သတင်းများ

ဟူသီတို့ထံ ပို့လိုက်သည့် လက်နက် တန်ချိန် ၇၅၀ ကို ယီမင်တပ်ဖွဲ့ များက သိမ်းဆည်း

ယီမင်ရှိ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင် အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (NRF)က ဇူလိုင် ၁၆ ရက်တွင် အီရန်က ၎င်း၏မဟာမိတ် ယီမင်ရှိ ဟူသီလက်နက်ကိုင် အဖွဲ့ ထံသို့ ပို့ဆောင်စဉ် ဒုံးကျည်မျိုးစုံအပါအဝင် လက်နက်မျိုးစုံ တန်ချိန် ၇၅၀ ခန့်ကို သိမ်းဆည်းလိုက်ကြောင်း ကြေညာခဲ့သည်။

NRF က တန်ချိန် ၇၅၀ ရှိသည့် ထိုလက်နက်များကို ဇွန်လကုန်ပိုင်းတွင် သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအဖွဲ့၏ ဗီဒီယိုတွင် သင်္ဘော ဖျက်ဒုံးကျည်များစွာအပြင် အီရန်က အဆင့်မြှင်တင်ထားခဲ့သည့် 358 (သို့) Saqr-1 လေယာဉ်ပစ်ဒုံးကျည်များကို တွေ့ရှိရသည်။ ထိုလက်နက် ကို ခရူးဇ်ဒုံးကျည်အဖြစ် ဖော်ပြထားပြီး သတ်မှတ်ဧရိယာတစ်ခုအတွင်း ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသည်။

ဟူသီတပ်ဖွဲ့များက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အမေရိကန်၏ MQ-9 လူမဲ့ယာဉ် ၂၆ စီးကို 358 ဒုံးကျည်များဖြင့် ပစ်ချခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါဆုံးရှုံးမှုအများစုကို အမေရိကန်စစ်တပ်က အတည်ပြုခဲ့သည်။

အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က သိမ်းဆည်းရမိသည့် လက်နက်များတွင် ခရူးဇ်ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးကျည်များ၊လေယာဉ်ပစ်ဒုံးကျည်များ၊ ထိပ်ဖူးများ၊ ပစ်မှတ်ရှာဖွေရေးစနစ်များ၊ အခြား အစိတ်အပိုင်းများအပြင် ဒရုန်းအင်ဂျင်ရာပေါင်းများစွာ၊ လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများ၊ ရေဒါစနစ်များနှင့် ဆက်သွယ်ရေးပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဆီးရီးယားက အစ္စရေးနှင့် စစ်မဖြစ်ရန် ရှောင်ရှားသည့်အနေဖြင့် တောင်ပိုင်းမှ တပ်ဖွဲ့များ ရုပ်သိမ်း

ဆီးရီးယား ယာယီသမ္မတ Ahmed al-Sharaa က အစ္စရေးနှင့် တိုက်ရိုက် စစ်မဖြစ်ရန် ရှောင်ရှားသည့်အနေဖြင့် တောင်ပိုင်းမြို့ Sweida မှ တပ်ဖွဲ့ များကို ရုပ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"မိမိတို့သည် စစ်ကို မကြောက်ရွံ့ပါ။ မိမိတို့၏သမိုင်းသည် ပြည်သူများ ကို ကာကွယ်ခဲ့သည့် တိုက်ပွဲများဖြင့် ပြည့်နှက်နေပါသည်။ သို့သော် ဆီးရီးယားပြည်သူများ၏ အကျိုးစီးပွားကို ကစဥ့်ကလျားဖြစ်မှုနှင့်ဖျက်ဆီးမှုထက် ပိုမိုအလေးထားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်" ဟု ၎င်းက ဇူလိုင် ၁၇ ရက်၌ နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။

Sweida မြို့တွင် ဆီးရီးယားအစိုးရတပ်များ၊ အာရပ်မျိုးနွယ်စု လက်နက်ကိုင် များနှင့် Druze လက်နက်ကိုင်များ အကြား ပဋိပက္ခဖြစ်ပွားမှုများကြောင့် အစ္စရေးက ဆီးရီးယားစစ်တပ်ကို လေကြောင်းတိုက်ခိုက်မှုများ စတင် ခဲ့သည်။

