ဆန္ဒပြသူများသည် ပရီတိုးရီးယားရှိ ယူနီယံအဆောက်အအုံများရှေ့တွင် တောင်အာဖရိကရှိ GErma ၏ လက်နက်ကုမ္ပဏီ ရိုင်းမက်တယ်ကို ပိတ်ပစ်ရန်နှင့် အစ္စရေးနှင့်ယူကရိန်းတို့အား လက်နက်ရောင်းချမှုအပေါ် ပိုမိုထိန်းချုပ်ရန် တောင်းဆိုခဲ့ကြသည်။

ယခုသီတင်းပတ်တွင် ဆန္ဒပြပွဲကိုဦးဆောင်သူ သူတိုမာရှာဘာက ယခင် လကတည်းက ဘွစ်ဘာဂ့်တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။ ဂျာမန်လက်နက်ကုမ္ပဏီသည် ယူကရိန်းသို့ လက်နက် များ ထောက်ပံ့နေကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သော်လည်း အမြောက် ကျည်များ ထုတ်လုပ်နေဆဲဖြစ်သည့်အတွက် တက်ကြွလှုပ်ရှားသူများ သည် လွန်စွာစိုးရိမ်နေရကြောင်းပြောဆိုနေကြသည်။
“သမ္မတ ဆိုင်ရယ်ရမ်မာဖိုဆာအနေဖြင့် ရိုင်းမက်တယ်စက်ရုံ၏လုပ်ဆောင်ချက်များသည် နိုင်ငံတကာပဋိပက္ခများ၌ ကြားဝင် စွက်ဖက်ခြင်း နှင့် တတိယနိုင်ငံများကို လက်နက်ထောက်ပံ့ခြင်းမပြုရန် တောင်အာဖရိက၏ တရားဝင်မူဝါဒကို လိုက်နာရန်လိုအပ်ကြောင်း ၎င်းတို့ တောင်းဆို ထားသည်” ဟု မာရှာဘာက ပြောသည်။
ကုမ္ပဏီ၏ မကြာသေးမီက အစီရင်ခံစာအရ အစ္စရေးနှင့်ယူကရိန်းတို့အား လက်နက်ကြီးများ ရောင်းချမှုကြောင့် ဂျာမန်စစ်တပ်၏သိုလှောင်မှု လျော့ကျသွားကြောင်းသိရှိရပြီး RDM ၏ တောင်အာဖရိကဌာနခွဲသည် ၁၅၅ မီလီမီတာ အမြောက်ကျည်များကို အဓိကထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်ကာ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးသည် ရိုင်းမက်တယ် ၏ တောင်အာဖရိကစက်ရုံမှ လက်နက်များ ဝယ်ယူကြကြောင်း သိရှိရသည်။ လက်နက်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းများကို ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ ပို့ဆောင်ခြင်းမပြုရန် တားမြစ်ထားသော တောင်အာဖရိက၏ စည်းမျဉ်းများ မည်သို့ပင်ရှိစေကာမူ ဆက်လက် ပို့ဆောင်မှုများရှိနေဆဲဟုဆိုသည်။ အမေရိကန်ဘဏ္ဍာရေးကော်ပိုရေးရှင်း BlackRock သည် တောင်အာဖရိကတွင် လည်ပတ် လုပ်ကိုင်နေသော ဂျာမနီနိုင်ငံရှိ နိုင်ငံစုံလက်နက်ထုတ်လုပ်သည့် ရိုင်မက်တယ်ဒီနယ် လက်နက်စက်ရုံတွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားကြောင်း သိရှိ ရပါသည်။
ကိုးကား-Myanmar National Post

ရုရှားလုံခြုံရေးကောင်စီရုံး၏ သတင်းထုတ်ပြန်ချက်အရ ဆွေးနွေးမှုများ အတွင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုး၏ တာဝန်ယူမှုနယ်မြေ တိုးချဲ့ခြင်းကို ခွင့်မပြုနိုင်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
“အာရှ-ပစိဖိတ်ဒေသရှိ အခြေအနေများကို ဆွေးနွေးရာတွင် အထူး အာရုံ စိုက်ခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ယုံကြည်မှုရှိရှိ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

“အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုး၏ တာဝန်ယူမှုနယ်မြေ တိုးချဲ့ခြင်းကို ခွင့်မပြုနိုင်ကြောင်း၊ဒေသတွင်းအာဆီယံဗဟိုပြုလုံခြုံရေး တည်ဆောက် ပုံကို ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် အာရှတွင် ပေါ်ပေါက်လာနေ သော ကျဉ်းမြောင်းသော ပိတ်ဆို့ထားသည့် ပုံစံများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို အလေးပေးပြောကြားခဲ့သည်” ဟု သတင်းထုတ်ပြန်ချက် တွင် ထပ်လောင်းဖော်ပြထားပါသည်။
ကိုးကား - RIA Novosti

အမေရိကန်နှင့် အီရန်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အီရန်သည် ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့၏အစီရင်ခံစာ၌ ရေးသား ဖော်ပြထားပါသည်။

ဗီယင်နာမြို့အခြေစိုက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၌ (၆၀) ရာခိုင်နှုန်း အထိ သန့်စင်ထားသည့် ယူရေနီယမ် (၂၇၄ ဒသမ ၈) ကီလိုဂရမ် ရှိခဲ့သည်ဟု သိရပါသည်။ အီရန်၏ယူရေနီယမ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး IAEA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနောက်ပိုင်း ယူရေနီယမ် (၉၂.၅) ကီလိုဂရမ်မြင့်တက်လာ ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။
ယူရေနီယမ်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရာ၌ အရေးပါသော ပစ္စည်းအမျိုးအစားတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် IAEA ၏ အစီရင်ခံစာ၌ အီရန်၏ (၆၀) ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယမ် သိုလှောင်မှုပမာဏသည် (၁၈၂.၃) ကီလို ဂရမ် ဖြစ်သည်ဟုလည်း ရေးသား ဖော်ပြထားပါသည်။
အစီရင်ခံစာ၌ “အီရန်၌ ယူရေနီယမ်စုဆောင်းမှုနှင့် ထုတ်လုပ်မှု သိသိ သာသာတိုးမြင့်လာခြင်းသည် လွန်စွာစိုးရိမ်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပြီး အဏုမြူဗုံးတစ်လုံးကို ထုတ်လုပ်ရန်အတွက် သန့်စင်ထားသည့် ယူရေနီယမ် (၄၂)ကီလိုဂရမ်သာ လိုအပ်သည်”ဟု ရေးသား ဖော်ပြထား ပါတယ်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၏ သန့်စင်ထားသော ယူရေနီယမ်သိုလှောင်မှု စုစုပေါင်း ပမာဏသည် (၈၂၉၄.၄) ကီလိုဂရမ် ဖြစ်သည်ဟုလည်း ဖော်ပြချက်များအရ သိရပါသည်။
ကိုးကား-NP News

ရုရှားနိုင်ငံသည် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ယူကရိန်းပဋိပက္ခအပါအဝင် အခြားအကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရုရှားက မည်သည့်အခါမျှ လက်လျှော့ပေးခြင်းမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အတွက်လည်း ရုရှားနိုင်ငံက အစဉ်ပြောကြားခဲ့ကြောင်း ပူတင်က ပြည်ထောင်စု လုံခြုံရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းအရေးတွင်သာမက အခြားကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင်လည်း နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း သမ္မတပူတင်က ဆက်လက်ပြောကြားသည်။
ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နိုင်ငံရေးအရပြင်းပြသည့် စိတ်ဆန္ဒသည် ယူကရိန်းနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေမည့် အဓိကသော့ချက်ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ မက်ဗီဒက်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal

သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်စစ်တပ်သည် “၎င်းတို့ကိုယ်တိုင် စောင့်ရှောက်နိုင်ကြသည်” ဟု ပြောကြားခဲ့ပြီး ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုအဖြစ် ဗြိတိန်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ပါက အမေရိကန်က ထောက်ခံမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် ထိုသို့ ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီးယာစတာမာသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထရမ့်နှင့် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး ၎င်းက "ခိုင်မာပြီး တရားမျှတသော ငြိမ်းချမ်းရေး" ရရှိနိုင်ရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
“၎င်းက အခြားဥရောပခေါင်းဆောင်များနှင့်အတူ ငြိမ်းချမ်းရေးကိစ္စအား နီးကပ်စွာ လက်တွဲလုပ်ဆောင်နေပြီး သဘောတူညီချက်တစ်ခုရရှိပါက ယူကေတပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်ရန်အသင့်ရှိကြောင်းနှင့် ဤသို့ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးကို ကြာရှည်စွာတည်တံ့စေမည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု” ဟု တွေ့ဆုံပွဲအပြီးတွင် စတာမာ က သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော် UK တပ်ဖွဲ့ဝင်များစေလွှတ်မှုကြောင့် ရုရှားနှင့် ပဋိပက္ခ ဖြစ်ပွားပါက အမေရိကန်က ထောက်ပံ့ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းလာမှုကို ထရမ့်က ရှောင်ရှားခဲ့ပြီး UK သည် “အကူအညီများစွာ လိုအပ်မည်မဟုတ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
UK သည် ၎င်းတို့ကိုယ်တိုင် ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ကြပြီး ခေတ်မီတောင့်တင်းသည့် စစ်အင်အားကို ပိုင်ဆိုင်ထားကြောင်းနှင့် ၎င်းတို့ အကူအညီလိုအပ်ပါက အမေရိကန်အနေဖြင့် အသင့်ရှိနေမည်ဖြစ်ပြီး UK အနေဖြင့် အကူအညီလိုအပ်မည် မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးအား လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သော ယူကရိန်းလိုလားသူ ပြင်သစ်နိုင်ငံသားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်သစ်တရားရုံးက နေအိမ်အကျယ်ချုပ် ၈ လ ချမှတ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးက အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှု အတွက် ချမှတ်သည့်ပြစ်ဒဏ်မှာ လျှော့ပေါ့လွန်းသည်ဟု ပြစ်တင်ရှုတ်ချ ခဲ့သည်။

ပြင်သစ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Vasile H. (၄၈ နှစ်) နှင့် Georges S. (၅၉ နှစ်) တို့သည် “ပေါက်ကွဲစေနိုင်သော (သို့မဟုတ်) မီးလောင် လွယ်စေ နိုင်သောပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ခြင်း” နှင့် “လူနှင့် အဆောက်အဦများအား ထိခိုက်စေနိုင်သော အန္တရာယ်ရှိသည့် ပြစ်မှု ကျူးလွန်ခြင်း” ဟူသော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း Le Figaro က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ကာ ၎င်းတို့ နှစ်ဦးအား နေအိမ်အကျယ်ချုပ် ၈ လ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။

ယူကရိန်းထောက်လှမ်းရေးက စေခိုင်းခဲ့သည့် ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်း၏ ခရိုင်းမီးယား Metropolitan Tikhon အား အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ပြောကြားခဲ့သည်။ သံသယရှိသူများထဲမှ တစ်ဦးမှာ Tikhon ၏ အကူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါက မိသားစုကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသူဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော FSB ၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိခဲ့သော ရုရှားနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့သည် ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် စုဆောင်းခံခဲ့ရပြီး၊ ဒီဇင်ဘာလတွင် ပေါက်ကွဲစေ နိုင်သောပစ္စည်းကို လက်ခံရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြထားသည်။
၎င်းတို့သည် Simferopol နှင့် Crimean Diocese ၏အကြီးအကဲ Metropolitan Tikhon (Shevkunov) အား မော်စကိုသို့ သွားရောက်စဉ် တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး ယူကရိန်းထောက်လှမ်းရေးမှပေးအပ်ခဲ့သည့် အတုအယောင်စာရွက်စာတမ်းများကို အသုံးပြု၍ ရုရှားမှ ထွက်ပြေးရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖမ်းဆီးခံထားရသူများထံမှ လက်လုပ်ဖောက်ခွဲရေးပစ္စည်းနှင့် ယူကရိန်းနိုင်ငံကူးလက်မှတ်အတု နှစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံတွင် ထပ်မံ ဖြန့်ကျက်ချထားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ထောက်လှမ်းရေး အေဂျင်စီ၏ပြောကြားချက်များကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာ များက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံတွင် ထပ်မံဖြန့်ကျက်ချထားခဲ့သည့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ၏ အရေအတွက်အတိအကျကို ရှင်းရှင်း လင်းလင်း မသိရှိရသေးကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအစိုးရသည် ၎င်း၏ တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံ ကာ့စ်ဒေသရှိ စစ်မြေပြင်များသို့ စေလွှတ် ထားကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ မြောက်ကိုရီးယား ၏ နောက်ထပ်တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ အနောက်ဘက်ခြမ်းဒေသ ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ လုပ်ဆောင်နေသည့် ယူကရိန်း တပ်ဖွဲ့များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်နေသည့် စစ်မြေပြင်များသို့ စေလွှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေး ကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားအစိုးရသည် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန်အတွက် ၎င်း၏တပ်ဖွဲ့ဝင် (၁၁,၀ဝဝ) ကျော်ကို ရုရှားသို့စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ယခင်က ထုတ်ပြန်ပြောဆိုခဲ့သည်။ထို့ပြင် ရုရှားတပ်ဖွဲ့များသည် မြောက်ကိုရီးယားမှ ထောက်ပံ့ပေးခဲ့သော စစ် လက်နက်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း ယူကရိန်းနှင့် အနောက် အုပ်စုနိုင်ငံများ၏ ကျွမ်းကျင်သူများက ယခင်ကစွပ်စွဲပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း ယူကရိန်းနှင့် အနောက်အုပ်စုနိုင်ငံများ၏ စွပ်စွဲ ပြောဆိုချက်များမှာ အခြေအမြစ်မရှိသော ပြောဆိုချက်များသာ ဖြစ်ကြောင်း ရုရှားနှင့်မြောက်ကိုရီးယားအစိုးရတို့က ပြန်လည်တုံ့ ပြန်ပြောဆိုခဲ့သည်။

