိန်းနိုင်ငံသို့ လက်ရှိဝင်ရောက်နေသည့် လက်နက်များအားလုံးကို   ရပ်တန့်နိုင်မည့် အလားအလာကို စဉ်းစားလာခြင်းဖြစ်ကြောင်း Washington Post သတင်းစာက သမ္မတအကြံပေးတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ အစောပိုင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ထရမ့်သည် လက်ရှိတွင် ယူကရိန်းနှင့် စပ်လျဉ်း၍ နောက်ထပ် လုပ်ဆောင်ချက်များ ထပ်မံလုပ်ဆောင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း   သတင်းစာတွင် ဆက်လက်ဖော်ပြသည်။

ထရမ့်နှင့် ဇီလန်စကီတို့သည်  အိမ်ဖြူတော်၌ ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မကြာမီ ၎င်းဆွေးနွေးမှုသည် အငြင်းအခုံအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သိရသည်။ ငြင်းခုံမှုအတွင်း ဇီလန်စကီက ထရမ့်အား ရိုသေမှုမရှိဘဲ ရိုင်းပျစွာ ဆက်ဆံခဲ့သည်ဟု ထရမ့်ကယူဆထားသည်။ ၎င်းတို့နှစ်ဦးကြား ငြင်းခုံမှုဖြစ်ပွားခြင်းကြောင့် အမေရိကန်နှင့် ယူကရိန်းတို့အနေဖြင့် ၎င်းတို့ကြား လက်မှတ်ရေးထိုးမည့် မြေရှား သဘောတူညီချက်ကိုလည်း ရပ်ဆိုင်းပစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇီလန်စကီသည် လက်ရှိ ရုရှားနှင့်ဖြစ်ပွားနေသည့်    ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်ဆန္ဒရှိသည့် အရိပ်အယောင်မရှိဟု   ထရမ့်က ထပ်လောင်း ပြောကြားထားသည်။

ယူကရိန်း၏ စစ်အင်အားကို ဖျက်သိမ်းရန်တောင်းဆိုမှုကို Scholz လက်မခံ

ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဥရောပလုံခြုံရေးသည် ယူကရိန်း တောင့်တင်းခိုင်မာမှုကိုအခြေပြု၍ စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု ပြောကြားခဲ့ပြီး ယူကရိန်း၏ စစ်အင်အားဖျက်သိမ်းရမည် ဟူသော ရုရှား၏အဆိုပြုမှုကို ပယ်ချခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က မော်စကိုကို တုန့်ပြန်ရန် ကိယက်ဗ်ကို ထောက်ခံ အားဖြည့်ပေးလိုသော နိုင်ငံများ၏ မဟာမိတ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းရန် အစီအစဉ်များကို ကြေညာပြီးနောက် Scholzက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စတာမာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)က လန်ဒန်တွင် အရေးပေါ် အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ကိယက်ဗ်၏ အထောက်အပံ့ပေးသူအချို့တွင် အရင်းအမြစ်များ ကန့်သတ်ချက်ရှိသော်လည်း ဆောင်ရွက်နိုင်သူများသည် အရေးပေါ်လုပ်ဆောင်သင့်ကြောင်း ဝန်ခံခဲ့သည်။ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားရာတွင် Scholz က ဘာလင်သည် တပ်ဖွဲ့ဝင်များ စေလွှတ်ရေးနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ယူကရိန်းအတွက် ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ကို ဆက်လက်ပေးအပ်မည်ဟု အလေးထား ပြောကြား ခဲ့သည်။

Kiel Institute ၏ အဆိုအရ ဂျာမနီသည် ယူကရိန်းအတွက် စစ်ရေးနှင့် အခြားအကူအညီများ ယူရိုဒေါ်လာ ၁၈ ဘီလီယံခန့် ပံ့ပိုးပေးခဲ့ကာ အမေရိကန်ပြီးလျှင် ဒုတိယထောက်ပံ့မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ညွှန်ကြား

ဝါရှင်တန်၊ ဆိုက်ဘာတိုက်ခိုက်မှု

ရုရှားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ပစ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အမေရိကန်ဆိုက်ဘာတပ်ဖွဲ့အား  အမိန့်ပေးညွှန်ကြားလိုက်ကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ဒစ်ဂျစ်တယ်စစ်ဆင်မှုများအပါအဝင် ရုရှားနိုင်ငံအပေါ်ဆင်နွှဲနေသည့် ဆိုက်ဘာတိုက်ခိုက်မှုအားလုံးကို  ရပ်တန့်ပစ်ရန် ပိဟက်ဆက်က ဆိုက်ဘာတပ်ဖွဲ့မှ အကြီး အကဲ  ဗိုလ်ချုပ်ကြီး  တင်မသီဟိုအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း The Record က  အမေရိကန်အရာရှိများ၏  ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခြင်းဖြစ်သည်။

ရုရှားနိုင်ငံအပေါ်လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သည့်အချိန်ကာလအထိ ရပ်ဆိုင်းထားမည်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်းသိရသည်။ သို့သော် အမေရိကန်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည်   ရုရှားနှင့်အမေရိကန်နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တိုးတက်လာစေရန်ရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း မီဒီယာတွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏  ရုရှားနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့်ဆန့်ကျင်နေသည့် စစ်ဘက်မှအရာရှိကြီးများကို ရာထူးမှဖယ်ရှားရန် စီစဉ်လျက်ရှိသည်ဟု NBC သတင်းဌာနက ဖေဖော်ဝါရီလ  ၁၉  ရက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။   

အပစ်အခတ်ရပ်စဲရေး အမေရိကန်အဆိုပြုချက်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် အကူအညီများကို အစ္စရေး ပိတ်ဆို့မည်