ဇူလိုင် ၁၆ ရက်တွင် အစ္စရေးလေတပ်က မြို့တော် ဒမတ်စကပ်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ဌာနချုပ်နှင့် သမ္မတအိမ်တော်အနီးရှိ နေရာများကို ပစ်မှတ် ထားခဲ့သည်။ အမေရိကန် သံတမန်များက နှစ်နိုင်ငံအကြား ပဋိပက္ခ မပြန့်ပွားစေရန် ဆီးရီးယားကို Sweida မှ စစ်တပ်များ ရုပ်သိမ်းရန် နှင့် Druze လက်နက်ကိုင်များနှင့် စစ်ပြေငြိမ်းရေး သဘောတူညီမှုရရှိရန် ချက်ချင်းဝင်ရောက်ဖိအားပေးခဲ့သည်။

ဆရီးယား သမ္မတ Sharaa က နိုင်ငံသည် အစ္စရေးနှင့် တိုက်ရိုက်စစ်ဖြစ်မှု (သို့) Druze လူမျိုးများ၏ အသက်စွန့်ရမည့် အခြေအနေနှင့် Druze ဘာသာရေးခေါင်းဆောင်များ အသိဉာဏ်ရှိရှိ နိုင်ငံတော်အကျိုးကို ဦးစားပေးရန် ရွေးချယ်စရာ နှစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ အစိုးရသည် စစ်မဖြစ်ရန် ဒုတိယရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်။

ယာယီသမ္မတ Sharaa က ဆီးရီးယားနိုင်ငံရှိ Druze အသိုင်းအဝိုင်း၏ အခွင့်အရေးများကို ကာကွယ်ရန် ကတိပြုခဲ့သည်။ အသစ်ချုပ် ဆိုထားသော စစ်ပြေငြိမ်းရေးသဘောတူညီချက်အရ ဒေသခံခေါင်းဆောင်များသည် Sweida မြို့ရှိ လုံခြုံရေးတာဝန်များကို အစိုးရတပ်ဖွဲ့များထံမှ လွှဲပြောင်း ယူမည်ဖြစ်သည်။

သမ္မတ Sharaa အာဏာရလာသည့်အချိန်မှစ၍ ဆီးရီးယား အစိုးရတပ် များသည် ဧပြီနှင့်မေလများအတွင်း Sweida ပြည်နယ်နှင့် မြို့တော် ဒမတ်စကပ်အနီးတွင် Druze လက်နက်ကိုင်အုပ်စုများနှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။

Druze လူမျိုးများ အများအပြားနေထိုင်သော အစ္စရေးနိုင်ငံကလည်း ဆီးရီးယားရှိ Druze လူနည်းစုကို ကာကွယ်မည်ဟု ကတိပြုထားသည်။ သို့ရာတွင် ဆန်းစစ်သူအချို့က ၎င်းသည် အစ္စရေး၏ စစ်ရေး ရည်မှန်းချက် ဖြစ်သော ဆီးရီးယားအစိုးရတပ်များကို နှစ်နိုင်ငံခြားနား မျဉ်းတစ်လျှောက် ရှိ ဗျူဟာမြောက်ဇုန်မှ နှင်ထုတ်ရန်အတွက် အကြောင်းပြချက်သာ ဖြစ်သည်ဟု ဆိုသည်။

ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးလေ့လာရေးအဖွဲ့ (SOHR) ၏ ပြောကြားချက်အရ Sweida ရှိ တိုက်ပွဲများတွင် အစိုးရတပ်သား၊ ဒေသခံတိုက်ခိုက်သူနှင့် အရပ်သားများအပါအဝင် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပြီး ယင်းတွင် Druze ၂၇ ဦးလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ Aranyaprathet တွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်သူ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခံရ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာသူ ၃၈ ဦးကို ထိုင်းနိုင်ငံ အရှေ့ပိုင်းခရိုင်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ ၎င်းတို့နိုင်ငံတွင် အလုပ်မရှိသောကြောင့် ထိုင်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။

