သတင်းများ

ကိုယ်အလေးချိန် လျှော့ချရေးဆေးများက အဝလွန်မှုနှင့် ဆက်စပ်နေသော ကင်ဆာ ရောဂါများဖြစ်နိုင်ခြေကို လျှော့ချနိုင်

ဂျေရုဆလင်  မေ ၁၄

Wegovy နှင့် Ozempic ကဲ့သို့ ကိုယ်အလေးချိန်လျှော့ချရေးဆေးများသည် အဝလွန်မှုနှင့် ဆက်စပ်နေသည့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ GLP-1S အုပ်စုဝင် အဆိုပါဆေးများသည် အဝလွန်မှုနှင့် ဆက်စပ်နေသည့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် GLP-1S အုပ်စုဝင်ဆေးများသည် အဝလွန်မှုနှင့်ဆက်စပ်နေသည့် ကင်ဆာရောဂါများအပြင် အခြားကင်ဆာရောဂါများဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ကြောင်း အစ္စရေးသုတေသနပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ နှလုံးရောဂါများဖြစ်နိုင်မှုကို တားဆီးရေးအတွက် စတာတင်ဆေးကို သုံးစွဲသည့်နည်းတူ ကင်ဆာရောဂါများဖြစ်နိုင်မှုကို တားဆီးရေးအတွက် GLP-1S အုပ်စုဝင်ဆေးများကို သုံးစွဲ၍ ရနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

Source: ရတနာပုံသတင်းစာ

ဆေးယဉ်ပါးဘေးကြုံရနိုင်သော စပ်ဆေးရောင်းခြင်းကို တိုင်ကြားနိုင်

မြန်မာနိုင်ငံရှိ ဆေးဆိုင်များအနေဖြင့် ဆေးယဉ်ပါးဘေးကြုံရနိုင်သော စပ်ဆေးနှင့် သက်တမ်းကုန်ဆေးများရောင်းချနေသည်ကိုတွေ့ရှိပါကနီးစပ်ရာမြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးဌာန (FDA) ရုံးသို့ဖြစ်စေ၊ FDA/Facebook Page နှင့် Website သို့ ဖြစ်စေ တိုင်ကြားရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန (FDA) တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။

ပြည်သူများအနေဖြင့် စပ်ဆေးမသုံးစွဲရန် သက်ဆိုင်ရာမှ သတိပေးထားသော်လည်း ငွေကြေးသက်သာခြင်း၊ ဝေဒနာ ယာယီပျောက်ကင်းခြင်း စသည့်အချက်များကြောင့် စပ်ဆေးဝယ်ယူ သုံးစွဲမှုမှာ ပပျောက်ခြင်းမရှိသေးကြောင်း သိရသည်။ စပ်ဆေးနှင့် သက်တမ်းလွန်ဆေး ရောင်းချခြင်းကို တိုင်ကြားမည်ဆိုပါက ရောင်းချနေသည့် ဆေးဆိုင်၏ ငွေဖြတ်ပိုင်း ပြေစာကဲ့သို့သော တိကျသည့် အထောက်အထား အချက်အလက်များဖြင့်တိုင်ကြားရန်လိုအပ်ပြီး FDA က စစ်ဆေးအရေးယူမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

“ပြည်သူတွေအနေဖြင့် တကယ့်အချက်အလက်တိတိကျကျဖြင့် တိုင်ကြားလာရန်လိုပါသည်။ ဒါမှ လွတ်မသွားမှာပေါ့။ ဒီလိုမဟုတ်ဘဲ ဒီဆေးကတ်ကို ဒီဆိုင်ကဝယ်လာသည့်အကြောင်း သက်သေပြဆိုသည့် အချိန်မှာဘာမှမပြနိုင်ရင်လျှင် လုပ်ရကိုင်ရခက်ပါသည်။ အချက်အလက် ပြည့်ပြည့်စုံစုံဖြင့် တိုင်ကြားလာခဲ့လျှင် မိမိတို့အနေဖြင့် မလုပ်ပေးတာမရှိပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် FDA အနေဖြင့် လစဉ်စစ်ဆေးမှုများကို လုပ်ဆောင်နေသော်လည်း ဆေးဆိုင်အားလုံးကို စစ်ဆေးရန်အလို့ငှာ မစွမ်းနိုင်ကြောင်း၊ ပြည်သူများအား စပ်ဆေး၏ဆိုးကျိုးများကြောင့် မသုံးစွဲကြရန် အသိပညာပေးမှုများကို လုပ်ဆောင်နေသော်လည်း ပြည်သူများဘက်မှ ပူးပေါင်းပါဝင်မှု အားနည်းနေသေးကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာမှသာ ယခုကဲ့သို့ စပ်ဆေးရောင်းချနေမှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