တူရကီ၌ အကျဉ်းချခံထားရသော ကာ့ဒ် စစ်သွေးကြွခေါင်းဆောင် တစ်ဦး က ၎င်း၏ Kurdistan Workers' Party ကို လက်နက် ဖြုတ်သိမ်းပြီး ဖျက်သိမ်းရန် တောင်းဆိုလိုက်ပါသည်။
PKK ဟု လူသိများသည့် အဆိုပါ ပါတီသည် လွတ်လပ်ရေးအတွက် တူရကီ အစိုးရကို ၁၉၈၄ ခုနှစ်မှစတင်ကာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ ကို တူရကီအစိုးရနှင့် နိုင်ငံအချို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

ထောင် ၂၆ နှစ် ချခံထားရသည့် PKK ခေါင်းဆောင် Abdullah Ocalan က ၎င်း၏အပေါင်းအပါများမှတစ်ဆင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အဖွဲ့အားလုံးလက်နက်ချရမည် ဖြစ်ပြီး PKK ကိုလည်း ဖျက်သိမ်းရမည်ဟု ဆိုထားပါသည်။
၎င်းအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်က အလားတူတောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လက်တွေ့ဖြစ်မလာခဲ့ပေ။ တူရကီအစိုးရက အကြမ်းဖက် ဝါဒတိုက်ဖျက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့အပေါ် ဖိအားပေးမှု များ အရှိန်မြှင့်လုပ်ဆောင်နေခဲ့သည်။
PKK လက်နက်ဖြုတ်သိမ်းရေးနှင့် ဖျက်သိမ်းရေးတောင်းဆိုချက် အကောင်အထည်ပေါ်လာပါက နှစ်ပေါင်း ၄၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ သည် အဓိကကျသော အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သို့သော် Ocalan ၏ တောင်းဆိုမှုသည် PKK နှင့်သာ သက်ဆိုင်ပြီး “ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့နှင့်မသက်ဆိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ဆီးရီးယားရှိ ကာ့ဒ် ဦးဆောင်သည့်တပ်ဖွဲ့များ၏ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။
ကိုးကား-NHK World
Photo: The Times of Israel

ရုရှားနှင့်တရုတ်တို့သည် ဒုတိယကမ္ဘာစစ်တွင် အဓိကအောင်ပွဲရသည့် နိုင်ငံများဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့၏ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်ရလဒ်များနှင့် ထိုသမိုင်းမှန် ကို တည်ငြိမ်စွာ ကာကွယ်ကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူးနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ရုရှားထိပ်တန်း လုံခြုံရေးအရာရှိကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ပေကျင်းမြို့တော်သို့ ရောက်ရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နှင့် တွေ့ဆုံမည်ဖြစ်ကာ နှစ်နိုင်ငံအကြား လုံခြုံရေးကိစ္စနှင့် အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာပြဿနာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ မီဒီယာဌာနက ဖော်ပြထားပါသည်။
ကိုးကား- TASS
Photo: Mehr News Agency
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