ထိုင်းစစ်တပ်သည် ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းတွင် Aranyaprathet ခရိုင် ၊ Ban Kud Hin ကျေးရွာရှိ ကြံခင်းတစ်ခုအတွင်း လူ ၂၅ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ကို ဦးဆောင်ခဲ့သည့် လူကုန်ကူးသူ ၃ ဦးမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးခံရသူ ၂၅ ဦးအနက် ၂၀ ဦးမှာ ကမ္ဘော ဒီးယားနိုင်ငံသားများဖြစ်ပြီး ၅ ဦးမှာ ထိုင်းနိုင်ငံသားများ ဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားအများစုမှာ ယခင်က ထိုင်းတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ၎င်းတို့ နိုင်ငံသို့ ပြန်သွားခဲ့ကြသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် နိုင်ငံ တွင် အလုပ်အကိုင်ရှာဖွေနိုင်ခြင်းမရှိသောကြောင့် အရှေ့ပိုင်းဒေသနှင့် ဘန်ကောက်မြို့တို့တွင် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်ဝင်ရောက်နိုင်ရန် လမ်းပြ သူများအား လူတစ်ဦးလျှင် ဘတ် ၂,၅၀၀ မှ ၄,၀၀၀ အထိ ပေးခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။

ထိုနည်းတူ ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ၅ ဦးကလည်း ၎င်းတို့ အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အလုပ်များမှ နုတ်ထွက်ပြီးနောက် နယ်စပ်ဖြတ်ကျော်ရာတွင် အကူအညီရရှိရန် လူတစ်ဦးလျှင် ဘတ် ၃,၅၀၀ မှ ၆,၀၀၀ အထိ ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထိုညတွင်ပင် Aranyaprathet ခရိုင် အခြားနယ်စပ်တစ်နေရာတွင် ထိုင်း နိုင်ငံသား ၁၀ ဦးထပ်မံဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့သည် ကမ္ဘောဒီးယား နိုင်ငံ ဘက်ခြမ်းတွင် အွန်လိုင်းလောင်းကစားဝိုင်းများကို စီမံခန့်ခွဲသူများ ဖြစ်သည် ဟု ဆိုသည်။ တစ်ညအတွင်း ဖမ်းဆီးရမိသူ ၃၈ ဦးကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

ကိုးကား- Bangkok Post

ရုရှား နှင့် အိန္ဒိယ တို့ BrahMos ဟိုက်ပါဆောနစ်ဗားရှင်း ခရူးစ်ဒုံးပျံ ပူးပေါင်း ထုတ်လုပ်နိုင်ခြေရှိဟု ဆို

ရုရှား-အိန္ဒိယ ပူးပေါင်းထုတ်လုပ်သည့် BrahMos ခရူးစ်ဒုံးပျံ၏ ဟိုက်ပါ ဆောနစ်ဗားရှင်းကို ထုတ်လုပ်နိုင်ကြောင်း BrahMos Aerospace ၏ အမှုဆောင်အရာရှိချုပ်ဟောင်း Atul Rane က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် RT ၏ သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Rane က မော်စကိုတွင် BrahMos ၏ အမျိုးကွဲများစွာရှိပြီး နှစ်နိုင်ငံသည် ယခုနှစ်များအတွင်း ၎င်းတို့ကို အဆင့်မြှင့်တင်လျက်ရှိကြောင်း ဖော်ပြခဲ့ သည်။

"ထိုနည်းပညာများကို ရုရှားနှင့် အိန္ဒိယဘက်မှ တည်ဆောက်နေပြီး ယခု နည်းပညာများ အပြည့်အဝအသင့်ဖြစ်သွားပါက တစ်နေ့တွင် BrahMos ဟိုက်ပါဆောနစ်ဒုံးပျံ ပေါ်ထွက်လာမည်" ဟု Rane က ပြောကြား ခဲ့သည်။

