မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ပြီးနောက် တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘော ရောက်ရှိလာ
မြောက်ကိုရီးယားအစိုးရက ၎င်း၏တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရန်အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ မတ်လ ၂ ရက် တွင် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။
USS Carl Vinson လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန် ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းသည် ဆက်တိုက်ဖြစ်ပေါ်နေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရာ၌ ခိုင်မာသည့် အမေရိကန်-တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပြသရန်နှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပြောဆိုခဲ့ပါသည်။
USS Carl Vinson လေယာဉ်တင်သင်္ဘောသည် လွန်ခဲ့သောနှစ် ဇွန်လ နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည်ဟု တောင်ကိုရီးယား ရေတပ်က ပြောကြားခဲ့ပါသည်။ USS Carl Vinson လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ချထားခြင်းသည် အင်အားကြီးအမေရိကန်သည် လုံခြုံရေးခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည့် မြောက်ကိုရီးယားကို ဒေါသထွက်စေလိမ့်မည်ဟု သုံးသပ်မှုများလည်းရှိနေပါသည်။
လွန်ခဲ့သည့်ဇန်နဝါရီလ၌ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် သံတမန်ဆက်ဆံရေးများ ပြန်လည် ရှင်သန်လာစေရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့်တွေ့ဆုံမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
ကိုးကား-NP News