သတင်းများ

ရုရှား၏ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန်အတွက် နျူကလီးယားလက်နက်ဖြင့် ဟန့်တားရေးဖော်ဆောင်ရန် ပြင်သစ်သမ္မတ မက်ခရွန် မျှော်မှန်း

ပြင်သစ်သမ္မတ Emmanuel Macron က ရုရှား၏နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဥရောပတွင် နျူကလီးယားဟန့်တားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ၏ဝန်ကြီးချုပ်အသစ် Friedrich Merz က နျူကလီးယားဟန့်တားရေးအစီအစဉ်ကို စတင်ပြောကြားခဲ့ ပြီးနောက် နျူကလီးယားလက်နက်အရေး ဆွေးနွေးရန် စဉ်းစားလျက်ရှိကြောင်း Macron က နိုင်ငံပိုင်သတင်းစာ Le Monde နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

Macron က ဥရောပကို ကာကွယ်နိုင်ရန်အတွက် ၎င်း၏ နျူကလီးယားလက်နက်ကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ၎င်း၏ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

မိမိတို့ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် လွတ်လပ်စွာရပ်တည်နိုင်စွမ်းနှင့် နျူကလီးယားခြိမ်းခြောက်မှုကို ဟန့်တားနိုင်စွမ်းတို့ အားကောင်းလာစေလိုသည့်ဆန္ဒရှိပါက မဟာဗျူဟာကျကျ အသေးစိတ် ဆွေးနွေးမှုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် ထိလွယ်ရှလွယ်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ရမည့်ကိစ္စရပ် များပါဝင်မည် ဖြစ်သော်လည်း မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အသင့်ရှိကြောင်း Macron က ပြောကြား ခဲ့ပါသည်။

ကိုးကား- Tagtik.co.uk                              

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

ဂါဇာကမ်းမြောင်၌ တိုက်ပွဲများကို အချိန်မရွေး ပြန်လည် ဖော်ဆောင်ရန် အသင့်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ပြောကြား

စေ့စပ်ညှိနှိုင်းမှုဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း စစ်ပွဲ၏ရည်မှန်းချက်များကို အပြီးသတ်ရန် ကတိပြုလုပ်ဆောင်နေသော်လည်း အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများကို အချိန်မရွေး ပြန်လည်ဖော်ဆောင်ရန် ပြင်ဆင်ထားရှိကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က မတ်လ ၂ ရက် (တနင်္ဂနွေနေ့)တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ပြင်းထန်သည့်တိုက်ပွဲများအား အချိန်မရွေးဖော်ဆောင်သွားရန် ပြင်ဆင်ထားရှိကြောင်းနှင့် စစ်ဆင်ရေးစီမံချက်ကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း စစ်ရေးအခမ်းအနားတစ်ခုတွင် တိုက်ပွဲဝင်အရာရှိများအား နေတန်ယာဟုက ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောဆိုချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေးကို အစ္စရေးက ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂါဇာကမ်းမြောင်တွင် ဟားမက်တပ်ဖွဲ့အများစုကို အစ္စရေးက တိုက်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးနည်းဖြင့်ဖြစ်စေ၊ အခြားသောနည်းလမ်းများဖြင့်ဖြစ်စေ စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ပြီးပြတ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထိလွယ်ရှလွယ်သည့် ယာယီအပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၁၉ ရက်က စတင်နိုင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်း ပြင်းထန်သည့် တိုက်ပွဲများကို ၁၅ လကျော်ကြာ ရပ်တန့်အောင် လုပ်ဆောင် နိုင်ခဲ့သည်။

ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမပိုင်းသည် မတ်လအစောပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း၊ ဆိုလိုသည်မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဟားမက်တို့က အစ္စရေးအား တိုက်ခိုက်မှုမှစတင်ခဲ့သည့်စစ်ရေးပဋိပက္ခကို ထာဝရ အဆုံးသတ်နိုင်မည့် အခြေအနေသို့ တွန်းပို့နိုင်ခြင်းမရှိသေးကြောင်း Asian News International သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- Asian News International  

