သတင်းများ

တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် တရုတ်က ၎င်း၏ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပြင်ဆင်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် ၎င်း၏ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ပြင်ဆင်ချက် အမြောက်အများကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဝင်အသင့်ဖြစ်ရေးနှင့် ပြည်ပစစ်ရေးရည်မှန်းချက်တို့၏ အရေးပါမှုအပေါ် ပိုမိုအလေးထား ဆောင်ရွက်လာခဲ့ပါသည်။

ဧပြီလတွင် စတင်အသက်ဝင်မည့် ပြင်ဆင်ချက်များတွင် “တိုက်ပွဲများအောင်မြင်ရေးမှာ တပ်မတော်၏ အဓိက တာဝန် ဖြစ်သည်” ဟူသည့်အချက်ပါဝင်ပြီး “စစ်ရေးပြင်ဆင်မှုနှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုဆိုင်ရာအခြေခံအချက်များ” ကို ချမှတ်ဖော်ဆောင်ရန်လည်း အစိုးရအနေဖြင့် PLA ကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် Xinhua သတင်းဌာန၏ ဖော်ပြချက်အရသိရှိရပါသည်။

ပြင်ဆင်ချက်များတွင် “PLA တပ်မတော်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်ရေး၊ ပါတီ အပေါ် သစ္စာစောင့် သိပြီး ခိုင်မာသည့်တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးရေး၊ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်ရေး” စသည်တို့အတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြင်ဆင်မှုများ ပါဝင်နိုင်ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရေးသားဖော်ပြထားပါသည်။

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နှင့် တင်းမာမှုများဖြစ်ပွားနေသည့်အခြေအနေတွင် ဤ ပြင်ဆင် ပြောင်းလဲမှုသည် တရုတ်နိုင်ငံ၏ ဥပဒေမူဘောင်နှင့်လုပ်ထုံးလုပ်နည်းများ တိုးတက်ခိုင်မာအောင် ကြိုးပမ်းအားထုတ်မှု များ၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။

ဤသည်မှာ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်များကို လှစ်ဟပြခြင်း ဖြစ်ကြောင်းနှင့် PLA တပ်မတော်သည် ၂၀၃၅ ခုနှစ်တွင် ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်ရမည် ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင်ထိပ်တန်း တပ်မတော်တစ်ရပ်ဖြစ်ရမည်ဟု ရှီကျင့်ဖျင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း South China Morning Post သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- South China Morning Post

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

မြောက်ကိုရီးယားက မဟာဗျူဟာမြောက် တာဝေးပစ်အဝေးထိန်း အနိမ့်ပျံအမျိုးအစား (Cruise missile) စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းတွင် မဟာဗျူဟာမြောက် တာဝေးပစ်အဝေးထိန်း အနိမ့်ပျံ အမျိုးအစား (Cruise missile) စမ်းသပ်ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင် လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါလေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံဖြစ်သည့် Korean Central Television က ထုတ်ပြန် ကြေညာခဲ့ပါသည်။ 

အဆိုပါ Missile များသည် ကီလိုမီတာ ၁၅၈၇ အကွာအဝေးကို ဘဲဥပုံလမ်းကြောင်းအတိုင်း ၂ နာရီ ကျော်ကြာ ပျံသန်းပြီးနောက် ပစ်မှတ်များကိုထိမှန်ခဲ့ကြောင်း၊ ယခုစမ်းသပ်မှုသည် နျူကလီးယား လက်နက်တားဆီးရေးအတွက် ယုံကြည်စိတ်ချနိုင်စွမ်းနှင့် လက်နက်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် လေ့လာစမ်းသပ်ရန်နှင့် မြောက်ကိုရီးယား၏ စွမ်းရည်ကို ပြသရန်အတွက် “စစ်တားဆီးရေး” တာဝန်တစ်ရပ် ဖြစ်ကြောင်းနှင့် အားထားရသည့် နျူကလီးယားအကာအကွယ်ကိုရယူကာ နိုင်ငံ၏အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံတော်လုံခြုံရေးကို အစဉ်ကာကွယ်နိုင်ရန်မှာ မြောက်ကိုရီးယား နျူကလီးယားတပ်ဖွဲ့များ၏ ရည်မှန်းချက် တာဝန်ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ Korean Central Television က ထုတ်ပြန် ကြေညာခဲ့ပါသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် လာမည့်လတွင် ပြုလုပ်မည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြုံယမ်း၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများအပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Cruise missiles များကို မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ပင်လယ်ဝါအတွင်းသို့ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း NHK သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄

တရုတ် GJ-2 ဒရုန်းလေယာဉ် ဂျပန်နိုင်ငံအနီး ပျံသန်းမှုကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ GJ-2 ဒရုန်းလေယာဉ် မိမိနိုင်ငံအနီး ကောင်းကင်ယံတွင် ပျံသန်းမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ မောင်းသူမဲ့GJ-2 ဒရုန်းလေယာဉ်သည် ဖေဖော်ဝါရီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် အရှေ့တရုတ် ပင်လယ်ကို ဖြတ်သန်းကာ အိုကီနာဝါကျွန်းနှင့် မီယာကိုကျွန်းကြားမှ ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးတည် မောင်းနှင်သွားကြောင်း၊ ထိုမှတစ်ဆင့် တောင်ဘက်သို့ ဦးတည်ရာမှ အရှေ့မြောက်ဘက်သို့ ဦးတည်ချက် ပြောင်းကာ Amami Oshima ကျွန်း၏အရှေ့ဘက်သို့ ရောက်ရှိခဲ့စဉ် လေယာဉ်လမ်းကြောင်းပြောင်းကာ တရုတ် နိုင်ငံဘက်သို့ ပြန်လည်ဦးတည်မောင်းနှင်သွားကြောင်း၊ အလားတူလမ်းကြောင်းတစ်လျှောက် ပျံသန်းနေသည့် တရုတ်၏ အခြားစုံစမ်းရေးဒရုန်းလေယာဉ်တစ်စင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်းလေယာဉ်များပျံသန်းမှုကို တုံ့ပြန်သည့် အနေဖြင့် ကြားဖြတ်တိုက်လေယာဉ်များဖြင့် ဆီးကြိုဟန့်တားခဲ့သည်။ အဆိုပါ ဒရုန်းလေယာဉ်များသည် ဂျပန်နိုင်ငံ၏ လေကြောင်းနယ်နိမိတ်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိသေးကြောင်းနှင့် မိမိနိုင်ငံအနီး တစ်ဝိုက်တွင် တရုတ် တပ်မတော်၏ တဖြည်းဖြည်းလှုပ်ရှားမှု များပြားလာခြင်းနှင့်ပတ်သက်၍ ဆက်လက်စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက NHK သတင်းဌာနတွင် ဖော်ပြခဲ့သည်။

အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိရန် ဥရောပတပ်ဖွဲ့များ ချထားရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ရုရှားနှင့်ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ဥရောပနိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ထောက်ခံမှုလိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က Bloomberg TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုကို စတင်နေပြီဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ယူကရိန်းမှာ ဥရောပတပ်ဖွဲ့များရှိရန် လိုအပ်မည်ဆိုသည်မှာ မိမိတို့၏ အထွေထွေ သဘောတူညီချက် ဖြစ်ပါကြောင်း၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့နှင့်အတူ အခြား ဥရောပအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။

ကိုးကား- TASS

Photo: www.sb.by

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အစ္စရေးမှ ဆီးရီးယားနိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဆီးရီးယားဒေသအတွင်း စစ်ဘက်ဆိုင်ရာကင်းမဲ့ရေး တောင်းဆိုမှုများကို လုပ်ဆောင်ခဲ့ပြီး Damascus မြို့နှင့် Deraa ပြည်နယ်အနီးရှိ ဒေသများအပါအဝင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ စစ်ဌာနချုပ်များနှင့် စစ်လက်နက်ပစ္စည်းများထားရှိသည့် နေရာများကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များနှင့် ပိုင်ဆိုင်မှု များ ရှိနေခြင်းသည် အစ္စရေးနိုင်ငံသားများအတွက် ခြိမ်းခြောက်မှု ဖြစ်စေ ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန် ခဲ့သည်။

ကိုးကား - NP News

အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ တိုက်ရိုက်ဆွေးနွေးမှုကို အီရန် အစိုးရပယ်ချ

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြေများကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi မှ ဖေဖော်ဝါရီ ၂၅ ရက်မှာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အီရန်၏ ရေနံရောင်းချမှု၊ တင်ပို့မှုများမှာ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုခံထားရသည့် ရေနံကုမ္ပဏီအကြီးအကဲအပါအဝင် သင်္ဘော များနှင့် လူပေါင်း (၃၀) ကျော်ကို ပစ်မှတ်ထားသည့် အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်ကို အမေရိကန်ကထုတ်ပြန်ကြေညာခဲ့ပြီး Abbas Araghchi ၏ မှတ်ချက်များထွက်ပေါ်လာပါသည်။ 

Abbas Araghchi မှ ယခုနည်းဖြင့် ဖိအားများပေးနေသရွေ့ နျူကလီးယား ပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။

AI နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသော ဒရုန်းတားဆီးရေးစနစ်ကို ရုရှားထုတ်လုပ်