“ငါတို့ကို အစိုးရဝန်ထမ်းတွေက လာပြောနေတယ် ဆိုတာထက် ငါတို့ ကောင်းဖို့ ငါတို့ကိုပြောနေတာပါလား” ဆိုသည့်အမြင်ဖြင့် ပြည်သူတွေဘက်က မြင်ကြရန်လိုအပ်နေပါသည် ဟု ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် (၁) အကိုက်အခဲပျောက်ဆေး (သို့) အဖျားကျဆေး၊ (၂) အစာအိမ်ဆေး (သို့) လေဆေး၊ (၃) ပိုးသတ်ဆေး၊ (၄) အားဆေးနှင့် (၅) steroid ခေါ် အပြင်းစားအရောင်ကျဆေးဟူ၍ စပ်ဆေးအုပ်စု ငါးမျိုးကို အဓိကတွေ့ရလေ့ရှိကြောင်း ဆရာဝန်များ၏ သုံးသပ်ချက်များအရ သိရသည်။

ကိုးကား- NP News

ဂါဇာမျိုးဆက်များအနေဖြင့် အငတ်ဘေး၏ အကျိုးဆက်ကို အမြဲတမ်းရင်ဆိုင်ရတော့မည် ဟု WHO သတိပေး

ဂါဇာဒေသရှိ မျိုးဆက်သစ်လူငယ်များအနေဖြင့် အငတ်ဘေး၏ အကျိုးဆက်ကို အမြဲတမ်းရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

ဂါဇာဒေသ၌ အငတ်ဘေး၏ အကျိုးဆက်ဖြစ်သော အာဟာရချို့တဲ့မှုနှုန်းမှာ မြန်ဆန်စွာ မြင့်တက်လာလျက်ရှိကြောင်း၊ ဆေးခန်းလာပြသည့် ကလေးငယ်များကို ကြည့်မည်ဆိုလျှင် ၎င်းတို့၏ အရွယ်က လက်ရှိအသက်ထက် ပိုမိုသေးကွေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် အာဟာရပြည့်ဝမှုရှိသော အစားအစာ၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မရရှိပါက မျိုးဆက်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိစေမည် ဟု ၎င်းက ဆိုသည်။

အစ္စရေးအစိုးရသည် မတ်လ အစောပိုင်းမှစ၍ ဂါဇာဒေသကို ပိတ်ဆို့ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဝင်ခွင့်မပြုကြောင်း ဂါဇာမှ တာဝန်ရှိသူများက ပြောထားသည်။

Ref : TST

Source: Myawady Daily Newspaper

ဂေါက်ကွင်းများအနီး နေထိုင်သူများ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မား

နယူးယောက်   မေ ၁၃

ဂေါက်ကွင်းများနှင့် တစ်မိုင်အကွာ အဝန်းအဝိုင်းတွင် နေထိုင်သူများသည် ခြောက်မိုင်အကွာတွင် နေထိုင်သူများထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ၁၂၆ ရာခိုင်နှုန်းထိ မြင့်မားနေတတ်ကြောင်း မေ ၁၂ ရက်သတင်းများအရ သိရသည်။

ဂေါက်ကွင်းများအနီး နေထိုင်သူများ၌ ပါကင်ဆန်ရောဂါဖြစ်ပွားနိုင်ခြေ ပုံမှန်ထက်မြင့်မားနေမှုသည် ဂေါက်ကွင်းများ၌ အသုံးပြုနေသော ပိုးသတ်ဆေးများနှင့် သက်ဆိုင်နိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

အမေရိကန် သုတေသနပညာရှင်များသည် အမေရိကန်နိုင်ငံတစ်ဝန်း ဂေါက်ကွင်းများ၏ တည်နေရာနှင့် ဝစ္စဂွန်ဆင်ပြည်နယ်၊ မင်နီဆိုတာပြည်နယ်တို့မှ ရေပေးဝေဖြန့်ဖြူးရေးနယ်မြေ ၂၂၄ ခုတို့ကို လေ့လာခဲ့ကြသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာချက်မှပေါ်ထွက်လာသည့်ရလဒ်များအရ ဂေါက်ကွင်းများအနီး နေထိုင်သူများတွင် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေ မြင့်မားနေတတ်ပြီး ဂေါက်ကွင်းများနှင့် ဝေးသည့်နေရာများ၌ နေထိုင်သူများတွင် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ပိုမိုနည်းပါးသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ပါကင်ဆန်ရောဂါသည် မျိုးဗီဇအကြောင်းတရားများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပွားတတ်သည့် အာရုံနာ့ဗ်ဆဲလ်ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