Photo: A News

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်၊နစက-၄

AI နည်းပညာဆိုင်ရာလုံခြုံရေး အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှ ရှောင်ရှားကြရန် တရုတ်အစိုးရတိုက်တွန်း

နည်းပညာဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှရှောင်ရှားကြရန် နိုင်ငံအတွင်းရှိ   AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအား တရုတ်အာဏာပိုင်အဖွဲ့က   တိုက်တွန်းထားကြောင်း  သိရသည်။

တရုတ်နိုင်ငံမှ  AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအနေဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ပါက နိုင်ငံ၏နည်းပညာ တိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားမည်ကို    တရုတ်အစိုးရက စိုးရိမ်နေခြင်းဖြစ်ကြောင်း the Wall Street Journal က ဖေဖော်ဝါရီလ ၂၈ ရက်တွင်ဖော်ပြသည်။

ထို့ပြင်  အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် AI နည်းပညာကဏ္ဍမှ ဦးဆောင်သူများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး  အမေရိကန်နှင့် တရုတ်တို့၏ စေ့စပ်ဆွေးနွေးမှုတွင်   အမေရိကန်၏ အသုံးချခံရမည်ကို တရုတ်နိုင်ငံက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ဂျာနယ်တွင် ဆက်လက် ဖော်ပြထားသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ AI နည်းပညာပြိုင်ဆိုင်မှုတွင် ထိပ်ဆုံးမှပါဝင်လျက်ရှိပြီး  မကြာသေးမီက မိတ်ဆက်ဖော်ပြခဲ့သည့် တရုတ်နိုင်ငံမှ Deep-Seek AI မော်ဒယ်သည် အမေရိကန်၏ OpenAI နှင့် alphabet တို့ထက် တန်ဖိုးနည်းပါးသော်လည်း နည်းပညာသာလွန်မှုရှိသည် ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာလုံခြုံရေးအပါအဝင် အလုံးစုံသောလုံခြုံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေးလုပ်ဆောင်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များအား ဖေဖော်ဝါရီလ ၂၈ ရက်တွင်  တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။

Source: https://myawady.net.mm/

PKK အဖွဲ့က တူကီယဲ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲဟုဆို

တူကီယဲနိုင်ငံရှိ ကာ့အလုပ်သမားပါတီ (PKK)၏လက်နက်ကိုင်အဖွဲ့သည် တူကီယဲ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲလိုက်ကြောင်း  ဒေသတွင်းမီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။

PKK ၏ လက်နက်ကိုင်အဖွဲ့အနေဖြင့် တူကီယဲအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့်  ၎င်းတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာ အိုကာလန်၏ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့အနေဖြင့် တိုက်ခိုက်ခံရခြင်းမှအပ  အခြားစစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီက ကြေညာထားသည်။

အိုကာလန်သည် PKK အဖွဲ့အား လက်နက်ဖြုတ်သိမ်းပြီး အဖွဲ့အား ဖျက်သိမ်းပစ်ရန် ဖေဖော်ဝါရီလ ၂၈ရက်တွင် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်း၏တောင်းဆိုချက်သည် တူကီယဲအစိုးရက နိုင်ငံအတွင်း နှစ်ပေါင်း ၄၀ ကြာ   ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်နေသည့် ကနဦးဆောင်ရွက်ချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တူကီယဲတွင် တပ်မတော်နှင့် PKK အဖွဲ့တို့ကြားဖြစ်ပွားသည့်   တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးပြီးဖြစ်သည်။

PKK အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ အိုကာလန်အား   တူကီယဲအာဏာပိုင်များက ၁၉၉၉ ခုနှစ်မှစ၍ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အကူအညီများကို ပိတ်ဆို့ရပ်တန့်

အစ္စရေးနိုင်ငံသည် မတ်လ ၁ ရက်(စနေနေ့)တွင် ကုန်ဆုံးသွားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ကို ဆက်လက် တိုးမြှင့်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်သည်။