ရုရှားနိုင်ငံသည်  ဉာဏ်ရည်တု (AI) နည်းပညာအပေါ် အခြေခံထားသည့်  ပထမဆုံးသောဒရုန်း တားဆီးရေးစနစ်ကို ထုတ်လုပ်လျက်ရှိပြီး ၎င်းစနစ်အား  ယခုဖေဖော်ဝါရီလ အကုန်ပိုင်းတွင်  စမ်းသပ်မည်ဖြစ်သည်။

အဆိုပါဒရုန်းတားဆီးရေးစနစ်ကို The Titan ဟု အမည်ပေးထားပြီး အကွာအဝေးအားဖြင့် ၃ ကီလိုမီတာအထိ ထောက်လှမ်းနိုင်သည့် လေဆာမော်ဂျူးကို တပ်ဆင်ထားသည်။  ယခုနည်းပညာသည် ရုရှားမောင်းသူမဲ့ စနစ်များနှင့်  နည်းပညာဆိုင်ရာဗဟိုဌာနမှ  ထုတ်လုပ်သည့် နည်းပညာတစ်ရပ်ဖြစ်ပြီး  ရုရှားတပ်မတော်အနေဖြင့် ၎င်းစနစ်အား အထူးစစ်ဆင်ရေး နယ်ပယ်များတွင်  အသုံးပြုနိုင်မည်ဖြစ်သည်။

The Titan ဒရုန်းတားဆီးရေး စနစ်ကို ထုတ်လုပ်ရသည့် အကြောင်းရင်းမှာ   ရုရှားနိုင်ငံအတွင်းရှိ  အရပ်ဘက်သုံး  အခြေခံအဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ဖြစ်သည်။

ထို့ပြင် The Titan ဒရုန်းတားဆီးရေး စနစ်တွင် ရေဒီယို-အီလက်ထရွန်နစ်သုံး   ထောက်လှမ်းရေးစနစ်နှင့်  ဟန့်တားရေးစနစ်များကို တပ်ဆင်ထားခြင်းကြောင့် စနစ်အားအသုံးပြုသည့် အော်ပရေတာများအနေဖြင့်  ရန်သူ၏ဒရုန်းများကို  ချက်ချင်းရှာဖွေတွေ့ရှိနိုင်ပြီး ချေမှုန်းနိုင်မည်ဖြစ်သည်။  အလားတူပင် အဆိုပါဒရုန်း တားဆီးရေးစနစ်တွင် AI နည်းပညာအပေါ် အခြေခံထားသည့် အလိုအလျောက်ပစ်မှတ်ရှာဖွေရေးစနစ်ကို တပ်ဆင်ထားသည်။

Source: Myawady Web Portal

ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၁၁၃ သန်းခန့် တန်ဖိုးရှိ လေကြောင်းကာကွယ်ရေး စနစ်များ ပေးပို့ရန် ဆွီဒင်စီစဉ်

ဆွီဒင်နိုင်ငံသည်   ယူကရိန်းနိုင်ငံသို့ ခရိုနာ ၁ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၁၁၃ သန်းခန့်) တန်ဖိုးရှိ  လေကြောင်းကာကွယ်ရေးစနစ်များကို ပေးပို့သွားရန် စီစဉ်လျက်ရှိသည်ဟု   ဆွီဒင်ကာကွယ်ရေးဝန်ကြီး မယ်မာ စတန်းနာ့ဂါ့က ပြောကြားသည်။

ယူကရိန်းနိုင်ငံသည် လေကြောင်း ကာကွယ်ရေးစနစ်များကို  အရေးတကြီး လိုအပ်နေပြီး ယင်းနိုင်ငံသို့ လေကြောင်းကာကွယ်ရေး လက်နက်စနစ်များ ပေးပို့ခြင်းသည်  မိမိတို့နိုင်ငံ၏ လုံခြုံရေးကိုလည်း အထောက်အကူပြုကြောင်း   ဆွီဒင်ဝန်ကြီးချုပ်   အက်ကရစ်တာဆန်၏ ထုတ်ပြန်ချက်ကို ကိုးကား၍    မယ်မာ စတန်းနာ့ဂါ့က ဆက်ပြောသည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံသို့ အကူအညီများ ဆက်လက်ပေးအပ်ရေးအတွက် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေစဉ် ဆွီဒင်နိုင်ငံ၏  လေကြောင်းကာကွယ်ရေး စနစ်များ ပေးပို့မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းသို့ ဥရောပငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အများအပြား စေလွှတ်ရန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က စီစဉ်လျက်ရှိပြီး ယင်းအစီအစဉ်အား ဂျာမနီ၊ အီတလီနှင့် အခြားနိုင်ငံများက ဆန့်ကျင်ထားသည်။