BrahMos ဒုံးပျံများကို BrahMos Aerospace မှ ထုတ်လုပ်ပြီး ယင်း ကုမ္ပဏီသည် အိန္ဒိယ၏ Brahmaputra မြစ်နှင့် ရုရှား၏ Moskva မြစ်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) က ၅၀.၅% ပိုင်ဆိုင်ပြီး ရုရှား NPO Mashinostroyenia က ၄၉.၅% ပိုင်ဆိုင်သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပါကစ္စတန်နှင့် စစ်ရေး တင်းမာမှုဖြစ်ပွားခဲ့သည့် မေလက 'Operation Sindoor' တွင် BrahMos ဒုံးပျံများက အိန္ဒိယနိုင်ငံကို ကာကွယ်ရာတွင် ကြီးမားသော အခန်းကဏ္ဍ မှ ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့သည် "အံ့ဖွယ်အောင်မြင်မှု" ရရှိခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။

RT နှင့်အင်တာဗျူးတွင် Rane က "ယခုအချိန်ထိ အိန္ဒိယအစိုးရက Operation Sindoor တွင် မည်သည့်လက်နက်များ အသုံးပြုခဲ့သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဆန်းစစ်လေ့လာမှုများအရ BrahMos ဒုံးပျံအသုံးပြုခဲ့ကြောင်း သိရပါသည်။ Operation Sindoor သည် ဆက်လက်တည်ရှိနေသေးသည်ဟု ဆိုရသော်လည်း BrahMos အသုံးပြုမှုကြောင့် ပဋိပက္ခအရှိန်မြင့်တက်မှု ရပ်တန့်သွားခဲ့သည်မှာ သေချာ ပါသည်။ ယင်းကိစ္စတွင် သံသယဖြစ်စရာမရှိပါ" ဟု ပြောကြားခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က BrahMos ဒုံးပျံများကို ဝယ်ယူရန် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။ RT သို့ မှတ်ချက်ပြုရာတွင် Rane က "BrahMos ကို လူတိုင်း စိတ်ဝင်စားကြသည်" ဟုဆိုကာ၊ အစိုးရချင်းသဘောတူညီချက်အရ မော်စကို နှင့် နယူးဒေလီနှစ်နိုင်ငံလုံးက သဘောတူသည့် မိတ်ဖက်နိုင်ငံများသို့သာ တင်ပို့နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ BrahMos အမှုဆောင် အရာရှိချုပ်ဟောင်း၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများသည် အဓိက ဈေးကွက်တစ်ခုဖြစ်သည်။

Rane က ရုရှား-အိန္ဒိယ ပူးပေါင်းလုပ်ငန်းသည် BrahMos နောက်မျိုးဆက် “BrahMos NG” အဖြစ် အမည်ပေးထားသော လေယာဉ်တွင် တပ်ဆင်နိုင်မည့် ဒုံးပျံအရွယ်အစား "ပိုမိုသေးငယ်သည့်ဗားရှင်း" တစ်ခုကိုလည်း လေ့လာပြုစုလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- RT

ယူကရိန်းပစ်မှတ်များကို မောင်းသူမဲ့လေယာဉ် အစင်း ၄၀၀ ကျော်ဖြင့် ရုရှားတိုက်ခိုက်

ကိယက်ဗ် ဇူလိုင် ၁၆

ရုရှားနိုင်ငံသည် ဇူလိုင် ၁၅ ရက် ညပိုင်းတွင် ယူကရိန်းစွမ်းအင် အခြေခံ အဆောက်အအုံများကို မောင်းသူမဲ့လေယာဉ်များ၊ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ရုရှားတပ်များအနေဖြင့် ဇူလိုင် ၁၅ ရက်ညပိုင်းတွင် ခါကစ်ဗ်မြို့ အပါအဝင် ယူကရိန်းမြို့ကြီး သုံးမြို့ကို ပစ်မှတ်ထား၍ မောင်းသူ မဲ့လေယာဉ် အစင်း ၄၀၀၊ ဘလစ် စတစ်ဒုံးကျည် တစ်စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

ရုရှား၏ လေကြောင်းတိုက် ခိုက်မှုကြောင့် စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ရပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။

