ရုရှားစစ်တပ်သည် ယူကရိန်းကို တစ်ညအတွင်း ဒရုန်းအစင်းရေ (၂၆၇) စင်းနှင့် တိုက်ခိုက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဒရုန်းအများအပြားအသုံးပြုခဲ့သည့် စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု လေတပ်မှထုတ်ပြန်ချက်များအရ သိရှိရ ပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နှင့် ၂၃ ရက်ကြားတွင် ယူကရိန်း ကောင်းကင်ယံတွင် ရုရှားဘက်မှ လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ (၂၆၇) စင်းကို ခြေရာခံတွေ့ရှိခဲ့သည်ဟု ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပါသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည့် အချိန် (၃) နှစ်နီးပါးအတွင်း စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ယူရီအစ်ဂ်နက်မှ ဆိုပါသည်။
ရုရှားဘက်က လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ(၁၃၈)စင်းကို ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်များမှ ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး အခြားဒရုန်း(၁၁၉)စင်း ပျောက်ဆုံးသွားခဲ့သည်ဟု ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပြီး အဆိုပါဒရုန်းများသည် ကိယက်ဗ်မြို့အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။ ရုရှားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်သည် နေတိုးအဖွဲ့၏ ချဲ့ထွင်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်ဖြစ်သည်ဟု ရုရှားအစိုးရမှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား - npnewsmm

အမေရိကန် နှင့် ယူကရိန်းအကြား သဘောတူညီမှုအစီအစဉ်တွင် ယူကရိန်းအတွက် စစ်ရေးအာမခံချက်များ မပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆင့်က ရှင်းလင်းပြောကြားခဲ့ပါသည်။
အနောက်နိုင်ငံများ၏ ယူကရိန်းအစီအစဉ်များတွင် အမေရိကန် မပါဝင်ဘဲ ဥရောပစစ်သားများကို ယူကရိန်းသို့စေလွှတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အမေရိကန်က စစ်ပွဲကနေ နုတ်ထွက်နေပြီဖြစ်ကြောင်း၊ ဥရောပက စစ်ရေးလှည်းကို ဆက်ဆွဲသွားနေကြောင်း၊ ဥရောပက အဆိုပါ စစ်လှည်းကို ဘယ်လောက်ထိ ဆွဲသွားမည်ကို မသိကြောင်း၊ သမ္မတဒေါ်နယ်ထရမ့် ပြောခဲ့သည့်စကားအတိုင်း “မိမိတို့မှာ လှပပြီးကြီးမားသည့် သမုဒ္ဒရာ ရှိပါကြောင်း” ဥရောပတွင် နျူကလီးယားစစ်ပွဲဖြစ်လင့်ကစား အမေရိကန် က စိုးရိမ်မည်မဟုတ်ကြောင်း၊ ထို့အပြင် ဥရောပခေါင်းဆောင်များသည် အဆိုပါယူကရိန်းကိစ္စတွင် အံ့သြဖွယ်ဇွဲနပဲနှင့် အသိဉာဏ်ကင်းမဲ့မှုကို ပြသနေကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား - Pravda
ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ

ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး၊ ထိုနေရာတွင် လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ နှစ်ဖက်စလုံးအတွက် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားလုံခြုံရေးကောင်စီရုံး၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ သတင်းကို ထုတ်ပြန်ခဲ့သည်။

“၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် ဝန်ကြီးဌာနအချို့၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး ခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားပြီး၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမည်ဖြစ်သည်" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်၍ ထင်မြင်ချက်များ ဖလှယ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ကိုးကား - TASS
Photo: Nikkei Asia

ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အသေးစိတ်အချက်အလက်များကို အတည်ပြုထားခြင်း မရှိသေးသော်လည်း ဒေသခံသတင်းဌာနဖြစ်သည့် BFM က မီးသတ်သမား ၃၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါသည်။

