သတင်းများ

အမေရိကန်စစ်ရေယာဉ်အား အခမဲ့ဖြတ်သန်းခွင့်ပြုရန် ပြောဆိုချက်ကို ပနားမားတူးမြောင်း စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ငြင်းဆို

အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt ၏ အမေရိကန်စစ်ရေယာဉ်အား အခမဲ့ ဖြတ်သန်းခွင့်ပြုထားသည်ဟူသော ပြောဆိုချက်ကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ငြင်းဆိုခဲ့သည်။ (အမေရိကန်သင်္ဘောများ အပါအဝင်) တူးမြောင်းဖြတ်သန်းခကို မည်သည့်ပြင်ဆင်မှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု တူးမြောင်းအာဏာပိုင်အဖွဲ့က အလေးထား ပြောကြားခဲ့သည်။

“အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံက မတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည့် ပြောဆိုချက်နှင့်စပ်လျဉ်းပြီး တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပနားမားတူမြောင်း ဖြတ်သန်းခနှင့် အခြား သက်ဆိုင်ရာစရိတ်များအား ပြင်ဆင်ထားမှု မရှိကြောင်း တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က အလေးထားပြောကြားလိုပါကြောင်း” တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ အလေးထားပြောကြားခဲ့သည်။ Karoline Leavitt က မတ် ၅ ရက်တွင် “ပနားမား တူးမြောင်း (အာဏာပိုင်အဖွဲ့) က အမေရိကန် ရေတပ်စစ်ရေယာဉ်များ တူးမြောင်းကို ဖြတ်သန်းသွားလာ စရိတ်များ ပယ်ဖျက်ပေးလိုက်သည်ကို ကျွန်မတို့ တွေ့မြင်ရပါတယ်။ ဒါက အမေရိကန်အတွက်ပြောရရင် အောင်မြင်မှုတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။ ထိုမတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်အစိုးရသင်္ဘောများသည် ပနားမားတူးမြောင်းအား အခမဲ့ဖြတ်သန်းနိုင်သည်ဟု ပြောကြားခဲ့သည်။ တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါပြောဆိုချက်အား ငြင်းဆိုခဲ့ကြောင်းသိရသည်။

ကိုးကား-ဆင်ဟွာ

လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု    အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စစ်ရေး

အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိကြောင်း   အမေရိကန်ကာကွယ်ရေးဝန်ကြီး  ပိဟတ်ဆက်က ပြောကြားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံက အမေရိကန်နှင့်မည်သည့် စစ်ပွဲမျိုးကိုမဆို ဆင်နွှဲရန်အသင့်ရှိသည်ဟု အမေရိကန်ရှိ တရုတ်သံရုံးက ပြောကြားခဲ့ပြီးနောက် ပိဟတ်ဆက်က Fox သတင်းဌာနနှင့် မတ်လ ၅ ရက် အစောပိုင်းက လုပ်ဆောင်သည့်  တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အယူအဆအမျိုးမျိုးခံယူထားသည့် ဩဇာအာဏာရှိ နိုင်ငံကြီးများတည်ရှိသော အန္တရာယ်ကြီးမားသည့် ကမ္ဘာကြီးပေါ်တွင် တည်ရှိလျက်ရှိကြောင်း၊ အဆိုပါနိုင်ငံကြီးများသည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ရေးအတွက် ကာကွယ်ရေး အသုံးစရိတ်များတိုးမြှင့်သုံးစွဲ၍ နည်းပညာများကိုလည်း  အဆင့်မြှင့်တင်လျက်ရှိကြောင်း ပိဟတ်ဆက်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့်    အမေရိကန်အနေဖြင့်တရုတ်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံတို့နှင့် ဖြစ်ပွားမည့်စစ်ပွဲကို တားဆီးနိုင်ရေးအတွက် အင်အားတောင့်တင်းရန်လိုအပ်မည်ဖြစ်ပြီးငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တသည့် နိုင်ငံများကလည်း စစ်ပွဲအတွက်အသင့်ပြင်ဆင်ရမည်ဖြစ်သည်ဟု  ၎င်းက တွေ့ဆုံမေးမြန်းခန်းတွင် ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံး၏   အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ်  အခွန်နှစ်ဆတိုးမြှင့်ကောက်ခံမှုကြောင့်  တရုတ်နှင့် အမေရိကန်တို့ကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။                  
Ref: RT