ယူကရိန်းပဋိပက္ခကို အဆုံးမသတ်ပါကအရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည့်တိုင် ရုရှား တပ်များက ယူကရိန်းနိုင်ငံကို ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဇူလိုင် ၁၅ ရက် လေကြောင်း တိုက်ခိုက်မှုအတွင်း မောင်းသူမဲ့လေယာဉ် အများစုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့သော်လည်း မောင်းသူမဲ့လေယာဉ် ၅၇ စင်းနှင့် ဘလစ်စတစ်ဒုံးကျည်တို့မှာ ပစ်မှတ် ၁၂ ခုကို ထိမှန်ခဲ့ ကြောင်း ယူကရိန်းတာဝန်ရှိသူများ က ပြောကြားထားသည်။

ရုရှားနိုင်ငံသည် ယခုနှစ် နွေရာသီမှစ၍ ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာခဲ့ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper
 
ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည် မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု သိရသည်။

ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Military Watch မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ထရမ့်က အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားထားခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်များကို F-16 အမျိုးအစား တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်ပါက ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။

MWD Web Portal
 
ဆီးရီးယားရှိ ဒရုဇ်လူမျိုးများကိုကာကွယ်ရန် လေကြောင်းတိုက်ခိုက်မှု အစ္စရေးပြုလုပ်

ဂျေရုဆလင် ဇူလိုင် ၁၅ 
ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဝီဒါဒေသရှိ ဒရုဇ်လူမျိုးများကို ကာကွယ်ရန် ဆီးရီးယားအစိုးရတပ်များကို အစ္စရေးနိုင်ငံက ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိဒရုဇ်လူမျိုးစုကို အကာအကွယ်ပေးရေးအတွက် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဒရုဇ်လူမျိုးများ အများဆုံး နေထိုင်သည့် ဝီဒါမြို့၌အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေချိန်တွင် အစ္စရေးနိုင်ငံက ဆီးရီးယား အစိုးရတပ်များကိုလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝီဒါမြို့ရှိ ဒရုဇ်လူမျိုးများကို ဆီးရီးယား အစိုးရတပ်များက အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း အစ္စရေးတပ်မတော်က ပြောကြားထားသည်။

ဆီးရီးယားအစိုးရတပ်များနှင့် ဒရုဇ်လူမျိုးများကြား ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရတပ်များက ချိုးဖောက်နေကြောင်း ဒရုဇ်လူမျိုးအကြီးအကဲ အယ်လ် ဟာရီက ပြောကြားထားသည်။
ဝီဒါဒေသသည် ဒရုဇ်လူမျိုးများနှင့် ဘီဒိုးအင်းလူမျိုးများ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။

အဆိုပါ အခြေအနေကို ထိန်းသိမ်းရေးအတွက် ဇူလိုင် ၁၄ ရက်တွင် ဝီဒါဒေသသို့ရောက်ရှိလာသော ဆီးရီးယားအစိုးရတပ် များမှာလည်း ဒရုဇ်လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
Ref : RT

Trs: KKO

YDNB Newspaper

Photo- The Australian

ထရမ့်က ဇီလန်စကီးအား မော်စကိုကို တိုက်ခိုက်ခြင်းမပြုရန် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာ ဇီလန်စကီးအား ရုရှား၏မြို့တော် မော်စကိုကို ဒုံးကျည် တိုက်ခိုက်မှုများ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြောကြား ခဲ့သည်။ ထို့အပြင် ၎င်းကိုယ်တိုင်က ယူကရိန်းအား ရုရှားနယ်နိမိတ် အတွင်းသို့ တာဝေးပစ်ဒုံးကျည်များနှင့်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟူသော မီဒီယာများတွင်ဖော်ပြခဲ့သည့် သတင်းများကို ပယ်ချခဲ့သည်။

Financial Times (FT) ၏ အင်္ဂါနေ့ (ဇူလိုင် ၁၅) ထုတ်သတင်းစာတွင် ဝါရှင်တန်မှ တာဝေးပစ်လက်နက်များ ထောက်ပံ့ပါက ဇီလန်စကီး အနေ ဖြင့် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့များကို ပစ်မှတ်ထားနိုင်မည်လားဟု ထရမ့်၏ မေးမြန်းခဲ့မှုကို ဇီလန်စကီးက “မိမိတို့အနေဖြင့် လုပ်ဆောင် နိုင်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော် အမှန်တကယ်တွင် ထရမ့်က မော်စကိုကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က FT သတင်းစာ သည် သမ္မတ၏စကားလုံးများကို အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြခဲ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး "၎င်းတို့၏သတင်းစာ အသက်ဆက်ရန် လူအများ၏စိတ်ဝင်စားမှုကို ရယူနိုင်ရန်အတွက် အချို့သော သတင်းစကား များကို လှည့်ပတ်ကာ ဖော်ပြလေ့ရှိသည်" ဟု ပြောဆိုခဲ့သည်။