ပထမအဆင့် သဘောတူညီချက်များ ပြီးဆုံးခဲ့ပြီး ဟားမက်အဖွဲ့က အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff ၏ အဆိုပြုချက် ဖြစ်သည့် Witkoff သဘောတူညီချက်အရ ပွဲတော်ကာလအတွင်း ဧပြီလ အထိအပစ်အခတ်ရပ်စဲရေး ကိုငြင်းဆန်ခဲ့သည်ဟုဆိုကာ နေတန်ယာဟု က “ဂါဇာကမ်းမြှောင်သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှုကို ရပ်တန့်လိုက်ပြီဖြစ်သည်” ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ဟားမက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က မတ်လ ၁ ရက်(စနေနေ့)က ကာတာအခြေစိုက် Al Araby TV သို့ ပြောကြားရာတွင် သဘောတူညီချက်၏ ဒုတိယအဆင့်နှင့်ပတ်သက်၍ မည်သည့်ဆွေးနွေး ပွဲမျှ လုပ်ဆောင်နေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ 

အစ္စရေး-ဟားမက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်တွင် အပစ်အခတ်ရပ်စဲခြင်းနှင့် အကျဉ်းသားများ လဲလှယ်ခြင်းတို့ ပါဝင်ပြီး ဒုတိယအဆင့်တွင် ရေရှည်အပစ်အခတ်ရပ်စဲရေးကို အာမခံခြင်း၊ ကျန်ရှိ နေသည့် အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းနှင့် အစ္စရေးတပ်များ ဂါဇာမှ လုံးဝဆုတ်ခွာခြင်းတို့ ပါဝင်သည်။ တတိယအဆင့်တွင် အီဂျစ်၊ ကာတာနှင့် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် ဂါဇာပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်သွားမည်ဟူသော အချက်များ ပါဝင်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်း၏ Turkish Straem ပိုက်လိုင်းအား တိုက်ခိုက်ခြင်းသည် ဟန်ဂေရီ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ရှုတ်ချ

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto သည် TurkStream ဓာတ်ငွေ့ပိုက်လိုင်း၏ Compressor Station တစ်ခုအပေါ် မကြာသေးမီ ကပြုလုပ်ခဲ့သော ဒရုန်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး အဆိုပါ ပိုက်လိုင်းသည် စွမ်းအင်လုံခြုံရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစေသည်ဟု စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)ညက ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှု ကိုအောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အပြီး မတ်လ ၁ ရက်နေ့တွင် Szijjarto ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ Compressor Station သည် ရုရှား၏ Krasnodar ဒေသတွင် Turkish Stream ပိုက်လိုင်းအတွက် ဓာတ်ငွေ့ ဖြန့်ဖြူးပေးရာ အရေးကြီးသော အဆောက်အဦတစ်ခုဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနရှိ လေကြောင်းကာကွယ်ရေးစနစ်များက ဒရုန်း သုံးစင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး စခန်း၏လုပ်ငန်းဆောင်တာများကို မည်သည့် ပျက်စီးမှုမျှမဖြစ်စေရန် တားဆီးပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Turkish Stream ပိုက်လိုင်းသည် ဟန်ဂေရီနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုလုံခြုံရေး၏ အာမခံချက်ဖြစ်သည်၊ ထို့ကြောင့် မည်သည့် အဟန့်အတားမဆို မိမိတို့နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်” ဟု Szijjarto က Social Media ၌ ရေးသားခဲ့သည်။ “စွမ်းအင်လုံခြုံရေးသည် နိုင်ငံ၏ဦးစားပေးကိစ္စတစ်ခုဖြစ်ပြီး ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို အချုပ်အခြာအာဏာကို ထိပါးသည့် တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်သင့်သည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဇီလန်စကီး၏ ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန်ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုဗာက ဗလာဒီမာ ဇီလန်စကီး၏ ဖေဖော်ဝါရီ ၂၈ (သောကြာနေ့)တွင် ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန် ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ပြောကြားခဲ့သည်။

