သတင်းများ

ထရမ့်က ဟားမက်ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်

ဟားမက်အနေဖြင့် ကျန်ရှိနေသော ဓားစာခံများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ထိုကဲ့သို့မဟုတ်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ထရမ့်က သတိပေးလိုက်ကြောင်း သိရှိရပါသည်။

အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အကြား နောက်ထပ်အကျဉ်းသား လဲလှယ်ရေးဆွေးနွေးမှုများ ရပ်တန့်သွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

“ဓားစာခံများအားလုံးကို လွှတ်ပေးရန်နှင့် သေဆုံးသွားသော ဓားစာခံများ၏ ရုပ်ကြွင်းများကို ချက်ချင်းပြန်ပေးရမည်။ ထိုသို့မဟုတ်ပါက ဟားမက်တို့အတွက် နောက်ဆုံးအချိန်ဖြစ်သွားမည်” ဟု ထရမ့် က ၎င်း၏ Truth Social Platform ၌ ရေးသားခဲ့သည်။

ဇန်နဝါရီလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး ပါလက်စတိုင်း ၂၀၀၀ ခန့်နှင့် အစ္စရေး ၃၈ ဦး တို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ Axios ၏သတင်းအရ အစ္စရေးအာဏာပိုင်များက အနည်းဆုံး ၂၈ ဦးသည် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။

အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့်သည် မတ်လ ၃ ရက်(တနင်္ဂနွေ) နေ့တွင် ကုန်ဆုံးသွားပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် လိုက်နာမှုမရှိကြောင်း စွပ်စွဲခဲ့ကြသည်။ The Jerusalem Post သတင်းစာက မတ်လ ၄ ရက်(တနင်္လာ)နေ့တွင် နောက်ထပ်လဲလှယ်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ရှေ့ဆက် မတိုးတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Hamas ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က CNN သို့ မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် Trump ၏ ခြိမ်းခြောက်မှုများသည် “စစ်ပြေငြိမ်းရေး သဘောတူညီချက်နှင့်ပတ်သက်၍ အရာရာကို ပိုမိုရှုပ်ထွေးစေမည်” ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်ထောက်ပံ့မှုမရှိပါက EU လုံခြုံရေး စိုးရိမ်ရ

ဒုတိယကမ္ဘာစစ်အပြီး EU ၏လုံခြုံရေးအာမခံနိုင်မှုသည် အမေရိကန်၏ ထောက်ပံ့မှုမရှိပါက အချိန်မရွေးပြိုလဲနိုင်ကြောင်း EU ခေါင်းဆောင်များက စိုးရိမ်နေကြသည်ဟု မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် အရေးကြီး ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပ ထိပ်တန်းအရာရှိများ၏ သုံးသပ်ချက်ကို ကိုးကား၍ Politico က ဖော်ပြခဲ့ သည်။

အမေရိကန်သမ္မတ Donald Trump က Kiev သို့ လက်နက်ပေးပို့မှု အားလုံးကို ရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဥရောပရှိ ယူကရိန်းထောက်ခံသူများကြားတွင် မသေချာမရေရာမှုနှင့် စိုးရိမ်မှုများ ပိုမိုများပြားလာခဲ့သည်။

Trump က ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုများစတင်ခဲ့ပြီး ယူကရိန်း ခေါင်းဆောင် Vladimir Zelensky ကို “အာဏာရှင်တစ်ဦး” ဟု ခေါ်ဆိုလိုက်ခြင်းအပေါ် EU၊ UK နှင့် ယူကရိန်းတို့မှ အကြီးတန်းအရာရှိများက နှစ်ခြိုက်မှုမရှိခဲ့ကြဘဲ လွန်စွာစိတ်ပျက်မိကြောင်း ဖော်ပြခဲ့ကြသည်။

EU အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းအရာရှိအချို့က Trump အပေါ် ပြန်လည်တုံ့ပြန်မှုသည် မှားယွင်းသည့် အခြေအနေသို့ ဦးတည်သွားမည်ကို စိုးရိမ်နေကြပြီး၊ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဦးဆောင်သော “ရုရှားထောက်ခံသူအုပ်စု” သည် ယူကရိန်းအတွက် ထောက်ပံ့မှုကို ကန့်ကွက်လာနိုင်မည့်အရေးကို “ယူကရိန်းထောက်ခံသူအုပ်စု” က စိုးရိမ်နေကြသည်ဟု Politico က ဖော်ပြခဲ့သည်။

