အမေရိကန်စစ်ရေယာဉ်အား အခမဲ့ဖြတ်သန်းခွင့်ပြုရန် ပြောဆိုချက်ကို ပနားမားတူးမြောင်း စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ငြင်းဆို
အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt ၏ အမေရိကန်စစ်ရေယာဉ်အား အခမဲ့ ဖြတ်သန်းခွင့်ပြုထားသည်ဟူသော ပြောဆိုချက်ကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ငြင်းဆိုခဲ့သည်။ (အမေရိကန်သင်္ဘောများ အပါအဝင်) တူးမြောင်းဖြတ်သန်းခကို မည်သည့်ပြင်ဆင်မှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု တူးမြောင်းအာဏာပိုင်အဖွဲ့က အလေးထား ပြောကြားခဲ့သည်။
“အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံက မတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည့် ပြောဆိုချက်နှင့်စပ်လျဉ်းပြီး တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပနားမားတူမြောင်း ဖြတ်သန်းခနှင့် အခြား သက်ဆိုင်ရာစရိတ်များအား ပြင်ဆင်ထားမှု မရှိကြောင်း တူးမြောင်းစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က အလေးထားပြောကြားလိုပါကြောင်း” တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ အလေးထားပြောကြားခဲ့သည်။ Karoline Leavitt က မတ် ၅ ရက်တွင် “ပနားမား တူးမြောင်း (အာဏာပိုင်အဖွဲ့) က အမေရိကန် ရေတပ်စစ်ရေယာဉ်များ တူးမြောင်းကို ဖြတ်သန်းသွားလာ စရိတ်များ ပယ်ဖျက်ပေးလိုက်သည်ကို ကျွန်မတို့ တွေ့မြင်ရပါတယ်။ ဒါက အမေရိကန်အတွက်ပြောရရင် အောင်မြင်မှုတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။ ထိုမတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်အစိုးရသင်္ဘောများသည် ပနားမားတူးမြောင်းအား အခမဲ့ဖြတ်သန်းနိုင်သည်ဟု ပြောကြားခဲ့သည်။ တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါပြောဆိုချက်အား ငြင်းဆိုခဲ့ကြောင်းသိရသည်။
ကိုးကား-ဆင်ဟွာ