အလားတူပင် ကနေဒါအစိုးရသည် ယူကရိန်းနိုင်ငံသို့ ခြေလျင်တိုက်ယာဉ်များ အပါအဝင် ဒေါ်လာ ၃ ဒသမ ၅၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များကို     ပေးအပ်မည်ဟု ကတိပြုထားသည်။

နိုင်ငံအပေါ် ဆန့်ကျင်သည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ရှိဟု ရုရှားသံရုံး ထုတ်ပြန်

ရုရှားအနေဖြင့် နိုင်ငံအပေါ် ဆန့်ကျင်သည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ရန်  အသင့်ရှိသည်ဟု ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးက ဖေဖော်ဝါရီ လ၂၄ ရက်တွင်ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံ  မာဆေးမြို့ရှိ    ရုရှားကောင်စစ်ဝန်ချုပ် ရုံးဝင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပဲရစ်မြို့ရှိ ရုရှားသံရုံး၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပေါက်ကွဲမှုသည် အမည်မသိလူအချို့က မီးလောင်ပေါက်ကွဲစေသည့် အရာဝတ္ထုများကို ကောင်စစ်ဝန်ချုပ်ရုံးရှိ ပန်းခြံအတွင်းသို့ ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် အရေးပေါ်တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များက ကောင်စစ်ဝန်ချုပ်ရုံး၏ ခြံဝင်းအတွင်းဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မိမိတို့အနေဖြင့်  ယူကရိန်းထောက်ခံသူများ၏ ရန်စမှုများ ဖြစ်ပေါ်လာမည်ကို မျှော်လင့်ထားပြီး ရုရှားနိုင်ငံအား ဆန့်ကျင်သည့် မည်သည့်လုပ်ဆောင်ချက်မျိုးကို မဆို ထိရောက်စွာ တန်ပြန်သွားမည်ဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်ရုံးမှ   သံတမန်များက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ရက်သည် ရုရှားနိုင်ငံက ယူကရိန်းတွင် အထူးစစ်ဆင်ရေး ဆင်နွှဲသည့် တတိယမြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ပြင်သစ်နိုင်ငံရှိမြို့ကြီးအချို့တွင် ယူကရိန်းကို ထောက်ခံသည့်အနေဖြင့်   ချီတက်ဆန္ဒ ပြပွဲများကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။  

ရုရှားအသုံးပြုနေသည့် လက်နက်ခဲယမ်း တစ်ဝက်ခန့်သည် မြောက်ကိုရီးယားမှလာခြင်းဖြစ်သည်ဟု ယူကရိန်းဆို

ယူကရိန်းနှင့်စစ်ပွဲ၌ ရုရှားအတွက် ခဲယမ်းမီးကျောက်လိုအပ်ချက်၏ ၅၀ % ကို မြောက်ကိုရီးယားမှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ကီရေလိုဘူဒ်နောဗ် က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ယူကရိန်း၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သုံးသပ်ချက်များအရ မြောက်ကိုးရီးယားသည် ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းစစ်ပွဲများတွင် ပြုံယမ်းအစိုးရ၏ နိုင်ငံတကာစစ်ပွဲများတွင် ပထမဆုံးပါဝင်ပတ်သက်မှု ဖြစ်ကြောင်း၊ မြောက်ကိုးရီးယားက ရုရှားကို ၁၇၀ မီလီမီတာ ဟောင် ဝစ်ဇာများနှင့် ၂၄၀ မီလီမီတာ ဒုံးကျည်ပစ်လွှတ်သည့်စနစ်များကို ထောက်ပံ့နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဘူဒ်နော်ဗ်ကဆိုပါသည်။ 

မြောက်ကိုရီးယားသည် ရုရှားအား ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေး ထားပြီးဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် ၁၄၈ စင်း ပစ်လွှတ်ခဲ့ပြီး ရုရှားက အမြောက်နှင့်မော်တာကျည် ၇ သန်းကျော်ကို ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်ရန်စီစဉ်နေကြောင်း ယူကရိန်း ပြည်ပထောက်လှမ်းရေး အကြီးအကဲ အိုလက် အိုင်ဗာရှန်ကို ကဆိုပါသည်။ 

တာဝေးပစ်ဒုံးကျည်များနှင့် ပတ်သက်၍ ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း အစင်းရေ ၃၀၀၀ ခန့် ထုတ်လုပ်ရန်စီစဉ်နေပြီး ဥရောပနိုင်ငံများထက် ထုတ်လုပ်မှုပိုများကြောင်း အိုင်ဗာရှန်ကိုက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား-Myanmar National Post