Orban နှင့် ဆလိုဗက်ဝန်ကြီးချုပ် Robert Fico တို့က ပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းချက်ရှာရန်နှင့် ယူကရိန်းကို ခြွင်းချက်မရှိ စစ်ရေးအကူအညီများ လျှော့ချရန် ဘရပ်ဆဲလ်ကို တိုက်တွန်းခဲ့သည်။ Politico ၏အဆိုအရ ဟန်ဂေရီသည် EU ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ နောက်ဆုံးကြေညာချက်၌ ယူကရိန်းသို့ လက်နက်များ ဆက်လက်ပေးပို့ရန် အဆိုပြုချက်ကို ကန့်ကွက်ခဲ့သည်။

EU သည် ယူကရိန်းကို ထောက်ခံရန်နှင့် ဥရောပအစုအဖွဲ့၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန်အတွက် ဘရပ်ဆဲလ်မြို့၌ ထပ်မံကျင်းပမည့် အဆင့်မြင့်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးစွမ်းရည်မြှင့်တင်ရေးအတွက် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၆၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ကြေညာခဲ့သည်။

ရုရှားက အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် အစီအစဉ်များကိုကြိုဆိုသော်လည်း အနောက်နိုင်ငံများ၏ အခြားတဖက်အပေါ်ထောက်ပံ့မှုများသည် ၎င်း၏စစ်ဆင်ရေးပန်းတိုင်များ အောင်မြင်ရန် ကြိုးပမ်းမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေး ဧရိယာ ပြင်ပ၌ ဗုံးများ မတော်တဆပြုတ်ကျ

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီးသည် လေ့ကျင့်ရေးဧရိယာပြင်ပ၌ မတော်တဆ ဗုံး(၈)လုံး ပြုတ်ကျခဲ့ရာ အဆောက်အဦများပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါဖြစ်စဉ်သည် မတ်လ (၆) ရက် ဒေသစံတော်ချိန် (၁၀:ဝဝ) နာရီကျော်ခန့်တွင် ဆိုးလ်မြို့၏ အရှေ့မြောက်ဘက်၊ ၄၀ ကီလိုမီတာခန့်အကွာ Pocheon မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးသတ်သမားများ၏ပြောကြားချက်အရ နေအိမ် (၂) လုံးနှင့် Church ကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက်မှ (၂) ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရှိရပါသည်။

အဆိုပါတိုက်လေယာဉ်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး တောင်ကိုရီးယား စစ်ဘက်က ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြော

အမေရိကန်၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရဘက်မှ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုမှုများသည် ကမ္ဘာ့အင်အားကြီးစီးပွားရေး နိုင်ငံနှစ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲ၌ တင်းမာမှုများ ထပ်မံတိုးမြင့်လာသည့် လက္ခဏာတစ်ခုလည်း ဖြစ်ပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်သည် မတ်လ ၅ ရက်နေ့ အစောပိုင်းက လုပ်ဆောင်ခဲ့သည့် Fox သတင်းဌာနနှင့် အင်တာဗျူး တစ်ခုအတွင်း အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည် ဟုလည်း သိရှိရသည်။

တရုတ်အစိုးရသည် မည်သည့်စစ်ပွဲကိုမဆို ရင်ဆိုင်ရန်အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သည့် အမေရိကန်ရှိ တရုတ်သံရုံး၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ပီတီဟတ်ဆတ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။

ပီတီဟတ်ဆတ်က ငြိမ်းချမ်းရေးကို လိုလားသည့် သူများသည် စစ်ပွဲအတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Hodeidah မြို့အပေါ်၌ ပျံသန်းထောက်လှမ်းနေသည့် အမေရိကန်၏ MQ-9 ဒရုန်းကို ဟူသီတို့က ပစ်ချ

ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidah မြို့ပေါ်တွင် ပျံသန်းပြီး ကင်းထောက်နေသည့် အမေရိကန် MQ-9 ဒရုန်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ MQ-9 ဒရုန်းသည် ယီမင်လေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ကျူးကျော်ရန်စသည့် စစ်ရေးအပြုအမူများ လုပ်ဆောင်ခဲ့စဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်သည် ၁၅ စင်းမြောက် ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ဟူသီတို့၏ပြောကြားချက်နှင့်ပတ်သက်၍ အမေရိကန်စစ်ဘက်ကသော်လည်းကောင်း၊ သံတမန်လမ်းကြောင်းက သော်လည်းကောင်း တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း Xinhua သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား-ဆင်ဟွာ

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊(နစက-၄)