ဇီလန်စကီးသည် ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း သမ္မတ Trump နှင့် ဒုသမ္မတ JD Vance တို့က ယူကရိန်းခေါင်းဆောင်အား “ရိုင်းပျသည်” ဟု အမေရိကန်နှင့် နိုင်ငံတကာ မီဒီယာများရှေ့တွင် သတိပေးလိုက်သည့်အတွက် ရည်ရွယ်ချက် အထမ မြောက်ခဲ့ပါ။ 

“ယူကရိန်းသမ္မတက စစ်ပွဲကို ရှည်ကြာစေလိုကြောင်းနှင့် ယူကရိန်း၏ စစ်မဲ့နယ်မြေများနှင့် လက်ရှိ ရုရှားသိမ်းပိုက်ထားသော နယ်မြေအားလုံး ကို ဆက်လက်သိမ်းယူထားမည့် မော်စကို၏ ရည်မှန်းချက်များသည်လည်း ပြောင်းလဲမှု မရှိသေးကြောင်း” သူမက ထပ်လောင်း ပြောကြားခဲ့သည်။

“ဝါရှင်တန်သို့ သွားရောက်စဉ်အတွင်း ၎င်း၏ ကြမ်းတမ်းရိုင်းစိုင်းသော အပြုအမူကြောင့် ဇီလန်စကီးသည် ကမ္ဘာစစ် ဖြစ်ပေါ်စေရန် သွေးထိုး လှုံ့ဆော်သူအဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းကို အန္တရာယ်အရှိဆုံး ခြိမ်းခြောက်သူ ဖြစ်နေကြောင်း” Zakharova မှ ပြောကြားခဲ့သည်။

ကိယက်ဗ်နှင့် ဥရောပနိုင်ငံအချို့က ထိုအချက်ကို အမြန်နားလည် သဘောပေါက်ပါက ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ပိုမို နီးစပ်လာမည်ဖြစ်ပါသည်။

ယခုအထိ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် Oval Office တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့်ပတ်သက်၍ တရားဝင်မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။

ကိုးကား- BBC News ၊ al24news

မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ အများစုတည်ရှိရာ နေရာများအား နှိမ်နင်းဆောင်ရွက်မည်

မြန်မာအစိုးရသည် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ထားသည်။ အဆိုပါအွန်လိုင်းလိမ်လည်မှု လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး ထိုဒေသကို မြန်မာနယ်ခြားစောင့် တပ်ဖွဲ့များ (BGF) က ထိန်းချုပ်သည်။.

အဆိုပါ ၃ နိုင်ငံမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့အနေဖြင့် လာမည့်အပတ်မှ စတင်ကာ လိမ်လည်မှုလုပ်ငန်းတည်ရှိရာနေရာများမှ တစ်ပတ်လျှင်တရုတ်နိုင်ငံသား ၁,၀၀၀ ခန့်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ ယနေ့အချိန်ထိ အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနေရာများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသား ၇,၀၀၀ ကျော်၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အခြားနိုင်ငံသားများလည်း ပါဝင်ကာ ၎င်းတို့၏ မိခင်နိုင်ငံသို့  ပြန်လည်ပို့ဆောင်ရန်ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-NHK

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို စမ်းသပ် ပစ်လွှတ်

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားတန်ပြန်တိုက်ခိုက်မှု စွမ်းရည် ကို ပြသရန်အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNAက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