Source: https://myawady.net.mm/

ပြင်သစ်သမ္မတ မက်ခရွန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်အား ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်

ပြင်သစ်သမ္မတ Emmanuel Macron က ၎င်း၏ဥရောပမဟာမိတ်နိုင်ငံများကို အကာအကွယ်ပေးရန်အတွက် ပြင်သစ်၏ နျူကလီးယားလက်နက်ကာကွယ်တာဆီးရေးအစီအစဉ်ကိုအသုံးပြုရန် လမ်းဖွင့်ထားကြောင်း ပြောကြားချက်ကို ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်ကို ပြင်သစ် သမ္မတမက်ခရွန်က မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောစဉ်တွင် အဆိုပြုခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင်လည်း ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးအစီအစဉ်ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်၏ ပြောဆိုချက်များသည် နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်(ကြာသပတေးနေ့)တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်သည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်ပြီး ဥရောပတစ်ခွင်လုံး၏ နျူကလီးယားဥသျှောင်ဖြစ်လာရန် ရည်မှန်းချက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်သည် နပိုလီယံကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မက်ခရွန်ထံမှ ရန်လိုသည့်အပြုအမူမျိုးကို မြင်တွေ့ရသည်မှာအလွန်ထူးဆန်းလှကြောင်း၊ ရုရှားကိုအနိုင်ယူလိုသည့် နပိုလီယံကဲ့သို့ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က စွပ်စွဲပြောဆိုခဲ့ပါသည်။

ဥရောပကော်မရှင်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jose Manuel Barroso က “မက်ခရွန်၏ လုပ်ဆောင်ချက်များကို နားလည်ကြောင်း၊ ပြင်သစ်သည် ဥရောပသမဂ္ဂနိုင်ငံများထဲတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံတစ်ခု ဖြစ်ပြီး နျူကလီးယားလက်နက်အန္တရာယ်မှ ကာကွယ်တားဆီးနိုင်သည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ နျူးကလီးယား လက်နက်များသုံးစွဲမှုကို ဆန့်ကျင်သော်လည်းပဲ ယင်းလက်နက်အန္တရာယ်မှ အကာအကွယ်ပေးနိုင်မည့် အာမခံချက် ရှိရန်လည်း လိုအပ်ကြောင်း၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးတစ်ရပ်၌ ဥရောပနိုင်ငံများလုံခြုံရေးအတွက် ယူရို ဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၆၀ ဘီလီယံ)အထိ ထည့်ဝင်သုံးစွဲသွားရန် သဘောတူညီခဲ့ကြကြောင်း၊ ဤသည်မှာ လုံခြုံရေးကဏ္ဍအတွက် ငွေကြေးပိုမိုသုံးစွဲရန်အတွက်အရေးကြီးသည်သာမက ဥရောပနိုင်ငံများအချင်းချင်း သွေးစည်းညီညွတ်ရေးအတွက်လည်း အရေးကြီးသည့် လုပ်ဆောင်ချက်မျိုးပင်ဖြစ်ကြောင်း” မတ်လ (၆)ရက်နေ့က တိုကျိုမြို့၌ NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ဆွေးနွေးပြောကြားခဲ့ပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