West Bank ၌ ဟားမက်အရာရှိကြီးတစ်ဦးကို အစ္စရေးက သုတ်သင် ရှင်းလင်းခဲ့

အစ္စရေးတပ်ဖွဲ့သည် စစ်ကူအင်အားများစွာပါဝင်သည့် ကြီးမားသည့်စစ်ဆင်ရေးတစ်ရပ်ကို West Bank မြောက်ဘက်ရှိဂျီနင်မြို့၏ အရှေ့ဘက်တွင် မတ်လ ၄ ရက်နေ့က လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးအတွင်း လူနေအဆောက်အဦ များစွာကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဟားမက်တို့၏ Qassam တပ်မမှ အရာရှိကြီးတစ်ဦးဖြစ်သူ Aysar al-Saadi အပါအဝင် ပါလက်စတိုင်းလူငယ် (၁) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ် များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဟားမက်တို့အနေဖြင့် Aysar သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲခဲ့ရပြီး အစ္စရေးတို့အနေဖြင့် Aysar ကို စစ်မြေပြင်တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချိန်၌ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲပြစ်တင်ခဲ့ကြသည်။ 

လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် Aysar သည် အစ္စရေးပစ်မှတ်များအပေါ် တိုက်ခိုက်ရန် စီမံဆောင်ရွက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူဖြစ်ကြောင်း၊ အခြားသေဆုံးသည့် ပါလက်စတိုင်းလူငယ်တစ်ဦးမှာ ယင်းဒေသအတွင်း အစ္စရေးတပ်များအတွက် အန္တရာယ်ရှိသူတစ်ဦးပင်ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုတွင် အခိုင်အမာ ပြောဆိုထားသည်။ 

ကိုးကား-ဆင်ဟွာ

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံချက်စာချုပ်ကို ဥပဒေအဖြစ် လူကာရှန်ကို လက်မှတ်ရေးထိုး

မတ်လ ၄ ရက်တွင် ဘယ်လာရုစ်သမ္မတ အလက်ဆန်ဒါ လူကာရှန်ကို သည် ရုရှားနှင့် ဘယ်လာရုစ်တို့ကြားရှိ ပြည်ထောင်စုနိုင်ငံ (Union State) အတွင်း လုံခြုံရေးအာမခံချက်များနှင့်စပ်လျဉ်းသည့် စာချုပ်ကို ဥပဒေ အဖြစ် အသက်သွင်းရန် လက်မှတ်ရေးထိုးလိုက်ကြောင်း ဘယ်လာရုစ် သမ္မတရုံးကို ကိုးကား၍ ဘယ်လာရုစ်၏ နာမည်ကြီး BelTA သတင်းဌာန က ဖော်ပြထားပါသည်။

ထိုအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်သည် ဘယ်လာရုစ်နှင့် ရုရှား တို့၏ လုံခြုံရေးကို ထိခိုက်စွက်ဖက်မှုများ ဖြစ်ပေါ်လာပါက လိုအပ်သော စီမံချက်များ ဆောင်ရွက်ရန် အပြန်အလှန် အာမခံမှုများကို ထားရှိ၍ ပြည်ထောင်စုနိုင်ငံတစ်ခုလုံးအတွက် လုံခြုံရေးကိုပါ အာမခံထားရပါမည်။

စာချုပ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုနိုင်ငံ၏ ပူးတွဲ ကာကွယ်ရေး နယ်မြေအတွင်းတွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ဖြစ်ပြီး ထိုစာချုပ်အရ ဘယ်လာရုစ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံ သို့မဟုတ် ပြည်ထောင်စု နိုင်ငံတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်လာပါက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။

ကိုးကား- BelTA (ဘယ်လာရုစ်)

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန် လိုချင်သည့် မည်သည့်စစ်ပွဲကိုမဆို တရုတ်က အဆုံးထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း တရုတ်သံရုံးပြောကြား

အကယ်၍ အမေရိကန်သည် တရုတ်အပေါ် မည်သည့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို လုပ်ဆောင်လာပါက မိမိတို့အနေဖြင့် အဆုံးစွန်ထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း အမေရိကန် ဝါရှင်တန်ရှိ တရုတ်သံရုံးက ပြောကြား လိုက်ပါသည်။

