ဇီလန်စကီး၏ မွေးရပ်မြို့ကို ရုရှားက ဒုံးကျည်ဖြင့်တိုက်ခိုက်
ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၏ မွေးရပ်မြို့ရှိ ဟိုတယ်တစ်ခုကို မတ်လ (၅) ရက်နေ့ ညပိုင်းတွင် ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ (၃) ဦး သေဆုံးပြီး (၃၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများ အနက် ထက်ဝက်ခန့်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ ထို့အပြင် အဆိုပါပစ်ခတ် တိုက်ခိုက်မှုကြောင့် (၁၄) ခန်းပါ ဟိုတယ်အဆောက်အဦ (၁) လုံး၊ စာတိုက် (၁) ခု၊ ကားအစီး (၂၀) ကျော် နှင့် ယဉ်ကျေးမှု အဆောက်အဦ (၁) လုံး၊ ဈေးဆိုင် (၁၂) ဆိုင် ပျက်စီးခဲ့ရကြောင်း ယူကရိန်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။
(၃) နှစ်ကျော်ကြာဖြစ်ပွားနေသည့် စစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိသော်လည်း ရုရှားအနေဖြင့် ယူကရိန်းအား ပစ်ခက်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။
ကိုးကား-CNA
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)
MM-News-Category