ဇီလန်စကီး၏ မွေးရပ်မြို့ကို ရုရှားက ဒုံးကျည်ဖြင့်တိုက်ခိုက်

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၏ မွေးရပ်မြို့ရှိ ဟိုတယ်တစ်ခုကို မတ်လ (၅) ရက်နေ့ ညပိုင်းတွင် ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ (၃) ဦး သေဆုံးပြီး (၃၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများ အနက် ထက်ဝက်ခန့်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ ထို့အပြင် အဆိုပါပစ်ခတ် တိုက်ခိုက်မှုကြောင့် (၁၄) ခန်းပါ ဟိုတယ်အဆောက်အဦ (၁) လုံး၊ စာတိုက် (၁) ခု၊ ကားအစီး (၂၀) ကျော် နှင့် ယဉ်ကျေးမှု အဆောက်အဦ (၁) လုံး၊ ဈေးဆိုင် (၁၂) ဆိုင် ပျက်စီးခဲ့ရကြောင်း ယူကရိန်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။

 (၃) နှစ်ကျော်ကြာဖြစ်ပွားနေသည့် စစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိသော်လည်း ရုရှားအနေဖြင့် ယူကရိန်းအား ပစ်ခက်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ 

ကိုးကား-CNA

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

အစ္စရေးစစ်တပ် အကြီးအကဲသစ် စတင်တာဝန်ယူ ရန်သူများကို ပြင်းပြင်း ထန်ထန် ချေမှုန်းမည်ဟု ကတိပြု

အစ္စရေး ကာကွယ်ရေးတပ် (IDF) ၏ ၂၄ ဦးမြောက် အကြီးအကဲအဖြစ် အိုင်ယာ ဇာမီယာက မတ် ၅ ရက်၌ စတင်တာဝန်ယူခဲ့ပြီး အစ္စရေး၏ စစ်မျက်နှာအသီးသီးတွင် ဖွင့်ထားသော စစ်ပွဲကို ဆက်လက်ဆင်နွှဲမည် ဖြစ်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အစ္စရေးအစိုးရက အသက် ၅၉ နှစ်အရွယ် ဇာမီယာအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၆ ရက်၌ အတည်ပြုခဲ့ပြီးနောက် တဲလ်အဗစ်မြို့ရှိ ကီရာယာ စစ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် ကွပ်ကဲမှု တာဝန်လွှဲပြောင်းခြင်း အခမ်းအနားတွင် ၎င်းက ရာထူးတာဝန်သစ်ကို စတင်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်၌ ဟားမက်အဖွဲ့ ဦးဆောင်သော တိုက်ခိုက်မှုအတွင်း အစ္စရေး ပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ဝန်ခံကာ ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်သွားသည့် ဟာဇီဟာလီဗီ၏နေရာကို ၎င်းကဆက်ခံခဲ့ခြင်းဖြစ်သည်။ ဇာမီယာမှာ ၁၉၈၅ ခုနှစ်တွင် စစ်တပ် ထဲသို့ စတင်ဝင်ရောက်ခဲ့ကာ တစ်နှစ်အကြာတွင် တင့်ကားကွပ်ကဲသူဖြစ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ၎င်းအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယစစ်ဦးစီးချုပ် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 

ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးသော ဗုံးတစ်လုံးကြောင့် ပါရီမြို့ အပြင်ဘက်ရှိ ဘူတာတွင် လန်ဒန်နှင့်မြောက်ပိုင်း ပြင်သစ်သို့သွားမည့် Eurostar ရထားများ ရပ်နားထားရ