Valeurs သတင်းဌာနကလည်း အဆိုပါပေါက်ကွဲမှုအကြောင်း ဖော်ပြထားပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ၎င်းသတင်းဌာန၏ ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိဘဲ အဆောက်အဦပျက်စီးမှုသာ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။
Valeurs သတင်းဌာနသတင်းထောက် Nicolas Boutin က X ၌ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ကောင်စစ်ဝန်ချုပ်ရုံးပန်းခြံထဲသို့ Molotov cocktail ဗုံးနှစ်လုံး ပစ်သွင်းခံခဲ့ရသည်ဟု ဖော်ပြထားပါသည်။ အခင်းဖြစ်ပွားရာနေရာအနီး၌ ခိုးယူထားသော ယာဉ်တစ်စီး ကိုလည်း တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါသည်။
La Marseillaise သတင်းစာကလည်း မာဆေးမြို့ရှိ ရုရှားကောင်စစ် ဝန်ချုပ်ရုံး မှ Stanislav Oranskiy ပြောကြားချက်ကို ကိုးကားကာ ရုံးအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားများ အဆောက်အဦ ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဥရောပသမဂ္ဂသည် ယူကရိန်းပဋိပက္ခနှင့် ဥရောပနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အထူးထိပ်သီးအစည်းအဝေးကို မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါညှိနှိုင်း ဆွေးနွေးမှုအပြီး လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်းရာတွင် ဥရောပနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အား တောင့်တင်းခိုင်မာရေး၊ ယူကရိန်းနိုင်ငံငြိမ်းချမ်းရေး ရေရှည်တည်တံ့ရန်နှင့် လုံခြုံရေးတို့အတွက် အရေးပါသော ပံ့ပိုးမှုများ ပြုလုပ်သွားရန်" ဟူ၍ EU နိုင်ငံများပူးပေါင်း၍ ကတိကဝတ်ပြုခဲ့ကြောင်း Costa က ပြောကြားခဲ့သည်။
ကိုးကား-TASS
Photo: Bloomberg
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းခဲ့သည့် ယူကရိန်းဆိုင်ရာ ကြားနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ရှိ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါသည်။
“မဲပေးမှုကို ညနေ ၃ နာရီ (GMT ၀၀:၀၀) တွင် ကျင်းပမည်ဖြစ်သည်” ဟု အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရုရှားဆန့်ကျင်ရေး ဆုံးဖြတ်ချက်မူကြမ်း၏ ပူးတွဲရေးသားသူ အဖြစ် ပါဝင်ရန် ပထမဆုံးအကြိမ် ငြင်းဆန်ခဲ့ပြီး ၎င်းမှ တင်သွင်းခဲ့သည့် စာတမ်းတွင် ပဋိပက္ခစတင်မှုနှင့်ပတ်သက်၍ ရုရှားကို စွပ်စွဲချက်များ မပါရှိကြောင်းသိရှိရပါသည်။ စာတမ်းတွင် ရုရှား-ယူကရိန်း ပဋိပက္ခတွင် လူများ၏ သေဆုံးမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းကိုလည်း ဖော်ပြထားပြီး ၎င်းပဋိပက္ခ မြန်မြန်ဆန်ဆန် ပြီးဆုံးရန် တိုက်တွန်းထားပါသည်။
အစောပိုင်းသတင်းများအရ အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းရှိ ပဋိပက္ခကို ဖြေရှင်းရန် ၎င်း၏ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မဲခွဲဆုံးဖြတ်ရန် အဆိုပြုနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းမူကြမ်းသည် ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ ဆုံးဖြတ်ချက်မူကြမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုကြားနေသော သဘောဆောင်ပါသည်။ အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းစာသားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များထံ ပေးပို့ခဲ့ပါသည်။
ကိုးကား- TASS
Photo: France24

ပါလက်စတိုင်းမှ ဟားမက်အဖွဲ့က အစ္စရေးဓားစာခံ ငါးဦးအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဟားမက်အဖွဲ့သည် ဓားစာခံသုံးဦးအား ဂါဇာဒေသအလယ်ပိုင်းရှိ အယ်နူဆေရက်ဒုက္ခသည် စခန်း၌ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး အခြားနှစ်ဦးကို ရာဖာမြို့၌ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က အတည်ပြုထားသည်။

ဓားစာခံလွှဲပြောင်းခြင်းကိုဟားမက်နှင့်အစ္စရေးတို့ကြား ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး ဟားမက်အဖွဲ့အနေဖြင့် လာမည့်ရက်သတ္တပတ် အတွင်း၌ အစ္စရေးဓားစာခံ ၃၃ ဦးကို ထပ်မံလွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးနိုင်ငံကလည်း အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀၀ ကျော်ကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal

တရုတ်နိုင်ငံသည် အသံထက်မြန်ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိသည်ဟု အရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖေဖော်ဝါရီလ ၂၃ ရက်တွင်ဖော်ပြသည်။
အဆိုပါရေငုပ်သင်္ဘောသစ်ကို ဝူဟန်သင်္ဘောကျင်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း၌ ဖြန့်ကြက်ထားသည့် တာလတ်ပစ်ဒုံးကျည်များကို တိုက်ခိုက်ဟန့်တားရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေသည့် ရေငုပ်သင်္ဘောသစ်တွင် နည်းပညာအမြင့်မားဆုံး အသံထက်မြန် ဒုံးကျည်များတပ်ဆင်မည်ဖြစ်ပြီး ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏စစ်ရေးအရ ပါဝင်နေခြင်းကို တန်ပြန်နိုင်ရန်အတွက် ၎င်းသင်္ဘောသစ်အား တည်ဆောက်နေခြင်းဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။
ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏ စစ်ရေးအရပါဝင်နေခြင်းသည် အမေရိကန်က ဖိလစ်ပိုင်နိုင်ငံတွင် Typhoon ဒုံးကျည်ပစ်စင်များကိုဖြန့်ကြက်ထားခြင်းနှင့် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက လူဇွန်ကျွန်း၌လုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါရေငုပ်သင်္ဘောသစ်တည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တရားဝင်အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
Ref: Ivt

IS စစ်သွေးကြွအဖွဲ့သည် ဥရောပ မြို့ကြီးတချို့တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန် တိုက်တွန်းထားသည့် ဝက်ဆိုက်တစ်ခုကို တည်ထောင်လိုက် ကြောင်း Bild သတင်းစာက ဖော်ပြသည်။

စစ်သွေးကြွအဖွဲ့သည် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများရှိမြို့ကြီးတချို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းနိုင်ရေးအတွက် ဂျာမန်ဘာသာဖြင့် ရေးသားထားသည့် ဝက်ဆိုက်ကို တည်ထောင် ခြင်းဖြစ်သည်။ ထို့ပြင် စစ်သွေးကြွအဖွဲ့သည် ဘာလင်၊ မြူးနစ်၊ ဖရန့်ဖတ်၊ ဗီယင်နာ၊ဘရပ်ဆဲ၊ အန်သဝါ့နှင့် ဆားဘာ့ စသည့်မြို့ကြီးများတွင် လမ်းသွားလမ်းလာများအား မော်တော်ကားဖြင့် ဝင်တိုက်ရန် တိုက်တွန်းထား ကြောင်းသိရသည်။
ထို့ကြောင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများမှ အာဏာပိုင်အဖွဲ့များက စစ်သွေးကြွအဖွဲ့၏ ဝါဒ ဖြန့်ချိရေးဝက်ဆိုက်အပေါ် လုပ်ဆောင်လျက်ရှိသည်။
IS စစ်သွေးကြွအဖွဲ့သည် အန္တရာယ် ကြီးမားသည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားများကို ဆွဲဆောင် စည်းရုံး၍ ၎င်းတို့အားအစွန်းရောက် ဝါဒများ သွတ်သွင်းပေးပြီးနောက် ၎င်းတို့၏နိုင်ငံများသို့ ပြန်လည်စေလွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်စေလျက်ရှိကြောင်း သိရ သည်။
Ref: Tass
Source: Myawady Daily Newspaper

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ စီစဉ်မှုဖြင့် ရုရှားနိုင်ငံအတွင်း အဖျက်အမှောင့်နှင့် အကြမ်းဖက်မှုများလုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည့်ရုရှားနိုင်ငံသား ရှစ်ဦးကို ရုရှားနိုင်ငံက ပြစ်ဒဏ်များချမှတ် ခဲ့ကြောင်းသိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ရုရှားနိုင်ငံသားများအား ယူကရိန်းထောက်လှမ်းရေး အဖွဲ့က အွန်လိုင်းမှတစ်ဆင့် ငွေကြေးဖြင့် စည်းရုံးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၎င်းတို့သည် ယူကရိန်း ထောက်လှမ်းရေး ၏ အစီအမံဖြင့် ရုရှားနိုင်ငံအတွင်းရှိဒေသ ၆ ခုတွင် အဓိကအရေးပါသည့် သယ်ယူ ပို့ဆောင်ရေးနှင့်စေတနာ့ဝန်ထမ်းလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများကို မီးရှို့တိုက်ခိုက်ခဲ့ပြီး ရုရှားတပ်မတော်၏ စစ်စခန်းနှင့် စစ်ဘက်အဆောက်အအုံများကို အဓိက ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများအနက် တစ်ဦးက ၎င်းအနေဖြင့် ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်အား မီးရှို့ရန်စေခိုင်းခံခဲ့ရသည်ဟု ဝန်ခံထားသည်။ ၎င်းတို့ အားလုံးကို ရုရှားအာဏာပိုင်အဖွဲ့က ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အချို့ ကို ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ခဲ့ ကြောင်းသိရသည်။
Ref: Sputnikint