ဆီးရီးယားရှိ ဒရုဇ်လူမျိုးများကိုကာကွယ်ရန် လေကြောင်းတိုက်ခိုက်မှု အစ္စရေးပြုလုပ်

News Image

  • ဆီးရီးယားရှိ ဒရုဇ်လူမျိုးများကိုကာကွယ်ရန် လေကြောင်းတိုက်ခိုက်မှု အစ္စရေးပြုလုပ်

ဂျေရုဆလင် ဇူလိုင် ၁၅ 
ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဝီဒါဒေသရှိ ဒရုဇ်လူမျိုးများကို ကာကွယ်ရန် ဆီးရီးယားအစိုးရတပ်များကို အစ္စရေးနိုင်ငံက ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိဒရုဇ်လူမျိုးစုကို အကာအကွယ်ပေးရေးအတွက် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဒရုဇ်လူမျိုးများ အများဆုံး နေထိုင်သည့် ဝီဒါမြို့၌အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေချိန်တွင် အစ္စရေးနိုင်ငံက ဆီးရီးယား အစိုးရတပ်များကိုလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝီဒါမြို့ရှိ ဒရုဇ်လူမျိုးများကို ဆီးရီးယား အစိုးရတပ်များက အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း အစ္စရေးတပ်မတော်က ပြောကြားထားသည်။

ဆီးရီးယားအစိုးရတပ်များနှင့် ဒရုဇ်လူမျိုးများကြား ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရတပ်များက ချိုးဖောက်နေကြောင်း ဒရုဇ်လူမျိုးအကြီးအကဲ အယ်လ် ဟာရီက ပြောကြားထားသည်။
ဝီဒါဒေသသည် ဒရုဇ်လူမျိုးများနှင့် ဘီဒိုးအင်းလူမျိုးများ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။

အဆိုပါ အခြေအနေကို ထိန်းသိမ်းရေးအတွက် ဇူလိုင် ၁၄ ရက်တွင် ဝီဒါဒေသသို့ရောက်ရှိလာသော ဆီးရီးယားအစိုးရတပ် များမှာလည်း ဒရုဇ်လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
Ref : RT

Trs: KKO

YDNB Newspaper

Photo- The Australian