ပြင်သစ်နိုင်ငံ၏ လူအသုံးပြုမှုအများဆုံး ဘူတာရုံသို့ သွားရောက်ရာ ရထားလမ်းတွင် ဒုတိယကမ္ဘာစစ်ကာလက မပေါက်ကွဲသေးသော ဗုံး တစ်လုံးကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့ပြီးနောက် လန်ဒန်သို့သွားသော Eurostar ရထားများနှင့် မြောက်ပိုင်း ပြင်သစ်သို့ သွားသော ရထားခရီးစဉ်များအားလုံးကို ရပ်နားထားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က ယင်းနေ့ နံနက် ၄ နာရီတွင် Saint Denis ရှိ ရထားလမ်းလုပ်သားများက ဒုတိယကမ္ဘာစစ်ကာလက ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က CNN သို့ပြောကြားရာတွင် လုံခြုံရေးနယ်နိမိတ်ကို ချက်ချင်းသတ်မှတ်ခဲ့ပြီး Gare du Nord မှ မြို့တွင်းနှင့် ဆင်ခြေဖုံး ရထားလမ်းများကို ရပ်တန့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့၏အဆိုအရ ပါရီမြို့မှ ဗုံးရှင်းလင်းရေးအဖွဲ့မှ နည်းပညာရှင်များက ရှင်းလင်းခဲ့ပြီး SNCF ပြောရေးဆိုခွင့်ရှိသူက ကြီးမားသော ဗုံးတစ်လုံး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ Gare du Nord ဘူတာတွင် နံနက်ခင်းပိုင်းတွင် ယာဉ်အသွားအလာများ ရပ်ဆိုင်းထားခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

Gare du Nord သည် ပြင်သစ်နိုင်ငံမြောက်ပိုင်း နိုင်ငံတကာ ခရီးစဉ်များအပြင် ပါရီမြို့ရှိ အဓိကလေဆိပ်နှင့် ဒေသဆိုင်ရာ ခရီးသွားအများအပြားကို ဝန်ဆောင်မှုပေးသော အဓိက ဥရောပ သယ်ယူပို့ဆောင်ရေး အချက်အခြာ ဖြစ်သည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆီးရီးယားတပ်ဖွဲ့များနှင့် Assad သစ္စာခံများအကြား တိုက်ပွဲများဖြစ်ပွားပြီး လူပေါင်းများစွာ သေဆုံးခဲ့

ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် လက်ရှိအုပ်ချုပ်သူများနှင့် ဆက်စပ်နေသော တပ်ဖွဲ့များနှင့် သမ္မတဟောင်း Bashar al-Assad ၏ သစ္စာခံ တပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သူပုန်များက Assad ကို ဖြုတ်ချပြီး အစ္စလာမ်မစ် အကူးအပြောင်းအစိုးရကို တည်ထောင်ခဲ့သည့်အချိန်မှစ၍ ဆီးရီးယားတွင် အဆိုးရွားဆုံး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ဗြိတိန်အခြေစိုက် Syrian Observatory for Human Rights က လူပေါင်း ၇၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြား ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဆိပ်ကမ်းမြို့များဖြစ်သည့် Latakia နှင့် Tartous တို့တွင် ညပိုင်းအချိန်တားမြစ်ချက် ထုတ်ပြန်ခဲ့သည်။

Latakia တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်နေစဉ် အစိုးရတပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်မှုခံခဲ့ရပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မတ်လ ၆ ရက်(ကြာသပတေး)နေ့ ညနက်ပိုင်းတွင် ဆီးရီးယားအခြေစိုက် Step သတင်းဌာနက လက်ရှိအစိုးရတပ်ဖွဲ့များသည် ယခင်က အာဏာရှင် စနစ် တပ်ဖွဲ့ဝင် "၇၀ ခန့်" ကို သတ်ဖြတ်ခဲ့ပြီး အခြား ၂၅ ဦးကျော်ကို Jableh နှင့် ပတ်ဝန်းကျင်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

Homs နှင့် Aleppo မြို့များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းများရှိသည်။

ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Hassan Abdul Ghani က Latakia တွင် တိုက်ခိုက်နေသော Assad ၏ သစ္စာခံများအား နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် လက်နက်ချရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အစိုးရအသစ်သည် Assad လက်ထက်တွင် ထုတ်လုပ်ခဲ့သော ကျန်ရှိနေသည့် ဓာတုလက်နက်များကို ဖျက်ဆီးရန် ကတိပြုထားကြောင်း ကမ္ဘာ့ဓာတု လက်နက်များ စောင့်ကြည့်ရေးအဖွဲ့အား ပြောကြားခဲ့သည်။