ဓားစာခံများ ထပ်မံလွတ်မြောက်လာစေရေး အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်ပြည်ထောင်စု၏ အဆိုပြုချက်အသစ်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် ထောက်ပံ့ရေး ပစ္စည်းများကို ပိတ်ဆို့ထားမည်ဟု အစ္စရေးက ဆိုသည်။ ဂါဇာကမ်းမြောင် သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှု ရပ်ဆိုင်း ထားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။

ကနဦး သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် မတ်လ ၁ ရက် (စနေနေ့)၌ ပြီးဆုံးခဲ့သည်။အမေရိကန်၏ အဆိုပြုချက် အသစ်တွင် ဟားမက်တို့က ထိန်းသိမ်းထားသော ဓားစာခံများထဲမှ တစ်ဝက်ကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဧပြီ  လလယ်အထိ သက်တမ်းတိုးရန် တောင်းဆိုထားပါသည်။ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးသဘောတူချိန်၌ ကျန်ဓားစာခံများကို လွှတ်ပေးရမည်ဟုလည်း ဆိုထားပြီး ၎င်းအဆိုပြုချက်ကို ဟားမက်က ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါသည်။ ဒုတိယအဆင့်အတွက် စေ့စပ်ညှိနှိုင်းရေး ကိစ္စများတွင် တောင်းဆိုထားသည့် မူလသဘောတူညီချက်ကို အကောင် အထည်ဖော်ရမည်ဟု ၎င်းတို့ကဆိုသည်။ ဒုတိယအဆင့်တွင် ယင်း ကမ်းမြောင်မှ အစ္စရေးတပ်များ အပြီးတိုင်ဆုတ်ခွာခြင်း၏ အပြန်အလှန်အနေဖြင့် ဟားမက်က လက်ကျန်ဓားစာခံအားလုံးကို လွှတ်ပေးမည် ဖြစ်ပါသည်။ အကူအညီများ၏ အမှန်တကယ်စီးဆင်းမှု အသေးစိတ်ကို မသိရသေးသော်လည်း မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ဂါဇာ ကမ်းမြောင်သို့ ဝင်ရောက်ရန် နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခု၌ အကူအညီပေးရေး ထရပ်ကားယာဉ်တန်းရှည်ကို တွေ့နေရသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “ဂါဇာ ကမ်းမြောင်ဒေသအတွက် အကူအညီများကို ရပ်ဆိုင်းရန် အစ္စရေး၏ ဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းသည်” ဟုပြောခဲ့ကြောင်း သိရှိရပါသည်။ ဂါဇာကမ်းမြောင် မြောက်ပိုင်း၌ ဖောက်ခွဲရေးလုပ်ဆောင်ရန် ကြိုးစားနေသူအများအပြားကို တိုက်ခိုက်ခဲ့သည်ဟုလည်း အစ္စရေး တပ်ဖွဲ့များက ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အများအပြား ယူကရိန်းတပ်ဖွဲ့ လက်ခံရရှိထား

ယူကရိန်းတပ်ဖွဲ့များသည် ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အမြားအပြား လက်ခံရရှိထားကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ Alexander Bastrykin က TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ဂျာမနီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယားနှင့် အခြားနိုင်ငံ အတော်များများက ယူကရိန်းတပ်ဖွဲ့ကို လူသေစေသည့် လက်နက်များ ထောက်ပံ့ပေးနေတာကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်အတူ ကျွန်တော်တို့ အခု မှတ်တမ်းတင်နေပါတယ်” ဟု သူက ဆိုပါသည်။

 Bastrykin ၏ ပြောကြားချက်အရ Storm Shadow ခရုဇ်ဒုံးပျံများ၊ အမြောက်ကျည်များ၊ တင့်ကားများ၊ လက်နက်ကြီးကျည်များ၊ လေကြောင်း တိုက်ခိုက်ရေးဗုံးများနှင့် ကျည်ဆံများကို ဥရောပမှ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် ယူကရိန်းတပ်မတော်သည် တိုက်ခိုက်ရေးများတွင် သာမက အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရာတွင်လည်း တွင်ကျယ်စွာအသုံးပြုသည့် ဒရုန်းများကို လက်ခံရရှိထားသည် သိရပါသည်။

ကိုးကား-TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ပြီးနောက် တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘော ရောက်ရှိလာ

မြောက်ကိုရီးယားအစိုးရက ၎င်း၏တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရန်အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ မတ်လ ၂ ရက် တွင် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

USS Carl Vinson လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန် ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းသည် ဆက်တိုက်ဖြစ်ပေါ်နေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရာ၌ ခိုင်မာသည့် အမေရိကန်-တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပြသရန်နှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပြောဆိုခဲ့ပါသည်။

USS Carl Vinson လေယာဉ်တင်သင်္ဘောသည် လွန်ခဲ့သောနှစ် ဇွန်လ နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည်ဟု တောင်ကိုရီးယား ရေတပ်က ပြောကြားခဲ့ပါသည်။ USS Carl Vinson လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ချထားခြင်းသည် အင်အားကြီးအမေရိကန်သည် လုံခြုံရေးခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည့် မြောက်ကိုရီးယားကို ဒေါသထွက်စေလိမ့်မည်ဟု သုံးသပ်မှုများလည်းရှိနေပါသည်။

လွန်ခဲ့သည့်ဇန်နဝါရီလ၌ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် သံတမန်ဆက်ဆံရေးများ ပြန်လည် ရှင်သန်လာစေရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့်တွေ့ဆုံမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။

ကိုးကား-NP News