အမေရိကန်က fentanyl ပြဿနာကို အမှန်တကယ် ဖြေရှင်းလိုသည့် ဆန္ဒရှိလျှင် တစ်ဖက်နှင့်တစ်ဖက် တန်းတူညီတူ ဆက်ဆံပြီး တရုတ်နှင့် တိုင်ပင်ရန် လိုအပ်ပါကြောင်း၊ အကယ်၍ အမေရိကန်က လိုချင်နေသည့် အကောက်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် အခြားမည်သည့် စစ်ပွဲမျိုးကိုမဆို   အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံး ၏ X စာမျက်နှာတွင် ရေးသားထားပါသည်။ 

အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သည် fentanyl ကိစ္စတွင် ထိထိရောက်ရောက်တားမြစ်ပိတ်ပင်ရန် တာဝန် ပျက်ကွက်သဖြင့် တရုတ်သွင်းကုန်များကို ထပ်ဆောင်းအခကြေးငွေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် အမိန့်လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုသို့ စည်းကြပ်ခွန်များကို တိုးမြှင့်လိုက်ခြင်းအပေါ် တရုတ်အနေဖြင့် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်လာမည် မဟုတ်သည်ကို မိမိယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားထားပါသည်။

ကိုးကား- TASS 

Photo: X

အမေရိကန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်

အမေရိကန်အစိုးရသည် ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်ဟု သိရပါသည်။

ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့သတ်မှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှစတင်၍ ဟူသီ လက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း၌ သွားလာနေသည့် ကုန်တင် သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းမှ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ခဲ့ကြောင်းလည်း သိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဆောင်ရွက်ခဲ့သည့်လုပ်ဆောင်ချက်သည် မိမိတို့၏ အမျိုးသား လုံခြုံရေးအကျိုးစီးပွား၊ အမေရိကန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် အမေရိကန်နိုင်ငံ့လုံခြုံရေးကို ကာကွယ်မည့် ဒေါ်နယ်ထရမ့်အစိုးရ၏ ကတိကဝတ်ကို သက်သေပြခြင်းမျိုး ဖြစ်ပါကြောင်း” ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News

အစ္စရေးလွှတ်တော်၌ ဓားစားခံမိသားစုဝင်များနှင့် အစောင့်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည့် လွှတ်တော် အစည်းအဝေးပွဲတစ်ခုသို့ အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုးတွင် ဟားမက်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ဓားစာခံများ၏ မိသားစုဝင်များ တက်ရောက်လာခြင်းကို လွှတ်တော်လုံခြုံရေးအဖွဲ့က တားဆီးခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု အနောက်ဂျေရုစလင်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။ 

လွှတ်တော်တွင်း အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုး စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ပြုလုပ်သည့် အစည်းအဝေးသို့ ဓားစားခံမိသားစုများ တက်ရောက်ခွင့်  ရရန်အတွက် အောက်တိုဘာကောင်စီ အန်ဂျီအိုအဖွဲ့က လွှတ်တော် ဥက္ကဋ္ဌ အေမာအိုဟာနာထံသို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး မတ်လ ၃ ရက် (တနင်္လာ)နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ဓားစာခံများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။ သို့သော် လွှတ်တော် လုံခြုံရေး အဖွဲ့ (Knesset) က မိသားစုဝင်များအား ခန်းမသို့ တက်ရောက်မည့် လှေကားအဝ၌ ပိတ်ဆို့တားဆီးခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကာ မိသားစုဝင်များထဲမှ ၂ ယောက် ထိုးကြိတ်ခံလိုက်ရသည်။ 

ထိုဖြစ်ရပ်အတွက် မိသားစုဝင်များက ဆန္ဒပြခဲ့ကြရာတွင် ဂျူးလူမျိုးတို့၏ ဝမ်းနည်းခြင်းဆုတောင်းချက်ဖြစ်သော ကဒ်ဒစ်ရှ်ဘာသာကို ရွတ်ဆိုကာ ကွယ်လွန်သူ ချစ်ရသူ၏ပုံများနှင့် စာတန်းများကို ကိုင်ဆောင်ထားကြ သည်ဟု သတင်း၌ ဖော်ပြထားသည်။ 

နောက်ပိုင်းတွင် မိသားစုများအား တင်းကြပ်သော ကြီးကြပ်မှုဖြင့် ခန်းမ အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့ပြီး နေတန်ယာဟု မိန့်ခွန်းပြောနေစဉ်တွင် ၎င်းတို့က ပျောက်ဆုံးသွားသော ဆွေမျိုးများ၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ မတ်တပ်ရပ်ကာ ကျောခိုင်းခဲ့ကြောင်း သိရပါသည်။ 

ကိုးကား-Myanmar National Post