Assad အစိုးရသည် ပြည်တွင်းစစ် ၁၄ နှစ်အတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း လှုပ်ရှားသူများက ဓာတုလက်နက်များဖြင့် ဒါဇင်နှင့်ချီ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံမှ ပြစ်တင် ဝေဖန်

အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားရန် စီစဉ် ထားရှိမှုအပေါ် “ရန်သူများအနေဖြင့် ကြီးမားသည့်တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရလိမ့်မယ်” ဟု မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်စဉ် နှစ်နိုင်ငံပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ (၁၇) ရက်နေ့မှစတင်ကာ (၁၁) ရက်ကြာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ပုံဖော်၍ လေ့ကျင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်တို့က မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

 “အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်လုံခြုံရေးကို ပိုမိုဆိုးရွားစေလိမ့်မည်” ဖြစ်ကြောင်း မတ်လ ၇ ရက် တွင် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် KCNA ၏ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု အစီအစဉ်၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု

ဘရပ်ဆဲလ်၊ မတ် ၅ ရက် 

ဥရောပသမဂ္ဂတလွှား ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သည့်အနေဖြင့် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၄၄.၆ ဘီလီယံ) အသုံးပြုမည့် အစီအစဉ်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မတ် ၄ ရက်၌ ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) တလွှား၌ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အရှိန်မြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် ဥရောပအနေဖြင့် လက်နက်ပြန်လည်တပ်ဆင်သည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်ဟု ၎င်းက ဆိုသည်။
မတ် ၆ ရက် ဥရောပကောင်စီ အစည်းအဝေးမတိုင်မီ အီးယူခေါင်းဆောင်များထံ ရေးသားပေးပို့ခဲ့သည့် စာ တစ်စောင်၌ ဗွန်ဒါလေယန်က “ReArm Europe” (ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ခြင်း) အစီအစဉ် အား ထုတ်ဖော်ကြေညာခဲ့ပြီး အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) အား အမေရိကန်၏ ထောက်ခံပံ့ပိုးမှု အလားအလာအပေါ် စိုးရိမ်မှုများကို ထောက်ရှုလျက် ဥရောပ၏ ကာကွယ်ရေး စွမ်းရည်များကို အရေးတကြီး အင်အားဖြည့်တင်းရန် လိုအပ်နေသည်ဟုလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“ဥရောပဟာ မိမိတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ကြီးကြီးမားမားတိုးမြှင့်ဖို့ အသင့်ရှိနေပါပြီ။ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ ရေတိုအားဖြင့် အရေးတကြီးလိုအပ်နေမှုကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက်ရော ဥရောပရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် သိသိသာသာ ပိုမိုတာဝန်ယူဖို့ ရေရှည် လိုအပ်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပါ အဲဒီလိုလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

မတ် ၄ ရက်၌ ကျင်းပသည့် အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီး  အစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ထိရောက်စွာ ဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေးနှင့် ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက်ကြိုးပမ်းမှုများအား  ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၅ ရက်တွင် ပြောကြား ခဲ့သည်။

ပါလက်စတိုင်းသားပြည်သူများ အသိအမှတ်ပြုသော၊ အာရပ်နိုင်ငံများ သဘောတူညီသော စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲရေး အစီအစဉ်များ ကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း လျင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲမှုတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကိုလိုက်နာ၍ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နှင့် အပြန်အလှန်ချိတ်ဆက်ကာ နောက်ဆုံးတွင် ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေး၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးတို့ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ် ၄ ရက်တွင် အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကျင်းပသော အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့ပြီး လွတ်လပ်သောကော်မတီဖွဲ့စည်း၍ ပါလက်စတိုင်း၏ ဂါဇာဒေသအား ယာယီစီမံခန့်ခွဲရန် သဘောတူညီခဲ့ကြကြောင်း အီဂျစ် နိုင်ငံ သမ္မတ အယ်လ်-စီစီက ထိုနေ့ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။ 