ဖုန်း သို့မဟုတ် တက်ဘလက်ကို နေ့စဉ် နှစ်နာရီကျော်ကြာသုံးသည့် ဆယ်ကျော်သက်များ၌ စိုးရိမ်သောကနှင့် စိတ်ကျဝေဒနာဝင်နိုင်

News Image

  • ဖုန်း သို့မဟုတ် တက်ဘဘက်ကို နေ့စဉ် နှစ်နာရီကျော်ကြာသုံးသည့် ဆယ်ကျော်သက်များ၌ စိုးရိမ်သောကနှင့် စိတ်ကျဝေဒနာဝင်နိုင်

အော့တဝါ  ဇွန် ၁၁

ဖုန်း သို့မဟုတ် တက်ဘလက်ကို နေ့စဉ် နှစ်နာရီကျော်ကြာအသုံးပြုသည့် ဆယ်ကျော်သက်များ၌ စိုးရိမ်သောကနှင့် စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက်မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။

ကနေဒါ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ တစ်ရက်လျှင် ဖုန်းသုံစွဲချိန် နှစ်နာရီကျော်ရှိသော ဆယ်ကျော်သက်များ၌ စိုးရိမ်သောကဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက် နှစ်ဆ၊ စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက် လေးဆမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ဆယ်ကျော်သက်များ ဖုန်းကြည့်ချိန်ကြာမြင့်မှုကြောင့် စိတ်ကျန်းမာရေးပြဿနာများပေါ်လာနိုင်ခြေ မြင့်မားလာမှုပြဿနာမှာ မျှော်လင့်ထားသည်ထက် ပိုဆိုးနေကြောင်း ကနေဒါ သုတေသနပညာရှင်များက သတိပေးထားသည်။

သို့ဖြစ်ရာ မိဘအုပ်ထိန်းသူများအနေဖြင့် ဆယ်ကျော်သက်များ ဖုန်းကြည့်ချိန်ကို တစ်ရက်နှစ်နာရီထက်မပိုစေရန် ကန့်သတ်သင့်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်ကို မြှင့်တင်ပေးသင့်ကြောင်း၊ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား ဆယ်ကျော်သက်လူငယ်ဦးရေ ၅၈၀ တို့ကို ကိုးလကြာအချိန်ယူလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကနေဒါ သုတေသနပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