မြောက်ကိုရီးယားအစိုးရက ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်များသည် အကွာအဝေး ၁၅၈၇ ကီလိုမီတာခန့် ပျံသန်းခဲ့ပြီး ၎င်းတို့၏ပစ်မှတ်ဆီသို့ ရောက်ရှိရန်အတွက် အချိန် ၂ နာရီကျော်ခန့် ကြာမြင့်ခဲ့သည်ဟု KCNA က ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းစမ်းသပ်ပစ်လွှတ်မှုသည် ယခုနှစ် အတွင်း မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်ခဲ့သည့် ၄ ကြိမ်မြောက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဖြစ်ပြီး ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုဖြစ်သည်ဟုလည်း သိရှိရသည်။ KCNA က “မဟာဗျူဟာ မြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ လုံခြုံရေးအား ပြင်းထန်စွာချိုးဖောက်ပြီး ထိပ်တိုက်ရင်ဆိုင်မှု ကြီးထွား လာစေရန် လုပ်ဆောင်နေသည့် ရန်သူများကို သတိပေးရန်အတွက် ဖြစ်သည်” ဟု ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်နေချိန်တွင် ခရုဇ်ဒုံးကျည်တစ်စင်းသည် ကိုရီးယား အနောက် ပင်လယ်ကို ပျံသန်းသွားခဲ့ပြီး ပစ်မှတ်ကိုထိမှန်ကာ ဖျက်ဆီးပစ်ခဲ့ခြင်းအား KCNA မှ ထုတ်ပြန်ထားသည့် ဓါတ်ပုံမှတ်တမ်းများ၌ တွေ့မြင် ခဲ့ရသည်။ ထို့အပြင် ကင်ဂျုံအန်းသည် ခရုဇ်ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု နှင့်ပတ်သက်၍ ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်သည် ၎င်း၏ နျူကလီးယားလက်နက်များကို ဖြန့်ကြက်ချထားရန်အတွက် အဆင်သင့်ဖြစ်မှုကို အပြည့်အဝ ထိန်းသိမ်းထားရမည်ဟု အလေးပေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ကိုးကား-NP News

အစ္စရေးကို အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော်တန်ဖိုးရှိ ခဲယမ်း မီးကျောက်များနှင့်ဘူဒိုဇာများ ရောင်းချပေးရန် အမေရိကန်အစိုးရ အတည်ပြု

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးကအသုံးပြုခဲ့သည့် အမေရိကန် ထုတ် စစ်လက်နက်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများ၊ ဘူဒိုဇာများနှင့် ခဲယမ်းမီးကျောက်များကို အစ္စရေးထံသို့ ရောင်းချပေးရန် အမေရိကန်အစိုးရက ဖေဖော်ဝါရီလ၂၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုသည် ဗုံးကိုယ်ထည်များနှင့် ထိပ်ဖူးများအတွက် အမေရိကန်ဒေါ်လာ (၂ ဒသမ ဝ၄) ဘီလီယံ၊ အခြား ဗုံးဆက်စပ်ပစ္စည်းများနှင့် လမ်းညွှန်ကိရိယာများအတွက် အမေရိကန် ဒေါ်လာ (၆၇၅ ဒသမ ၇) သန်း၊ ဘူဒိုဇာများနှင့် ဆက်စပ်ပစ္စည်းများ အတွက် အမေရိကန်ဒေါ်လာ (၂၉၅) သန်း ရောင်းချရန် သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် ကာကွယ်ရေး ဝန်ဆောင်မှုများကို အစ္စရေးအစိုးရထံ ချက်ချင်းရောင်းချရန် လိုအပ်သည့် အရေးပေါ်အခြေအနေတစ်ရပ်ရှိကြောင်း မာကိုရူဘီအိုက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု (DSCA) က ဖော်ပြခဲ့ပါသည်။

(DSCA)က “အမေရိကန်နိုင်ငံသည် အစ္စရေး၏လုံခြုံရေးအတွက် ကတိ ကဝတ်ပြုထားကာ ခိုင်မာပြီးအဆင်သင့်ဖြစ်နေသည့် ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်များကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစ္စရေး ကို ထောက်ပံ့ကူညီပေးမှုများ လုပ်ဆောင်ရန်သည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးသည်” ဟု ပြောကြားခဲ့သည်။

အစ္စရေးအား အမေရိကန်ဒေါ်လာ (၇ ဒသမ ၄) ဘီလီယံကျော်တန်ဖိုးရှိ ဗုံးများ၊ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချပေးရန် အမေရိကန်အစိုးရက ယခုလအစောပိုင်း၌ သဘောတူညီခဲ့ပြီးနောက် ယခုကဲ့သို့ရောင်းချပေးရန် အတည်ပြုမှုများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။