အင်အားပြသသည့်အနေဖြင့် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson တောင်ကိုရီးယားသို့ရောက်ရှိ
ဆိုး၊ စစ်ရေး
အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်သည့် USS Carl Vinson သည် အင်အားပြသသည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်းတောင်ကိုရီးယားရေတပ်က ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စုကတောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးအပေါ်ထားရှိသည့် ၎င်းတို့၏ကတိကဝတ်နှင့် နှစ်နိုင်ငံကြားရှိ စစ်ရေးမဟာမိတ်ဖြစ်မှုတို့ကို ပြသရန်အတွက် လေယာဉ်တင်သင်္ဘော USS Carl Vinson သည် အဆိုပါဆိပ်ကမ်းသို့ မတ်လ ၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းလေယာဉ်တင်သင်္ဘောနှင့်အတူ အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးတပ် ခရုဆာစစ်သင်္ဘောများဖြစ်သည့် USS Princeton နှင့် USS Sterett တို့လည်းလိုက်ပါလာကြောင်းသိရသည်။
အမေရိကန်ရေတပ်မှ USS Carl Vinson လေယာဉ်တင်သင်္ဘောသည်မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ခရုဒုံးကျည်များကို စမ်းသပ််ပစ်ခတ်ပြီးရက်ပိုင်းအကြာတွင် ရောက်ရှိလာခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် အမေရိကန်လေယာဉ်တင်သင်္ဘော၏ခရီးစဉ်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော Theo-dore Roosevelt လာရောက်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လာရောက်မှုဖြစ် ကြောင်းသိရသည်။
Source: https://myawady.net.mm/