ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည် မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

News Image

  • ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည် မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု သိရသည်။

ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Military Watch မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ထရမ့်က အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားထားခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်များကို F-16 အမျိုးအစား တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်ပါက ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။

MWD Web Portal