လီဗစ်က "ထရမ့်သည် မေးခွန်းတစ်ရပ်ကိုသာ မေးမြန်းခြင်းဖြစ်ပြီး သတ်ဖြတ်မှုများကို အားပေးခြင်းမဟုတ်ကြောင်း၊ သမ္မတအနေဖြင့် စစ်ပွဲ အဆုံးသတ် ရန်နှင့် အသက်ဆုံးရှုံးမှုများကို ရပ်တန့်ရန် အချိန်ပြည့်ကြိုးပမ်းနေသည်" ဟု ထပ်လောင်းအတည်ပြုခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်ကလည်း ထို သတင်းနှင့်ပတ်သက်၍ "အများအားဖြင့် ထိုကဲ့သို့သတင်းများသည် မှားယွင်းသည့်အချက်အလက်များသာ ဖြစ်လေ့ရှိသည်" ဟု မှတ်ချက်ပြု ခဲ့သည်။ သို့သော် ၎င်းက "လွန်စွာခိုင်မာ စိတ်ချယုံကြည်ရသည်ဟု မိမိတို့ ယူဆထားသော မီဒီယာများတွင်ပင် တစ်ခါတစ်ရံ လိုရာဆွဲ၍ ဖော်ပြ တတ်ကြသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

FT ၏ အဆိုပါသတင်းသည် ထရမ့်မှ မော်စကိုသို့ အသိပေးခဲ့သော နောက်ဆုံးသတိပေးချက်နှင့် ဆက်စပ်နေပြီး ၎င်းတွင် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိပါက ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ပြင်းထန်သော အဆင့်မြင့် ကုန်သွယ်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို့အပြင် ထရမ့်က ယူကရိန်းသို့ ဥရောပ NATO အဖွဲ့ဝင် နိုင်ငံများ၏ ငွေကြေးဖြင့် ခေတ်မီလက်နက်စနစ်များ ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။

ဆီးရီးယားတပ်ဖွဲ့များနှင့် ဒရုဇ် လူမျိုးစုတပ်ဖွဲ့များ တိုက်ခိုက်နေစဉ် အစ္စရေးက ဒမတ်စကပ်မြို့တွင်းသို့ ပြင်းထန်သော ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုများလုပ်ဆောင်

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် အစ္စရေးတို့သည် ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို ပြင်းထန်သော ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အစ္စရေးက အစိုးရတပ်များနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒရုဇ် (Druze) လူနည်းစုအုပ်စုကို ထောက်ခံသည့် တိုက်ခိုက်မှုဟု ဆိုသည်။

ဆီးရီးယား ရုပ်မြင်သံကြားဌာနတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံအား ဒုံးကျည်ထိမှန်မှုကို ဖော်ပြ ခဲ့ပြီး မှတ်တမ်းတင်နေသည့် သတင်းထောက်များ အပြေးအလွှား တိမ်းရှောင်ခဲ့ရသည်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ဘက် အရာရှိတစ်ဦးက အဆိုပါ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတနန်းတော် အနီးရှိ နေရာတစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း အတည်ပြုခဲ့သည်။

CNN သို့ ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုတွင် အနည်းဆုံး တစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု သိရှိရသည်။

အစ္စရေးသည် ဆီးရီးယားအစိုးရသစ္စာခံများနှင့် ပဋိပက္ခဖြစ်နေသော ဒရုဇ် လူနည်းစုအုပ်စုကို ကာကွယ်မည်ဟူသော ကတိကဝတ်အတွက် ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဆီးရီးယားတောင်ပိုင်း Suwayda မြို့တွင် ဒရုဇ် တပ်ဖွဲ့များနှင့် Bedouin အုပ်စုများအကြား အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဆီးရီးယား အစိုးရက ဝင်ရောက်စွက်ဖက်ခဲ့သည်။

