ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးကို စာမေးပွဲဖြေဆိုရန် လုပ်ဆောင် ပေးနေသူ ကျောင်းဆရာတစ်ဦးကို PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု စစ်ကိုင်းတွင်ဖြစ်ပွား

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးကို စာမေးပွဲဖြေဆိုရန် လုပ်ဆောင်ပေးနေသူ ကျောင်းဆရာ တစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၆ရက်၊ ညနေ ၅နာရီအချိန်ခန့်က စစ်ကိုင်း မြို့နယ်၊ မင်းကွန်းရှေးဟောင်းဒေသ၊ တလိုင်းဆင်ကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ အထက(မင်းကွန်း) မှ ဒုတိယ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်းသည် G-5 နှင့် G-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ၆၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးကို စာမေးပွဲဖြေဆိုရန် လုပ်ဆောင်ပေးနေသူ ကျောင်းဆရာတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၆ရက်၊ ညနေ ၅နာရီအချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရှေးဟောင်းဒေသ၊ တလိုင်းဆင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ အထက(မင်းကွန်း) မှ ဒုတိယ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်းသည် G-5 နှင့် G-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ၆၀ ဦးကို မင်းကွန်းရွာမှ ပယ်ငါးဆယ်ရွာ အထက(ခွဲ) ကျောင်းသို့ စာမေးပွဲကာလ မတ် (၃) ရက်မှ စတင်၍ နေ့စဉ် ပို့ဆောင် ဖြေဆိုမှုအား ပြုလုပ်ပေးနေသည့် ကျောင်းဆရာတစ်ဦး ဖြစ်ကြောင်း သိသည်။

ထိုသို့ ပို့ဆောင်ပေးခြင်းနှင့် ကျောင်းသူ/သား များပညာသင်ကြားခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့ကို အလိုမကျသော PDF အဖွဲ့ကအထက်ပါ ကျေးရွာရှိ ဆရာဦးမျိုးဝင်း၏နေအိမ်သို့ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ကျောင်းဆရာဦးမျိုးဝင်းတွင် ဝမ်းဗိုက်၊တင်ပါးနှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းဆရာပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသူ/သား (၆၀) ဦး သည် မတ် (၇) ရက်နေ့မှစ၍ စာမေးပွဲဖြေဆိုဝံ့ခြင်းမရှိတော့ဘဲ ရှောင်တိမ်းနေကြရကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

သို့သော်လက်ရှိတွင် အဆိုပါကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ပညာရေးမှူးရုံးတို့က စီစဉ်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ် အမှတ် (၂) အလက(ခွဲ) ဝက်လက်ကျောင်းအား PDF အဖွဲ့ Drone ဖြင့် ဗုံးချဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ရသည်။

ကိုးကား-NP News