စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ငွေကျပ်သိန်း ၅,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ ဒိုးဝိုင်းချောင်းကျေးရွာအနီး၌ မျိုးထက်အောင်(ခ)အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇော်ဦး (ခ)မောင်ပြူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ဆိုင်ကယ် နှစ်စီးပေါ်မှ ဘိန်းဖြူ ၁၁ ကီလို(တစ်ကီလိုလျှင် သိန်း ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅,၅၀၀) သိမ်းဆည်းရမိခဲ့သဖြင့် မျိုးထက်အောင်(ခ)အရှည်ကြီး(၃၃)နှစ်နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm