ဧပြီလ ၂၂ ရက်ကဖြစ်ပွားတဲ့ အိန္ဒိယ နိုင်ငံလက်အောက်ရှိ ကက်ရှ်မီးယားဒေသ ရဲ့ ပါဟယ်ဂမ်မြို့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန်တို့ ကြား တင်းမာမှုများမြင့်တက်လာခဲ့ရာမှ အခုဆိုရင် ဒုံးကျည်များနဲ့တိုက်ခိုက်မှုများ ဖြစ်ပွားတဲ့အထိပါ ဖြစ်လာပါပြီ။ မကြာ သေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက် ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံမှာအခြေစိုက် ထားတဲ့အပြင် ကုလသမဂ္ဂကပါ အကြမ်း ဖက်သမားများအဖြစ် သတ်မှတ်ထားသူ များက လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထို အကြမ်းဖက်သမားများကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါကြောင့်လည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ဆောင်တဲ့နေရာမှာ ပါကစ္စတန်နိုင်ငံကပါဝင်ပတ်သက်မှုရှိနေတယ်လို့ အိန္ဒိယနိုင်ငံကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ကတော့ ဒီလို အခြေအနေမျိုးမရှိခဲ့ဖူးဘူးလို့ တွင်တွင် ငြင်းဆိုခဲ့ပါတယ်။ အခုတော့ သူတို့နှစ်နိုင်ငံ ကြားအခြေအနေတွေက တင်းမာမှုဆိုတဲ့ အဆင့်ထက်ကိုကျော်လွန်ပြီး တိုက်ခိုက်မှုဆိုတဲ့အဆင့်ကိုပင် ရောက်လို့လာပါပြီ။ ဒါနဲ့ပတ်သက်ပြီး မေလ ၇ ရက်မှာဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။၂၅ မိနစ်သာကြာတဲ့အိန္ဒိယရဲ့ အော်ပရေးရှင်းဆင်းဒူးအိန္ဒိယတပ်မတော်က မေလ ၇ ရက်မှာ အော်ပရေးရှင်းဆင်းဒူး (ဆင်းဒူးစစ်ဆင်ရေး)ကို စတင်လိုက်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ အိန္ဒိယတပ်မတော်မှဒုတိယ ဗိုလ်ချုပ်ကြီးဆာတစ်ဒူအာက ထုတ်ပြန်လိုက်ပါတယ်။ဒီစစ်ဆင်ရေးက အချိန်အားဖြင့် ၂၅ မိနစ် သာကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာပဲ အကြမ်းဖက်သမား ၇၀ လောက်ကိုချေမှုန်း သုတ်သင်လိုက်နိုင်တယ်လို့ဆိုပါတယ်။ ဒီစစ်ဆင်ရေးရဲ့အဓိကပစ်မှတ်က ကိုးခုရှိ ပါတယ်။ အဲဒီပစ်မှတ်အားလုံးကလည်းအကြမ်းဖက်သမားတွေသာရှိတဲ့နေရာများဖြစ်ပြီး ပစ်မှတ်ရဲ့တည်နေရာတွေက ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာဖြစ် တယ်လို့ဆိုပါတယ်။အခုစစ်ဆင်ရေးဟာ အကြမ်းဖက်သမား တွေရှိတဲ့နေရာကိုသာ အဓိကဦးတည်လုပ်ဆောင်တာဖြစ်တဲ့အတွက် အိန္ဒိယအနေနဲ့ ကတော့ ဒီအခြေအနေကို အခုထက်ပိုပြီး ဆိုးမလာစေချင်ဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီးဆာတစ်ဒူအာကဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဘက်ကရန်စလာမယ်ဆိုရင် လက်တုံ့ပြန်သွားနိုင်ဖို့အတွက် အမြဲတမ်းအသင့်အနေအထားနဲ့ရှိတယ်လို့သူကဆက်ပြောထားပါတယ်။TOI စစ်ဆင်ရေးမှာအသုံးပြုခဲ့တဲ့လက်နက်တွေအိန္ဒိယတပ်မတော်က ဆင်းဒူးစစ်ဆင်ရေးနဲ့ လက်ရှကာအီးတိုင်ဘာ (LeT) နဲ့ ဂျေ့ရှအီးမိုဟာမတ် (JeM) အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်ရေးသမားတွေ၊ လေ့ကျင့်ရေးဌာနတွေကို ထိရောက်စွာချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးထိရောက်စွာချေမှုန်းနိုင်ဖို့အတွက် အိန္ဒိယတပ်မတော်က အဆင့်မြင့်ပြီး တိကျမှုရှိတဲ့စစ်လက်နက်ပစ္စည်းများကို အချိန်နဲ့တစ်ပြေးညီရရှိတဲ့ ထောက်လှမ်းရေးအချက်အလက်များနဲ့ တွဲဖက်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီစစ် ဆင်ရေးမှာပါကစ္စတန်ရဲ့စစ်ရေးပစ်မှတ်များကိုရှောင်လွှားနိုင်ဖို့အတွက် ကြည်း၊ ရေ၊ လေတပ်ပေါင်းစုက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီစစ်ဆင်ရေးမှာအဓိကအသုံးပြုခဲ့တဲ့ လက်နက်တွေထဲမှာ Storm Shadow လို့ သိထားကြတဲ့ ဝေဟင်ကနေပစ်လွှတ်ရသောတာဝေးပစ်ဒုံးကျည်များလည်း ပါဝင်ပါတယ်။ ဒီဒုံးကျည်တွေကို Rafale တိုက်လေယာဉ်တွေလိုမျိုး အဆင့်မြင့်တိုက်လေယာဉ်တွေကနေ ပစ်ခတ်နိုင်ပါတယ်။ ဒါကြောင့် ရန်သူ့နယ်မြေထဲ တိတ်တဆိတ်ဝင်ရောက်ပြီး အရေးကြီးပစ်မှတ်များကို ထိရောက်စွာချေမှုန်းနိုင်တာဖြစ်ပါတယ်။နောက်ထပ်လက်နက်တစ်မျိုးကတော့ Hammer လို့ခေါ်တဲ့ တိကျပဲ့ထိန်းဗုံးဖြစ် ပါတယ်။ အဲဒီဗုံးများက တိကျမှုမြင့်မားတဲ့ တိုက်ခိုက်မှုစွမ်းရည်ကိုပေးစွမ်းပြီး ပုံသေ ပစ်မှတ်ကိုသာမက လှုပ်ရှားပစ်မှတ်များ ကိုပါ ထိမှန်အောင်တိုက်ခိုက်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။နောက်ဆုံးအသုံးပြုသွားတဲ့လက်နက် စနစ်တစ်မျိုးကတော့ အသေခံဒရုန်းများ ပဲဖြစ်ပါတယ်။ ဒီဒရုန်းတွေနဲ့ကင်းထောက်မှုလုပ်ဆောင်တယ်။ ပစ်မှတ်ကိုသတ်မှတ်တယ်။ တိကျတဲ့ပစ်ခတ်မှုကိုလုပ်ဆောင်တယ်။ ဒီလိုလက်နက်တွေကြောင့် အိန္ဒိယက ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ အကြမ်းဖက်သမားများကို မြေပြင်စစ်သည်တစ်ဦး တစ်ယောက်မျှအသုံးပြုစရာမလိုဘဲ ချေ မှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။TOIအိန္ဒိယတိုက်လေယာဉ်သုံးစင်းပျက်ကျအိန္ဒိယနိုင်ငံကထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသထဲမှာ အိန္ဒိယနိုင်ငံရဲ့တိုက် လေယာဉ်သုံးစင်း ပျက်ကျသွားတယ်လို့ အစိုးရသတင်းအရင်းအမြစ်များရဲ့ပြောဆိုချက်ကိုကိုးကားပြီး The Hindu သတင်း ဌာနကဖော်ပြထားပါတယ်။ဒီတိုက်လေယာဉ်တွေဟာ အက်ခနူး၊ ရမ်ဘန်နဲ့ ပမ်ပိုးဒေသတို့မှာပျက်ကျသွားတာဖြစ်ပြီး ဒီလိုမျိုးပျက်ကျမှုဖြစ်ပွားရတဲ့ အကြောင်းရင်းအသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ပါကစ္စတန်ဘက်ကတော့ သူတို့အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ Rafale တိုက် လေယာဉ်အပါအဝင် လေယာဉ်ငါးစင်းကို ပစ်ချလိုက်တယ်လို့ ပါကစ္စတန်စစ်ဘက် မှပြောရေးဆိုခွင့်ရှိသူ ရှာရစ်ချောင်ဒရီက ပြောပါတယ်။ အလားတူ ပစ်ချခံရလို့ပျက် ကျသွားတဲ့ လေယာဉ်တစ်စင်းရဲ့ပုံရိပ်များ ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြောထားတာမရှိပါဘူး။Xinhua, WPအရပ်သားများစွာသေဆုံးမှုရှိအိန္ဒိယတပ်မတော်ရဲ့တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်ကအရပ်သားများ သေဆုံးမှုရှိတယ်လို့ ပါကစ္စတန်စစ်ဘက် မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီ တိုက်ခိုက်မှုမှာ အိန္ဒိယဘက်က ရပ်ကွက် ခြောက်ခုကိုပစ်မှတ်ထားခဲ့တာကြောင့် အမျိုးသမီးများနဲ့ကလေးငယ်များစွာအပါ အဝင် လူ ၂၆ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာ ရရှိတယ်လို့ဆိုထားပါတယ်။အိန္ဒိယဘက်က ပါကစ္စတန်ထိန်းချုပ် မှုအောက်ရှိ ကက်ရှ်မီးယားဒေသနဲ့ နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တို့ရှိအရပ်သား များကိုပစ်မှတ်ထားပြီး နေအိမ်များနဲ့ဗလီ များကိုတိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်စစ်ဘက်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးအာမတ်ရှာရစ်ချောင်ဒရီကပြောထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုတွေလုပ်လာတဲ့ အတွက် ပါကစ္စတန်ဘက်က အိန္ဒိယကို လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ပိုင်ခွင့်ရှိပြီး သင့်လျော်ရာအချိန်မှာ သင့်လျော်တဲ့နေရာကို သင့်လျော်တဲ့နည်းလမ်းနဲ့လက်တုံ့ ပြန်သွားမယ်လို့လည်း သူကဆက်ပြောပါ တယ်။XinhuaLoC မှာလည်း ပစ်ခတ်မှုများဖြစ်အရပ်သားသေဆုံးမှုများရှိအိန္ဒိယဘက်က ပါကစ္စတန်နိုင်ငံအတွင်း ကိုဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး နောက်မကြာမီမှာပဲ ကက်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်း(LoC)မှာနှစ်ဖက်တပ်ဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုများရှိတဲ့အတွက် အနည်းဆုံး အရပ်သားကိုးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူများ ကပြောပါတယ်။အိန္ဒိယတာဝန်ရှိသူများကတော့ သူတို့ အနေနဲ့ ပါကစ္စတန်ရဲ့ပစ်ခတ်တိုက်ခိုက်မှုများကို ထိရောက်စွာလက်တုံ့ပြန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးအပြန်အလှန်ပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရသွားသူတွေက ပွန်းခရိုင်မှဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ လူနေအိမ်ခြေများစွာလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။Xinhuaဒီဖြစ်စဉ်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုအိန္ဒိယနိုင်ငံကတော့ အခုလုပ်တဲ့တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားများရဲ့စခန်းများအပေါ် တိကျမှုရှိတဲ့တိုက်ခိုက်မှုများ လုပ်ဆောင်တာဖြစ်ပြီး ပါဟယ်ဂမ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့တဲ့သူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံရစေမယ်ဆိုတဲ့ အိန္ဒိယအစိုးရရဲ့ကတိစကားအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ ဒီပြဿနာတွေဟာ အချိန်တို အတွင်းပြီးဆုံးသွားဖို့မျှော်လင့်တယ်လို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ သူ တို့အနေနဲ့ အိန္ဒိယ-ပါကစ္စတန်အခြေအနေ ကိုအနီးကပ်စောင့်ကြည့်ပြီး နျူကလီးယား လက်နက်ပိုင်အိမ်နီးချင်းနှစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းမှုဆီ ဦးတည်စေဖို့ကို လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။တရုတ်နိုင်ငံက အိန္ဒိယနဲ့ပါကစ္စတန်တို့ အကြားဖြစ်ပွားနေတဲ့ပြဿနာများနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းဖော်ပြထားသလို နှစ်နိုင်ငံစလုံးအနေနဲ့ တစ်ဖက်နဲ့တစ်ဖက် သည်းခံကြဖို့တိုက်တွန်းလိုက်ပါတယ်။ သူ တို့နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုရှေးရှုဖို့၊ တစ်ဦးနဲ့တစ်ဦး သည်းခံကြဖို့နဲ့ ပြဿနာတွေပိုပြီးကြီးထွား လာစေမယ့်လုပ်ရပ်တွေကိုရှောင်ရှားကြဖို့ကိုတိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။အလားတူ ဗြိတိန်၊ ပြင်သစ်၊ အစ္စရေးနဲ့ ယူအေအီးနိုင်ငံတို့ကလည်း အိန္ဒိယနဲ့ပါကစ္စတန်တို့အနေနဲ့ တစ်ဖက်နဲ့တစ်ဖက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ ပြဿနာ တွေ ဒီထက်ကြီးထွားမလာစေဖို့၊ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ တင်းမာမှုများ ကို သံတမန်ရေးနည်းလမ်း၊ စေ့စပ်ဆွေး နွေးရေးနည်းလမ်း၊ ငြိမ်းချမ်းမှုရှိသောနည်း လမ်းများဖြင့် ဖြေရှင်းလိုကြောင်းအသီးသီး ထုတ်ပြန်ထားကြပါတယ်။NDTVစုစည်းတင်ပြသူ - ကိုထက်Source: https://myawady.net.mm/
Thu, 8-မေလ-2025