အမြဲတမ်း သွေးတိုးနေသူများကို ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တွေ့ရှိ

သိပ္ပံပညာရှင်များက အမြဲတမ်းသွေး တိုးနေသူများကို ၁၅ ပွိုင့်လောက်အထိ သွေးပေါင်ကျအောင် ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တွေ့ရှိထား တယ်လို့ သိရပါတယ်။

အခုတွေ့ရှိထားတဲ့နည်းလမ်းက ထိန်းချုပ်လို့ မရလောက်အောင် သွေးတိုးနေတဲ့သူတွေ ဒါမှမဟုတ် သွေးတိုးရောဂါကုထုံးကို ခံနိုင်ရည် ရှိသွားသူတွေအတွက် အဓိက ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ စမ်းသပ်နေတဲ့ ကုသနည်းအတွက်ဆေး တစ်မျိုးကတော့ lorundrostat ဖြစ်ပြီး မကြာသေးခင်က လုပ်ဆောင်တဲ့ လက်တွေ့စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေကို ရရှိထားတာဖြစ်ပါတယ်။

ဒီလိုမျိုးရလဒ်ကောင်းနဲ့ စမ်းသပ်ချက်ကို ရရှိစေဖို့အတွက် အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးပေးခန်းများမှ သုတေသနမှာပါဝင်သူ ၂၈၅ ဦးက ကူညီပေးခဲ့တာပါ။

အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် လက်ရှိအမေရိကန်နိုင်ငံ တစ်ဝန်းရှိ လူပေါင်း သန်း ၁၂၀ လောက်က သွေးတိုးရောဂါ ဖြစ်ပွားနေပါတယ်။  

Source: https://myawady.net.mm/

ဆေးယဉ်ပါး ဗက်တီးရီးယားပေါက်ပွားမှုကို အားပေးနေတဲ့ အဝတ်လျှော်စက်များ

အဝတ်လျှော်စက်တွေမှာ ပါဝင်တဲ့ ဇီဝဖလင်ပြားတွေမှာ ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းများနဲ့ ဆေးယဉ်ပါးမှုကိုဖြစ်ပေါ်စေနိုင်တဲ့ မျိုးရိုးဗီဇများ ပါဝင်နေတယ်လို့ သုတေသနတစ်ခုမှာ ပညာရှင်များကဖော်ပြထားပါတယ်။ ဒီအချက်ဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ယူနီဖောင်းတွေကို နေအိမ်မှာလျှော်ခြင်းက အန္တရာယ်များနိုင်တယ် ဆိုတဲ့အချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ယူနီဖောင်းတွေကို နေအိမ်မှာရှိတဲ့ အဝတ်လျှော်စက်တွေမှာလျှော်ခြင်းက ဆေးရုံအတွင်း ဆေးယဉ်ပါး ကူးစက်မှုတွေကို ပိုမိုပျံ့နှံ့စေဖို့ ကူညီပေးတဲ့အတွက်ဖြစ်ပါတယ်။ အခုသုတေသနကို မွန့်ဖို့တက္ကသိုလ်မှ သုတေသနပညာရှင် ကေတီလာ့က ဦးဆောင်ပြုလုပ်ထားတာပါ။

ဆေးရုံနဲ့ဆက်စပ်နေတဲ့ ကူးစက်ရောဂါတွေဖြစ်ပွားမှုဟာ  ယနေ့အချိန်အခါမှာ ပြည်သူ့ကျန်းမာရေးအတွက်   တကယ့်ကိုစိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်အဖြစ် ပေါ်ထွန်းလာနေတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ သုတေသနပညာရှင်များက ဒီလိုမျိုးဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းကို ရှာဖွေရင်း အခုလိုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်တာဖြစ်တယ်လို့ PLOS One ဂျာနယ်က ဖော်ပြထားပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်သည့် ကိရိယာတစ်မျိုး FDA ခွင့်ပြု

နယူးယောက်   မေ ၁၂

သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်မည့် ကိရိယာတစ်မျိုးကို အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က မေ ၉ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်း မေ ၁၁ ရက် သတင်းများအရ သိရသည်။

The Teal Wand ဟူ၍ အမည်ပေးထားသည့် အဆိုပါ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာကို အမေရိကန်နိုင်ငံအခြေစိုက် Teal World ဇီဝ နည်းပညာကုမ္ပဏီက ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။

The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာသည် Human Papillomavirus (HPV) ခေါ် ဗိုင်းရပ်ကို စစ်ဆေးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ရှာဖွေပေးနိုင်ကြောင်း သိရသည်။

အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရမှုအများစုမှာ HPV ဗိုင်းရပ်ကြောင့် ဖြစ်ပွားရသည့် ကင်ဆာရောဂါဖြစ်စဉ်များ ဖြစ်ကြကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

FDA ၏ ခွင့်ပြုချက်အရ The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုကိရိယာကို သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားသည့် အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြားရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်တွေ့ စမ်းသပ်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များအရ The Teal Wand ကိရိယာသည် သားအိမ်ခေါင်းကင်ဆာရောဂါကို ၉၆ ရာခိုင်နှုန်း တိကျစွာဖော်ထုတ်နိုင်ကြောင်း သိရသည်။

Sleep Apnea ပြဿနာကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာနိုင်

နယူးယောက်  မေ ၁၁

အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှု ပြဿနာ (Sleep Apnea) ကြောင့် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း မေ ၁၀ ရက် သတင်းများအရ သိရသည်။

အိပ်စက်နေချိန် လေပြွန်ပိတ်ဆို့မှုဖြစ်ပွားချိန်တွင် သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုနှုန်း ကျဆင်းလာတတ်မှုသည် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ထိခိုက် ပျက်စီးသွားနိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှုကြောင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုနှုန်း ပိုမိုကျဆင်းလေ ဦးနှောက်နယ်မြေများ ထိခိုက်ပျက်စီးမှုလည်း ပိုမိုကြီးမားလာလေလေဖြစ်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အိပ်စက်ချိန်လေပြွန်ပိတ်ဆို့မှုပြဿနာရှိသူ ၂၇ ဦးအပါအဝင် ပျမ်းမျှ အသက် ၇၃ နှစ်အရွယ်ရှိသူ လူပေါင်း ၃၇ ဦးတို့ကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှပေါ်ထွက်သည့်ရလဒ်များအရ Sleep Apnea ပြဿနာကြောင့် သွေးအတွင်း အောက်ဆီဂျင် ကျဆင်းသွားချိန်တွင် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ပျက်စီးမှုအဆင့် မြင့်တက်လာသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အလွန်အကျွံပြုပြင်ထားသည့် အစားအစာများကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်နိုင်

ပေကျင်း      မေ ၁၀

အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများစားသုံးပါက ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်သည်ဟု တရုတ်သုတေသနပညာရှင်များက မေ ၉ ရက် သတင်းများတွင် ရေးသားထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများကို တစ်ရက်လျှင် ၁၁ ကြိမ်ခန့်ထိ စားသူများသည် အနည်းဆုံး စားသုံးသူများထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် နှစ်ဆခွဲမြင့်တက်နေတတ်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အစားအစာ စားသောက်မှုပုံစံသည် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေအပေါ် အကျိုးသက်ရောက်မှုရှိနေတတ်သည်ကို တွေ့ရကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုကို တားဆီးရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း တရုတ်သုတေသနပညာရှင်များက အကြံပြုထားသည်။

ပါကင်ဆန်ရောဂါသည် ဒိုပါမိုင်းခေါ် ဟော်မုန်းတစ်မျိုးကို ထုတ်ပေးသည့် ဦးနှောက်ဆဲလ်များ သေဆုံးချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

ဓာတ်ငွေ့မီးဖိုမှထွက်သည့် ဘင်ဇိုင်းဓာတုပစ္စည်းကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်မားလာနိုင်

နယူးယောက်  မေ ၉

မီးမိုချောင်သုံး ဓာတ်ငွေ့မီးဖိုမှထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၈ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာရှင်များသည် နေအိမ် ၈၇ လုံးတို့မှ ဓာတ်ငွေ့မီးဖိုများ၏ ဘင်ဇိုင်းထုတ်လွှတ်မှုအဆင့်ကို တိုင်းတာလေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ဓာတ်ငွေ့မီးဖိုများမှ ဘင်ဇိုင်းဓာတုပစ္စည်းထုတ်လွှတ်မှုအမြင့်မားဆုံးနှင့် လေဝင်လေထွက်နည်းပါးသည့် နေအိမ်များ၌ နေထိုင်သူများတွင် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကလေးများ၌ ကင်ဆာရောဂါများဖြစ်နိုင်ခြေမှာ အရွယ်ရောက်သူများထက် ၁ ဒသမ ၈၅ ဆ ပိုမြင့်မားကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် အန္တရာယ်များသော ဓာတုပစ္စည်းများအတွက် လေဝင်လေထွက်ကောင်းမွန်အောင် ဖန်တီးပေးထားရန်နှင့် ဓာတ်ငွေ့မီးဖိုနေ့စဉ်အသုံးပြုမှုကြိမ်ရေ လျှော့ချရန် သုတေသနပညာရှင်များက ပြောကြားသည်။