အမေရိကန်၏ ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် Tom Barrack က အခြေအနေကို စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်ပြီး အစ္စရေးအား တိုက်ခိုက်မှု များ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။

သို့သော် အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က အဆိုပါ လုပ်ဆောင်မှုသည် ဒရုဇ် အသိုင်းအဝိုင်းအား ထိခိုက်မှုမဖြစ်စေရန်နှင့် တောင်ဘက်နယ်စပ်ကို ကာကွယ်ရန် အရေးကြီးကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က IDF သည် "Suwayda တွင် ဒရုဇ်များကို တိုက်ခိုက်ခဲ့သော တပ်ဖွဲ့များကို အပြီးအပိုင် ချုပ်ငြိမ်း သွားသည်အထိ အင်အားသုံးကာ ဆက်လက်တိုက်ခိုက်သွားမည်" ဟု ပြောကြားခဲ့သည်။ 

ကိုးကား- CNN 

ဂျာမနီသည် ရုရှားအတွက် နောက်တစ်ကြိမ် အန္တရာယ်ရှိလာနိုင်သည်ဟု ကရင်မလင် သတိပေး

ဂျာမနီသည် "နောက်တစ်ကြိမ် အန္တရာယ်ရှိလာနေပြီ" ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က ဂျာမန်တပ်များအနေဖြင့် ရုရှားစစ်သားများကို ချေမှုန်းရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားချက်ကို တနင်္လာနေ့ (ဇူလိုင် ၁၄) က တုံ့ပြန်ပြောကြားခဲ့သည်။ 

RBK စီးပွားရေးသတင်းစာနှင့် အင်တာဗျူးတွင် Peskov က Pistorius အမှန်တကယ် ထိုကဲ့သို့ပြောဆိုခဲ့သည်ကို ယုံကြည်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ "သို့သော် ကံမကောင်းစွာပင် ဤသည်မှာ အမှန် ဖြစ်နေပါသည်" ဟု ၎င်းက ဆိုသည်။

Pistorius သည် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် ဖော်ပြခဲ့သော Financial Times ၏ အင်တာဗျူးတစ်ခုတွင် စစ်ရေးဆန်သော မှတ်ချက်များကို ပြုလုပ်ခဲ့ပြီး ဂျာမန်တပ်များ၏ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်မှုနှင့် လိုအပ်ပါက ရုရှားတပ်များကို အပြီးတိုင် ချေမှုန်းရန်အထိ ပြန်လည် တုံ့ပြန်ရန် စိတ်ပိုင်းဖြတ်ထားမှုတို့ကို ချီးကျူးခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် တန်းတူညီမျှသောအခြေအနေနှင့် တောင့်တင်းခိုင်မာသော အင်အားတစ်ရပ်ရှိနေမှသာ ဖြစ်နိုင်ကြောင်း Pistorius က ခိုင်ခိုင်မာမာပြောကြားခဲ့သည်။ ဘာလင်အနေဖြင့် မည်သူ့ ကိုမျှ ခြိမ်းခြောက်ရန် မရည်ရွယ်သော်လည်း ၎င်းတို့တွင်လည်း သင့်တင့် သော အင်အားရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားကငြင်းဆိုထားသော ခြိမ်းခြောက်မှုသည် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ အရာရှိများအတွက် အဓိကပြောစရာများထဲမှ တစ်ခုဖြစ်နေဆဲဖြစ်သည်။ အမေရိကန်ဦးဆောင်သောမဟာမိတ်အဖွဲ့ကို ရုရှားကတိုက်ခိုက်ရန် စီစဉ် နေသည်ဆိုသော စွပ်စွဲပြောဆိုမှုများကို မော်စကိုမှ ထပ်ခါတလဲလဲ အဓိပ္ပာယ်မရှိသော စွပ်စွဲချက်အဖြစ် ပယ်ချခဲ့သည်။

ကိုးကား- RT

Photo: fakti.bg