အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

News Image

  • အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

မတ် ၄ ရက်၌ ကျင်းပသည့် အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီး  အစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ထိရောက်စွာ ဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေးနှင့် ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက်ကြိုးပမ်းမှုများအား  ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၅ ရက်တွင် ပြောကြား ခဲ့သည်။

ပါလက်စတိုင်းသားပြည်သူများ အသိအမှတ်ပြုသော၊ အာရပ်နိုင်ငံများ သဘောတူညီသော စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲရေး အစီအစဉ်များ ကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း လျင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲမှုတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကိုလိုက်နာ၍ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နှင့် အပြန်အလှန်ချိတ်ဆက်ကာ နောက်ဆုံးတွင် ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေး၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေးတို့ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ် ၄ ရက်တွင် အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကျင်းပသော အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့ပြီး လွတ်လပ်သောကော်မတီဖွဲ့စည်း၍ ပါလက်စတိုင်း၏ ဂါဇာဒေသအား ယာယီစီမံခန့်ခွဲရန် သဘောတူညီခဲ့ကြကြောင်း အီဂျစ် နိုင်ငံ သမ္မတ အယ်လ်-စီစီက ထိုနေ့ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။ 

ကိုးကား-ဆင်ဟွာ