အမေရိကန်တွင် အစာအဆိပ်သင့်စေနိုင်သည့် ပိုးပါဝင်မှုကြောင့် ကြက်ဥကတ်ရေ ၁ ဒသမ ၇ သန်းကို  ပြန်လည်သိမ်းယူ

News Image

  • အမေရိကန်တွင် အစာအဆိပ်သင့်စေနိုင်သည့် ပိုးပါဝင်မှုကြောင့် ကြက်ဥကတ်ရေ ၁ ဒသမ ၇ သန်းကို  ပြန်လည်သိမ်းယူ

အမေရိကန်ပြည်ထောင်စုတွင်  အစာအဆိပ်သင့်စေနိုင်သည့် ပိုးပါဝင်မှုကြောင့် ကြက်ဥကတ်ရေ    ၁ ဒသမ ၇ သန်းကို  ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီကြီးတစ်ခုက   ပြန်လည်သိမ်းယူခဲ့ရကြောင်း သိရသည်။

ပြန်လည်သိမ်းယူမည့်   ကြက်ဥများသည် အညိုရောင်ရှိ အော်ဂန်းနစ်ကြက်ဥ အမျိုးအစားဖြစ်ပြီး ၎င်းတို့တွင် အစာအဆိပ်သင့်စေနိုင်သည့်   ပိုးပါဝင်နိုင်မှုကြောင့် ပြန်လည်သိမ်းယူရခြင်းဖြစ်ကြောင်း August Egg ကုမ္ပဏီက ယခုရက်သတ္တပတ် အကုန်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါကြက်ဥများကို ကုမ္ပဏီက ကယ်လီဖိုးနီးယား၊ ဝါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊  ဝေအိုမင်၊  နယူးမက္ကဆီကို၊ နီဘရက်စကာ၊ အင်ဒီယာနာ၊ အီလီနွိုက် စသည့် ပြည်နယ်များရှိ အွန်လိုင်းစတိုးများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကြက်ဥများတွင် အစာအဆိပ်သင့်စေနိုင်သည့် ရောဂါပိုးများ ပါဝင်နိုင်မှုကြောင့် ကြက်ဥများကို ပြန်လည်သိမ်းယူရန် အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံရေးအဖွဲ့က ယခုနှစ် မေလ ၂၀ ရက်ကတည်းက ထုတ်ပြန်ထားကြောင်း သိရသည်။

MWD Web Portal